2020 အတွက် အကောင်းဆုံး ကစားသမားက ဖာနန်ဒက်စ်လား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ ဒီရက်ပိုင်းမှာ ဆုတံဆိပ်တွေရရှိနေပါတယ်။ ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ရဲ့ ဖေဖော်ဝါရီလ တစ်လတာအကောင်းဆုံးဂိုးသွင်းဆုကို ရရှိခဲ့ပါတယ်။ အဲဗာတန်နှင့်ပွဲက သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ ဖြစ်ပါတယ်။

ဒါ့အပြင် ဖာနန်ဒက်စ် ဟာ FSA က ရွေးချယ် ချီးမြှင့်တဲ့ 2020 တစ်နှစ်တာရဲ့ အကောင်းဆုံးကစားသမားဆုကို လည်း ရရှိသွားခဲ့ပါတယ်။FSAဆိုတာက Football Supporters’ Association(ဘောလုံးပရိတ်သတ်များ အဖွဲ့အစည်း) ဖြစ်ပြီး အင်္ဂလန် ၊ ဝေးလ် စတဲ့ UK အခြေစိုက် ပရိတ်သတ် ၅သိန်းကျော်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

ကစားသမားတွေအတွက် ဆုကို 2013ခုနှစ်ကတည်းက စတင် ချီးမြှင့်ခဲ့ပြီး အဲဒီတုန်းက လီဗာပူး အသင်း ရဲ့ တိုက်စစ်မှူး ဆွာရက်ဇ်က စတင် ရရှိခဲ့ပါတယ်။ အဲဒီနောက် 2014မှာ မန်စီးတီး တိုက်စစ်မှူး အဂူရို၊ 2015ခုနှစ်မှာ အာဆင်နယ်တိုက်စစ်ကစားသမား ဆန်းချက်တို့ဖြစ်ပါတယ်။ 2016မှာတော့ လီဗာပူး ကွင်းလယ်လူ ကော်တင်ဟို၊ 2017 မှာ စပါး တိုက်စစ်မှူး ဟယ်ရီကိန်း၊ 2018မှာ လီဗာပူး တိုက်စစ်မှူးဆာလက် နဲ့ 2019မှာ လီဗာပူးကစားသမား ဗန်ဒိုက် တို့ ရရှိခဲ့ပါတယ်။

ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ အေစီမီလန်နှင့်ပွဲတွင် ဖန်တီးမှုတစ်ကြိမ်စွမ်းဆောင်ပြီးနောက် ယူနိုက်တက် အတွက်ယခုနှစ်ဘောလုံးရာသီတွင် (42)ပွဲပါဝင်ကစား ကာ (23)ဂိုးသွင်းယူပြီး (13)ဂိုးဖန်တီးထားကြောင်းသိရ ပါတယ်။ အေစီမီလန်ပွဲစဉ်က ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ချက်တွေကတော့ ဘောလုံးပေးပို့ရာ၌တိကျမှု%-(85%)၊ အခွင့်အရေးဖန်တီးပေးမှု-(2)ကြိမ်၊ ပြစ်ဒဏ်ကျူးလွန်ခံရမှု-(2)ကြိမ်၊ ဂိုးဖန်တီးပေးမှု -(1)ကြိမ် တို့ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

2020 အတြက္ အေကာင္းဆုံး ကစားသမားက ဖာနန္ဒက္စ္လား?

ယူႏိုက္တက္ရဲ႕ ကြင္းလယ္ကစားသမား ဖာနန္ဒက္စ္ဟာ ဒီရက္ပိုင္းမွာ ဆုတံဆိပ္​ေတြရရွိ​ေနပါတယ္။ ဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္ရဲ႕ ေဖေဖာ္ဝါရီလ တစ္လတာအေကာင္းဆုံးဂိုးသြင္းဆုကို ရရွိခဲ့ပါတယ္။ အဲဗာတန္ႏွင့္ပြဲက သြင္းယူခဲ့တဲ့ သြင္းဂိုးနဲ႔ ျဖစ္ပါတယ္။

ဒါ့အျပင္ ဖာနန္ဒက္စ္ ဟာ FSA က ေ႐ြးခ်ယ္ ခ်ီးျမႇင့္တဲ့ 2020 တစ္ႏွစ္တာရဲ႕ အေကာင္းဆုံးကစားသမားဆုကို လည္း ရရွိသြားခဲ့ပါတယ္။FSA ဆိုတာက Football Supporters’ Association (ေဘာလုံးပရိတ္သတ္မ်ား အဖြဲ႕အစည္း) ျဖစ္ၿပီး အဂၤလန္ ၊ ေဝးလ္ စတဲ့ UK အေျခစိုက္ ပရိတ္သတ္ ၅သိန္းေက်ာ္နဲ႔ ဖြဲ႕စည္းထားတဲ့ အဖြဲ႕တစ္ဖြဲ႕ ျဖစ္ပါတယ္။

ကစားသမားေတြအတြက္ ဆုကို 2013ခုႏွစ္ကတည္းက စတင္ ခ်ီးျမႇင့္ခဲ့ၿပီး အဲဒီတုန္းက လီဗာပူး အသင္း ရဲ႕ တိုက္စစ္မႉး ဆြာရက္ဇ္က စတင္ ရရွိခဲ့ပါတယ္။ အဲဒီေနာက္ 2014မွာ မန္စီးတီး တိုက္စစ္မႉး အဂူ႐ို၊ 2015ခုႏွစ္မွာ အာဆင္နယ္တိုက္စစ္ကစားသမား ဆန္းခ်က္တို႔ျဖစ္ပါတယ္။ 2016 မွာေတာ့ လီဗာပူး ကြင္းလယ္လူ ​ေကာ္တင္ဟို၊ 2017 မွာ စပါး တိုက္စစ္မႉး ဟယ္ရီကိန္း၊ 2018မွာ လီဗာပူး တိုက္စစ္မႉးဆာလက္ နဲ႔ 2019မွာ လီဗာပူးကစားသမား ဗန္ဒိုက္ တို႔ ရရွိခဲ့ပါတယ္။

ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ ေအစီမီလန္ႏွင့္ပြဲတြင္ ဖန္တီးမႈတစ္ႀကိမ္စြမ္းေဆာင္ၿပီးေနာက္ ယူႏိုက္တက္ အတြက္ယခုႏွစ္ေဘာလုံးရာသီတြင္ (42)ပြဲပါဝင္ကစား ကာ (23)ဂိုးသြင္းယူၿပီး (13)ဂိုးဖန္တီးထားေၾကာင္းသိရပါတယ္။ ေအစီမီလန္ပြဲစဥ္က ကြင္းလယ္လူ ဖာနန္ဒက္စ္ရဲ႕ စြမ္းေဆာင္ခ်က္​ေတြက​ေတာ့ ေဘာလုံးေပးပို႔ရာ၌တိက်မႈ%-(85%)၊ အခြင့္အေရးဖန္တီးေပးမႈ-(2)ႀကိမ္၊ ျပစ္ဒဏ္က်ဴးလြန္ခံရမႈ-(2)ႀကိမ္၊ ဂိုးဖန္တီးေပးမႈ -(1)ႀကိမ္ တို႔ျဖစ္ပါတယ္။