( ၂၀၂၀ ) ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်း ( ၁၀ ) သင်း
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ကမ္ဘာအဝှမ်းက ဘောလုံးအသင်းအများစုဟာ ၂၀၂၀ ခုနှစ်မှာ ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကြောင့် ဝင်ငေွထိခိုက်မှု များစွာရှိခဲ့ပါတယ် ။ Deloitte Football Money League ရဲ့ ထုတ်ပြန်ချက်အရ ( ၂၀၂ ) ခုနှစ််ရဲ့ ကမ္ဘာ့ဝင်ငွေအများဆုံး ဘောလုံးအသင်း ( ၁၀ ) သင်းကို ဖော်ပြပေးလိုက်ပါတယ်။
( ၁ ) ဘာစီလိုနာ ( ယူရို – ၇၁၅.၁ သန်း )
ဘာစီလိုနာအသင်းအနေနဲ့ ဝင်ငွေ ယူရို ( ၇၁၅.၁ ) သန်း ရရှိခဲ့ပြီး ကမ္ဘာ့ဝင်ငွေအများဆုံး ကလပ်အသင်းအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။ ဒါပေမယ့် ယခင်နှစ်ဝင်ငွေ ( ယူရို သန်း – ၈၄၀ ) အောက် ( ၁၅ ) ရာခိုင်နှုန်း ပိုလျော့နည်းခဲ့ပါတယ်။
( ၂ ) ရီးရဲမက်ဒရစ် ( ယူရို – ၇၁၄ . ၉ သန်း)
ရီးရဲမက်ဒရစ်ကတော့ ကိုရိုနာဗိုင်းရပ်ကြောင့် ဝင်ငွေ ထိခိုက်မှုများစွာ မခံစားခဲ့ရပဲ ( ၂၀၁၉ ) ခုနှစ်က ဝင်ငေွ ယူရို ( ၇၅၇ . ၃ ) သန်းေအာက် ( ၆ ) ရာခိုင်နှုန်းသာ ေလျာ့နည်းပါတယ် ။
( ၃ ) ဘိုင်ယန်မြူးနစ် ( ယူရို – ၆၃၄ .၁ သန်း )
ဖလား ( ၃ ) လုံးချန်ပီယံက‌ေတာ့ ကိုရိုနာဗိုင်းရပ်ရဲ့ ထိခိုက်မှုကို အကောင်းဆုံး တောင့်ခံနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ် ။ အသင်းရဲ့ ( ၁၂၀ ) ပြည့်မွေးနေ့မှာ ယခင်နှစ်ဝင်ငွေ ယူရို ( ၆၆၀.၁ ) သန်းအောက် ( ၄ ) ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။
( ၄ ) မန်ချက်စတာ ယူနိုက်တက် ( ယူရို – ၅၈၀ . ၄ သန်း )
အိုးထရတ်ဖို့ဒ်အသင်းကတော့ ဝင်‌ေငွ ( ၁၉ ) ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ယူရို ( ၇၁၁.၅ ) သန်း ဝင်ငွေရှိခဲ့ပေမယ့် ၂၀၂၀ မှာတော့ ( ၅၈၀.၄ ) သန်းထိ ကျဆင်းခဲ့ပါတယ်။
( ၅ ) လီဗာပူး ( ယူရို – ၅၅၈.၆ သန်း )
ပရီးမီးယားလိဂ်ချန်ပီယံ အန်ဖီးအသင်းက ကမ္ဘာ့ဝင်ငွေအများဆုံး ထိပ်ဆုံး ( ၅ ) သင်း စာရင်း ဝင်ရောက်လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ယူရို ( ၆၀၄.၇ ) သန်းရှိခဲ့ပေမယ့် ၂၀၂၀ မှာတော့ ( ၆ ) ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ( ၅၅၈.၆ ) သန်းသာ ပိုင်ဆိုင်ခဲ့ပါတယ်။
( ၆ ) မန်စီးတီး ( ယူရို – ၅၄၉.၂ သန်း )
ပက်ဂွာဒီယိုလာရဲ့ အသင်းက ( ၂၀၁၉ ) ခုနှစ်က ဝင်ငွေ ယူရို ( ၆၁၀.၆ ) သန်းအောက် ( ၁၁ ) ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။
( ၇ ) ပီအက်စ်ဂျီ ( ယူရို – ၅၄၀ .၆ သန်း )
၂၀၁၉ / ၂၀ ဘောလုံးရာသီမှာ ပီအက်စ်ဂျီက အသင်းသက်တမ်း ( ၅၀ ) ပြည့်မြောက်ခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် အအောင်ြမင်ဆုံး နှစ်တွေထဲက တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ်က ဝင်ငွေ ယူရို ( ၆၃၅.၉ ) သန်းအောက် ( ၁၅ ) ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး ( ၅၄၀.၆ ) သန်းသာ ရရှိခဲ့ပါတယ်။
( ၈ ) ချဲလ်ဆီး ( ယူရို – ၄၆၉.၇ သန်း )
ရိုမန် အေဗရာမိုဗစ်ရဲ့ အသင်းက ယူနိုက်တက်လောက် ဆုံးရှုံးမှုမများခဲ့ပဲ ( ၂၀၁၉ ) ဝင်ငွေ ( ၅၁၃.၁ ) သန်းရဲ့ ( ၉ ) ရာခိုင်နှုန်းသာ လျော့နည်းခဲ့ပါတယ်။
( ၉ ) တော့တင်ဟမ် ဟော့စပါး ( ယူရို – ၄၄၅.၇ သန်း )
ကွင်းသစ်ဖွင့်လှစ်ခဲ့တဲ့ စပါးအသင်းက ( ၂၀၁၉ )ဝင်‌ေငွ ယူရို ( ၅၁၃.၁ ) သန်းအောက် ( ၉ ) ရာခိုင်နှုန်းလျော့နည်းခဲ့ပါတယ်။
( ၁၀ ) ဂျူဗင်တပ် ( ယူရို – ၃၉၇ . ၉ သန်း )
ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒို ကစားနေတဲ့ တူရင်အသင်းက ကိုရိုနာဗိုင်းရပ်ရဲ့ ရိုက်ခတ်မှုကြောင့် ( ၂၀၁၉ )မှာ ရရှိခဲ့တဲ့ ဝင်ငွေအောက် ( ၁၃ ) ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ကမ္ဘာအဝှမ်းက ဘောလုံးအသင်းအများစုဟာ ၂၀၂၀ ခုနှစ်မှာ ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကြောင့် ဝင်ငွေထိခိုက်မှု များစွာရှိခဲ့ပါတယ်။ Deloitte Football Money League ရဲ့ ထုတ်ပြန်ချက်အရ ( ၂၀၂ ) ခုနှစ်ရဲ့ ကမ္ဘာ့ဝင်ငွေအများဆုံး ဘောလုံးအသင်း ( ၁၀ ) သင်းကို ဖော်ပြပေးလိုက်ပါတယ်။
ရီးရဲမက်ဒရစ်ကတော့ ကိုရိုနာဗိုင်းရပ်ကြောင့် ဝင်ငွေ ထိခိုက်မှုများစွာ မခံစားခဲ့ရပဲ ( ၂၀၁၉ ) ခုနှစ်က ဝင်ငွေ ယူရို ( ၇၅၇ . ၃ ) သန်းအောက် ( ၆ ) ရာခိုင်နှုန်းသာ လျော့နည်းပါတယ် ။
ကွင်းသစ်ဖွင့်လှစ်ခဲ့တဲ့ စပါးအသင်းက ( ၂၀၁၉ )ဝင်‌ငွေ ယူရို ( ၅၁၃.၁ ) သန်းအောက် ( ၉ ) ရာခိုင်နှုန်းလျော့နည်းခဲ့ပါတယ်။