အီတီဟတ်မှာ အိမ်ရှင်တွေကို ဘောလုံးကန်နည်းသင်ခန်းစာပို့ချလိုက်တဲ့ ယူနိုက်တက် (စီးတီး ၁-၂ ယူနိုက်တက် ပွဲပြီးမြင်ကွင်းကျယ်)

Photo Credit

Photo Credit

ဒီရာသီမှာ အသင်းကြီးတွေနဲ့ရင်ဆိုင်ရတိုင်း မထင်မှတ်တာတွေ လုပ်ပြလေ့ရှိတဲ့ ယူနိုက်တက်ဟာ ဒီပွဲမှာလည်း ဘယ်သူမှထင်မှတ်မထားတဲ့ရလဒ်တစ်ခု ဖန်တီးရင်း အီတီဟတ်မှာ အမှတ်ပြည့်ရရှိသွားပါတယ်။ ယူနိုက်တက်အတွက် ထိုက်တန်တဲ့နိုင်ပွဲဖြစ်ခဲ့ပြီး အထူးသဖြင့် ပထမပိုင်းကစားပုံက အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

Photo Credit

စီးတီးကတော့ ဒီပွဲမှာ ယူနိုက်တက်ရဲ့ကစားအားကို လိုက်မမီခဲ့ဘဲ ပွဲချိန် ၈၅ မိနစ်မှာ အော်တာမန်ဒီ ချေပဂိုးတစ်ဂိုးသွင်းပြီးမှသာ ကြီးမားတဲ့ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်ကတော့ ပထမပိုင်းမှာကတည်းက အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၃ မိနစ်မှာ ပင်နယ်တီဧရိယာထဲ ထိုးဖောက်လာတဲ့ ရက်ရှ်ဖို့ဒ်ကို ဘာနာဒိုဆေးလ်ဗား တားဆီးပုံပြင်းထန်ခဲ့ပေမယ့် ဒိုင်လူကြီးက ပင်နယ်တီမပေးဘဲ ဆက်ကစားစေခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ VAR ပြန်ကြည့်ချိန်မှာတော့ ပင်နယ်တီမပေးလို့မရအောင် ဘာနာဒိုဆေးလ်ဗားရဲ့ဖျက်ထုတ်မှုက သိသာပေါ်လွင်ခဲ့ပြီး ရက်ရှ်ဖို့ဒ်က ရရှိလာတဲ့ပင်နယ်တီကို အသာအယာကန်သွင်းကာ ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ နောက် ၆မိနစ်အကြာမှာလည်း ယူနိုက်တက်အသင်း

Photo Credit

ဒုတိယမြောက်ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး တိုက်စစ်မှူး မာရှယ်က ဂိုးသမား အီဒါဆန် မထင်မှတ်ထားချိန်မှာ သူပိတ်ထားတဲ့ ဘယ်ဘက်ထောင့်ကျဉ်းထဲ ဘယ်ခြေနဲ့ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit

စီးတီးကစားပုံက ဒီပွဲမှာ လိုအပ်ချက်အတော်လေးများခဲ့ပြီး ပထမပိုင်းမှာ ယူနိုက်တက်ကပဲ အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဧရိယာထိပ်ကနေ ရက်ရှ်ဖို့ဒ်ရဲ့အသာမတင်ကန်သွင်းချက် ဘားထိထွက်သွားခဲ့သလို နောက်တစ်ကြိမ် တန်ပြန်တိုက်စစ်ကနေ ရက်ရှ်ဖို့ဒ် မနားတမ်းကန်သွင်းတာလည်း ထိချက်လွဲသွားလို့ ဂိုးပေါက်နဲ့ လွဲချော်သွားပါတယ်။

Photo Credit

စီးတီးက ဒုတိယပိုင်းမှာ ပထမပိုင်းကထက် ကစားပုံပိုကောင်းလာပေမယ့် ယူနိုက်တက်ကလည်း ပထမပိုင်းကလို ဖွင့်မတိုက်တော့ဘဲ ခံစစ်ဦးစားပေးကစားခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်က အရင်လိုဂိုးလွန်ဘောဖြစ်ရင် ဒီဂီယာက ရှေ့ကို တစ်ခါတည်းကန်မတင်တော့ဘဲ ဒီပွဲမှာ နောက်တန်းကနေ တွဲလုံးတွေနဲ့ ကစားခဲ့ပါတယ်။

Photo Credit

စီးတီးဟာ ဒီပွဲမှာအရေးနိမ့်ခဲ့လို့ ချန်ပီယံဆုကာကွယ်နိုင်ရေးမျှော်လင့်ချက် အတော်လေးနည်းသွားခဲ့ရပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၁၄ မှတ်အထိကွာဟသွားခဲ့ပါတယ်။ လက်ရှိနည်းပြဆိုးလ်ရှား အမြဲတမ်းနည်းပြဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ ၅ပွဲဆက်ရှုံးပွဲမရှိစံချိန်တင်ထားတဲ့ ယူနိုက်တက်ကတော့ အဆင့် ၅နေရာရောက်လာပြီး အဆင့် ၄နေရာက ချဲလ်ဆီးနဲ့ ၅ မှတ်အကွာပြန်ဖြစ်လာပါတယ်။

Photo Credit

Zawgyi

အီတီဟတ္မွာ အိမ္ရွင္ေတြကို ေဘာလုံးကန္နည္းသင္ခန္းစာပို႔ခ်လုိက္တဲ့ ယူႏုိက္တက္ (စီးတီး ၁-၂ ယူႏုိက္တက္ ပြဲၿပီးျမင္ကြင္းက်ယ္)

ဒီရာသီမွာ အသင္းႀကီးေတြနဲ႔ရင္ဆုိင္ရတုိင္း မထင္မွတ္တာေတြ လုပ္ျပေလ့ရွိတ့ဲ ယူႏိုက္တက္ဟာ ဒီပြဲမွာလည္း ဘယ္သူမွထင္မွတ္မထားတဲ့ရလဒ္တစ္ခု ဖန္တီးရင္း အီတီဟတ္မွာ အမွတ္ျပည့္ရရွိသြားပါတယ္။ ယူႏုိက္တက္အတြက္ ထိုက္တန္တဲ့ႏိုင္ပြဲျဖစ္ခဲ့ၿပီး အထူးသျဖင့္ ပထမပိုင္းကစားပုံက အားလုံးကို အ့ံအားသင့္ေစခဲ့ပါတယ္။
စီးတီးကေတာ့ ဒီပြဲမွာ ယူႏိုက္တက္ရဲ႕ကစားအားကို လိုက္မမီခဲ့ဘဲ ပြဲခ်ိန္ ၈၅ မိနစ္မွာ ေအာ္တာမန္ဒီ ေခ်ပဂိုးတစ္ဂုိးသြင္းၿပီးမွသာ ႀကီးမားတဲ့ၿခိမ္းေျခာက္မႈေတြျပဳလုပ္ႏိုင္ခဲ့တာျဖစ္ၿပီး ယူႏုိက္တက္ကေတာ့ ပထမပိုင္းမွာကတည္းက အပိုင္အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၂၃ မိနစ္မွာ ပင္နယ္တီဧရိယာထဲ ထိုးေဖာက္လာတဲ့ ရက္ရွ္ဖို႔ဒ္ကို ဘာနာဒိုေဆးလ္ဗား တားဆီးပုံျပင္းထန္ခဲ့ေပမယ့္ ဒိုင္လူႀကီးက ပင္နယ္တီမေပးဘဲ ဆက္ကစားေစခဲ့ပါတယ္။
ဒါေပမဲ့ VAR ျပန္ၾကည့္ခ်ိန္မွာေတာ့ ပင္နယ္တီမေပးလုိ႔မရေအာင္ ဘာနာဒိုေဆးလ္ဗားရဲ႕ဖ်က္ထုတ္မႈက သိသာေပၚလြင္ခ့ဲၿပီး ရက္ရွ္ဖုိ႔ဒ္က ရရွိလာတဲ့ပင္နယ္တီကို အသာအယာကန္သြင္းကာ ဦးေဆာင္ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ပါတယ္။ ေနာက္ ၆မိနစ္အၾကာမွာလည္း ယူႏိုက္တက္အသင္း ဒုတိယေျမာက္ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီး တုိက္စစ္မွဴး မာရွယ္က ဂိုးသမား အီဒါဆန္ မထင္မွတ္ထားခ်ိန္မွာ သူပိတ္ထားတဲ့ ဘယ္ဘက္ေထာင့္က်ဥ္းထဲ ဘယ္ေျခနဲ႔ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။
စီးတီးကစားပုံက ဒီပြဲမွာ လိုအပ္ခ်က္အေတာ္ေလးမ်ားခဲ့ၿပီး ပထမပိုင္းမွာ ယူႏုိက္တက္ကပဲ အပိုင္အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ပါတယ္။ ဧရိယာထိပ္ကေန ရက္ရွ္ဖို႔ဒ္ရဲ႕အသာမတင္ကန္သြင္းခ်က္ ဘားထိထြက္သြားခဲ့သလို ေနာက္တစ္ႀကိမ္ တန္ျပန္တုိက္စစ္ကေန ရက္ရွ္ဖို႔ဒ္ မနားတမ္းကန္သြင္းတာလည္း ထိခ်က္လြဲသြားလုိ႔ ဂိုးေပါက္နဲ႔ လြဲေခ်ာ္သြားပါတယ္။
စီးတီးက ဒုတိယပိုင္းမွာ ပထမပိုင္းကထက္ ကစားပုံပိုေကာင္းလာေပမယ့္ ယူႏုိက္တက္ကလည္း ပထမပိုင္းကလုိ ဖြင့္မတုိက္ေတာ့ဘဲ ခံစစ္ဦးစားေပးကစားခဲ့ပါတယ္။ ဒါေပမဲ့ ယူႏိုက္တက္က အရင္လိုဂိုးလြန္ေဘာျဖစ္ရင္ ဒီဂီယာက ေရွ႕ကို တစ္ခါတည္းကန္မတင္ေတာ့ဘဲ ဒီပြဲမွာ ေနာက္တန္းကေန တြဲလုံးေတြနဲ႔ ကစားခဲ့ပါတယ္။
စီးတီးဟာ ဒီပြဲမွာအေရးနိမ့္ခ့ဲလုိ႔ ခ်န္ပီယံဆုကာကြယ္ႏိုင္ေရးေမွ်ာ္လင့္ခ်က္ အေတာ္ေလးနည္းသြားခဲ့ရၿပီး အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ၁၄ မွတ္အထိကြာဟသြားခဲ့ပါတယ္။ လက္ရွိနည္းျပဆုိးလ္ရွား အၿမဲတမ္းနည္းျပျဖစ္လာၿပီးေနာက္ပုိင္း ပထမဆုံးအႀကိမ္အျဖစ္ ပရီးမီးယားလိဂ္မွာ ၅ပဲြဆက္႐ံႈးပြဲမရွိစံခ်ိန္တင္ထားတဲ့ ယူႏိုက္တက္ကေတာ့ အဆင့္ ၅ေနရာေရာက္လာၿပီး အဆင့္ ၄ေနရာက ခ်ဲလ္ဆီးနဲ႔ ၅ မွတ္အကြာျပန္ျဖစ္လာပါတယ္။