အဲဗာတန်နဲ့ ၄ နှစ်ခွဲစာချုပ်ပြီး အာဆင်နယ်နဲ့ပွဲ ကြည့်ခဲတဲ့ အန်စလော့တီ

photo-gettyimages

photo-daily mail

အဲဗာတန်အသင်းဟာ ဝါရင့်နည်းပြတစ်ယောက်ဖြစ်တဲ့ ကာလိုအန်စလော့တီကို ၄ နှစ်ခွဲစာချုပ်ပြီး နည်းပြသစ်အဖြစ် အတည်ပြုနိုင်ခဲ့ပါပြီ။ အဲဗာတန်နဲ့စာချုပ်ပြီးတဲ့နောက် အန်စလော့တီဟာ  အာဆင်နယ်အသင်းနဲ့ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်ကို အသင်းပိုင်ရှင်မိုရီရှိနဲ့အတူ Director Box ထဲကနေ ကြည့်ရှုအားပေးခဲ့ပါတယ်။ ဒီလအစောပိုင်းက နာပိုလီကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အဲဒီအီတလီသားဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၆ က ထုတ်ပယ်ခံလိုက်ရတဲ့မာကိုဆေးလ်ဗားရဲ့နေရာမှာ အစားဝင်လာခဲ့တာပါ။

photo-gettyimages

အန်စလော့တီဟာ ချန်ပီယံလိဂ်မှာ ၃ ကြိမ်တိုင်ဗိုလ်စွဲခဲ့ဖူးတဲ့နည်းပြတစ်ယောက်ဖြစ်ကာ ချဲလ်ဆီးက ထုတ်ပယ်ခံခဲ့ရပြီး ၈ နှစ်ခွဲအကြာမှာ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာခဲ့တာပါ။ သူ့ရဲ့နည်းပြဘဝမှာ အေစီမီလန်၊ရီးရဲလ်မက်ဒရစ်၊ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့လို ဥရောပရဲ့ဒိတ်ဒိတ်ကြဲအသင်းတွေကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး နောက်ဆုံးကိုင်ခဲ့တဲ့အသင်းကလည်း ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်သွားတဲ့ အီတလီအသင်းကြီးစာရင်းဝင်နာပိုလီဖြစ်ခဲ့လို့ အဲဗာတန်လို ရုန်းကန်နေရတဲ့ပရီးမီးယားလိဂ်အလယ်အလတ်အသင်းတစ်သင်းကို လာရောက်ကိုင်တွယ်တာဟာ အံ့သြစရာတော့ ကောင်းနေပါတယ်။ အဲဗာတန်အတွက်တော့ မမျှော်လင့်ဘဲနဲ့ နာမည်ကြီးနည်းပြတစ်ယောက်ကို ခေါ်ယူလိုက်နိုင်ခဲ့တာပါ။

photo-gettyimages

အန်စလော့တီဟာ ပရီးမီးယားလိဂ်ကိုရောက်လာခဲ့တဲ့အရင်တစ်ကြိမ်တုန်းကလည်း ချဲလ်ဆီးနဲ့အတူ ပရီးမီးယာလိဂ်နဲ့ အက်ဖ်အေဖလားအောင်မြင်မှုရတွေရှိခဲ့တာပါ။ အန်စလော့တီရောက်လာလို့ ဒန်ကန်ဖာဂူဆန်ရဲ့ယာယီနည်းပြဘဝအဆုံးသတ်သွားပေမယ့် အဲဒီစကော့တလန်သားကို နည်းပြအဖွဲ့ဝင်ထဲမှာ ဆက်ထားမယ်လို့ အဲဒီချဲလ်ဆီးနည်းပြဟောင်းက ပြောခဲ့ပါတယ်။ အန်စလော့တီဟာ တနင်္ဂနွေနေ့ရောက်မှသာ အဲဗာတန်ကိုစတင်ကိုင်တွယ်မှာဖြစ်ပြီး အဲဗာတန်နည်းပြဘ၀ သူ့ရဲ့ပထမဆုံးပွဲကတော့ လာမယ့်ဒီဇင်ဘာ ၂၆ ရက်နေ့ကစားမယ့် ဘန်လေနဲ့ဘောက်ဆင်ဒေးအိမ်ကွင်းပွဲစဉ်ဖြစ်ပါတယ်။

[Zawgyi]

အဲဗာတန္နဲ႔ ၄ ႏွစ္ခြဲစာခ်ဳပ္ၿပီး အာဆင္နယ္နဲ႔ပြဲ ၾကည့္ခဲတဲ့ အန္စေလာ့တီ

အဲဗာတန္အသင္းဟာ ၀ါရင့္နည္းျပတစ္ေယာက္ျဖစ္တဲ့ ကာလိုအန္စေလာ့တီကို ၄ ႏွစ္ခြဲစာခ်ဳပ္ၿပီး နည္းျပသစ္အျဖစ္ အတည္ျပဳႏိုင္ခဲ့ပါၿပီ။ အဲဗာတန္နဲ႔စာခ်ဳပ္ၿပီးတဲ့ေနာက္ အန္စေလာ့တီဟာ  အာဆင္နယ္အသင္းနဲ႔ပရီးမီးယားလိဂ္အိမ္ကြင္းပြဲစဥ္ကို အသင္းပိုင္ရွင္မိုရီရွိနဲ႔အတူ Director Box ထဲကေန ၾကည့္ရႈအားေပးခဲ့ပါတယ္။ ဒီလအေစာပိုင္းက နာပိုလီကေန ထုတ္ပယ္ခံခဲ့ရတဲ့ အဲဒီအီတလီသားဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာ ၆ က ထုတ္ပယ္ခံလိုက္ရတဲ့မာကိုေဆးလ္ဗားရဲ႕ေနရာမွာ အစား၀င္လာခဲ့တာပါ။

အန္စေလာ့တီဟာ ခ်န္ပီယံလိဂ္မွာ ၃ ႀကိမ္တိုင္ဗုိလ္စြဲခဲ့ဖူးတဲ့နည္းျပတစ္ေယာက္ျဖစ္ကာ ခ်ဲလ္ဆီးက ထုတ္ပယ္ခံခဲ့ရၿပီး ၈ ႏွစ္ခြဲအၾကာမွာ ပရီးမီးယားလိဂ္ကို ျပန္ေရာက္လာခဲ့တာပါ။ သူ႔ရဲ႕နည္းျပဘ၀မွာ ေအစီမီလန္၊ရီးရဲလ္မက္ဒရစ္၊ပီအက္စ္ဂ်ီနဲ႔ ဘုိင္ယန္ျမဴးနစ္တို႔လုိ ဥေရာပရဲ႕ဒိတ္ဒိတ္ႀကဲအသင္းေတြကို ကိုင္တြယ္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံးကိုင္ခဲ့တဲ့အသင္းကလည္း ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္တက္သြားတ့ဲ အီတလီအသင္းႀကီးစာရင္း၀င္နာပိုလီျဖစ္ခဲ့လို႔ အဲဗာတန္လို ရုန္းကန္ေနရတဲ့ပရီးမီးယားလိဂ္အလယ္အလတ္အသင္းတစ္သင္းကို လာေရာက္ကိုင္တြယ္တာဟာ အံ့ၾသစရာေတာ့ ေကာင္းေနပါတယ္။ အဲဗာတန္အတြက္ေတာ့ မေမွ်ာ္လင့္ဘဲနဲ႔ နာမည္ႀကီးနည္းျပတစ္ေယာက္ကို ေခၚယူလိုက္ႏိုင္ခဲ့တာပါ။

အန္စေလာ့တီဟာ ပရီးမီးယားလိဂ္ကိုေရာက္လာခဲ့တဲ့အရင္တစ္ႀကိမ္တုန္းကလည္း ခ်ဲလ္ဆီးန႔ဲအတူ ပရီးမီးယာလိဂ္နဲ႔ အက္ဖ္ေအဖလားေအာင္ျမင္မႈရေတြရွိခဲ့တာပါ။ အန္စေလာ့တီေရာက္လာလို႔ ဒန္ကန္ဖာဂူဆန္ရဲ႕ယာယီနည္းျပဘ၀အဆုံးသတ္သြားေပမယ့္ အဲဒီစေကာ့တလန္သားကို နည္းျပအဖြဲ႔၀င္ထဲမွာ ဆက္ထားမယ္လို႔ အဲဒီခ်ဲလ္ဆီးနည္းျပေဟာင္းက ေျပာခဲ့ပါတယ္။ အန္စေလာ့တီဟာ တနဂၤေႏြေန႔ေရာက္မွသာ အဲဗာတန္ကိုစတင္ကိုင္တြယ္မွာျဖစ္ၿပီး အဲဗာတန္နည္းျပဘ၀ သူ႔ရဲ႕ပထမဆုံးပြဲကေတာ့ လာမယ့္ဒီဇင္ဘာ ၂၆ ရက္ေန႔ကစားမယ့္ ဘန္ေလနဲ႔ေဘာက္ဆင္ေဒးအိမ္ကြင္းပြဲစဥ္ျဖစ္ပါတယ္။