အာဖရိကအကောင်းဆုံးကစားသမားဆု ဆန်ကာတင် ၁၀ဦးကို အာဖရိကဘောလုံးအဖွဲ့ချုပ်တရားဝင်ကြေညာ

0
574
PC ; Internet

၂၀၁၉ခုနှစ်အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင် ၁၀ဦး အမည်စာရင်းကို အာဖရိကဘောလုံးအဖွဲ့ချုပ်က တရားဝင်ကြေညာလိုက်ပါပြီ။ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ရက်နေ့တုန်းက ပဏာမ အယောက် ၃၀ စာရင်းကိုကြေညာခဲ့ပြီး အခုအချိန်မှာတော့ နောက်ဆုံးအဆင့်ရောက်ရှိလာတဲ့ ၁၀ယောက်ကို ရွေးချယ်ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ချန်ပီယံလိဂ်သူရဲကောင်းနှစ်ဦးဖြစ်တဲ့ လီဗာပူးက ဆာလက်နဲ့မာနေးတို့က ဒီစာရင်းမှာ ဦးဆောင်နေပါတယ်။

PC ; Internet

ဆာလက်နဲ့မာနေးဟာ ပြီးခဲ့တဲ့နှစ်ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း အာဆင်နယ်တိုက်စစ်မှူးအူဘာမီယန်းနဲ့အတူ ပူးတွဲဆွတ်ခူးနိုင်ခဲ့ကြသူတွေပါ။ဂါဘွန်တိုက်စစ်မှူးအူဘာမီယန်းလည်း ဆန်ကာတင် ၁၀ဦးစာရင်းမှာပါဝင်လာခဲ့ပြီး အာဖရိကအကောင်းဆုံးကစားသမားဆုကို ၂နှစ်ဆက်ရရှိထားတဲ့ ဆာလက်ကတော့ ၃နှစ်ဆက်ရဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

PC ; Internet

ဒါ့အပြင် မန်စီးတီးကအယ်လ်ဂျီးရီးယားတိုက်စစ်မှူးမာရက်ဇ်လည်း ဒီစာရင်းမှာပါဝင်လာတာတွေ့ရပါတယ်။မာရက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ရွှေဘောလုံးဆုစာရင်းမှာ အဆင့်-၁၀နေရာချိတ်ခဲ့သူပါ။ သူ့ရဲ့အယ်လ်ဂျီးရီးယားအသင်းဖော်နှစ်ဦးဖြစ်တဲ့ ဘန်နာဆာနဲ့ဘီလာရီလီတု့ိလည်း ဆန်ကာတင် ၁၀ဦးစာရင်းမှာ ရွေးချယ်ခြင်းခံထားရပါတယ်။

PC ; Internet

ပြီးတော့ နာပိုလီရဲ့ခံစစ်ကျောက်ဆောင်ကူလီဘာလီ၊အေဂျက်ဇ်က အိုနာနာနဲ့ဇီယက်ချ်၊ဝက်ဖို့ဒ်တိုက်စစ်မှူးဟောင်းအိုဒီရွန်တို့လည်း ရွေးချယ်ခံထားရပါတယ်။၂၀၁၉ အာဖရိကအကောင်းဆုံးဆုရှင်ကိုတော့ အီဂျစ်နိုင်ငံ ဟက်ဟာဒါမြို့က Citadel Azure မှာ ဇန်နဝါရီလ ၇ရက်နေ့ကျင်းပမယ့်ဆုပေးပွဲရောက်ရင် သိကြရတော့မှာဖြစ်ပါတယ်။

(zawgyi)

၂၀၁၉ခုႏွစ္အာဖရိကအေကာင္းဆံုးကစားသမားဆုအတြက္ ဆန္ကာတင္ ၁၀ဦး အမည္စာရင္းကို အာဖရိကေဘာလံုးအဖြဲ႔ခ်ဳပ္က တရား၀င္ေၾကညာလိုက္ပါၿပီ။ၿပီးခဲ့တဲ့ ႏို၀င္ဘာ ၂၄ရက္ေန႔တုန္းက ပဏာမ အေယာက္ ၃၀ စာရင္းကိုေၾကညာခဲ့ၿပီး အခုအခ်ိန္မွာေတာ့ ေနာက္ဆံုးအဆင့္ေရာက္ရွိလာတဲ့ ၁၀ေယာက္ကို ေရြးခ်ယ္ေဖာ္ျပလိုက္တာပဲျဖစ္ပါတယ္။ခ်န္ပီယံလိဂ္သူရဲေကာင္းႏွစ္ဦးျဖစ္တဲ့ လီဗာပူးက ဆာလက္နဲ႔မာေနးတို႔က ဒီစာရင္းမွာ ဦးေဆာင္ေနပါတယ္။ဆာလက္နဲ႔မာေနးဟာ ၿပီးခဲ့တဲ့ႏွစ္ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကိုလည္း အာဆင္နယ္တိုက္စစ္မွဴးအူဘာမီယန္းနဲ႔အတူ ပူးတြဲဆြတ္ခူးႏိုင္ခဲ့ၾကသူေတြပါ။ဂါဘြန္တိုက္စစ္မွဴးအူဘာမီယန္းလည္း ဆန္ကာတင္ ၁၀ဦးစာရင္းမွာပါ၀င္လာခဲ့ၿပီး အာဖရိကအေကာင္းဆံုးကစားသမားဆုကို ၂ႏွစ္ဆက္ရရွိထားတဲ့ ဆာလက္ကေတာ့ ၃ႏွစ္ဆက္ရဖို႔ ေရပန္းအစားဆံုးျဖစ္ေနပါတယ္။ဒါ့အျပင္ မန္စီးတီးကအယ္လ္ဂ်ီးရီးယားတိုက္စစ္မွဴးမာရက္ဇ္လည္း ဒီစာရင္းမွာပါ၀င္လာတာေတြ႔ရပါတယ္။မာရက္ဇ္ဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ေရႊေဘာလံုးဆုစာရင္းမွာ အဆင့္-၁၀ေနရာခ်ိတ္ခဲ့သူပါ။ သူ႔ရဲ႕အယ္လ္ဂ်ီးရီးယားအသင္းေဖာ္ႏွစ္ဦးျဖစ္တဲ့ ဘန္နာဆာနဲ႔ဘီလာရီလီတု႔ိလည္း ဆန္ကာတင္ ၁၀ဦးစာရင္းမွာ ေရြးခ်ယ္ျခင္းခံထားရပါတယ္။ၿပီးေတာ့ နာပိုလီရဲ႕ခံစစ္ေက်ာက္ေဆာင္ကူလီဘာလီ၊ေအဂ်က္ဇ္က အိုနာနာနဲ႔ဇီယက္ခ်္၊၀က္ဖို႔ဒ္တိုက္စစ္မွဴးေဟာင္းအိုဒီရြန္တို႔လည္း ေရြးခ်ယ္ခံထားရပါတယ္။၂၀၁၉ အာဖရိကအေကာင္းဆံုးဆုရွင္ကိုေတာ့ အီဂ်စ္ႏိုင္ငံ ဟက္ဟာဒါၿမိဳ႔က Citadel Azure မွာ ဇန္န၀ါရီလ ၇ရက္ေန႔က်င္းပမယ့္ဆုေပးပြဲေရာက္ရင္ သိၾကရေတာ့မွာျဖစ္ပါတယ္။