၂ရက်အတွင်း ၂ပွဲကစားရမယ့် စီးတီးအဖြစ်က ပြစ်မှုကျူးလွန်ခံရတာဖြစ်တယ်လို့ ကလော့ပ် ဝေဖန်

Photo Credit

Photo Credit

၄၈နာရီအတွင်း ပရီးမီးယားလိဂ် ၂ပွဲကစားရမယ့် လက်ရှိချန်ပီယံ စီးတီးရဲ့အဖြစ်က ပြစ်မှုကျူးလွန်ခံရသလိုဖြစ်နေတယ်လို့ ပြိုင်ဘက် လီဗာပူးအသင်းနည်းပြ ကလော့ပ်က ပရီးမီးယားလိဂ်ပွဲစဉ်ဇယား ရေးဆွဲမှုကို ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။

Photo Credit

နည်းပြဂွါဒီယိုလာဦးဆောင်တဲ့စီးတီးဟာ ဒီဇင်ဘာလ ၂၇ရက်နေ့မှာ ဝုဗ်နဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး ၂၉ ရက်နေ့မှာ ရှက်ဖီးလ်ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ ဂွါဒီယိုလာက ပွဲစဉ်ဇယားရေးဆွဲမှုအပေါ် ဒေါသထွက်နေပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကို စာတစ်စောင်ရေးသားပေးပို့ကာ စောဒကတက်ထားပါတယ်။

Photo Credit

လီဗာပူးဟာ နောက်ပိုင်းနှစ်တွေမှာ အမှတ်ပေးချန်ပီယံဆုအတွက် စီးတီးရဲ့အဓိကပြိုင်ဘက်ဖြစ်လာပေမယ့် ကလော့ပ်ကတော့ စီးတီးရဲ့ဖြစ်ရပ်အပေါ် ကိုယ်ချင်းစာ နားလည်ကြောင်းနဲ့ ဒီလိုရက်နည်းနည်းလေးပဲခြားပြီး ဘယ်အသင်းမှ မကစားသင့်ကြောင်း ပြောပါတယ်။

Photo Credit

”ဒါက ဘယ်လိုမှအဆင်မပြေပါဘူး။ ဘောက်ဆင်ဒေးမှာ ကစားဖို့ ဘယ်နည်းပြမှ ပြဿနာမရှိပေမယ့် ၂၇ရက်နေ့နဲ့ ၂၉ရက်နေ့တွေမှာ ကစားရမှာကတော့ ပြစ်မှုတစ်ခုပါပဲ။ ဒီနှစ်မှာ ကျွန်တော်တု့ိက ဒီဇင်ဘာ ၂၆နဲ့ ၂၉ရက်တွေမှာ ပွဲကစားရမှာဖြစ်ပြီး အားလပ်ရက်လိုပါပဲ”

Photo Credit

”အသင်းအများစုအတွက် ၂၆နဲ့ ၂၉တွေမှာ ကစားရတာက ပြဿနာမရှိပါဘူး။ ပရီးမီးယားလိဂ်မှာ အသင်းတွေအနေနဲ့ ပွဲတစ်ပွဲနဲ့တစ်ပွဲ နားချိန် ၄၈ မရခြင်းအတွက် အကြောင်းပြချက်ပေးစရာမရှိပါဘူး။ ကျွန်တော်တို့ဘက်က ကိုယ်ဖြစ်ချင်တာ ပြောနိုင်ပေမယ့် နားထောင်မယ့်သူမရှိပါဘူး”လို့ ကလော့ပ်က ပြောပါတယ်။

Photo Credit

လီဗာပူးကလည်း ၂၄ နာရီအတွင်း ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့ ကာရာဘောင်ဖလား ၂ပွဲကစားခဲ့ရပြီး ကလော့ပ်ကတော့ တစ်ပွဲချင်းစီမှာ မတူညီတဲ့လူစာရင်းအသုံးပြုခဲ့ပါတယ်။ လီဗာပူးဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားရယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဘက် အာရုံပြန်စိုက်နေပြီး လက်ရှိအချိန်မှာ ဒုတိယနေရာက လက်စတာကို တစ်ပွဲပို ၁၀ မှတ်ဖြတ်ထားပါတယ်။

Photo Credit

Zawgyi

၂ရက္အတြင္း ၂ပြဲကစားရမယ့္ စီးတီးအျဖစ္က ျပစ္မႈက်ဴးလြန္ခံရတာျဖစ္တယ္လုိ႔ ကေလာ့ပ္ ေ၀ဖန္

၄၈နာရီအတြင္း ပရီးမီးယားလိဂ္ ၂ပြဲကစားရမယ့္ လက္ရွိခ်န္ပီယံ စီးတီးရဲ႕အျဖစ္က ျပစ္မႈက်ဴးလြန္ခံရသလုိျဖစ္ေနတယ္လုိ႔ ၿပိဳင္ဘက္ လီဗာပူးအသင္းနည္းျပ ကေလာ့ပ္က ပရီးမီးယားလိဂ္ပြဲစဥ္ဇယား ေရးဆဲြမႈကို ျပင္းထန္စြာ ေ၀ဖန္လုိက္ပါတယ္။
နည္းျပဂြါဒီယိုလာဦးေဆာင္တဲ့စီးတီးဟာ ဒီဇင္ဘာလ ၂၇ရက္ေန႔မွာ ၀ုဗ္နဲ႔အေ၀းကြင္းပြဲကစားရမွာျဖစ္ၿပီး ၂၉ ရက္ေန႔မွာ ရွက္ဖီးလ္ယူႏုိက္တက္ကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ပါတယ္။ ဂြါဒီယိုလာက ပြဲစဥ္ဇယားေရးဆဲြမႈအေပၚ ေဒါသထြက္ေနၿပီး ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ကို စာတစ္ေစာင္ေရးသားေပးပို႔ကာ ေစာဒကတက္ထားပါတယ္။
လီဗာပူးဟာ ေနာက္ပိုင္းႏွစ္ေတြမွာ အမွတ္ေပးခ်န္ပီယံဆုအတြက္ စီးတီးရဲ႕အဓိကၿပိဳင္ဘက္ျဖစ္လာေပမယ့္ ကေလာ့ပ္ကေတာ့ စီးတီးရဲ႕ျဖစ္ရပ္အေပၚ ကိုယ္ခ်င္းစာ နားလည္ေၾကာင္းနဲ႔ ဒီလုိရက္နည္းနည္းေလးပဲျခားၿပီး ဘယ္အသင္းမွ မကစားသင့္ေၾကာင္း ေျပာပါတယ္။
”ဒါက ဘယ္လုိမွအဆင္မေျပပါဘူး။ ေဘာက္ဆင္ေဒးမွာ ကစားဖုိ႔ ဘယ္နည္းျပမွ ျပႆနာမရွိေပမယ့္ ၂၇ရက္ေန႔နဲ႔ ၂၉ရက္ေန႔ေတြမွာ ကစားရမွာကေတာ့ ျပစ္မႈတစ္ခုပါပဲ။ ဒီႏွစ္မွာ ကၽြန္ေတာ္တု႔ိက ဒီဇင္ဘာ ၂၆နဲ႔ ၂၉ရက္ေတြမွာ ပြဲကစားရမွာျဖစ္ၿပီး အားလပ္ရက္လုိပါပဲ”
”အသင္းအမ်ားစုအတြက္ ၂၆နဲ႔ ၂၉ေတြမွာ ကစားရတာက ျပႆနာမရိွပါဘူး။ ပရီးမီးယားလိဂ္မွာ အသင္းေတြအေနနဲ႔ ပြဲတစ္ပဲြနဲ႔တစ္ပြဲ နားခ်ိန္ ၄၈ မရျခင္းအတြက္ အေၾကာင္းျပခ်က္ေပးစရာမရွိပါဘူး။ ကၽြန္ေတာ္တုိ႔ဘက္က ကုိယ္ျဖစ္ခ်င္တာ ေျပာႏိုင္ေပမယ့္ နားေထာင္မယ့္သူမရွိပါဘူး”လုိ႔ ကေလာ့ပ္က ေျပာပါတယ္။
လီဗာပူးကလည္း ၂၄ နာရီအတြင္း ဖီဖာကလပ္ကမၻာ့ဖလားနဲ႔ ကာရာေဘာင္ဖလား ၂ပဲြကစားခဲ့ရၿပီး ကေလာ့ပ္ကေတာ့ တစ္ပြဲခ်င္းစီမွာ မတူညီတဲ့လူစာရင္းအသုံးျပဳခဲ့ပါတယ္။ လီဗာပူးဟာ ဖီဖာကလပ္ကမၻာ့ဖလားရယူႏိုင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ဘက္ အာ႐ုံျပန္စိုက္ေနၿပီး လက္ရွိအခ်ိန္မွာ ဒုတိယေနရာက လက္စတာကို တစ္ပြဲပို ၁၀ မွတ္ျဖတ္ထားပါတယ္။