၀က်ဖို့ဒ်နည်းပြဆန်းချက်ဇ်ဖလော်ရက်စ် ထုတ်ပယ်ခံလိုက်ရ

PC ; Internet

ပရီးမီးယားလိဂ်ကလပ်ဝက်ဖို့ဒ်ဟာ နည်းပြဆန်းချက်ဇ်ဖလော်ရက်စ်ကိုထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။စပိန်သားနည်းပြဟာ ဂျာဗီဂါစီယာနေရာကို စက်တင်ဘာလ ၇ရက်နေ့ကမှ အစားထိုးတာဝန်ယူခဲ့သူဖြစ်ပြီး ၃လအကြာမှာ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ဆောက်သမ်တန်ကိုရှုံးပြီး နောက်တစ်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ဝက်ဖို့ဒ်က သူတို့နည်းပြကိုထုတ်ပယ်လိုက်ကြောင်း တရားဝင်ကြေညာလိုက်တာပါ။

PC ; Internet

ဝက်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် ၁၄ပွဲကစားပြီးချိန်မှာ ရမှတ် ၈မှတ်နဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာရပ်တည်နေပါတယ်။ဆန်းချက်ဇ်ဖလော်ရက်စ်ကို ခန့်အပ်ပြီးနောက်ပိုင်းမှာလည်း ပြိုင်ပွဲစုံ ၁၂ပွဲမှာ ၂ပွဲသာနိုင်ပြီး ၄ပွဲသရေ ၆ပွဲရှုံးခဲ့တာကြောင့် အခုလိုအပြောင်းအလဲလုပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

PC ; Internet

”ဆန်းချက်ဇ်ဟာ သိပ်ကိုရိုးသားဖြောင့်မတ်တဲ့ နည်းပြတစ်ယောက်ပါ။အသင်းကို သူ ဘယ်လောက်ကောင်းချင်စေခဲ့သလဲဆိုတာလည်း ထင်ရှားပါတယ်။ဒါပေမဲ့ အခြေခံရလဒ်တွေက ကျွန်တော်တို့ကို ညွှန်ကြားခဲ့ပါတယ်။နည်းပြသစ်ကို အမြန်ဆုံးခန့်အပ်သွားမှာပါ။လက်ကျန်ရာသီမှာ ပရိသတ်တွေလိုချင်တဲ့ အနေအထားရောက်အောင် ကျွန်တော်တို့ကြိုးစားသွားမှာဖြစ်ပါတယ်”လို့ ဝက်ဖို့ဒ်ဥက္ကဌစကော့ဒက်ဘူရီက ပြောဆိုလိုက်ပါတယ်။

PC ; Internet

၂၀၁၅-၁၆ ရာသီမှာ ဝက်ဖို့ဒ်ကိုကိုင်တွယ်ဖူးတဲ့ ဆန်းချက်ဇ်ဖလော်ရက်စ်အတွက် ဗီကာရေ့ရုဒ်ကို ဒုတိယအကြိမ်ကျောခိုင်းခဲ့ရတာဖြစ်ပါတယ်။လက်ရှိအချိန်မှာ ဝက်ဖို့ဒ်နည်းပြသစ်အဖြစ် နယူးကာဆယ်နဲ့ဘရိုက်တန်နည်းပြဟောင်း ခရစ္စဟောက်တန်ရေပန်းစားနေတယ်လို့ သိရပါတယ်။

(zawgyi)

ပရီးမီးယားလိဂ္ကလပ္၀က္ဖို႔ဒ္ဟာ နည္းျပဆန္းခ်က္ဇ္ဖေလာ္ရက္စ္ကိုထုတ္ပယ္လိုက္ၿပီလို႔ သိရပါတယ္။စပိန္သားနည္းျပဟာ ဂ်ာဗီဂါစီယာေနရာကို စက္တင္ဘာလ ၇ရက္ေန႔ကမွ အစားထိုးတာ၀န္ယူခဲ့သူျဖစ္ၿပီး ၃လအၾကာမွာ ထုတ္ပယ္ခံခဲ့ရျခင္းျဖစ္ပါတယ္။ေဆာက္သမ္တန္ကိုရံႈးၿပီး ေနာက္တစ္ေန႔ျဖစ္တဲ့ တနဂၤေႏြေန႔မွာ ၀က္ဖို႔ဒ္က သူတို႔နည္းျပကိုထုတ္ပယ္လိုက္ေၾကာင္း တရား၀င္ေၾကညာလိုက္တာပါ။၀က္ဖို႔ဒ္ဟာ ပရီးမီးယားလိဂ္ ၁၄ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၈မွတ္နဲ႔ အမွတ္ေပးဇယားေအာက္ဆံုးမွာရပ္တည္ေနပါတယ္။ဆန္းခ်က္ဇ္ဖေလာ္ရက္စ္ကို ခန္႔အပ္ၿပီးေနာက္ပိုင္းမွာလည္း ၿပိဳင္ပြဲစံု ၁၂ပြဲမွာ ၂ပြဲသာႏိုင္ၿပီး ၄ပြဲသေရ ၆ပြဲရံႈးခဲ့တာေၾကာင့္ အခုလိုအေျပာင္းအလဲလုပ္ဖို႔ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။”ဆန္းခ်က္ဇ္ဟာ သိပ္ကိုရိုးသားေျဖာင့္မတ္တဲ့ နည္းျပတစ္ေယာက္ပါ။အသင္းကို သူ ဘယ္ေလာက္ေကာင္းခ်င္ေစခဲ့သလဲဆိုတာလည္း ထင္ရွားပါတယ္။ဒါေပမဲ့ အေျခခံရလဒ္ေတြက ကၽြန္ေတာ္တို႔ကို ညႊန္ၾကားခဲ့ပါတယ္။နည္းျပသစ္ကို အျမန္ဆံုးခန္႔အပ္သြားမွာပါ။လက္က်န္ရာသီမွာ ပရိသတ္ေတြလိုခ်င္တဲ့ အေနအထားေရာက္ေအာင္ ကၽြန္ေတာ္တို႔ႀကိဳးစားသြားမွာျဖစ္ပါတယ္”လို႔ ၀က္ဖို႔ဒ္ဥကၠဌစေကာ့ဒက္ဘူရီက ေျပာဆိုလိုက္ပါတယ္။၂၀၁၅-၁၆ ရာသီမွာ ၀က္ဖို႔ဒ္ကိုကိုင္တြယ္ဖူးတဲ့ ဆန္းခ်က္ဇ္ဖေလာ္ရက္စ္အတြက္ ဗီကာေရ႕ရုဒ္ကို ဒုတိယအႀကိမ္ေက်ာခိုင္းခဲ့ရတာျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာ ၀က္ဖို႔ဒ္နည္းျပသစ္အျဖစ္ နယူးကာဆယ္နဲ႔ဘရိုက္တန္နည္းျပေဟာင္း ခရစၥေဟာက္တန္ေရပန္းစားေနတယ္လို႔ သိရပါတယ္။