Ballon D’ ဆုရတဲ့သူစာရင်းပေါက်ကြားလာပြီး မက်ဆီ ဆုရခဲ့တယ်လို့ ဖော်ပြထား
Photo- Internet
Photo- Internet
2019 Ballon D’ ဆုပေးပွဲကို ကျင်းပဖို့အချိန်လိုအပ်နေသေးပေမယ့် ဆုရတဲ့သူစာရင်း မကြာသေးခင်ကပေါက်ကြားလာခဲ့ရာမှာ မက်ဆီ ဆုရရှိခဲ့ပြီး ဗန်ဒစ်ချ်က ဒုတိယ ရခဲ့တယ်လို့ အဲဒီစာရင်းမှာ ဖော်ပြသွားပါတယ်။ ဆုပေးပွဲကို ဒီကနေ့ည ပဲရစ်မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
မက်ဆီဟာ လီဗာပူးနောက်ခံလူ ဗန်ဒစ်ချ်ကိုကျော်ပြီး ဆုရဖို့ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က သတင်းတွေမှာဖော်ပြခဲ့ပြီး သူဆုရမယ့်ဘက်ကကြေးဖွင့်လှစ်ထားမှုကိုလည်း ဘွတ်ကီတွေကပိတ်သိမ်းခဲ့ပါတယ်။ သူဟာ ဒီတစ်ကြိမ်ဆုရရင် ၆ ဒီဆုကို ၆ ကြိမ်မြောက်အဖြစ် စံချိန်တင်ရမှာဖြစ်ပြီး သူ့ပြိုင်ဘက် စီရော်နယ်ဒိုကိုလည်း ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။
Photo- Internet
အခုဆုရတဲ့စာရင်းဟာ တွစ်တာပေါ်မှာပေါက်ကြားလာတာဖြစ်ပြီး မက်ဆီဟာ ဗန်ဒစ်ချ်ထက် ၆၄ မှတ်အသာစီးရပြီး ၄၄၆ မှတ်နဲ့ဆုရခဲ့တာလို့လည်းဖော်ပြထားပါတယ်။ ဗန်ဒစ်ချ်က ဒုတိယသာရခဲ့ပြီး သူနဲ့လီဗာပူးအသင်းကစားဖော်ဖြစ်တဲ့ အီဂျစ်တိုက်စစ်မှူ း ဆာလာက တတိယရခဲ့ပါတယ်။
PC ; Internet
ဂျူ ဗင်တပ်တိုက်စစ်မှူ းဖြစ်ပြီး ဒီဆုကိုမက်ဆီနဲ့အတူ ၅ ကြိမ်ရယူထားနိုင်တဲ့ စီရော်နယ်ဒိုကတော့ စတုတ္ထနေရာမှာသာရှိနေလို့ ထိပ်ဆုံး ၃ ဦးစာရင်းထဲမဝင်တဲ့ပေါ် အံအားသင့်မှုတွေလည်းရှိနေပါတယ်။ သူဟာပြီးခဲ့တဲ့ ၈ နှစ်အတွင်း ဆုရသူစာရင်းမှာ ဒုတိယနေရာထက်နိမ့်တဲ့အဆင့်ကို ရောက်ရှိခဲ့သူမဟုတ်ဘဲ ဒီနှစ်မှ အခုလိုဖြစ်ခဲ့တာပါ။
PC ; Internet
မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာနဲ့အတူ လာလီဂါချန်ပီယံဘွဲ့ကိုသာရရှိခဲ့လို့ ဗန်ဒစ်ချ်သာဆုရသင့်တယ်လို့ အင်္ဂလိပ်ဘောလုံးလောကဘက်က ဆိုထားပါတယ်။ ဗန်ဒစ်ချ်ဟာ ပြီးခဲ့တဲ့ ရာသီချန်ပီယံလိဂ်မှာ ဘာစီလိုနာကိုဆီမီးမှာဖြတ်ကျော်ပြီး ဗိုလ်စွဲေအောင်ဦးဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။
Photo- Internet
Zawgyi
အခုဆုရတဲ့စာရင်းဟာ တွစ်တာပေါ်မှာပေါက်ကြားလာတာဖြစ်ပြီး မက်ဆီဟာ ဗန်ဒစ်ခ်ျထက် ၆၄ မှတ်အသာစီးရပြီး ၄၄၆ မှတ်နဲ့ဆုရခဲ့တာလို့လည်းဖော်ပြထားပါတယ်။ ဗန်ဒစ်ခ်ျက ဒုတိယသာရခဲ့ပြီး သူနဲ့လီဗာပူးအသင်းကစားဖော်ဖြစ်တဲ့ အီဂျစ်တိုက်စစ်မှူး ဆာလာက တတိယရခဲ့ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာနဲ့အတူ လာလီဂါချန်ပီယံဘွဲ့ကိုသာရရှိခဲ့လို့ ဗန်ဒစ်ခ်ျသာဆုရသင့်တယ်လို့ အင်္ဂလိပ်ဘောလုံးလောကဘက်က ဆိုထားပါတယ်။ ဗန်ဒစ်ခ်ျဟာ ပြီးခဲ့တဲ့ ရာသီချန်ပီယံလိဂ်မှာ ဘာစီလိုနာကိုဆီမီးမှာဖြတ်ကျော်ပြီး ဗိုလ်စွဲအောင်ဦးဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။