Ballon d’Or ဆုမရလည်း ချစ်သူစီရော်နယ်ဒိုဟာ ပြိုင်ဘက်ကင်းသူလို့ အားပေးချီးကျူးလိုက်တဲ့ဂျော်ဂျီနာ

photo-marca

photo-gettyimages

ဂျူဗင်တပ်တိုက်စစ်မှုးစီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့တနင်္လာည ပဲရစ်မြို့က Ballon d’Or ဆုပေးပွဲကို တက်ရောက်ခြင်း မရှိခဲ့သလို အဲဒီဆုအတွက် ထိပ်ဆုံး ၃ ဦးစာရင်းကိုထုတ်ပြန်တော့လည်း ဗန်ဒစ်ဂျ်ရဲ့နောက် တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူရဲ့လက်တွဲဖော်လည်းဖြစ်၊ ချစ်သူလည်းဖြစ်တဲ့ ဂျော်ျဂျီနာကတော့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ စီရော်နယ်ဒိုကို ခမ်းခမ်းနားနားချီးကျူးအားပေးမှု ပြုလုပ်ခဲ့ပါတယ်။

photo-PA images

ဒီလိုမျိုးတတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာကြောင့် Ballon d’Or ဆုအောင်မြင်မှုအရေအတွက်မှာ မက်ဆီက သူ့ကိုကျော်တက်သွားပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ချစ်သူဖြစ်သူရဲ့ချီးကျူးအားပေးမှုဟာ စီရော်နယ်ဒိုအတွက် အခုချိန်မှာ အားဆေးတစ်ခွက်ဖြစ်ပါလိမ့်မယ်။ စီရော်နယ်ဒိုဟာ ဒီရာသီ ကလပ်နဲ့နိုင်ငံအတွက် ၂၂ ပွဲမှာ ၁၈ ဂိုးသွင်းပေးထားတာပါ။

photo-social media

”ပြိုင်ဘက်ကင်းသူ၊ ရပ်တန့်လို့မရသူ၊ ရဲရင့်သူ။ ရှင်ဟာ အကောင်းဆုံးရလဒ်တွေနဲ့ ဇာတ်ကောင်ဆိုတာ ကိန်းဂဏန်းတွေ၊ ဆုဖလားတွေက ပြနေပါတယ်။ နေးရှင်းလိဂ်ချန်ပီယံဆု၊ ကိုပါအီတာလီယာချန်ပီယံဆု၊ စီးရီးအေချန်ပီယံဆုနဲ့ စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုတွေလိုပေါ့။ ဒါပေမဲ့ ကံအားလျော်စွာနဲ့ တစ်ဦးချင်းဆုတွေ၊ ဆုဖလားတွေက ရှင်ဘယ်လိုလူဆိုတာ ဖော်ပြနိုင်စွမ်းမရှိဘူးလေ။ ရှင့်ဆီမှာ အဲဒါတွေအများကြီးရှိရင်တောင်မှပေါ့။ ရှင့်အကြောင်းကို အကောင်းဆုံပြောနိုင်တာက ရှင်ကိုယ်တိုင်ရယ်၊ ရှင်ရဲ့ထက်သန်ပြင်းပြမှုရယ်၊ ကိုယ့်ကိုယ်ကိုတိုးတက်ဖို့ ရှင့်ရဲ့ဆာလောင်မှုရယ်နဲ့ ရှင့်ရဲ့ပရိသတ်တွေပါ။ ဘာကြောင့်လဲဆိုတော့ ရှင်ဟာ ဘောလုံးအားကစားနဲ့ လူသန်းပေါင်းများစွာရဲ့လှုံ့ဆော်အားပေးမှုပါပဲ။ ရှင်ဟာ စိန်ခေါ်မှုတွေကို မကြောက်ဘူး။ သက်သောင့်သက်သာနေရာကနေ ထွက်ခွာလာတယ်။ ကိုယ့်ကိုယ်ကိုယ်သာလွန်အောင် ရှင်ဆက်လုပ်နိုင်ခဲ့တယ်။ နံပါတ် ၁ ဆိုတာ ဘယ်လိုလဲဆိုတာ ကမ္ဘာကြီးကို ရှင်ပြခဲ့တယ်။ ကျွန်မ ရှင့်ကိုချစ်တယ်”လို့ ဂျော်ဂျီနာက Instagram ပေါ်မှာ ရေးတင်ခဲ့တာပါ။

[Zawgyi]

Ballon d’Or ဆုမရလည္း ခ်စ္သူစီေရာ္နယ္ဒိုဟာ ၿပိဳင္ဘက္ကင္းသူလုိ႔ အားေပးခ်ီးက်ဴးလိုက္တဲ့ေဂ်ာ္ဂ်ီနာ

ဂ်ဴဗင္တပ္တုိက္စစ္မႈးစီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့တနလၤာည ပဲရစ္ၿမိဳ႕က Ballon d’Or ဆုေပးပြဲကို တက္ေရာက္ျခငး္ မရွိခဲ့သလို အဲဒီဆုအတြက္ ထိပ္ဆုံး ၃ ဦးစာရင္းကိုထုတ္ျပန္ေတာ့လည္း ဗန္ဒစ္ဂ်္ရဲ႕ေနာက္ တတိယေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ သူရဲ႕လက္တြဲေဖာ္လည္းျဖစ္၊ ခ်စ္သူလည္းျဖစ္တဲ့ ေဂ်ာ္်ဂ်ီနာကေတာ့ ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚမွာ စီေရာ္နယ္ဒိုကို ခမ္းခမ္းနားနားခ်ီးက်ဴးအားေပးမႈ ျပဳလုပ္ခဲ့ပါတယ္။

ဒီလိုမ်ိဳးတတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရတာေၾကာင့္ Ballon d’Or ဆုေအာင္ျမင္မႈအေရအတြက္မွာ မက္ဆီက သူ႔ကိုေက်ာ္တက္သြားၿပီး စံခ်ိန္သစ္တင္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ခ်စ္သူျဖစ္သူရဲ႕ခ်ီးက်ဴးအားေပးမႈဟာ စီေရာ္နယ္ဒိုအတြက္ အခုခ်ိန္မွာ အားေဆးတစ္ခြက္ျဖစ္ပါလိမ့္မယ္။ စီေရာ္နယ္ဒိုဟာ ဒီရာသီ ကလပ္နဲ႔ႏိုင္ငံအတြက္ ၂၂ ပြဲမွာ ၁၈ ဂိုးသြင္းေပးထားတာပါ။

”ၿပိဳင္ဘက္ကင္းသူ၊ ရပ္တန္႔လို႔မရသူ၊ ရဲရင့္သူ။ ရွင္ဟာ အေကာင္းဆုံးရလဒ္ေတြန႔ဲ ဇာတ္ေကာင္ဆုိတာ ကိန္းဂဏန္းေတြ၊ ဆုဖလားေတြက ျပေနပါတယ္။ ေနးရွင္းလိဂ္ခ်န္ပီယံဆု၊ ကိုပါအီတာလီယာခ်န္ပီယံဆု၊ စီးရီးေအခ်န္ပီယံဆုန႔ဲ စီးရီးေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုေတြလုိေပါ့။ ဒါေပမဲ့ ကံအားေလ်ာ္စြာနဲ႔ တစ္ဦးခ်င္းဆုေတြ၊ ဆုဖလားေတြက ရွင္ဘယ္လိုလူဆုိတာ ေဖာ္ျပႏိုင္စြမ္းမရွိဘူးေလ။ ရွင့္ဆီမွာ အဲဒါေတြအမ်ားႀကီးရွိရင္ေတာင္မွေပါ့။ ရွင့္အေၾကာငး္ကို အေကာင္းဆုံေျပာႏိုင္တာက ရွင္ကိုယ္တိုင္ရယ္၊ ရွင္ရဲ႕ထက္သန္ျပင္းျပမႈရယ္၊ ကုိယ့္ကိုယ္ကိုတိုးတက္ဖို႔ ရွင့္ရဲ႕ဆာေလာင္မႈရယ္နဲ႔ ရွင့္ရဲ႕ပရိသတ္ေတြပါ။ ဘာေၾကာင့္လဲဆိုေတာ့ ရွင္ဟာ ေဘာလုံးအားကစားနဲ႔ လူသန္းေပါင္းမ်ားစြာရဲ႕လႈံ႕ေဆာ္အားေပးမႈပါပဲ။ ရွင္ဟာ စိန္ေခၚမႈေတြကို မေၾကာက္ဘူး။ သက္ေသာင့္သက္သာေနရာကေန ထြက္ခြာလာတယ္။ ကိုယ့္ကုိယ္ကိုယ္သာလြန္ေအာင္ ရွင္ဆက္လုပ္ႏိုင္ခဲ့တယ္။ နံပါတ္ ၁ ဆုိတာ ဘယ္လုိလဲဆုိတာ ကမာၻႀကီးကို ရွင္ျပခဲ့တယ္။ ကၽြန္မ ရွင့္ကိုခ်စ္တယ္”လို႔ ေဂ်ာ္ဂ်ီနာက Instagram ေပၚမွာ ေရးတင္ခဲ့တာပါ။