၁၇ နှစ်သားကို ပင်နယ်တီပေးကန်ပြီး ဟက်ထရစ်အခွင့်အရေးကို လက်လွှတ်ခဲ့တဲ့ လူကာကူ

Photo-Internet

https://twitter.com/LeooMessi10i/status/1208455638298374144?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1208455638298374144&ref_url=https%3A%2F%2Fwww.thesun.co.uk%2Fsport%2Ffootball%2F10604913%2Fromelu-lukaku-denies-hat-trick-17-esposito-sebastiano%2F

အင်တာမီလန်အသင်းတိုက်စစ်မှူ း လူကာကူဟာ ဂျီနိုအာကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသက် ၁၇ နှစ်သာရှိသေးတဲ့ ကစားဖော် အက်စ်ပိုစီတိုကို ပင်နယ်တီပေးကန်ခဲ့လို့ ဟက်ထရစ်ရမယ့်အခွင့်အရေးကိုလက်လွှတ်ခဲ့ရပေမယ့် သူ့ပြုမူပုံကို အဆင့်အတန်းရှိတယ်ဆိုပြီး ချီးကျူ းနေကြကြောင်း သိရပါတယ်။

၂၀၀၂ ဇူလိုင်လကမှမွေးတဲ့ ဆီဘက်စတီယာနိုအက်စ်ပိုစီတိုဟာ ဒီပွဲမှာသူ့ရဲ့စီးရီးအေပွဲထွက်အဖြစ်ကစားခဲ့တာဖြစ်ပါတယ်။ အင်တာက ၂-၀ နဲ့နိုင်နေတဲ့ပွဲချိန် ၆၃ မိနစ်မှာအင်တာက ပင်နယ်တီရခဲ့ပါတယ်။ ဒီအချိန်မှာ လူကာကူဟာတစ်ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။ ပင်နယ်တီရချိန်မှာဘောလုံးကလည်း လူကာကူလက်ထဲမှာရှိနေလို့ သူဘဲကန်တော့မယ်လို့ ထင်ခဲ့တာပါ။

Photo-Internet

ဒါပေမယ့်လည်း အက်စ်ပိုစီတိုကို ပထမဆုံးစီးရီးအေဂိုးရစေဖို့အတွက် သူမကန်ဘဲဘောလုံးကိုပစ်ပေးပြီး အဲဒီချာတိတ်ကို ကန်သွင်းစေခဲ့တာဖြစ်ပါတယ်။ သူကလည်းအမှားအယွင်းမရှိ ကန်သွင်းယူပြီး အင်တာကို တတိယဂိုးရရှိစေခဲ့ပါတယ်။ သူတို့နှစ်ဦးဟာလေ့ကျင့်ရေးကွင်းမှာ အရမ်းကိုခင်မင်ရင်းနှီးကြပြီး အက်စ်ပိုစီတိုကိုညီငယ်တစ်ဦးအဖြစ် လူကာကူကသတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

Photo-Internet

နောက်သတင်းတစ်ရပ်မှာတော့ လူကာကူ ဟာဘောလုံးကိုပိုက်ပြီး ပင်နယ်တီဘယ်သူကန်ရမလဲလို့ ပရိသတ်တွေကိုမေးမြန်းခဲ့ရမှာ အက်စ်ပိုစီတိုကိုပေးကန်လိုက်လို့ ပြောကြတဲ့အတွက် ပရိသတ်တွေရဲ့စကားကိုလေးစားပြီး ကန်ခိုင်းလိုက်တာလို့ ဖော်ပြကြပါတယ်။ ပွဲချိန် ၇၁ မိနစ်မှာ လူကာကူဟာနောက်တစ်ဂိုးသွင်းယူခဲ့တာကြောင့် ဟက်ထရစ်ရမယ့်အခွင့်အရေးကို လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။

Photo-Internet

ဒါကြောင့်လည်း သူ့ပြုမူပုံကိုအဆင့်အတန်းရှိတဲ့လုပ်ရပ်အဖြစ် တင်စားကြတာဖြစ်ပြီး လူငယ်တွေကိုလက်တွဲခေါ်ယူလိုသူအဖြစ် ပြောဆိုနေကြပါတယ်။ ဒီပွဲမှာသူဟာ ကစားဖော် ဂါဂလီယာဒီနီ ဂိုးသွင်းယူဖို့အတွက်လည်း ဖန်တီးပေးခဲ့သေးတယ်လို့ သိရပါတယ်။

Photo-Internet

Zawgyi

၁၇ ႏွစ္သားကို ပင္နယ္တီေပးကန္ၿပီး ဟက္ထရစ္အခြင့္အေရးကို လက္လႊတ္ခဲ့တဲ႔ လူကာကူ

အင္တာမီလန္အသင္းတိုက္စစ္မွဴ း လူကာကူဟာ ဂ်ီႏိုအာကို ၄-၀ နဲ႔အႏိုင္ရခဲ့တဲ႔ပြဲစဥ္မွာ အသက္ ၁၇ ႏွစ္သာရွိေသးတဲ႔ ကစားေဖာ္ အက္စ္ပိုစီတိုကို ပင္နယ္တီေပးကန္ခဲ့လို႔ ဟက္ထရစ္ရမယ္႔အခြင့္အေရးကိုလက္လႊတ္ခဲ့ရေပမယ္႔ သူ႔ျပဳမူပုံကို အဆင့္အတန္းရွိတယ္ဆိုၿပီး ခ်ီးက်ဴ းေနၾကေၾကာင္း သိရပါတယ္။

၂၀၀၂ ဇူလိုင္လကမွေမြးတဲ႔ ဆီဘက္စတီယာႏိုအက္စ္ပိုစီတိုဟာ ဒီပြဲမွာသူ႔ရဲ႕စီးရီးေအပြဲထြက္အျဖစ္ကစားခဲ့တာျဖစ္ပါတယ္။ အင္တာက ၂-၀ နဲ႔ႏိုင္ေနတဲ႔ပြဲခ်ိန္ ၆၃ မိနစ္မွာအင္တာက ပင္နယ္တီရခဲ့ပါတယ္။ ဒီအခ်ိန္မွာ လူကာကူဟာတစ္ဂိုးသြင္းယူထားၿပီးျဖစ္ပါတယ္။ ပင္နယ္တီရခ်ိန္မွာေဘာလုံးကလည္း လူကာကူလက္ထဲမွာရွိေနလို႔ သူဘဲကန္ေတာ႔မယ္လို႔ ထင္ခဲ့တာပါ။

ဒါေပမယ္႔လည္း အက္စ္ပိုစီတိုကို ပထမဆုံးစီးရီးေအဂိုးရေစဖို႔အတြက္ သူမကန္ဘဲေဘာလုံးကိုပစ္ေပးၿပီး အဲဒီခ်ာတိတ္ကို ကန္သြင္းေစခဲ့တာျဖစ္ပါတယ္။ သူကလည္းအမွားအယြင္းမရွိ ကန္သြင္းယူၿပီး အင္တာကို တတိယဂိုးရရွိေစခဲ့ပါတယ္။ သူတို႔ႏွစ္ဦးဟာေလ႔က်င့္ေရးကြင္းမွာ အရမ္းကိုခင္မင္ရင္းႏွီးၾကၿပီး အက္စ္ပိုစီတိုကိုညီငယ္တစ္ဦးအျဖစ္ လူကာကူကသတ္မွတ္ထားတယ္လို႔လည္း သိရပါတယ္။

ေနာက္သတင္းတစ္ရပ္မွာေတာ႔ လူကာကူ ဟာေဘာလုံးကိုပိုက္ၿပီး ပင္နယ္တီဘယ္သူကန္ရမလဲလို႔ ပရိသတ္ေတြကိုေမးျမန္းခဲ့ရမွာ အက္စ္ပိုစီတိုကိုေပးကန္လိုက္လို႔ ေျပာၾကတဲ႔အတြက္ ပရိသတ္ေတြရဲ႕စကားကိုေလးစားၿပီး ကန္ခိုင္းလိုက္တာလို႔ ေဖာ္ျပၾကပါတယ္။ ပြဲခ်ိန္ ၇၁ မိနစ္မွာ လူကာကူဟာေနာက္တစ္ဂိုးသြင္းယူခဲ့တာေၾကာင့္ ဟက္ထရစ္ရမယ္႔အခြင့္အေရးကို လက္လႊတ္လိုက္ရတာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း သူ႔ျပဳမူပုံကိုအဆင့္အတန္းရွိတဲ႔လုပ္ရပ္အျဖစ္ တင္စားၾကတာျဖစ္ၿပီး လူငယ္ေတြကိုလက္တြဲေခၚယူလိုသူအျဖစ္ ေျပာဆိုေနၾကပါတယ္။ ဒီပြဲမွာသူဟာ ကစားေဖာ္ ဂါဂလီယာဒီနီ ဂိုးသြင္းယူဖို႔အတြက္လည္း ဖန္တီးေပးခဲ့ေသးတယ္လို႔ သိရပါတယ္။