Dubai Globe Soccer Awards အမှာအကောင်းဆုံးကစားသမားဆုရခဲ့တဲ့ စီရော်နယ်ဒို

Photo-Internet
Photo-Internet

ဂျူ ဗင်တပ်နဲ့ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူ း စီရော်နယ်ဒိုဟာ ယူအေအီးမှာကျင်းပခဲ့တဲ့ Dubai Globe Soccer Awards ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဆုအတွက်သူဟာ စိတ်လှုပ်ရှားနေပြီး မိသားစုနဲ့အတူမျှဝေခံစားခဲ့တာကိုလည်း လူမှုကွန်ယက်မှာ ဓါတ်ပုံတင်ကာ ပြသသွားခဲ့ပါတယ်။

အသက် ၃၅ နှစ်ပြည့်တော့မယ့် စီရော်နယ်ဒိုဟာ ဒီဆုကို ၆ ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး သူ့အတွက်အရမ်းကိုစိတ်လှုပ်ရှားရတဲ့ အခိုက်အတန့်လို့လည်းဆိုခဲ့ပါတယ်။ ဆုရယူပြီးနောက် စီရော်နယ်ဒိုဟာ သူ့ချစ်သူ ဂျော်ဂျီနာ၊ သူ့ကလေးတွေဖြစ်တဲ့ အသက် ၉ နှစ်အရွယ်ရှိတဲ့ စီရော်နယ်ဒိုဂျူ နီယာ၊ အမွှာနှစ်ဦးဖြစ်ပြီး အသက် ၂ နှစ်စီရှိကြတဲ့ အယ်လန်နာနဲ့ အီဗာ၊ အသက် ၂ နှစ်ဘဲဖြစ်တဲ့ မတ်တီယို တို့နဲ့အတူ ဓါတ်ပုံရိုက်ထားတာကို သူ့ရဲ့ အင်စတာဂရမ်ပေါ်တင်ခဲ့ပါတယ်။

Photo-Internet

စီရော်နယ်ဒိုက”အရမ်းကိုစိတ်လှုပ်ရှားရတဲ့ အခိုက်အတန့်အတွက် ကျွန်တော့်မိသားစုကိုပါအပျော်တွေမျှဝေလိုက်ပါတယ်။ ဧည့်ဝတ်ကျေပြွန်မှုအတွက်လည်း ကျေးဇူးတင်ပါတယ်။ မကြာခင်ပြန်တွေ့မယ် ဒူဘိုင်းရေ” လို့ ပြောသွားပါတယ်။ သူဟာမကြာသေးခင်က Ballon d’Or ဆုပေးပွဲမှာ မက်ဆီနဲ့ ဗန်ဒစ်ချ် တို့နောက် တတိယနေရာမှာသာရှိခဲ့တာပါ။

Photo-Internet

သူဟာဆုရယူပြီးနောက် မိသားစုကိုကျေးဇူးတင်ကြောင်းကိုလည်းအခုလိုပြောသွားပါတယ်။ “ကျွန်တော့်မိသားစု၊ ချစ်သူဂျော်ဂျီနာ၊ သား ၃ ယောက်နဲ့ စီရော်နယ်ဒိုဂျူ နီယာ တို့ကိုကျေးဇူးတင်ပါတယ်။ သူတို့အားလုံး ဟိုတယ်ခန်းထဲမှာ စောင့်နေကြတယ်။ ဂျူ ဗင်တပ်ကစားဖော်တွေ၊ မိတ်ဆွေတွေ၊ ပေါ်တူဂီအသင်း၊ ကျွန်တော့်အေးဂျင့်.. သူတို့အားလုံးဟာ ဒီဆုအတွက် အထောက်အပံ့ပေးခဲ့ကြသူတွေပါ” လို့ပြောသွားပါတယ်။

Photo-Internet

စီရော်နယ်ဒိုဟာ ဒီရာသီမှာအနည်းငယ်ရုန်းကန်နေရပေမယ့် ဂျူ ဗင်တပ်အတွက် ပြိုင်ပွဲအရပ်ရပ် ၂၁ ပွဲကစားပြီး ၁၂ ဂိုးသွင်းယူထားပါတယ်။ သူဟာ စီးရီးအေမှာ ၁၀ ဂိုးသွင်းယူထားပြီး ဂျူ ဗင်တပ်ကို စီးရီးအေမှာ ဒုတိယနေရာ ရပ်တည်နိုင်အောင် ကူညီပေးထားပါတယ်။

Photo-Internet

Zawgyi

Dubai Globe Soccer Awards အမွာအေကာင္းဆုံးကစားသမားဆုရခဲ့တဲ႔ စီေရာ္နယ္ဒို

ဂ်ဴ ဗင္တပ္နဲ႔ ေပၚတူဂီလက္ေရြးစင္တိုက္စစ္မွဴ း စီေရာ္နယ္ဒိုဟာ ယူေအအီးမွာက်င္းပခဲ့တဲ႔ Dubai Globe Soccer Awards ဆုေပးပြဲမွာ တစ္ႏွစ္တာအေကာင္းဆုံးအမ်ဳိးသားကစားသမားဆုကို ရရွိခဲ့တယ္လို႔ သိရပါတယ္။ ဒီဆုအတြက္သူဟာ စိတ္လႈပ္ရွားေနၿပီး မိသားစုနဲ႔အတူမွ်ေ၀ခံစားခဲ့တာကိုလည္း လူမႈကြန္ယက္မွာ ဓါတ္ပုံတင္ကာ ျပသသြားခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္ျပည့္ေတာ႔မယ္႔ စီေရာ္နယ္ဒိုဟာ ဒီဆုကို ၆ ႀကိမ္ေျမာက္ရရွိခဲ့တာျဖစ္ၿပီး သူ႔အတြက္အရမ္းကိုစိတ္လႈပ္ရွားရတဲ႔ အခိုက္အတန္႔လို႔လည္းဆိုခဲ့ပါတယ္။ ဆုရယူၿပီးေနာက္ စီေရာ္နယ္ဒိုဟာ သူ႔ခ်စ္သူ ေဂ်ာ္ဂ်ီနာ၊ သူ႔ကေလးေတြျဖစ္တဲ႔ အသက္ ၉ ႏွစ္အရြယ္ရွိတဲ႔ စီေရာ္နယ္ဒိုဂ်ဴ နီယာ၊ အမႊာႏွစ္ဦးျဖစ္ၿပီး အသက္ ၂ ႏွစ္စီရွိၾကတဲ႔ အယ္လန္နာနဲ႔ အီဗာ၊ အသက္ ၂ ႏွစ္ဘဲျဖစ္တဲ႔ မတ္တီယို တို႔နဲ႔အတူ ဓါတ္ပုံရိုက္ထားတာကို သူ႔ရဲ႕ အင္စတာဂရမ္ေပၚတင္ခဲ့ပါတယ္။

စီေရာ္နယ္ဒိုက”အရမး္ကိုစိတ္လႈပ္ရွားရတဲ႔ အခိုက္အတန္႔အတြက္ ကၽြန္ေတာ္႔မိသားစုကိုပါအေပ်ာ္ေတြမွ်ေ၀လိုက္ပါတယ္။ ဧည့္၀တ္ေက်ျပြန္မႈအတြက္လည္း ေက်းဇူးတင္ပါတယ္။ မၾကာခင္ျပန္ေတြ႔မယ္ ဒူဘိုင္းေရ” လို႔ ေျပာသြားပါတယ္။ သူဟာမၾကာေသးခင္က Ballon d’Or ဆုေပးပြဲမွာ မက္ဆီနဲ႔ ဗန္ဒစ္ခ်္ တို႔ေနာက္ တတိယေနရာမွာသာရွိခဲ့တာပါ။

သူဟာဆုရယူၿပီးေနာက္ မိသားစုကိုေက်းဇူးတင္ေၾကာင္းကိုလည္းအခုလိုေျပာသြားပါတယ္။ “က်ြန္ေတာ္႔မိသားစု၊ ခ်စ္သူေဂ်ာ္ဂ်ီနာ၊ သား ၃ ေယာက္နဲ႔ စီေရာ္နယ္ဒိုဂ်ဴ နီယာ တို႔ကိုေက်းဇူးတင္ပါတယ္။ သူတို႔အားလုံး ဟိုတယ္ခန္းထဲမွာ ေစာင့္ေနၾကတယ္။ ဂ်ဴ ဗင္တပ္ကစားေဖာ္ေတြ၊ မိ္တ္ေဆြေတြ၊ ေပၚတူဂီအသင္း၊ က်ြန္ေတာ္႔ေအးဂ်င့္.. သူတို႔အားလုံးဟာ ဒီဆုအတြက္ အေထာက္အပံ႔ေပးခဲ့ၾကသူေတြပါ” လို႔ေျပာသြားပါတယ္။

စီေရာ္နယ္ဒိုဟာ ဒီရာသီမွာအနည္းငယ္ရုန္းကန္ေနရေပမယ္႔ ဂ်ဴ ဗင္တပ္အတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၂၁ ပြဲကစားၿပီး ၁၂ ဂိုးသြင္းယူထားပါတယ္။ သူဟာ စီးရီးေအမွာ ၁၀ ဂိုးသြင္းယူထားၿပီး ဂ်ဴ ဗင္တပ္ကို စီးရီးေအမွာ ဒုတိယေနရာ ရပ္တည္ႏိုင္ေအာင္ ကူညီေပးထားပါတယ္။