၃၈ နှစ်အရွယ်မှာ ရေတိုစာချုပ်နဲ့ အေစီမီလန်ကို ပြန်ရောက်လာတဲ့ အီဘရာဟီမိုဗစ်

photo-daily mail

photo-social media

မန်ယူတိုက်စစ်မှုးဟောင်းအီဘရာဟီမိုဗစ်ဟာ ၆ လစာချုပ်နဲ့ အသင်းဟောင်းအေစီမီလန်ကို ပြန်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့စာချုပ်က အခုရာသီကုန်အထိဖြစ်ပေမယ့် နောက်ထပ်တစ်ရာသီဆက်ရှိနိုင်မယ့်အချက်ကိုလည်း  ထည့်သွင်းထားပါတယ်။ ၃၈ နှစ်အရွယ် အဲဒီဆွီဒင်သားဟာ မေဂျာလိဂ်ဘောလုံးရာသီအပြီးမှာ ဂလက်ဆီကနေ ထွက်ခွာလာပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ အေစီမီလန်ကို ပြန်ရောက်လာခဲ့တာပါ။

photo-social media

အေစီမီလန်ကလည်း ဆေးစစ်ဖို့နဲ့ အသင်းဖော်တွေနဲ့ ပူးပေါင်းဖို့အတွက် မိုဗစ်ဟာ လာမယ့်ဇန်နဝါရီ ၂ ရက်နေ့မှာ မီလန်မြို့ကိုရောက်ရှိလိမ့်မယ်လို့ ကြေညာခဲ့ပါတယ်။ မိုဗစ်ဟာ အေစီမီလန်မှာ ၂၀၁၀ ကနေ ၂၀၁၂ အထိ ကစားခဲ့ဖူးပြီး အဲဒီကာလအတွင်း အေစီအတွက် စီးရီးအေ ၆၁ ပွဲမှာ ၄၂ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ အဲဒီမှာ ၂ နှစ်သာကြာခဲ့ပေမယ့် စီးရီးအေချန်ပီယံဆုတစ်ကြိမ် ရရှိခဲ့သေးတာပါ။

photo-gettyimages

အေစီမီလန်ဟာ မိုဗစ်နဲ့အတူ ၂၀၁၁ က စီးရီးအေမှာ နောက်ဆုံးဗိုလ်စွဲပြီးကတည်းက ဘာအဓိကဆုဖလားအောင်မြင်မှုမှ မရှိတော့ပါဘူး။ ဥရောပမှာ ၇ ကြိမ်တိုင်ဗိုလ်စွဲဖူးပေမယ့် လက်ရှိမှာတော့ အေစီမီလန်ဟာ အခက်ခဲဆုံးရာသီတွေနဲ့ကြုံတွေ့ဖြတ်သန်းနေရပြီး ဒီရာသီမှာလည်း စီးရီးအေ ၁၇ ပွဲမှာ ၂၁ မှတ်သာရထားကာ အမှတ်ပေးဇယားရဲ့အဆင့် ၁၁ နေရာကို ရောက်နေပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက နည်းပြအပြောင်းအလဲလုပ်ခဲ့ပေမယ့် ရလဒ်ပိုင်းအရ တိုးတက်လာခြင်းမရှိတာပါ။

[Zawgyi]

၃၈ ႏွစ္အရြယ္မွာ ေရတုိစာခ်ဳပ္နဲ႔ ေအစီမီလန္ကို ျပန္ေရာက္လာတဲ့ အီဘရာဟီမုိဗစ္

မန္ယူတိုက္စစ္မႈးေဟာင္းအီဘရာဟီမုိဗစ္ဟာ ၆ လစာခ်ဳပ္နဲ႔ အသင္းေဟာင္းေအစီမီလန္ကို ျပန္ေရာက္လာခဲ့ၿပီ ျဖစ္ပါတယ္။ သူ႔ရဲ႕စာခ်ဳပ္က အခုရာသီကုန္အထိျဖစ္ေပမယ့္ ေနာက္ထပ္တစ္ရာသီဆက္ရွိႏိုင္မယ့္အခ်က္ကိုလည္း  ထည့္သြင္းထားပါတယ္။ ၃၈ ႏွစ္အရြယ္ အဲဒီဆြီဒင္သားဟာ ေမဂ်ာလိဂ္ေဘာလုံးရာသီအၿပီးမွာ ဂလက္ဆီကေန ထြက္ခြာလာၿပီးေနာက္ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေအစီမီလန္ကို ျပန္ေရာက္လာခဲ့တာပါ။

ေအစီမီလန္ကလည္း ေဆးစစ္ဖို႔နဲ႔ အသင္းေဖာ္ေတြနဲ႔ ပူးေပါင္းဖို႔အတြက္ မိုဗစ္ဟာ လာမယ့္ဇန္န၀ါရီ ၂ ရက္ေန႔မွာ မီလန္ၿမိဳ႕ကိုေရာက္ရွိလိမ့္မယ္လုိ႔ ေၾကညာခဲ့ပါတယ္။ မိုဗစ္ဟာ ေအစီမီလန္မွာ ၂၀၁၀ ကေန ၂၀၁၂ အထိ ကစားခဲ့ဖူးၿပီး အဲဒီကာလအတြင္း ေအစီအတြက္ စီးရီးေအ ၆၁ ပြဲမွာ ၄၂ ဂိုးသြင္းေပးႏိုင္ခဲ့ပါတယ္။ အဲဒီမွာ ၂ ႏွစ္သာၾကာခဲ့ေပမယ့္ စီးရီးေအခ်န္ပီယံဆုတစ္ႀကိမ္ ရရွိခဲ့ေသးတာပါ။

ေအစီမီလန္ဟာ မိုဗစ္နဲ႔အတူ ၂၀၁၁ က စီးရီးေအမွာ ေနာက္ဆုံးဗုိလ္စြဲၿပီးကတည္းက ဘာအဓိကဆုဖလားေအာင္ျမင္မႈမွ မရွိေတာ့ပါဘူး။ ဥေရာပမွာ ၇ ႀကိမ္တိုင္ဗိုလ္စြဲဖူးေပမယ့္ လက္ရွိမွာေတာ့ ေအစီမီလန္ဟာ အခက္ခဲဆုံးရာသီေတြန႔ဲႀကဳံေတြ႕ျဖတ္သန္းေနရၿပီး ဒီရာသီမွာလည္း စီးရီးေအ ၁၇ ပြဲမွာ ၂၁ မွတ္သာရထားကာ အမွတ္ေပးဇယားရဲ႕အဆင့္ ၁၁ ေနရာကို ေရာက္ေနပါတယ္။ သူတို႔ဟာ ၿပီးခဲ့တဲ့ ေအာက္တုိဘာတုန္းက နည္းျပအေျပာင္းအလဲလုပ္ခဲ့ေပမယ့္ ရလဒ္ပိုင္းအရ တုိးတက္လာျခင္းမရွိတာပါ။