အာတီတာအတွက် ဂွါဒီယိုလာ တံခါးဖွင့်ထား

စပိန်ကွင်းလယ်ကစားသမားဟောင်း မိုက်ကယ်အာတီတာဟာ အသင်းမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့်
သူ့ရဲ့လက်ထောက်နည်းပြရာထူးနဲ့ပတ်သက်ပြီး ဆွေးနွေးလိုတယ်ဆိုရင် တံခါးဖွင့်ထားတယ်လို့ ဂွါဒီယိုလာက ဖွင့်ဟခဲ့ပါတယ်။ အာတီတာကို အမြဲတမ်းနည်းပြလက်မဲ့ဖြစ်နေတဲ့ အဲဗာတန်နဲ့အာဆင်နယ်တို့က ထဲထဲဝင်ဝင်ဆက်သွယ်နေတာမို့ သူ့ရဲ့မန်စီးတီးနဲ့အနာဂတ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း အဓိကလူပြောများခဲ့တဲ့အကြာင်းခြင်းရာတစ်ခုဖြစ်ခဲ့ပါတယ်။

photo internet

အသက် ၃၇နှစ်သာရှိသေးတဲ့ အာတီတာဟာ အဲဗာတန်ရော အာဆင်နယ်မှာပါ ကစားခဲ့သူဖြစ်ပြီး ဂွါဒီယိုလာရဲ့ ညာလက်ရုံးအဖြစ် မန်စီးတီးမှာ နာမည်ကောင်းရနေတာမို့ အမ်မရီနဲ့ မာကိုဆေးလ်ဗားကိုထုတ်ပယ်ခဲ့တဲ့ အာဆင်နယ်နဲ့ အဲဗာတန်က မျက်စိကျနေတာပါ။ ဂွါဒီယိုလာဟာ အသင်းနည်းပြအဖွဲ့ရဲ့အစိတ်အပိုင်းအဖြစ် အာတီတာဆက်ရှိမယ်လို့ မကြာခဏပြောခဲ့ပေမယ့် လက်ရှိမှာတော့ အာတီတာ ဆက်ရှိ/မရှိ အာမခံချက်မပေးနိုင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲအပြီး Sky Sports နဲ့တွေ့ဆုံရာမှာ ဂွါဒီယိုလာက ” အာတီတာဟာ ကျွန်တော်တို့ရခဲ့တဲ့ ကြီးကျယ်တဲ့အောင်မြင်မှုတွေမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ခဲ့တာပါ။ သူဟာ ကျွန်တော်တို့အတွက် အဓိကကျပါတယ်။ ရှေ့ဆက်ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်မသိပါဘူး။ သူသာဆွေးနွေးလိုတယ်ဆိုရင် ကျွန်တော်တို့တံခါးဖွင့်ထားပါတယ်။ ဒါပေမဲ့ ကိုယ်ပိင်ဆုံးဖြတ်ချက်နဲ့သာဖြစ်ရမှာဖြစ်ပြီး ကျွန်တော်တို့ဘာမှတွန်းအားပေးမှာမဟုတ်ပါဘူး” လို့ပြောခဲ့ပါတယ်။ အာတီတာဟာ ပြီးခဲ့တဲ့တနင်္ဂနွေညက အသင်းဟောင်းကို၃ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာ ဂွါဒီယိုလာနဲ့အတူ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ အာဆင်နယ်နဲ့အတူ အက်ဖ်အေဖလား ၂လုံး၊ ကွန်မြူနတီဒိုင်း ၂ကြိမ်ဆွတ်ခူးခဲ့တဲ့ အာတီတာဟာ ၂၀၁၅-၁၆ ရာသီအကုန်မှာတော့ ဘောလုံးကစားခြင်းကနေ အနားယူခဲ့ပြီး ဂွါဒီယိုလာရဲ့ ညာလက်ရုံးအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။

photo internet

အာဆင်နယ်နဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက ၂ဂိုးသွင်း၊ ၁ဂိုးဖန်တီးပေးခဲ့တဲ့ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းကိုလည်း ဂွါဒီယိုလာကချီးကျူးခဲ့ပါတယ်။ မန်စီးတီးဟာ အာဆင်နယ်ကိုနိုင်ခဲ့ပေမယ့် ဒုတိယနေရာကလက်စတာနဲ့ ၄မှတ်ကွာနေဆဲဖြစ်ပြီး လာမယ့်စနေမှာတော့ လက်စတာကို အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပါတယ်။

photo internet

(Zawgyi Version)

အာတီတာအတြက္ ဂြါဒီယိုလာ တံခါးဖြင့္ထား

စပိန္ကြင္းလယ္ကစားသမားေဟာင္း မိုက္ကယ္အာတီတာဟာ အသင္းမွာ အေရးပါတဲ့အစိတ္အပိုင္းတစ္ခုျဖစ္ေပမယ့္
သူ႔ရဲ႕လက္ေထာက္နည္းျပရာထူးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးလိုတယ္ဆိုရင္ တံခါးဖြင့္ထားတယ္လို႔ ဂြါဒီယိုလာကဖြင့္ဟခဲ့ပါတယ္။ အာတီတာကို အၿမဲတမ္းနည္းျပလက္မဲ့ျဖစ္ေနတဲ့ အဲဗာတန္နဲ႔အာဆင္နယ္တို႔က ထဲထဲဝင္ဝင္ဆက္သြယ္ေနတာမို႔ သူ႔ရဲ႕မန္စီးတီးနဲ႔အနာဂတ္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္အတြင္း အဓိကလူေျပာမ်ားခဲ့တဲ့အၾကာင္းျခင္းရာတစ္ခုျဖစ္ခဲ့ပါတယ္။

အသက္ ၃၇ႏွစ္သာရွိေသးတဲ့ အာတီတာဟာ အဲဗာတန္ေရာ အာဆင္နယ္မွာပါ ကစားခဲ့သူျဖစ္ၿပီး ဂြါဒီယိုလာရဲ႕ ညာလက္႐ုံးအျဖစ္ မန္စီးတီးမွာ နာမည္ေကာင္းရေနတာမို႔ အမ္မရီနဲ႔ မာကိုေဆးလ္ဗားကိုထုတ္ပယ္ခဲ့တဲ့ အာဆင္နယ္နဲ႔ အဲဗာတန္က မ်က္စိက်ေနတာပါ။ ဂြါဒီယိုလာဟာ အသင္းနည္းျပအဖြဲ႕ရဲ႕အစိတ္အပိုင္းအျဖစ္ အာတီတာဆက္ရွိမယ္လို႔ မၾကာခဏေျပာခဲ့ေပမယ့္ လက္ရွိမွာေတာ့ အာတီတာ ဆက္ရွိ/မရွိ အာမခံခ်က္မေပးႏိုင္ဘူးလို႔ ဝန္ခံခဲ့ပါတယ္။ အာဆင္နယ္နဲ႔ပြဲအၿပီး Sky Sports နဲ႔ေတြ႕ဆုံရာမွာ ဂြါဒီယိုလာက ” အာတီတာဟာ ကြၽန္ေတာ္တို႔ရခဲ့တဲ့ ႀကီးက်ယ္တဲ့ေအာင္ျမင္မႈေတြမွာ အစိတ္အပိုင္းတစ္ခုအေနနဲ႔ ပါဝင္ခဲ့တာပါ။ သူဟာ ကြၽန္ေတာ္တို႔အတြက္ အဓိကက်ပါတယ္။ ေရွ႕ဆက္ဘာေတြျဖစ္လာမလဲဆိုတာ ကြၽန္ေတာ္မသိပါဘူး။ သူသာေဆြးေႏြးလိုတယ္ဆိုရင္ ကြၽန္ေတာ္တို႔တံခါးဖြင့္ထားပါတယ္။ ဒါေပမဲ့ ကိုယ္ပိင္ဆုံးျဖတ္ခ်က္နဲ႔သာျဖစ္ရမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ဘာမွတြန္းအားေပးမွာမဟုတ္ပါဘူး” လို႔ေျပာခဲ့ပါတယ္။ အာတီတာဟာ ၿပီးခဲ့တဲ့တနဂၤေႏြညက အသင္းေဟာင္းကို၃ဂိုးျပတ္ႏိုင္ခဲ့တဲ့ပြဲမွာ ဂြါဒီယိုလာနဲ႔အတူ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ အာဆင္နယ္နဲ႔အတူ အက္ဖ္ေအဖလား ၂လုံး၊ ကြန္ျမဴနတီဒိုင္း ၂ႀကိမ္ဆြတ္ခူးခဲ့တဲ့ အာတီတာဟာ ၂၀၁၅-၁၆ ရာသီအကုန္မွာေတာ့ ေဘာလုံးကစားျခင္းကေန အနားယူခဲ့ၿပီး ဂြါဒီယိုလာရဲ႕ ညာလက္႐ုံးအျဖစ္ခန႔္အပ္ခံခဲ့ရပါတယ္။

အာဆင္နယ္နဲ႔ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ဂြါဒီယိုလာက ၂ဂိုးသြင္း၊ ၁ဂိုးဖန္တီးေပးခဲ့တဲ့ ဘယ္လ္ဂ်ီယံကြင္းလယ္လူ ဒီဘ႐ိုင္းကိုလည္း ဂြါဒီယိုလာကခ်ီးက်ဴးခဲ့ပါတယ္။ မန္စီးတီးဟာ အာဆင္နယ္ကိုႏိုင္ခဲ့ေပမယ့္ ဒုတိယေနရာကလက္စတာနဲ႔ ၄မွတ္ကြာေနဆဲျဖစ္ၿပီး လာမယ့္စေနမွာေတာ့ လက္စတာကို အိမ္ကြင္းမွာလက္ခံကစားရမွာျဖစ္ပါတယ္။