Ballon d’Or ဆုပေးပွဲမတက်ခဲ့ပေမယ့် စီးရီးအေအကောင်းဆုံးကစားသမားဆုကို တက်ယူခဲ့တဲ့စီရော်နယ်ဒို

photo-gettyimages

photo-gettyimages

စီရော်နယ်ဒိုဟာ သူ့ရဲ့စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို တက်ရောက်ရယူဖို့အတွက် Ballon d’Or ဆုပေးပွဲကို ငြင်းပယ်ခဲ့ပါတယ်။ တစ်ညတည်းမှာပဲ Ballon d’Or ဆုပေးပွဲကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့သလို စီးရီးအေရဲ့တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲကိုလည်း အီတလီနိုင်ငံ မီလန်မြို့မှာ ကျင်းပခဲ့တာပါ။ Ballon d’Or ဆုပေးပွဲမှာတော့ စီရော်နယ်ဒိုဟာ မက်ဆီနဲ့ဗန်ဒစ်ဂျ်တို့ရဲ့နောက် တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

photo-AP

မီလန်မြို့မှာကျင်းပခဲ့တဲ့ စီးရီးအေတစ်နှစ်တာအကောင်းဆုံးဆုပေးပွဲမှာတော့ စီရော်နယ်ဒိုဟာ ဆုနှစ်ခုတောင် ရရှိခဲ့တာပါ။ အဓိကဆုကြီးဖြစ်တဲ့ စီးရီးအေတစ်နှစ်အကောင်းဆုံးကစားသမားဆုအပြင် စီးရီးအရဲ့တစ်နှစ်တာအကောင်းဆုံးနေရာအလိုက်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရတာပါ။ စီရော်နယ်ဒိုဟာ သူ့ရဲ့ပထမဆုံးစီးရီးအေဘောလုံးရာသီမှာ ၂၁ ဂိုးသွင်းနိုင်ခဲ့သလို ဂျူဗင်တပ်ဗိုလ်စွဲအောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လအတွင်း ဒဏ်ရာပြသနာတွေနဲ့ကြုံတွေ့ခဲ့ရတာတောင် သူဟာ ဒီရာသီ ၁၁ ပွဲမှာ ၆ ဂိုးသွင်းပေးထားပါတယ်။

photo-gettyimages

မနှစ်က စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ပီအက်စ်ဂျီရောက်နေတဲ့ အင်တာမီလန်တိုက်စစ်မှုးဟောင်းအိုင်ကာဒီက ရရှိခဲ့တာပါ။ ဆုလက်ခံရယူပြီးတဲ့နောက် စီရော်နယ်ဒိုက”ဒီဆုကိုရရှိခဲ့လို့ ဂုဏ်ယူရပါတယ်။ ကျွန်တော့်ရဲ့ဂျူဗင်တပ်အသင်းဖော်တွေကို ကျေးဇူးတင်လိုပါတယ်။ စီးရီးအေက ကျွန်တော့်ရဲ့ပထမဆုံးနှစ်ဖြစ်ခဲ့ပြီး ခက်ခဲတဲ့လိဂ်ပြိုင်ပွဲတစ်ခုဆိုပေမယ့် ကျွန်တော်အရမ်းပျော်ရွှင်မိပါတယ်။ ကျွန်တော့်ကို မဲပေးလို့ ကျေးဇူးတင်ပါတယ်။ လာမယ့်နှစ်မှာလည်း အခုလိုမျိုးထပ်လုပ်နိုင်အောင် ကျွန်တော်ကြိုးစားသွားမှာပါ”လို့ ပြောကြားသွားခဲ့ပါတယ်။

[Zawgyi]

Ballon d’Or ဆုေပးပြဲမတက္ခဲ့ေပမယ့္ စီးရီးေအအေကာင္းဆုံးကစားသမားဆုကို တက္ယူခဲ့တဲ့စီေရာ္နယ္ဒို

စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕စီးရီးေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို တက္ေရာက္ရယူဖုိ႔အတြက္ Ballon d’Or ဆုေပးပြဲကို ျငင္းပယ္ခဲ့ပါတယ္။ တစ္ညတည္းမွာပဲ Ballon d’Or ဆုေပးပြဲကို ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕မွာ က်င္းပခဲ့သလို စီးရီးေအရဲ႕တစ္ႏွစ္တာအေကာင္းဆုံးဆုေပးပြဲကိုလည္း အီတလီႏိုင္ငံ မီလန္ၿမိဳ႕မွာ က်ငး္ပခဲ့တာပါ။ Ballon d’Or ဆုေပးပြဲမွာေတာ့ စီေရာ္နယ္ဒိုဟာ မက္ဆီနဲ႔ဗန္ဒစ္ဂ်္တို႔ရဲ႕ေနာက္ တတိယေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

မီလန္ၿမိဳ႕မွာက်ငး္ပခဲ့တဲ့ စီးရီးေအတစ္ႏွစ္တာအေကာင္းဆုံးဆုေပးပြဲမွာေတာ့ စီေရာ္နယ္ဒိုဟာ ဆုႏွစ္ခုေတာင္ ရရွိခဲ့တာပါ။ အဓိကဆုႀကီးျဖစ္တဲ့ စီးရီးေအတစ္ႏွစ္အေကာင္းဆုံးကစားသမားဆုအျပင္ စီးရီးအရဲ႕တစ္ႏွစ္တာအေကာင္းဆုံးေနရာအလိုက္အသင္းမွာလည္း ေရြးခ်ယ္ခံခဲ့ရတာပါ။ စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕ပထမဆုံးစီးရီးေအေဘာလုံးရာသီမွာ ၂၁ ဂိုးသြင္းႏိုင္ခဲ့သလုိ ဂ်ဴဗင္တပ္ဗုိလ္စြဲေအာင္လညး္ ကူညီေပးႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့လအတြင္း ဒဏ္ရာျပသနာေတြနဲ႔ႀကဳံေတြ႕ခဲ့ရတာေတာင္ သူဟာ ဒီရာသီ ၁၁ ပြဲမွာ ၆ ဂိုးသြင္းေပးထားပါတယ္။

မႏွစ္က စီးရီးေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ပီအက္စ္ဂ်ီေရာက္ေနတဲ့ အင္တာမီလန္တုိက္စစ္မႈးေဟာင္းအိုင္ကာဒီက ရရွိခဲ့တာပါ။ ဆုလက္ခံရယူၿပီးတဲ့ေနာက္ စီေရာ္နယ္ဒိုက”ဒီဆုကိုရရွိခဲ့လုိ႔ ဂုဏ္ယူရပါတယ္။ ကၽြန္ေတာ့္ရဲ႕ဂ်ဴဗင္တပ္အသင္းေဖာ္ေတြကို ေက်းဇူးတင္လိုပါတယ္။ စီးရီးေအက ကၽြန္ေတာ့္ရဲ႕ပထမဆုံးႏွစ္ျဖစ္ခဲ့ၿပီး ခက္ခဲတဲ့လိဂ္ၿပိဳ္င္ပြဲတစ္ခုဆုိေပမယ့္ ကၽြန္ေတာ္အရမ္းေပ်ာ္ရႊင္မိပါတယ္။ ကၽြန္ေတာ့္ကို မဲေပးလို႔ ေက်းဇူးတင္ပါတယ္။ လာမယ့္ႏွစ္မွာလည္း အခုလိုမ်ိဳးထပ္လုပ္ႏိုင္ေအာင္ ကၽြန္ေတာ္ႀကိဳးစားသြားမွာပါ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။