အိုးလ်ထရက်ဖို့ဒ်မှာ ဒန်နီရယ်ဂျိမ်းစ်ကြောင့် ဒဏ်ရာရမလိုဖြစ်သွားတဲ့ မော်ရင်ဟို

photo-gettyimages

photo-gettyimages

တောင်ပံကစားသမားလေးဒန်နီရယ်ဂျိမ်းစ်ဟာ မန်ယူမှာ မော်ရင်ဟိုလက်အောက် ကစားခဲ့ဖူးသူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဟူးညပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အဲဒီပေါ်တူဂီသားနည်းပြနဲ့ နဖူးတိုက် ဒူးတိုက်တော့မဟုတ်ဘဲ နဖူးနဲ့ ဒူးတိုက် အနီးကပ်တွေ့လိုက်ရပါတယ်။

photo-foxsportasia

မန်ယူက အထုတ်ခံရပြီးနောက်ပိုင်း ပြိုင်ဘက်နည်းပြတစ်ယောက်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ပထမဆုံးအကြိမ်အဖြစ် ပြန်ရောက်လာတဲ့မော်ရင်ဟိုဟာ ကွင်းဘေးက နည်းစနစ်ဧရိယာထဲမှာ သူ့စပါးကစားသမားတွေကို ညွန်ကြားနေချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ စပါးကွင်းလယ်လူဟယ်ရီဝင့်ခ်က မန်ယူတောင်ပံကစားသမားဒန်နီရယ်ဂျိမ်းစ်ကို လျှောထိုးဖျက်ထုတ်မှုပြုလုပ်လိုက်ပါတယ်။ အစတည်းက အရှိန်နဲ့ဝင်လာတာဆိုတော့ ဒန်နီရယ်ဂျိမ်းစ်လည်း မထိန်းနိုင်တော့ဘဲ သူ့ခေါင်းနဲ့ မော်ရင်ဟိုရဲ့ဒူးကို သွားဆောင့်မိပါတော့တယ်။

အဲဒါကြောင့် ဒန်နီရယ်ဂျိမ်းစ်ဟာ မြက်ခင်းအပြင်ဘက်ကို လိမ့်ကျသွားခဲ့သလို မော်ရင်ဟိုလည်း နာကျင်သွားပုံရပြီး ခဏတော့ ထော့နင်းထော့နင်း ဖြစ်သွားပါတယ်။ ဒန်နီရယ်ဂျိမ်းစ်လည်း ကွင်းထဲပြန်မဝင်ခင် ဆေးကုသမှုခံယူခဲ့ရတာပါ။ ဒန်နီရယ်ဂျိမ်းစ်က အရှိန်နဲ့ဝင်ဆောင့်တာဆိုတော့ ဒီလောက်နဲ့ပြီးသွားတာကပဲ မော်ရင်ဟိုအတွက် ကံကောင်းခဲ့တာပါ။ နို့မိုဆိုရင် မော်ရင်ဟိုဟာ ပွဲကြီးကြပ်နိုင်မှာမဟုတ်ဘဲ ဆေးရုံရောက်သွားနိုင်ပါတယ်။

[Zawgyi]

အုိးလ္ထရက္ဖုိ႔ဒ္မွာ ဒန္နီရယ္ဂ်ိမး္စ္ေၾကာင့္ ဒဏ္ရာရမလိုျဖစ္သြားတဲ့ ေမာ္ရင္ဟို

ေတာင္ပံကစားသမားေလးဒန္နီရယ္ဂ်ိမ္းစ္ဟာ မန္ယူမွာ ေမာ္ရင္ဟိုလက္ေအာက္ ကစားခဲ့ဖူးသူေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ဗုဒၶဟူးညပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ အဲဒီေပၚတူဂီသားနည္းျပနဲ႔ နဖူးတုိက္ ဒူးတုိက္ေတာ့မဟုတ္ဘဲ နဖူးနဲ႔ ဒူးတိုက္ အနီးကပ္ေတြ႕လိုက္ရပါတယ္။

မန္ယူက အထုတ္ခံရၿပီးေနာက္ပိုင္း ၿပိဳင္ဘက္နည္းျပတစ္ေယာက္အေနနဲ႔ အုိးလ္ထရက္ဖို႔ဒ္ကို ပထမဆုံးအႀကိမ္အျဖစ္ ျပန္ေရာက္လာတဲ့ေမာ္ရင္ဟိုဟာ ကြင္းေဘးက နည္းစနစ္ဧရိယာထဲမွာ သူ႔စပါးကစားသမားေတြကို ညြန္ၾကားေနခ်ိန္ျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ စပါးကြင္းလယ္လူဟယ္ရီ၀င့္ခ္က မန္ယူေတာင္ပံကစားသမားဒန္နီရယ္ဂ်ိမ္းစ္ကို ေလွ်ာထုိးဖ်က္ထုတ္မႈျပဳလုပ္လိုက္ပါတယ္။ အစတည္းက အရွိန္နဲ႔၀င္လာတာဆုိေတာ့ ဒန္နီရယ္ဂ်ိမ္းစ္လည္း မထိန္းႏိုင္ေတာ့ဘဲ သူ႔ေခါင္းနဲ႔ ေမာ္ရင္ဟိုရဲ႕ဒူးကို သြားေဆာင့္မိပါေတာ့တယ္။

အဲဒါေၾကာင့္ ဒန္နီရယ္ဂ်ိမး္စ္ဟာ ျမက္ခင္းအျပင္ဘက္ကို လိမ့္က်သြားခဲ့သလို ေမာ္ရင္ဟုိလည္း နာက်င္သြားပုံရၿပီး ခဏေတာ့ ေထာ့နင္းေထာ့နင္း ျဖစ္သြားပါတယ္။ ဒန္နီရယ္ဂ်ိမ္းစ္လည္း ကြင္းထဲျပန္မ၀င္ခင္ ေဆးကုသမႈခံယူခဲ့ရတာပါ။ ဒန္နီရယ္ဂ်ိမ္းစ္က အရွိန္နဲ႔၀င္ေဆာင့္တာဆုိေတာ့ ဒီေလာက္နဲ႔ၿပီးသြားတာကပဲ ေမာ္ရင္ဟိုအတြက္ ကံေကာင္းခဲ့တာပါ။ ႏို႔မိုဆုိရင္ ေမာ္ရင္ဟုိဟာ ပြဲႀကီးၾကပ္ႏိုင္မွာမဟုတ္ဘဲ ေဆးရုံေရာက္သြားႏိုင္ပါတယ္။