El Clasico Preview: လာလီဂါချန်ပီယံပြေးလမ်းမှာ ဘယ်အသင်း ဦးဆောင်နိုင်မလဲ

Photo Credit

Photo Credit

ဒီည နူးကမ့်ကွင်းမှာ ကျင်းပပြုလုပ်မယ့် အယ်လ်ကလက်စီကိုပွဲက ယခုရာသီ လာလီဂါချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ်။ နှစ်သင်းစလုံး လာလီဂါမှာ ၃၅ မှတ်စီရရှိထားပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရမှတ်တူအနေအထားဖြစ်နေချိန် ဒီလိုလာတွေ့တာက ပွဲရဲ့အရှိန်ကို ပိုပြီးမြင့်တက်စေပါတယ်။ ပြီးတော့ နှစ်ဘက်နည်းပြတွေဖြစ်တဲ့ ဗယ်လ်ဗာဒီနဲ့ ဇီဒန်းတို့အတွက်လည်း ဒီပွဲက အတော်လေးအရေးကြီးနေပါတယ်။

Photo Credit

ဘာစီလိုနာသတင်း
ဘာစီလိုနာအတွက် အဓိကဆုံးရှုံးမှုကတော့ တောင်ပံတိုက်စစ်မှူး ဒမ်ဘီလီ ပေါင်ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့အချက်ပါ။ နောက်ဆုံး ၃ပွဲဆက် မပါဝင်နိုင်ခဲ့တဲ့ ကွင်းလယ်လူ အာသာကလည်း ဒီပွဲကို ဆက်လက်လွဲချော်ရမှာဖြစ်ပါတယ်။ ဘယ်နောက်ခံလူ အယ်လ်ဘာ၊ ကွင်းလယ်လူ ရာကီတစ်တို့ ပွဲထွက်စာရင်းမှာ ပါဝင်လာနိုင်ပြီး ဆာဂျီရောဘတ်တိုလည်း ဆီမီဒိုကို ကျော်ဖြတ်ကာ ညာနောက်ခံလူအဖြစ် ပါဝင်ကစားခွင့်ရရှိလာနိုင်ပါတယ်။

Photo Credit

ရီးရဲလ်သတင်း
ခြေချောင်းရိုးဒဏ်ရာကြောင့် ဒီပွဲကို တောင်ပံကစားသမား ဟာဇက် လွဲချော်ရမှာဖြစ်သလို ကွင်းလယ်လူ ဂျိမ်းစ်လည်း အနည်းဆုံး နှစ်သစ်ကူးအထိ အနားယူနေရပါတယ်။ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြလာတဲ့ ကွင်းလယ်လူ ဖီဒီဗယ်လ်ဗာဒီ ပွဲထွက်စာရင်းမှာ ပါဝင်လာနိုင်ပါတယ်။ တိုက်စစ်ပိုင်းမှာတော့ ဂါရတ်ဘေးလ်လည်း လက်တလောဂိုးမြူးနေတဲ့ ဘန်ဇီးမားနဲ့အတူ တွဲဖက်လာနိုင်ပါတယ်။

Photo Credit

ဘာစီလိုနာ – မက်ဆီ
မက်ဆီဟာ ကမ္ဘာ့ဘောလုံးလောကရဲ့လွှမ်းမိုးမှုအရှိဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး အယ်လ်ကလက်စီကိုပွဲတွေဆိုရင်လည်း ပုံမှန်ခြေစွမ်းပြသလေ့ရှိပါတယ်။ သူဟာ ပြိုင်ပွဲစုံ အယ်လ်ကလက်စီကိုပွဲ ၄၁ ပွဲကစားထားရာမှာ ၂၆ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်ပေးထားနိုင်ပါတယ်။ မက်ဆီဟာ ယခုရာသီလာလီဂါမှာ ၁၂ ဂိုးသွင်း၊ ၆ကြိမ် ဂိုးဖန်တီးပေးထားရာ သွင်းဂိုးတိုက်ရိုက်ပါဝင်ပတ်သက်မှုအများဆုံး လာလီဂါကစားသမားအဖြစ် ရပ်တည်နေပါတယ်။

Photo Credit

ရီးရဲလ် – ဘန်ဇီးမား
ဘန်ဇီးမားဟာ ယခုရာသီမှာ အသစ်တဖန်ပြန်လည်မွေးဖွားလာသူဖြစ်ပြီး ထိပ်တန်းဂိုးသွင်းဘုရင်နဲ့ ထိပ်တန်းဂိုးဖန်တီးသူအဖြစ် ရပ်တည်နေပါတယ်။ တကယ်လို့များ ဘန်ဇီးမားရဲ့သွင်းဂိုးတွေသာ မဖြစ်ပေါ်ခဲ့ရင် ရီးရဲလ်လည်း အခုချိန်လောက်ဆို ချန်ပီယံပြေးလမ်းပေါ်ကနေ ထွက်ခွာနေလောက်ပါပြီ။ သူဟာ အသင်းရဲ့လာလီဂါသွင်းဂိုးတွေအနက် ၃၆%အထိ သွင်းယူပေးထားပြီး ၁၂ဂိုးသွင်းယူထားရာ သူ့နောက်က ဒုတိယအများဆုံးရီးရဲလ်ကစားသမားထက် ၉ဂိုးအထိ ပိုများနေပါတယ်။

Photo Credit

Zawgyi

El Clasico Preview: လာလီဂါခ်န္ပီယံေျပးလမ္းမွာ ဘယ္အသင္း ဦးေဆာင္ႏိုင္မလဲ

ဒီည ႏူးကမ့္ကြင္းမွာ က်င္းပျပဳလုပ္မယ့္ အယ္လ္ကလက္စီကိုပြဲက ယခုရာသီ လာလီဂါခ်န္ပီယံဆုအတြက္ အဆုံးအျဖတ္ပြဲတစ္ပြဲျဖစ္လာႏိုင္ပါတယ္။ ႏွစ္သင္းစလုံး လာလီဂါမွာ ၃၅ မွတ္စီရရွိထားၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ရမွတ္တူအေနအထားျဖစ္ေနခ်ိန္ ဒီလုိလာေတြ႕တာက ပြဲရဲ႕အရွိန္ကို ပိုၿပီးျမင့္တက္ေစပါတယ္။ ၿပီးေတာ့ ႏွစ္ဘက္နည္းျပေတြျဖစ္တဲ့ ဗယ္လ္ဗာဒီနဲ႔ ဇီဒန္းတုိ႔အတြက္လည္း ဒီပြဲက အေတာ္ေလးအေရးႀကီးေနပါတယ္။
ဘာစီလုိနာသတင္း
ဘာစီလုိနာအတြက္ အဓိကဆုံး႐ံႈးမႈကေတာ့ ေတာင္ပံတုိက္စစ္မွဴး ဒမ္ဘီလီ ေပါင္ဒဏ္ရာေၾကာင့္ မပါ၀င္ႏိုင္တဲ့အခ်က္ပါ။ ေနာက္ဆုံး ၃ပဲြဆက္ မပါ၀င္ႏိုင္ခဲ့တဲ့ ကြင္းလယ္လူ အာသာကလည္း ဒီပဲြကို ဆက္လက္လဲြေခ်ာ္ရမွာျဖစ္ပါတယ္။ ဘယ္ေနာက္ခံလူ အယ္လ္ဘာ၊ ကြင္းလယ္လူ ရာကီတစ္တုိ႔ ပြဲထြက္စာရင္းမွာ ပါ၀င္လာႏိုင္ၿပီး ဆာဂ်ီေရာဘတ္တိုလည္း ဆီမီဒိုကို ေက်ာ္ျဖတ္ကာ ညာေနာက္ခံလူအျဖစ္ ပါ၀င္ကစားခြင့္ရရွိလာႏိုင္ပါတယ္။
ရီးရဲလ္သတင္း
ေျခေခ်ာင္း႐ိုးဒဏ္ရာေၾကာင့္ ဒီပြဲကို ေတာင္ပံကစားသမား ဟာဇက္ လြဲေခ်ာ္ရမွာျဖစ္သလို ကြင္းလယ္လူ ဂ်ိမ္းစ္လည္း အနည္းဆုံး ႏွစ္သစ္ကူးအထိ အနားယူေနရပါတယ္။ ေနာက္ပိုင္းပြဲေတြမွာ ေျခစြမ္းျပလာတဲ့ ကြင္းလယ္လူ ဖီဒီဗယ္လ္ဗာဒီ ပြဲထြက္စာရင္းမွာ ပါ၀င္လာႏိုင္ပါတယ္။ တုိက္စစ္ပိုင္းမွာေတာ့ ဂါရတ္ေဘးလ္လည္း လက္တေလာဂိုးျမဴးေနတဲ့ ဘန္ဇီးမားနဲ႔အတူ တြဲဖက္လာႏိုင္ပါတယ္။
ဘာစီလုိနာ – မက္ဆီ
မက္ဆီဟာ ကမၻာ့ေဘာလုံးေလာကရဲ႕လႊမ္းမုိးမႈအရွိဆုံးကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရၿပီး အယ္လ္ကလက္စီကိုပြဲေတြဆုိရင္လည္း ပုံမွန္ေျခစြမ္းျပသေလ့ရွိပါတယ္။ သူဟာ ၿပိဳင္ပြဲစုံ အယ္လ္ကလက္စီကိုပြဲ ၄၁ ပြဲကစားထားရာမွာ ၂၆ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္ျပဳလုပ္ေပးထားႏိုင္ပါတယ္။ မက္ဆီဟာ ယခုရာသီလာလီဂါမွာ ၁၂ ဂိုးသြင္း၊ ၆ႀကိမ္ ဂိုးဖန္တီးေပးထားရာ သြင္းဂိုးတုိက္႐ိုက္ပါ၀င္ပတ္သက္မႈအမ်ားဆုံး လာလီဂါကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။
ရီးရဲလ္ – ဘန္ဇီးမား
ဘန္ဇီးမားဟာ ယခုရာသီမွာ အသစ္တဖန္ျပန္လည္ေမြးဖြားလာသူျဖစ္ၿပီး ထိပ္တန္းဂုိးသြင္းဘုရင္နဲ႔ ထိပ္တန္းဂိုးဖန္တီးသူအျဖစ္ ရပ္တည္ေနပါတယ္။ တကယ္လုိ႔မ်ား ဘန္ဇီးမားရဲ႕သြင္းဂိုးေတြသာ မျဖစ္ေပၚခဲ့ရင္ ရီးရဲလ္လည္း အခုခ်ိန္ေလာက္ဆုိ ခ်န္ပီယံေျပးလမ္းေပၚကေန ထြက္ခြာေနေလာက္ပါၿပီ။ သူဟာ အသင္းရဲ႕လာလီဂါသြင္းဂိုးေတြအနက္ ၃၆%အထိ သြင္းယူေပးထားၿပီး ၁၂ဂိုးသြင္းယူထားရာ သူ႕ေနာက္က ဒုတိယအမ်ားဆုံးရီးရဲလ္ကစားသမားထက္ ၉ဂိုးအထိ ပိုမ်ားေနပါတယ္။