2019 ပရီးမီးယားလိဂ် အမှတ်တရများ

photo internet

အခုဆိုရင် 2019 ကုန်ဆုံးပြီး 2020 နှစ်သစ်ကိုရောက်ရှိတော့မှာဖြစ်ပါတယ်။ တစ်နှစ်တာအတွင်းဖြစ်ပျက်ခဲ့ တဲ့အဖြစ်အပျက်တွေထဲမှာ ဝမ်းသာစရာကိစ္စတွေရှိသလို၊ ဝမ်းနည်းစရာကိစ္စတွေလည်းကြုံခဲ့ကြ ရမှာပါ။ ဘောလုံး လောကမှာ ပရိသတ်ကြည့်ရှုနှုန်းများပြီး၊ အတော်များများစိတ်ဝင်စားတဲ့ ပရီးမီးယားလိဂ်မှာ လည်း ပျော်စရာကိစ္စတွေ၊ဝမ်းနည်းစရာကိစ္စတွေဖြစ်ပျက်ခဲ့ပါတယ်။ အရင်ဦးဆုံးတင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ နာမည်ကျော်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဆာလာရဲ့လေယာဉ်ပျက်ကျ သေဆုံးမှုဖြစ်ပါတယ်။ ဇန်နဝါရီလ 21 ရက်နေ့မှာ ဆာလာလိုက်ပါစီးနင်းသွား ခဲ့တဲ့လေယာဉ်ဟာ ပြင်သစ်နိုင်ငံအနီးမှာပျက်ကျခဲ့ပါတယ်။အဲဒီအချိန်တုန်းက ရက်အနည်းငယ်ကြာတဲ့အထိ ဆာလာရဲ့သေဆုံးမှုကိုအတည်မပြုနိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ က ဆာလာသေဆုံးကြောင်းအတည်ပြုသတင်းထုတ်ပြန်ခဲ့ပါတယ်။

photo internet

ဆာလာဟာနန့်တက်စ်အသင်းကနေ ကာဒစ်အသင်းကို ကလပ်ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့ ခဲ့သူဖြစ်ပေမယ့် ကာဒစ်အသင်းကိုလာရောက်စဉ်မှာပဲအဲဒီဖြစ်ရပ်ဆိုးနဲ့ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ ဆာလာသေဆုံးမှု ကပရိသတ်တွေကို ဝမ်းနည်းစေခဲ့သလို၊ ဆာလာရဲ့ခွေးလေးက သခင်ပြန်အလာကို အိမ်ပေါက်ဝမှာစောင့်နေတဲ့ပုံက ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေအတွက်ပိုလို့ ဝမ်းနည်းစရာဖြစ်ခဲ့ပါတယ်။ ဆာလာရဲ့အစ်မဖြစ်သူက ခွေးလေးအိမ်ပေါက်ဝမှာထိုင်ပြီးသခင်ကိုစောင့်နေတဲ့ပုံကို “နာလာလည်းမင်းအိမ်ပြန်အလာကိုစောင့်နေပါတယ်”ဆိုပြီး စာရေးသားကာ ပရိသတ်တွေအတွက်မျှဝေပေးခဲ့တာဖြစ်ပါတယ်။

photo internet

ဆာလာသေဆုံးခြင်းနဲ့ဆက်စပ်ပြီးနောက်ထပ်ဝမ်းနည်းစရာကိစ္စလည်းဖြစ်ခဲ့ပါသေးတယ်။ ဒါကတော့ ဆာလာရဲ့ဖခင်ဟာသားဖြစ်သူရဲ့စိတ်ကြောင့် ဆာလာနောက်ကိုလိုက်သွားခဲ့တာဖြစ်ပါတယ်။ ဆာလာရဲ့ ဖခင်ဟာနှလုံးရောဂါကြောင့်သေဆုံးခဲ့ရတာဖြစ်ပါတယ်။ အသက် 28 နှစ်အရွယ်သားဖြစ်သူသေဆုံးချိန်မှာ ဆာလာရဲ့ဖခင်ဟာဖြေမဆည်နိုင်ဖြစ်ခဲ့ပြီးနာရေးမှာလည်း အတော်ကို ဝမ်းနည်းကြေကွဲခဲ့ ရပါတယ်။ နေ့စဉ်ရက်ဆက်သားဖြစ်သူရဲ့ကိစ္စအပေါ် ဝမ်းနည်းနေခဲ့တာကြောင့်နောက်ဆုံးမှာ နှလုံးရောဂါ ရဲ့ဒဏ်ကိုမကျော်လွှားနိုင်ဘဲ မိသားစုကိုထပ်မံခွဲခွာသွားခဲ့ပါတယ်။ ဆာလာရဲ့အစ်မဖြစ်သူကတော့ အပူပေါ်အပူဆင့်ပြီး လွမ်းဆွတ်ရတဲ့ဝေဒနာတွေပိုမိုခံစားခဲ့ရပါတယ်။

photo internet

နောက်ထပ်အမှတ်တရတစ်ခုကတော့ စီနီယာကစားသမားဟောင်းတွေဟာ သူတို့ရဲ့အသင်းတွေဆီပြန်လာခဲ့ပြီး နည်းပြနေတာဖြစ်ပါတယ်။ဒီနှစ်မှာ စီနီယာကစားသမားတွေဟာ သူတို့ရဲ့အသင်းတွေဆီပြန်လာပြီး နည်းပြတာဝန်တွေ ကိုထမ်းဆောင်ခဲ့ကြပါတယ်။ ချဲလ်ဆီးရဲ့စီနီယာကစားသမားကြီးလမ်းပတ်ဟာ အခုနှစ်နှစ်လယ်မှာ ချဲလ်ဆီးအသင်းရဲ့နည်းပြတာဝန်ကို ထမ်းဆောင်ခွင့်ရခဲ့ပါတယ်။ အသင်းနည်းပြအဖြစ်စ တင်တာဝန်ထမ်းဆောင်တဲ့အချိန်မှာ အဆင်မပြေတာတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လူငယ်ကစားသမားတွေနဲ့အတူရလဒ် ကောင်းတွေရရှိအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက်နည်းပြသစ်ရာထူးကိုလည်းမကြာသေးခင်တုန်းက စီနီယာကစားသမား တစ်ယောက်ဖြစ်တဲ့အာတီတာကထမ်းဆောင်ခွင့်ရရှိခဲ့ပါတယ်။

photo internet

ဒါပေမယ့် အာတီတာ အတွက်စိန်ခေါ်မှုေ တွရှိနေပါတယ်။ ဒါကတော့ အသင်းကနာမည်ကြီး ကစားသမားအချို့တော့ အာတီတာနည်းပြဖြစ်လာမှာကို အစောပိုင်းက သဘောမကျခဲ့ကြပါဘူး။ အဲဒီကစားသမားတွေက အာတီတာနည်းပြဖြစ်လာမယ်ဆို ရင်အသင်းကနေထွက်မယ်ဆိုပြီးပြောဆိုခဲ့ကြပါတ ယ် ။ ဒါပေမယ့်အာတီတာရောက်လာပြီးနောက်ပိုင်းမှာအာဆင်နယ်အသင်းရဲ့ခံစစ်ပိုင်းဟာကစားပုံတိုးတက်လာပြီး ဘောလုံးအမြန်ပေးကစားတာတွေ၊ပထမထိချက်တွေမှာပြိုင်ဘက်အသင်းကိုဖိအားပေးကစားတာတွေကိုမြင်တွေ့လာရပါတယ်။ နောက်ထပ်အမှတ်တရတစ်ခုကတော့ ပရီးမီးယားလိဂ်ကို သံယောဇဉ်ကြီးကြတဲ့နည်းပြကြီးတွေအကြောင်းပဲဖြစ် ပါတယ်။

photo internet

ပရီးမီးယားလိဂ်ရဲ့ဝါရင့်နည်းပြကြီးဖြစ်တဲ့ အန်စလော့တီဟာလည်း အဲဗာတန်နည်းပြအဖြစ် ပရီးမီးယားလိဂ်ဆီကိုတစ်ကျော့ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ထို့အတူ ဒေးဗစ်မိုယက်စ်ကလည်း သူနည်းပြအဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့ ဝက်စ်ဟမ်းအသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ စတီဗင်ဂျာရတ်စ်ရဲ့ဂန္တဝင်မြောက်ချော်လဲမှုကြောင့် အဲဒီအချိန်က လီဗာပူးကိုအကောင်းဆုံးအသင်းဖြစ် အောင်တည်ဆောက်နေတဲ့ ဘရန်ဒန်ရော်ဂျာ တစ်ယောက်ကတော့ ပရီမီးယားလိဂ်ချန်ပီယံဆုနဲ့လွဲချော်ခဲ့ပြီး နောက်တစ်နှစ်မှာ လီဗာပူးအသင်းကနေအထုတ်ခံခဲ့ရပါတယ်။ 2019မှာ ဘရန်ဒန်ရော်ဂျာကတော့လက် စတာစီးတီးအသင်းနည်းပြဖြစ်လာခဲ့ပြီး၊ အသင်းရဲ့ခြေစွမ်းတွေကိုကောင်း မွန်အောင်လုပ်ဆောင်ပေးနေပါတယ်။

photo internet

ယူနိုက်တက်အသင်းကနေအထုတ်ခံခဲ့ရပြီး တစ်နှစ်နီးပါးလောက်နားနေတဲ့ နာမည်ကြီး နည်းပြကြီးမေ်ာရင်ဟိုကတော့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ်ကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ချဲလ်ဆီးအသင်းနည်းပြအဖြစ် တာဝန်ယူခဲ့တုန်းက သူနှိပ်ကွက်ခဲ့တဲ့ မြို့ခံပြိုင်ဘက် စပါးအသင်းဆီကိုနည်းပြအဖြစ်တာဝန်ယူဖို့ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာ စပါးအတွက်အနိုင်ရလဒ်တွေ ရအောင်လုပ်ဆောင်နေပေမယ့် သူ့ရဲ့အသင်းဟောင်းဖြစ်ပြီး၊ တပည့်တစ်ဦးဖြစ်တဲ့လမ်းပတ်နည်းပြနေတဲ့ချဲလ်ဆီးအသင်းကိုတော့ အရှုံးပေးခဲ့ရပါတယ်။ 2020နှစ်သစ်မှာလည်း ဘယ်နည်းပြတွေအထုတ်ခံရမယ် နည်းပြအသစ်တွေအဖြစ်ဘယ်သူဖြစ်လာမလဲဆိုတာနဲ့ ၊ကစားသမားအပြောင်းအရွှေ့တွေဘယ်လိုဖြစ်မယ်ဆိုတာ ဘောလုံးပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှား စရာပါပဲ။ ပရိသတ်တွေအားလုံး နှစ်သစ်မှာ ကိုယ်အားပေးတဲ့အသင်းအောင်မြင်မှုတွေရရှိပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။

photo internet

(Zawgyi Version)

2019 ပရီးမီးယားလိဂ္ အမွတ္တရမ်ား

အခုဆိုရင္ 2019 ကုန္ဆုံးၿပီး 2020 ႏွစ္သစ္ကိုေရာက္ရိွေတာ့မွာျဖစ္ပါတယ္။ တစ္ႏွစ္တာအတြင္းျဖစ္ပ်က္ခဲ့ တဲ့အျဖစ္အပ်က္ေတြထဲမွာ ၀မ္းသာစရာကိစၥေတြရိွသလုိ၊ ၀မ္းနည္းစရာကိစၥေတြလည္းႀကံဳခဲ့ၾက ရမွာပါ။ ေဘာလုံး ေလာကမွာ ပရိသတ္ၾကည့္ရႈႏႈန္းမ်ားၿပီး၊ အေတာ္မ်ားမ်ားစိတ္၀င္စားတဲ့ ပရီးမီးယားလိဂ္မွာ လည္း ေပ်ာ္စရာကိစၥေတြ၊၀မ္းနည္းစရာကိစၥေတြျဖစ္ပ်က္ခဲ့ပါတယ္။ အရင္ဦးဆုံးတင္ဆက္ေပးမယ့္ အေၾကာင္းအရာေလးကေတာ့ နာမည္ေက်ာ္ကစားသမားတစ္ေယာက္ျဖစ္တဲ့ ဆာလာရဲ႕ေလယာဥ္ပ်က္က် ေသဆုံးမႈျဖစ္ပါတယ္။ ဇန္န၀ါရီလ 21 ရက္ေန႔မွာ ဆာလာလုိက္ပါစီးနင္းသြား ခဲ့တဲ့ေလယာဥ္ဟာ ျပင္သစ္ႏိုင္ငံအနီးမွာပ်က္က်ခဲ့ပါတယ္။အဲဒီအခ်ိန္တုန္းက ရက္အနည္းငယ္ၾကာတဲ့အထိ ဆာလာရဲ႕ေသဆုံးမႈကိုအတည္မျပဳႏိုင္ခဲ့ပါဘူး။ ေနာက္ပိုင္းမွာေတာ့ ရဲတပ္ဖြဲ႕ က ဆာလာေသဆုံးေၾကာင္းအတည္ျပဳသတင္းထုတ္ျပန္ခဲ့ပါတယ္။

ဆာလာဟာနန္႔တက္စ္အသင္းကေန ကာဒစ္အသင္းကို ကလပ္ရဲ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ေျပာင္းေရႊ႕ခဲ့သူျဖစ္ေပမယ့္ ကာဒစ္အသင္းကိုလာေရာက္စဥ္မွာပဲအဲဒီျဖစ္ရပ္ဆိုးနဲ႔ႀကံဳေတြ႕ခဲ့တာျဖစ္ပါတယ္။ ဆာလာေသဆုံးမႈ ကပရိသတ္ေတြကို ၀မ္းနည္းေစခဲ့သလုိ၊ ဆာလာရဲ႕ေခြးေလးက သခင္ျပန္အလာကို အိမ္ေပါက္၀မွာေစာင့္ေနတဲ့ပုံက ကမၻာတစ္၀ွမ္းကပရိသတ္ေတြအတြက္ပိုလုိ႔ ၀မ္းနည္းစရာျဖစ္ခဲ့ပါတယ္။ ဆာလာရဲ႕အစ္မျဖစ္သူက ေခြးေလးအိမ္ေပါက္၀မွာထုိင္ၿပီးသခင္ကိုေစာင့္ေနတဲ့ပုံကို “နာလာလည္းမင္းအိမ္ျပန္အလာကိုေစာင့္ေနပါတယ္”ဆိုၿပီး စာေရးသားကာ ပရိသတ္ေတြအတြက္မွ်ေ၀ေပးခဲ့တာျဖစ္ပါတယ္။

ဆာလာေသဆုံးျခင္းနဲ႔ဆက္စပ္ၿပီးေနာက္ထပ္၀မ္းနည္းစရာကိစၥလည္းျဖစ္ခဲ့ပါေသးတယ္။ ဒါကေတာ့ ဆာလာရဲ႕ဖခင္ဟာသားျဖစ္သူရဲ႕စိတ္ေၾကာင့္ ဆာလာေနာက္ကိုလုိက္သြားခဲ့တာျဖစ္ပါတယ္။ ဆာလာရဲ႕ ဖခင္ဟာႏွလုံးေရာဂါေၾကာင့္ေသဆုံးခဲ့ရတာျဖစ္ပါတယ္။ အသက္ 28 ႏွစ္အရြယ္သားျဖစ္သူေသဆုံးခ်ိန္မွာ ဆာလာရဲ႕ဖခင္ဟာေျဖမဆည္ႏိုင္ျဖစ္ခဲ့ၿပီးနာေရးမွာလည္း အေတာ္ကို ၀မ္းနည္းေၾကကြဲခဲ့ ရပါတယ္။ ေန႔စဥ္ရက္ဆက္သားျဖစ္သူရဲ႕ကိစၥအေပၚ ၀မ္းနည္းေနခဲ့တာေၾကာင့္ေနာက္ဆုံးမွာ ႏွလုံးေရာဂါ ရဲ႕ဒဏ္ကိုမေက်ာ္လႊားႏိုင္ဘဲ မိသားစုကိုထပ္မံခြဲြခြာသြားခဲ့ပါတယ္။ ဆာလာရဲ႕အစ္မျဖစ္သူကေတာ့ အပူေပၚအပူဆင့္ၿပီး လြမ္းဆြတ္ရတဲ့ေ၀ဒနာေတြပိုမိုခံစားခဲ့ရပါတယ္။
ေနာက္ထပ္အမွတ္တရတစ္ခုကေတာ့ စီနီယာကစားသမားေဟာင္းေတြဟာ သူတို႔ရဲ႕အသင္းေတြဆီျပန္လာခဲ့ၿပီး နည္းျပေနတာျဖစ္ပါတယ္။
ဒီႏွစ္မွာ စီနီယာကစားသမားေတြဟာ သူတို႔ရဲ႕အသင္းေတြဆီျပန္လာၿပီး နည္းျပတာ၀န္ေတြ ကိုထမ္းေဆာင္ခဲ့ၾကပါတယ္။ ခ်ဲလ္ဆီးရဲ႕စီနီယာကစားသမားႀကီးလမ္းပတ္ဟာ အခုႏွစ္ႏွစ္လယ္မွာ ခ်ဲလ္ဆီးအသင္းရဲ႕နည္းျပတာ၀န္ကို ထမ္းေဆာင္ခြင့္ရခဲ့ပါတယ္။ အသင္းနည္းျပအျဖစ္စ တင္တာ၀န္ထမ္းေဆာင္တဲ့အခ်ိန္မွာ အဆင္မေျပတာေတြရိွခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ လူငယ္ကစားသမားေတြနဲ႔အတူရလဒ္ ေကာင္းေတြရရိွေအာင္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ အာဆင္နယ္အသင္းအတြက္နည္းျပသစ္ရာထူးကိုလည္းမၾကာေသးခင္တုန္းက စီနီယာကစားသမား တစ္ေယာက္ျဖစ္တဲ့အာတီတာကထမ္းေဆာင္ခြင့္ရရိွခဲ့ပါတယ္။ ဒါေပမယ့္ အာတီတာ အတြက္စိန္ေခၚမႈေ တြရိွေနပါတယ္။ ဒါကေတာ့ အသင္းကနာမည္ႀကီးကစားသမားအခ်ဳိ႕ေတာ့ အာတီတာနည္းျပျဖစ္လာမွာကို အေစာပိုင္းက သေဘာမက်ခဲ့ၾကပါဘူး။ အဲဒီကစားသမားေတြက အာတီတာနည္းျပျဖစ္လာမယ္ဆို ရင္အသင္းကေနထြက္မယ္ဆိုၿပီးေျပာဆိုခဲ့ၾကပါတ ယ္ ။ ဒါေပမယ့္အာတီတာေရာက္လာၿပီးေနာက္ပိုင္းမွာအာဆင္နယ္အသင္းရဲ႕ခံစစ္ပိုင္းဟာကစားပုံတုိးတက္လာၿပီး ေဘာလုံးအျမန္ေပးကစားတာေတြ၊ပထမထိခ်က္ေတြမွာၿပိဳင္ဘက္အသင္းကိုဖိအားေပးကစားတာေတြကိုျမင္ေတြ႕လာရပါတယ္။
ေနာက္ထပ္အမွတ္တရတစ္ခုကေတာ့ ပရီးမီးယားလိဂ္ကို သံေယာဇဥ္ႀကီးၾကတဲ့နည္းျပႀကီးေတြအေၾကာင္းပဲျဖစ္ ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕၀ါရင့္နည္းျပႀကီးျဖစ္တဲ့ အန္စေလာ့တီဟာလည္း အဲဗာတန္နည္းျပအျဖစ္ ပရီးမီးယားလိဂ္ဆီကိုတစ္ေက်ာ့ျပန္လည္ေရာက္ရိွလာခဲ့ပါတယ္။ ထို႔အတူ ေဒးဗစ္မိုယက္စ္ကလည္း သူနည္းျပအျဖစ္လုပ္ကိုင္ခဲ့ဖူးတဲ့ ၀က္စ္ဟမ္းအသင္းဆီကို ျပန္လည္ေရာက္ရိွလာခဲ့ပါတယ္။ စတီဗင္ဂ်ာရတ္စ္ရဲ႕ဂႏၱ၀င္ေျမာက္ေခ်ာ္လဲမႈေၾကာင့္ အဲဒီအခ်ိန္က လီဗာပူးကိုအေကာင္းဆုံးအသင္းျဖစ္ေအာင္တည္ေဆာက္ေနတဲ့ ဘရန္ဒန္ေရာ္ဂ်ာ တစ္ေယာက္ကေတာ့ ပရီမီးယားလိဂ္ခ်န္ပီယံဆုနဲ႔လြဲေခ်ာ္ခဲ့ၿပီး ေနာက္တစ္ႏွစ္မွာ လီဗာပူးအသင္းကေနအထုတ္ခံခဲ့ရပါတယ္။ 2019မွာ ဘရန္ဒန္ေရာ္ဂ်ာကေတာ့လက္စတာစီးတီးအသင္းနည္းျပျဖစ္လာခဲ့ၿပီး၊ အသင္းရဲ႕ေျခစြမ္းေတြကိုေကာင္း မြန္ေအာင္လုပ္ေဆာင္ေပးေနပါတယ္။

ယူႏိုက္တက္အသင္းကေနအထုတ္ခံခဲ့ရၿပီး တစ္ႏွစ္နီးပါးေလာက္နားေနတဲ့ နာမည္ႀကီး နည္းျပႀကီးေမ္ာရင္ဟုိကေတာ့ ၿပိဳင္ဆုိင္မႈျပင္းထန္တဲ့ ပရီးမီးယားလိဂ္ကိုျပန္လည္ေရာက္ရိွလာခဲ့ပါၿပီ။ ခ်ဲလ္ဆီးအသင္းနည္းျပအျဖစ္တာ၀န္ယူခဲ့တုန္းက သူႏွိပ္ကြက္ခဲ့တဲ့ ၿမိဳ႕ခံၿပိဳင္ဘက္ စပါးအသင္းဆီကိုနည္းျပအျဖစ္တာ၀န္ယူဖို႔ျပန္လည္ေရာက္ရိွလာခဲ့တာျဖစ္ပါတယ္။ လတ္တေလာမွာ စပါးအတြက္အႏိုင္ရလဒ္ေတြ ရေအာင္လုပ္ေဆာင္ေနေပမယ့္ သူ႔ရဲ႕အသင္းေဟာင္းျဖစ္ၿပီး၊ တပည့္တစ္ဦးျဖစ္တဲ့လမ္းပတ္နည္းျပေနတဲ့ခ်ဲလ္ဆီးအသင္းကိုေတာ့ အရႈံးေပးခဲ့ရပါတယ္။ 2020ႏွစ္သစ္မွာလည္း ဘယ္နည္းျပေတြအထုတ္ခံရမယ္ နည္းျပအသစ္ေတြအျဖစ္ဘယ္သူျဖစ္လာမလဲဆိုတာနဲ႔ ၊ကစားသမားအေျပာင္းအေရႊ႕ေတြဘယ္လုိျဖစ္မယ္ဆိုတာ ေဘာလုံးပရိသတ္ေတြအတြက္ ရင္ခုန္စိတ္လႈပ္ရွားစရာပါပဲ။ ပရိသတ္ေတြအားလုံး ႏွစ္သစ္မွာ ကုိယ္အားေပးတဲ့အသင္းေအာင္ျမင္မႈေတြရရိွပါေစလို႔ဆႏၵျပဳဆုေတာင္းေပးလိုက္ပါတယ္။