၀က်ဖို့ဒ်-မန်ယူပွဲမှ ရင်ကိုထိမှန်စေသူနဲ့ ကျရှုံးခဲ့သူ ၅ဦး

photo internet

မန်ယူအသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေညက ကစားခဲ့တဲ့ ဝက်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ ၂ဂိုးပြတ်ရှုံးပြီး ဒီရာသီ ၅ပွဲမြောက်ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ အဲဗာတန်နဲ့ပွဲမှာ သရေကျပြီး ၂မှတ်ဆုံးရှုံးခဲ့ရတဲ့မန်ယူအသင်းအတွက် ဝက်ဖို့ဒ်နဲ့ပွဲစဉ်ဟာဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် ထိပ်ဆုံး ၄နေရာလုပွဲမှာဆက်ရှိနေဖို့ အရေးပါ တဲ့ပွဲဖြစ်ခဲ့ပါတယ်။ စပါးနဲ့ချဲလ်ဆီးထိပ်တိုက်တွေ့ချိန်မှာဇယားအောက်ဆုံးက ဝက်ဖို့ဒ်နဲ့သာကစားရတာဟာ အခွင့်အရေးကောင်းတစ်ခုပဲဆိုတာ ဆိုးလ်ရှားကလည်း သတိပြုမိခဲ့ပါတယ်။ ကြားရက်မှာကစားတဲ့ ကာရာဘောင်းဖလားကွာတားပွဲစဉ်မှာ လိဂ်-၂ အသင်းငယ်လေးကိုချက်စတာကို ၃ဂိုးပြတ်နိုင်ခဲ့လို့ စိတ်ဓာတ်တက်ကြွနေတဲ့ မန်ယူအသင်းဟာ ဝက်ဖို့ဒ်ရဲ့ ဗီကာရေ့ချ်ရုတ်ဒ်ကွင်းကို ခေါင်းမော့ရင်ကော့ပြီးချီတက်လာတာပါ။ ဒါပေမဲ့ အထင်နဲ့အမြင်ပါစင်အောင်လွဲဆိုသလို မှန်းသလိုဖြစ်မလာဘဲ ဂိုးပြတ်ရှုံးပွဲကြုံပြီး ကွင်းထဲကနေ မရွှင်တဲ့နှလုံး မပြုံးတဲ့မျက်နှာနဲ့ ခေါင်းငိုက်စိုက်ချထွက်ခွာခဲ့ရပါတယ်။

photo internet

ဆိုးလ်ရှားဟာ ဒီပွဲမှာ အဲဗာတန်နဲ့ပွဲက ပွဲထွက်လူစာရင်းအတိုင်းပဲ မပြောင်းမလဲပွဲထုတ်ခဲ့ပြီး ဒဏ်ရာပျောက်သွားသလို နာမကျန်းဖြစ်ရာကနေပါပြန်ကောင်းလာတဲ့ ပေါ့ဂ်ဘာကိုတော့ အရန်စာရင်းမှာထည့်ထားခဲ့ပါတယ်။ မန်ယူအသင်းဟာ ပွဲကစားတော့လည်း ဝက်ဖို့ဒ်ကို ဘောလုံးပိုင်ဆိုင်မှု၊
ဂိုးသွင်းရန်ကြိုးပမ်းမှု၊ ဂိုးပေါက်တည့်မှု အားလုံးမှာအသာရခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ ဂိုးမရှိသရေကျနေပြီး ဒုတိယပိုင်း မိန်စ် ၅၀မှာတော့ ဝက်ဖို့ဒ်မှဆီနီဂေါတိုက်စစ်မှူး အစ္စမေလာဆားရ်က မန်ယူဂိုးသမားဒီဂီယာအမှားကနေ ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ နောက် ၄မိနစ်အကြာမှာလည်း မန်ယူနောက်ခံလူဘစ်ဆာကာဖျက်ထုတ်ပုံကြမ်းခဲ့လို့ ဝက်ဖို့ဒ်ပင်နယ်တီရခဲ့ပြီး အသင်းခေါင်းဆောင် ထရွိုင်ဒီနေးက အမှားအယွင်းမရှိကန်သွင်းခဲ့ပါတယ်။ ၂ဂိုးပေးလိုက်ရပြီးနောက်မှာဆိုးလ်ရှားဟာ ဂရင်းဝုဒ်၊ ပေါ့ဂ်ဘာနဲ့မာတာ တို့ကိုထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် စုစည်းမှှုအပြည့်နဲ့ကစားခဲ့တဲ့ဝက်ဖို့ဒ်ခံစစ်ကို မကျော်လွှားနိုင်ဘဲ အရှုံးပေးခဲ့ရပါတယ်။ဝက်ဖို့ဒ်ကတော့ ဒီရာသီ ဒုတိယမြောက်နိုင်ပွဲနဲ့ ပထမဆုံးအိမ်ကွင်းနိုင်ပွဲကိုရယူနိုင်ခဲ့ပြီး တန်းဆင်းဇုန်တိုက်ပွဲမှာ ရှေ့ဆက်ဖို့တွန်းအားဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ပရိသတ်ရင်ကိုထိမှန်စေခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းခဲ့သူတွေနဲ့ စိတ်ပျက်ဖွယ်စွမ်းဆောင်ရည်နဲ့အတူ ကျရှုံးခဲ့ရသူတွေအကြာင်းကို ပရိသတ်တွေအတွက် စုစည်းတင်ပြပေးလိုက်ပါတယ်။

photo internet

(၁) ကျရှုံးသူ ဒန်နီရယ်ဂျိမ်းစ်
မန်ယူအသင်းရဲ့ အနာဂတ်ကျောနံပါတ်(၇)၊ သရဲနီဂန္ထဝင် ရိုင်ယန်ဂစ်လက်သစ်အဖြစ်တင်စားခံရတဲ့ ဝေလတောင်ပံကစားသမားလေး ဒန်နီရယ်ဂျိမ်းစ်ဟာ ဒီပွဲမှာတော့ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ မန်ယူရဲ့ ညာတောင်ပံတိုက်စစ်ကိုတာဝန်ယူထားရတဲ့ ဂျိမ်းစ်ဟာ ပွဲအစမှာ ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် အိမ်ရှင်အသင်းခံစစ်ကို ဖြတ်ကျော်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဝက်ဖို့ဒ်ဂိုးဧရိယာနားချဉ်းကပ်လာရင် သူရဲ့ပင်ကိုအရည်အသွေးဖြစ်တဲ့ အေးဆေးတည်ငြိမ်မှုပါပျက်ပြားသွားခဲ့ပြီး မဖြစ်သင့်တဲ့ဘောလုံးဆုံးရှုံးမှုတွေတောင်ရှိခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ၅၈မိနစ်မှာ ဂရင်းဝုဒ်နဲ့ လူစားလဲမခံရမီအထိ ဘောလုံးကိုအကြိမ် ၂၀သာထိခဲ့ပြီး ပေးပို့မှု ၁၃ကြိမ်မှာလည်း ၆၂ရာခိုင်နှုန်းသာအောင်မြင်မှုရခဲ့ပါတယ်။ ပြိုင်ဘက်ကိုခြိမ်းခြောက်နိုင်တဲ့ အဓိကပေးပို့မှု ၁ကြိမ်သာလုပ်နိုင်ခဲ့ပြီး ဝက်ဖို့ဒ်ဂိုးဧရိယာဘက်ခြမ်း တိုက်စစ်ဆင်ရမယ့်ဇုန်ထဲမှာ မန်ယူလိုအပ်နေတဲ့ ဂိုးသွင်းခွင့်နဲ့ စိတ်အားထက်သန်မှုကို မဖန်တီးပေးနိုင်ခဲ့ပါဘူး။ ဂျိမ်းစ်ရဲ့ အဲဒီညက စွမ်းဆောင်မှုကိုအနှစ်ချုပ်လိုက်ရင် တိုက်စစ်ကစားသမားတစ်ဦးဖြစ်ပေမယ့် ဂိုးပေါက်တည့်အောင် တစ်ကြိမ်မှကန်သွင်းနိုင်ခြင်းမရှိခဲ့တာပါပဲ။ ဒါကြောင့် ကျရှုံးသူနံပါတ်(၁)အဖြစ်သတ်မှတ်ခံရတာ လွန်မယ်မထင်ပါဘူး။

photo internet

(၂) ရင်ကိုထိမှန်စေသူ ဂျာရတ်ဒယ်လိုဖူး

ဝက်ဖို့ဒ်ရဲ့ ဘယ်တောင်ပံတိုက်စစ်ကိုတာဝန်ယူခဲ့တဲ့ ဒယ်လိုဖူးဟာ မန်ယူအသင်းခံစစ်ကို တစ်ပွဲလုံးခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် မန်ယူညာအစွန်နောက်ခံလူ ဘစ်ဆာကာကိုအလုပ်ရှုပ်စေ
ခဲ့ပြီး ဘစ်ဆာကာဟာ ဒယ်လိုဖူးကိုလိုက်ထိန်းနေရတာမို့ တိုက်စစ်ကိုထိထိရောက်ရောက် ထောက်ကူပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ မန်ယူခံစစ်ကြောင်းကို တန်ပြန်တိုက်စစ်နဲ့ ထိုးဖောက်ဖြတ်ကျော်ခဲ့တဲ့ ဝက်ဖို့ဒ်
နည်းပြနီဂယ်ပီယာဆန်ရဲ့ နည်းဗျူဟာကို ဒယ်လိုဖူးကကောင်းကောင်းပုံဖော်ပေးနိုင်ခဲ့ပါတယ်။ ပွဲစဉ်အလိုက်ကောင်းဆုံး ကစားသမားဆုကို ပထမဂိုးသွင်းခဲ့တဲ့ ကစားဖော်ဆားရ်က ရသွားပေမယ့် ဒယ်လိုဖူးဟာ တစ်ပွဲလုံး မှာ အထင်ကြီးဖွယ်လျင်မြန်ဖျတ်လတ်မှုနဲ့ ဘောလုံးအထန်းအသိမ်းကောင်းမွန်မှုကို ပြသနိုင်ခဲ့ပါတယ်။ ဒယ်လိုဖူးဟာ ဘောလုံးကို ၆၅ကြိမ်ထိခဲ့ပြီး ပေးပို့မှု ၃၇ကြိမ်မှာလည်း ၇၃ရာခိုင်နှုန်းအောင်မြင်မှုရခဲ့ပါ တယ်။ အဓိကပေးပို့မှု တစ်ကြိမ်သာလုပ်နိုင်ခဲ့ပေမယ့် သူ့ခြေထောက်ထဲမှာဘောလုံးရတာနဲ့ မန်ယူနောက်ခံလူတွေကို မျက်ကလဲဆန်ပြာ ဖြစ်စေခဲ့ပါတယ်။ ဒယ်လိုဖူးဟာ ဘောလုံးနဲ့အတူ ဆွဲပြေးမှု ၁၀ကြိမ်မှာ လည်း ၆၀ရာခိုင်နှုန်း(၆ကြိမ်)အောင်မြင်ခဲ့ပြီး အဲဒီညပွဲမှာ အမြင့်ဆုံးအောင်မြင်မှုပါပဲ။ ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီထွက် ဒယ်လိုဖူးဟာ ခံစစ်အရည်အသွေးကိုပါပြသနိုင်ခဲ့ပြီးဖျက်ထုတ် မှု ၈ကြိမ်မှာ ၄ကြိမ်အောင်မြင်ခဲ့သလို ကြားဖြတ်လုယူမှု ၃ကြိမ်တောင်လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ရင်ကိုထိမှန်စေသူ အဖြစ်သတ်မှတ်ခံရတာ မဆန်းပါဘူး။

photo internet

(၃) ကျရှုံးသူ ဂျက်ဆီလင်ဂတ်

လင်ဂတ်အတွက် ဝက်ဖို့ဒ်နဲ့ပွဲဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၄ပွဲဆက်အဖြစ် ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားက ပေါ့ဂ်ဘာကိုအရန်စာရင်းထဲမှာသာထည့်ထားတာမို့ လင်ဂတ်ဟာ မန်ယူကွင်းလယ်မှာ
ကျောနံပါတ် ၁၀ ကွင်းလယ်ဖန်တီးရှင်တာဝန်ကိုယူခဲ့ရပါတယ်။ ဒါပေမဲ့ ပထမပွဲထွက်စာရင်းမှာ ပုံမှန်ကစားခွင့်ရနိုင်စေမယ့်အရည်အသွေးမျိုးကိုတော့ မပြသနိုင်ခဲ့ပါဘူး။ လင်ဂတ်ဟာ ပွဲအစမှာ ဟုတ်မလိုလိုရှိခဲ့ပေမယ့် ပွဲရှိန်မြင့်လာတော့လည်း ဒုံရင်းကဒုံရင်းပဲဖြစ်ပြီးစိတ်ပျက်စရာခြေစွမ်းနဲ့ကစားသွားခဲ့ပါတယ်။ ဝက်ဖို့ဒ်ဂိုးဧရိယာဘက်ခြမ်းမှာ ဘောလုံးရရင်လည်း လူပိုတစ်ယောက်လို ဘာမှမလုပ်တတ် မကိုင်တတ်ဖြစ်သွားပါတယ်။လင်ဂတ်ဟာ ကစားဖော်တွေအတွက်ဖန်တီးနိုင်ဖို့မပြောနဲ့ သူ့ဆီကတောင်ဘောလုံးဆုံးရှုံးမှုတွေရှိခဲ့တာမို့ မန်ယူတိုက်စစ်ဟာ အသက်မပါသလိုဖြစ်ခဲ့တာပါ။ လင်ဂတ်ဟာ ပွဲချိန် ၃၄မိနစ်မှာရခဲ့တဲ့ အကောင်းဆုံးရွှေရောင်အခွင့်အရေးကိုလည်းအသုံးမချနိုင်ဘဲ ဖြုန်းတီးခဲ့ပါတယ်။ မာရှယ်ရဲ့ဖန်တီးပေးမှုကနေ ဝက်ဖို့ဒ်ဂိုးသမားဘင်ဖော်စတာနဲ့ တစ်ဦးချင်းရင်ဆိုင်တွေ့ခဲ့ပေမယ့် သူ့ရဲ့ဂိုးသမားကိုကျော်ပြီးအမြောက်သွင်းယူမှုဟာ အရှိန်ပြင်းသွားခဲ့တာမို့ ဂိုးဘားပေါ်ကျော်သွားခဲ့ပါတယ်။ ဂိုးရနိုင်တဲ့ အပိုင်အခွင့်အရေးကို ဖြုန်းတီးခဲ့တာမို့ မန်ယူပရိသတ်တွေရဲ့ ထောပနာပြုသံတွေသောသောညံသွားခဲ့ပြီး ၆၄မိနစ်ကျမှ သူ့ကို ပေါ့ဂ်ဘာနဲ့လူစားလဲခဲ့တာ နောက်ကျတယ်လို့တောင်ဆိုးလ်ရှားကိုဝေဖန်ခဲ့ကြပါတယ်။

photo internet

(၄) ရင်ကိုထိမှန်စေသူ ဘင်ဖော်စတာ

မန်ယူအသင်းတိုက်စစ်ကိုဆွံ့အစေခဲ့သူကတော့ ဝက်ဖို့ဒ်ဂိုးသမား ဘင်ဖော်စတာဖြစ်ပါတယ်။ မန်ယူအသင်းဂိုးသမားဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဘင်ဖော်စတာဟာ တစ်ပွဲလုံးနီးပါးလက်စွမ်းပြနိုင်ခဲ့ပြီး မန်ယူရဲ့ ဂိုးပေါက်တည့်မှု၈ကြိမ်စလုံးကိုကာကွယ်နိုင်ခဲ့ပါတယ်။ လင်ဂတ်ညံ့လွန်းလို့သာ ဖော်စတာကံကောင်းခဲ့တယ်ဆိုပေမယ့် ဒုတိယပိုင်းမှာ တွမ်မီနေးရဲ့အပြင်းကန်ချက်ကို ပုတ်ထုတ်ကာကွယ်သွားတာကတော့ အံ့မခန်းပါပဲ။ ပေါ့ဂ်ဘာနဲ့ဂရင်းဝုဒ်ဝင်လာချိန်မှာမန်ယူတိုက်စစ် Tempo မြင့်လာပေမယ့် ဖော်စတာရဲ့လက်စွမ်းကြောင့် အရှက်ပြေချေပဂိုး ၁ဂိုးတောင်မရခဲ့ပါဘူး။ အထူးသဖြင့် ပွဲချိန်နှောင်းပိုင်းမှာ ပေါ့ဂ်ဘာ၊ မာရှယ်နဲ့ရက်ရှ်ဖို့ဒ်တို့ရဲ့ကန်သွင်းမှှုအားလုံးကို ဖော်စတာက သဲထဲရေသွန်အချည်းနှီးဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်လည်း ရင်ကိုထိမှန်စေသူအဖြစ်သတ်မှတ်ခံရတာပေါ့။

photo internet

(၅) ကျရှုံးသူ ဒေးဗစ်ဒီဂီယာ

ဘင်ဖော်စတာလက်စွမ်းကျနေချိန်မှာ မန်ယူဂိုးသမားဒီဂီယာကတော့ ရှုံးနိမ့်မှုရဲ့အဓိကတရားခံ ဗီလိန်ဖြစ်ခဲ့ပါတယ်။ အဲဗာတန်နဲ့သရေပွဲ လင်ဒီလော့ဖ်ကိုယ့်ဂိုးကိုယ်သွင်းမိမှုမှာ သူ့တာဝန်လည်းမကင်းခဲ့တဲ့ ဒီဂီယာဟာဒီပွဲမှာတော့ ပိုမိုဆိုးရွားတဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ပွဲချိန် မိန်စ် ၅၀မှာ ဝက်ဖို့ဒ်ဂိုးသမား အစ္စမေလာဆားရ်ရဲ့ကန်သွင်းမှုကို ရာနှုန်းပြည့်ကာကွယ်နိုင်သင့်ပေမယ့် ဒီဂီယာရဲ့ပေါ့ဆမှု၊ အာရုံစူးစိုက်နိုင်စွမ်းအားနည်းမှုကြောင့် ဂိုးပေးခဲ့ရပါတယ်။ ဆားရ်ရဲ့ကန်ချက်ဟာ ထိချက်မမှန်သလို အရှိန်လည်းမပြင်းခဲ့ပေမယ့် ခုန်ဖမ်းတဲ့ ဒီဂီယာရဲ့လက်နှစ်ဖက်ကြားထဲကထွက်ပြီး ဂိုးထဲဝင်သွားခဲ့တာပါ။ ဂိုးပေးလိုက်ရပြီးနောက် စိတ်ပျက်လက်ပျက်ခေါင်းငိုက်စိုက်ချသွားတဲ့ ဒီဂီယာရဲ့အမှားဟာ အဲဒီညက မန်ယူရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးခဲ့တာပါ။ ဒီဂီယာရဲ့မမှားသင့်တဲ့အမှားကြောင့် မန်ယူအသင်းဖိအားများသွားခဲ့သလို ကစားရတာလည်းပိုခက်သွားစေခဲ့ပါတယ်။ဒီနေးရဲ့ ပင်နယ်တီကို ဒိုက်ထိုးကာကွယ်တဲ့ဘက်လွဲချော်ခဲ့တာကိုတော့ အပြစ်လို့မဆိုနိုင်ပေမယ့် ဒီဂီယာအတွက် အချိန်အတော်ကြာတဲ့အထိ တနုံ့နုံ့ခံစားနေရစေမယ့် ကံဆိုးမိုးမှောင်ပွဲလို့သာဆိုရတော့မှာပါ။

photo internet

(Zawgyi Version)

၀က္ဖို႔ဒ္-မန္ယူပြဲမွ ရင္ကိုထိမွန္ေစသူနဲ႔ က်ရံႈးခဲ့သူ ၅ဦး

မန္ယူအသင္းဟာ ၿပီးခဲ့တဲ့တနဂၤေႏြညက ကစားခဲ့တဲ့ ၀က္ဖို႔ဒ္အသင္းနဲ႔ပြဲစဥ္မွာ ၂ဂိုးျပတ္ရံႈးၿပီး ဒီရာသီ ၅ပြဲေျမာက္ရံႈးပြဲႀကံဳေတြ႕ခဲ့ရပါတယ္။ အဲဗာတန္နဲ႔ပြဲမွာ သေရက်ၿပီး ၂မွတ္ဆံုးရံႈးခဲ့ရတဲ့မန္ယူအသင္းအတြက္ ၀က္ဖို႔ဒ္နဲ႔ပြဲစဥ္ဟာဆိုရင္ ခ်န္ပီယံလိဂ္၀င္ခြင့္ရမယ့္ ထိပ္ဆံုး ၄ေနရာလုပြဲမွာဆက္ရွိေနဖို႔ အေရးပါ တဲ့ပြဲျဖစ္ခဲ့ပါတယ္။ စပါးနဲ႔ခ်ဲလ္ဆီးထိပ္တိုက္ေတြ႕ခ်ိန္မွာဇယားေအာက္ဆံုးက ၀က္ဖို႔ဒ္နဲ႔သာကစားရတာဟာ အခြင့္အေရးေကာင္းတစ္ခုပဲဆိုတာ ဆိုးလ္ရွားကလည္း သတိျပဳမိခဲ့ပါတယ္။ ၾကားရက္မွာကစားတဲ့ ကာရာေဘာင္းဖလားကြာတားပြဲစဥ္မွာ လိဂ္-၂ အသင္းငယ္ေလးကိုခ်က္စတာကို ၃ဂိုးျပတ္ႏိုင္ခဲ့လို႔ စိတ္ဓာတ္တက္ၾကြေနတဲ့ မန္ယူအသင္းဟာ ၀က္ဖို႔ဒ္ရဲ႕ ဗီကာေရ႕ခ်္ရုတ္ဒ္ကြင္းကို ေခါင္းေမာ့ရင္ေကာ့ၿပီးခ်ီတက္လာတာပါ။ ဒါေပမဲ့ အထင္နဲ႔အျမင္ပါစင္ေအာင္လြဲဆိုသလို မွန္းသလိုျဖစ္မလာဘဲ ဂိုးျပတ္ရံႈးပြဲႀကံဳၿပီး ကြင္းထဲကေန မရႊင္တဲ့ႏွလံုး မျပံဳးတဲ့မ်က္ႏွာနဲ႔ ေခါင္းငိုက္စိုက္ခ်ထြက္ခြာခဲ့ရပါတယ္။

ဆိုးလ္ရွားဟာ ဒီပြဲမွာ အဲဗာတန္နဲ႔ပြဲက ပြဲထြက္လူစာရင္းအတိုင္းပဲ မေျပာင္းမလဲပြဲထုတ္ခဲ့ၿပီး ဒဏ္ရာေပ်ာက္သြားသလို နာမက်န္းျဖစ္ရာကေနပါျပန္ေကာင္းလာတဲ့ ေပါ့ဂ္ဘာကိုေတာ့ အရန္စာရင္းမွာထည့္ထားခဲ့ပါတယ္။ မန္ယူအသင္းဟာ ပြဲကစားေတာ့လည္း ၀က္ဖို႔ဒ္ကို ေဘာလံုးပိုင္ဆိုင္မႈ၊
ဂိုးသြင္းရန္ႀကိဳးပမ္းမႈ၊ ဂိုးေပါက္တည့္မႈ အားလံုးမွာအသာရခဲ့ပါတယ္။ ပထမပိုင္းအၿပီးမွာ ဂိုးမရွိသေရက်ေနၿပီး ဒုတိယပိုင္း မိန္စ္ ၅၀မွာေတာ့ ၀က္ဖို႔ဒ္မွဆီနီေဂါတိုက္စစ္မွဴး အစၥေမလာဆားရ္က မန္ယူဂိုးသမားဒီဂီယာအမွားကေန ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။ ေနာက္ ၄မိနစ္အၾကာမွာလည္း မန္ယူေနာက္ခံလူဘစ္ဆာကာဖ်က္ထုတ္ပံုၾကမ္းခဲ့လို႔ ၀က္ဖို႔ဒ္ပင္နယ္တီရခဲ့ၿပီး အသင္းေခါင္းေဆာင္ ထရြိဳင္ဒီေနးက အမွားအယြင္းမရွိကန္သြင္းခဲ့ပါတယ္။ ၂ဂိုးေပးလိုက္ရၿပီးေနာက္မွာဆိုးလ္ရွားဟာ ဂရင္း၀ုဒ္၊ ေပါ့ဂ္ဘာနဲ႔မာတာ တို႔ကိုထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ စုစည္းမွႈအျပည့္နဲ့ကစားခဲ့တဲ့၀က္ဖို႔ဒ္ခံစစ္ကို မေက်ာ္လႊားႏိုင္ဘဲ အရံႈးေပးခဲ့ရပါတယ္။၀က္ဖို႔ဒ္ကေတာ့ ဒီရာသီ ဒုတိယေျမာက္ႏိုင္ပြဲနဲ႔ ပထမဆံုးအိမ္ကြင္းႏိုင္ပြဲကိုရယူႏိုင္ခဲ့ၿပီး တန္းဆင္းဇုန္တိုက္ပြဲမွာ ေရွ႕ဆက္ဖို႔တြန္းအားျဖစ္ခဲ့ပါတယ္။ ဒီပြဲမွာ ပရိသတ္ရင္ကိုထိမွန္ေစခဲ့တဲ့ စြမ္းေဆာင္ရည္ေကာင္းခဲ့သူေတြနဲ႔ စိတ္ပ်က္ဖြယ္စြမ္းေဆာင္ရည္နဲ႔အတူ က်ရံႈးခဲ့ရသူေတြအၾကာင္းကို ပရိသတ္ေတြအတြက္ စုစည္းတင္ျပေပးလိုက္ပါတယ္။

(၁) က်ရံႈးသူ ဒန္နီရယ္ဂ်ိမ္းစ္
မန္ယူအသင္းရဲ႕ အနာဂတ္ေက်ာနံပါတ္(၇)၊ သရဲနီဂႏၳ၀င္ ရိုင္ယန္ဂစ္လက္သစ္အျဖစ္တင္စားခံရတဲ့ ေ၀လေတာင္ပံကစားသမားေလး ဒန္နီရယ္ဂ်ိမ္းစ္ဟာ ဒီပြဲမွာေတာ့ ေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။ မန္ယူရဲ႕ ညာေတာင္ပံတိုက္စစ္ကိုတာ၀န္ယူထားရတဲ့ ဂ်ိမ္းစ္ဟာ ပြဲအစမွာ ပံုမွန္ေျခစြမ္းျပသႏိုင္ခဲ့ေပမယ့္ အိမ္ရွင္အသင္းခံစစ္ကို ျဖတ္ေက်ာ္ႏိုင္ျခင္းမရွိခဲ့ပါဘူး။ ၀က္ဖို႔ဒ္ဂိုးဧရိယာနားခ်ဥ္းကပ္လာရင္ သူရဲ႕ပင္ကိုအရည္အေသြးျဖစ္တဲ့ ေအးေဆးတည္ၿငိမ္မႈပါပ်က္ျပားသြားခဲ့ၿပီး မျဖစ္သင့္တဲ့ေဘာလံုးဆံုးရံႈးမႈေတြေတာင္ရွိခဲ့ပါတယ္။ ဂ်ိမ္းစ္ဟာ ၅၈မိနစ္မွာ ဂရင္း၀ုဒ္နဲ႔ လူစားလဲမခံရမီအထိ ေဘာလံုးကိုအႀကိမ္ ၂၀သာထိခဲ့ၿပီး ေပးပို႔မႈ ၁၃ႀကိမ္မွာလည္း ၆၂ရာခိုင္ႏႈန္းသာေအာင္ျမင္မႈရခဲ့ပါတယ္။ ၿပိဳင္ဘက္ကိုျခိမ္းေျခာက္ႏိုင္တဲ့ အဓိကေပးပို႔မႈ ၁ႀကိမ္သာလုပ္နိုင္ခဲ့ၿပီး ၀က္ဖို႔ဒ္ဂိုးဧရိယာဘက္ျခမ္း တိုက္စစ္ဆင္ရမယ့္ဇုန္ထဲမွာ မန္ယူလိုအပ္ေနတဲ့ ဂိုးသြင္းခြင့္နဲ႔ စိတ္အားထက္သန္မႈကို မဖန္တီးေပးႏိုင္ခဲ့ပါဘူး။ ဂ်ိမ္းစ္ရဲ႕ အဲဒီညက စြမ္းေဆာင္မႈကိုအႏွစ္ခ်ဳပ္လိုက္ရင္ တိုက္စစ္ကစားသမားတစ္ဦးျဖစ္ေပမယ့္ ဂိုးေပါက္တည့္ေအာင္ တစ္ႀကိမ္မွကန္သြင္းႏိုင္ျခင္းမရွိခဲ့တာပါပဲ။ ဒါေၾကာင့္ က်ရံႈးသူနံပါတ္(၁)အျဖစ္သတ္မွတ္ခံရတာ လြန္မယ္မထင္ပါဘူး။

(၂) ရင္ကိုထိမွန္ေစသူ ဂ်ာရတ္ဒယ္လိုဖူး

၀က္ဖို႔ဒ္ရဲ႕ ဘယ္ေတာင္ပံတိုက္စစ္ကိုတာ၀န္ယူခဲ့တဲ့ ဒယ္လိုဖူးဟာ မန္ယူအသင္းခံစစ္ကို တစ္ပြဲလံုးျခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္ မန္ယူညာအစြန္ေနာက္ခံလူ ဘစ္ဆာကာကိုအလုပ္ရႈပ္ေစ
ခဲ့ၿပီး ဘစ္ဆာကာဟာ ဒယ္လိုဖူးကိုလိုက္ထိန္းေနရတာမို႔ တိုက္စစ္ကိုထိထိေရာက္ေရာက္ ေထာက္ကူေပးႏိုင္ျခင္းမရွိခဲ့ပါဘူး။ မန္ယူခံစစ္ေၾကာင္းကို တန္ျပန္တိုက္စစ္နဲ႔ ထိုးေဖာက္ျဖတ္ေက်ာ္ခဲ့တဲ့ ၀က္ဖို႔ဒ္
နည္းျပနီဂယ္ပီယာဆန္ရဲ႕ နည္းဗ်ဴဟာကို ဒယ္လိုဖူးကေကာင္းေကာင္းပံုေဖာ္ေပးႏိုင္ခဲ့ပါတယ္။ ပြဲစဥ္အလိုက္ေကာင္းဆံုး ကစားသမားဆုကို ပထမဂိုးသြင္းခဲ့တဲ့ ကစားေဖာ္ဆားရ္က ရသြားေပမယ့္ ဒယ္လိုဖူး
ဟာ တစ္ပြဲလံုးမွာ အထင္ႀကီးဖြယ္လ်င္ျမန္ဖ်တ္လတ္မႈနဲ႔ ေဘာလံုးအထန္းအသိမ္းေကာင္းမြန္မႈကို ျပသႏိုင္ခဲ့ပါတယ္။ ဒယ္လိုဖူးဟာ ေဘာလံုးကို ၆၅ႀကိမ္ထိခဲ့ၿပီး ေပးပို႔မႈ ၃၇ႀကိမ္မွာလည္း ၇၃ရာခိုင္ႏႈန္း
ေအာင္ျမင္မႈရခဲ့ပါတယ္။ အဓိကေပးပို႔မႈ တစ္ႀကိမ္သာလုပ္ႏိုင္ခဲ့ေပမယ့္ သူ႕ေျခေထာက္ထဲမွာေဘာလံုးရတာနဲ႔ မန္ယူေနာက္ခံလူေတြကို မ်က္ကလဲဆန္ျပာ ျဖစ္ေစခဲ့ပါတယ္။ ဒယ္လိုဖူးဟာ ေဘာလံုးနဲ႔အတူ
ဆြဲေျပးမႈ ၁၀ၾကိမ္မွာလည္း ၆၀ရာခိုင္ႏႈန္း(၆ႀကိမ္)ေအာင္ျမင္ခဲ့ၿပီး အဲဒီညပြဲမွာ အျမင့္ဆံုးေအာင္ျမင္မႈပါပဲ။ ဘာစီလိုနာရဲ႕ လာမာစီယာအကယ္ဒမီထြက္ ဒယ္လိုဖူးဟာ ခံစစ္အရည္အေသြးကိုပါျပသႏိုင္ခဲ့ၿပီး
ဖ်က္ထုတ္မႈ ၈ႀကိမ္မွာ ၄ႀကိမ္ေအာင္ျမင္ခဲ့သလို ၾကားျဖတ္လုယူမႈ ၃ႀကိမ္ေတာင္လုပ္နိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ရင္ကိုထိမွန္ေစသူအျဖစ္သတ္မွတ္ခံရတာ မဆန္းပါဘူး။

(၃) က်ရံႈးသူ ဂ်က္ဆီလင္ဂတ္
လင္ဂတ္အတြက္ ၀က္ဖို႔ဒ္နဲ႔ပြဲဟာ ပရီးမီးယားလိဂ္ေနာက္ဆံုး ၄ပြဲဆက္အျဖစ္ ပြဲထြက္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ ဆိုးလ္ရွားက ေပါ့ဂ္ဘာကိုအရန္စာရင္းထဲမွာသာထည့္ထားတာမို႔ လင္ဂတ္ဟာ မန္ယူကြင္းလယ္မွာ
ေက်ာနံပါတ္ ၁၀ ကြင္းလယ္ဖန္တီးရွင္တာ၀န္ကိုယူခဲ့ရပါတယ္။ ဒါေပမဲ့ ပထမပြဲထြက္စာရင္းမွာ ပံုမွန္ကစားခြင့္ရႏိုင္ေစမယ့္အရည္အေသြးမ်ိဳးကိုေတာ့ မျပသနိုင္ခဲ့ပါဘူး။ လင္ဂတ္ဟာ ပြဲအစမွာ ဟုတ္မလိုလိုရွိခဲ့ေပမယ့္
ပြဲရိွန္ျမင့္လာေတာ့လည္း ဒံုရင္းကဒံုရင္းပဲျဖစ္ၿပီး စိတ္ပ်က္စရာေျခစြမ္းနဲ႔ကစားသြားခဲ့ပါတယ္။ ၀က္ဖို႔ဒ္ဂိုးဧရိယာဘက္ျခမ္းမွာ ေဘာလံုးရရင္လည္း လူပိုတစ္ေယာက္လို ဘာမွမလုပ္တတ္ မကိုင္တတ္ျဖစ္သြားပါတယ္။
လင္ဂတ္ဟာ ကစားေဖာ္ေတြအတြက္ဖန္တီးႏိုင္ဖို႔မေျပာနဲ႔ သူ႕ဆီကေတာင္ေဘာလံုးဆံုးရံႈးမႈေတြရွိခဲ့တာမို႔ မန္ယူတိုက္စစ္ဟာ အသက္မပါသလိုျဖစ္ခဲ့တာပါ။ လင္ဂတ္ဟာ ပြဲခ်ိန္ ၃၄မိနစ္မွာရခဲ့တဲ့ အေကာင္းဆံုးေရႊေရာင္
အခြင့္အေရးကိုလည္းအသံုးမခ်ႏိုင္ဘဲ ျဖဳန္းတီးခဲ့ပါတယ္။ မာရွယ္ရဲ႕ဖန္တီးေပးမႈကေန ၀က္ဖို႔ဒ္ဂိုးသမားဘင္ေဖာ္စတာနဲ႔ တစ္ဦးခ်င္းရင္ဆိုင္ေတြ႕ခဲ့ေပမယ့္ သူ႕ရဲ႕ဂိုးသမားကိုေက်ာ္ၿပီးအေျမာက္သြင္းယူမႈဟာ အရွိန္ျပင္းသြား
ခဲ့တာမို႔ ဂိုးဘားေပၚေက်ာ္သြားခဲ့ပါတယ္။ ဂိုးရႏိုင္တဲ့ အပိုင္အခြင့္အေရးကို ျဖဳန္းတီးခဲ့တာမို႔ မန္ယူပရိသတ္ေတြရဲ႕ ေထာပနာျပဳသံေတြေသာေသာညံသြားခဲ့ၿပီး ၆၄မိနစ္က်မွ သူ႕ကို ေပါ့ဂ္ဘာနဲ႔လူစားလဲခဲ့တာ ေနာက္က်တယ္လို႔
ေတာင္ဆိုးလ္ရွားကိုေ၀ဖန္ခဲ့ၾကပါတယ္။

(၄) ရင္ကိုထိမွန္ေစသူ ဘင္ေဖာ္စတာ
မန္ယူအသင္းတိုက္စစ္ကိုဆြံ႕အေစခဲ့သူကေတာ့ ၀က္ဖို႔ဒ္ဂိုးသမား ဘင္ေဖာ္စတာျဖစ္ပါတယ္။ မန္ယူအသင္းဂိုးသမားေဟာင္းတစ္ဦးလည္းျဖစ္တဲ့ ဘင္ေဖာ္စတာဟာ တစ္ပြဲလံုးနီးပါးလက္စြမ္းျပႏိုင္ခဲ့ၿပီး မန္ယူရဲ႕ ဂိုးေပါက္တည့္မႈ
၈ႀကိမ္စလံုးကိုကာကြယ္ႏိုင္ခဲ့ပါတယ္။ လင္ဂတ္ညံ့လြန္းလို႔သာ ေဖာ္စတာကံေကာင္းခဲ့တယ္ဆိုေပမယ့္ ဒုတိယပိုင္းမွာ တြမ္မီေနးရဲ႕အျပင္းကန္ခ်က္ကို ပုတ္ထုတ္ကာကြယ္သြားတာကေတာ့ အံ့မခန္းပါပဲ။ ေပါ့ဂ္ဘာနဲ႔ဂရင္း၀ုဒ္၀င္လာခ်ိန္မွာ
မန္ယူတိုက္စစ္ Tempo ျမင့္လာေပမယ့္ ေဖာ္စတာရဲ႕လက္စြမ္းေၾကာင့္ အရွက္ေျပေခ်ပဂိုး ၁ဂိုးေတာင္မရခဲ့ပါဘူး။ အထူးသျဖင့္ ပြဲခ်ိန္ေႏွာင္းပိုင္းမွာ ေပါ့ဂ္ဘာ၊ မာရွယ္နဲ႔ရက္ရွ္ဖို႔ဒ္တို႔ရဲ႕ကန္သြင္းမွႈအားလံုးကို ေဖာ္စတာက သဲထဲေရသြန္
အခ်ည္းႏွီးျဖစ္ေစခဲ့ပါတယ္။ ဒါေၾကာင့္လည္း ရင္ကိုထိမွန္ေစသူအျဖစ္သတ္မွတ္ခံရတာေပါ့။

(၅) က်ရံႈးသူ ေဒးဗစ္ဒီဂီယာ

ဘင္ေဖာ္စတာလက္စြမ္းက်ေနခ်ိန္မွာ မန္ယူဂိုးသမားဒီဂီယာကေတာ့ ရံႈးနိမ့္မႈရဲ႕အဓိကတရားခံ ဗီလိန္ျဖစ္ခဲ့ပါတယ္။ အဲဗာတန္နဲ႔သေရပြဲ လင္ဒီေလာ့ဖ္ကိုယ့္ဂိုးကိုယ္သြင္းမိမႈမွာ သူ႕တာ၀န္လည္းမကင္းခဲ့တဲ့ ဒီဂီယာဟာ
ဒီပြဲမွာေတာ့ ပိုမိုဆိုးရြားတဲ့အေျခအေနနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။ ပြဲခ်ိန္ မိန္စ္ ၅၀မွာ ၀က္ဖို႔ဒ္ဂိုးသမား အစၥေမလာဆားရ္ရဲ႕ကန္သြင္းမႈကို ရာႏႈန္းျပည့္ကာကြယ္ႏိုင္သင့္ေပမယ့္ ဒီဂီယာရဲ႕ေပါ့ဆမႈ၊ အာရံုစူးစိုက္ႏိုင္စြမ္းအားနည္းမႈ
ေၾကာင့္ ဂိုးေပးခဲ့ရပါတယ္။ ဆားရ္ရဲ႕ကန္ခ်က္ဟာ ထိခ်က္မမွန္သလို အရွိန္လည္းမျပင္းခဲ့ေပမယ့္ ခုန္ဖမ္းတဲ့ ဒီဂီယာရဲ႕လက္ႏွစ္ဖက္ၾကားထဲကထြက္ၿပီး ဂိုးထဲ၀င္သြားခဲ့တာပါ။ ဂိုးေပးလိုက္ရၿပီးေနာက္ စိတ္ပ်က္လက္ပ်က္
ေခါင္းငိုက္စိုက္ခ်သြားတဲ့ ဒီဂီယာရဲ႕အမွားဟာ အဲဒီညက မန္ယူရဲ႕ကံၾကမၼာကို အဆံုးအျဖတ္ေပးခဲ့တာပါ။ ဒီဂီယာရဲ႕မမွားသင့္တဲ့အမွားေၾကာင့္ မန္ယူအသင္းဖိအားမ်ားသြားခဲ့သလို ကစားရတာလည္းပိုခက္သြားေစခဲ့ပါတယ္။
ဒီေနးရဲ႕ပင္နယ္တီကို ဒိုက္ထိုးကာကြယ္တဲ့ဘက္လြဲေခ်ာ္ခဲ့တာကိုေတာ့ အျပစ္လို႔မဆိုႏိုင္ေပမယ့္ ဒီဂီယာအတြက္ အခ်ိန္အေတာ္ၾကာတဲ့အထိ တႏု႔ံႏု႔ံခံစားေနရေစမယ့္ ကံဆိုးမိုးေမွာင္ပြဲလို႔သာဆိုရေတာ့မွာပါ။