အာဆင်နယ်နဲ့ အာတီတာဆွေးနွေးနေတာကို ဂွါဒီယိုလာအတည်ပြုခဲ့ပေမယ့် အောက်စဖို့ဒ်နဲ့ပွဲ လိုက်ပါဦးမယ်

0
206

photo–gettyimages

photo-manchester city

လက်ထောက်နည်းပြအာတီတာဟာ အာဆင်နယ်အသင်းနဲ့ ဆွေးနွေးမှုပြုလုပ်နေတယ်ဆိုတဲ့အကြောင်းကို မန်စီးတီးနည်းပြဂွါဒီယိုလာက အတည်ပြုလိုက်ပါတယ်။ ဒါပေမဲ့ အာတီတာဟာ လာမယ့်ဗုဒ္ဓဟူးနေ့ကစားမယ့် အောက်စဖို့ဒ်နဲ့ အင်္ဂလန်လိဂ်ဖလားပွဲအတွက် မန်စီးတီးနည်းပြအဖွဲ့ဝင်ထဲမှာ ပါဝင်လိမ့်ဦးမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အာတီတာဟာ အမ်မရီနေရာအစားဝင်ရေးအတွက် သူ့အသင်းဟောင်းအာဆင်နယ်နဲ့ ၂ ရက်ကျော်တိုင်အောင် ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။

photo-gettyimages

”အာတီတာဟာ အလုပ်နဲ့ပတ်သက်ရင် ကျင့်ဝတ်လိုက်နာတဲ့ နည်းပြကောင်းတစ်ယောက်ပါ။ ဒါကြောင့်လည်း ကျွန်တော်တို့နဲ့အတူ သူရှိနေခဲ့တာပေါ့။ သူဟာ အာဆင်နယ်နဲ့ဆွေးနွေးနေတာပါ။ ဒါကြောင့် ဘာဖြစ်မလဲဆိုတာ ကျွန်တော် မသိပါဘူး။ မနက်ဖြန်ပွဲအတွက် သူလိုက်ပါမှာတော့ ဟုတ်ပါတယ်။ အခုထိလည်း သူဟာ ကျွန်တော်တို့အုပ်စုထဲမှာပါပဲ။ ဘာသတင်းပဲဖြစ်ဖြစ် ရှိလာခဲ့ရင် ခင်ဗျားတို့သိရမှာပါ။ သူဟာ အောက်စဖို့ဒ်နဲ့ပွဲအတွက် လေ့ကျင့်ခန်းအစီအစဉ်ကို ပြင်ဆင်ခဲ့သလို ကျွန်တော်တို့နဲ့ရှိနေဦးမှာပါ”လို့ အောက်စဖို့ဒ်နဲ့အင်္ဂလန်လိဂ်ဖလားပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက ပြောကြားခဲ့တာပါ။

photo-REX

လက်ရှိအချိန်ထိတော့ အာဆင်နယ်နည်းပြသစ်ရာထူးအတွက် အာတီတာနဲ့အဲဒီလန်ဒန်ကလပ်တို့ရဲ့ဆွေးနွေးမှုဟာ တိကျရေရာတဲ့အဖြေနဲ့နီးစပ်ခြင်း မရှိသေးပါဘူး။ သူတို့ရဲ့ဆွေးနွေးမှုက အထိခိုက်မခံတဲ့အခြေအနေမှာပဲ ရှိနေသေးတယ်လို့ Sky Sports သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အာတီတာကိုယ်တိုင်က သူ့ရဲ့အနာဂါတ်အတွက် ဆုံးဖြတ်ရခြင်းကို မရှိသေးတာပါ။ သူဟာ အသင်းဟောင်းနဲ့ ဂွါဒီယိုလာနဲ့ရှိထားတဲ့ ခိုင်မာတဲ့ဆက်ဆံရေးကြားမှာ လွန်ဆွဲနေတာပါ။ မန်စီးတီးမှာ ဂွါဒီယိုလာနေရာဆက်ခံရနိုင်တဲ့အလားအလားလည်း ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။

[Zawgyi]

အာဆင္နယ္နဲ႔ အာတီတာေဆြးေႏြးေနတာကို ဂြါဒီယိုလာအတည္ျပဳခ့ဲေပမယ့္ ေအာက္စဖို႔ဒ္နဲ႔ပြဲ လိုက္ပါဦးမယ္

လက္ေထာက္နည္းျပအာတီတာဟာ အာဆင္နယ္အသင္းနဲ႔ ေဆြးေႏြးမႈျပဳလုပ္ေနတယ္ဆုိတဲ့အေၾကာင္းကို မန္စီးတီးနည္းျပဂြါဒီယုိလာက အတည္ျပဳလုိက္ပါတယ္။ ဒါေပမ့ဲ အာတီတာဟာ လာမယ့္ဗုဒၶဟူးေန႔ကစားမယ့္ ေအာက္စဖုိ႔ဒ္နဲ႔ အဂၤလန္လိဂ္ဖလားပြဲအတြက္ မန္စီးတီးနည္းျပအဖြဲ႕၀င္ထဲမွာ ပါ၀င္လိမ့္ဦးမယ္လို႔ အခိုင္အမာေျပာၾကားလိုက္ပါတယ္။ အာတီတာဟာ အမ္မရီေနရာအစား၀င္ေရးအတြက္ သူ႔အသင္းေဟာင္းအာဆင္နယ္နဲ႔ ၂ ရက္ေက်ာ္တိုင္ေအာင္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနတာပါ။

”အာတီတာဟာ အလုပ္န႔ဲ႔ပတ္သက္ရင္ က်င့္၀တ္လိုက္နာတဲ့ နည္းျပေကာင္းတစ္ေယာက္ပါ။ ဒါေၾကာင့္လည္း ကၽြန္ေတာ္တို႔နဲ႔အတူ သူရွိေနခဲ့တာေပါ့။ သူဟာ အာဆင္နယ္နဲ႔ေဆြးေႏြးေနတာပါ။ ဒါေၾကာင့္ ဘာျဖစ္မလဲဆိုတာ ကၽြန္ေတာ္ မသိပါဘူး။ မနက္ျဖန္ပြဲအတြက္ သူလိုက္ပါမွာေတာ့ ဟုတ္ပါတယ္။ အခုထိလည္း သူဟာ ကၽြန္ေတာ္တို႔အုပ္စုထဲမွာပါပဲ။ ဘာသတင္းပဲျဖစ္ျဖစ္ ရွိလာခ့ဲရင္ ခင္ဗ်ားတုိ႔သိရမွာပါ။ သူဟာ ေအာက္စဖို႔ဒ္နဲ႔ပဲြအတြက္ ေလ့က်င့္ခန္းအစီအစဥ္ကို ျပင္ဆင္ခဲ့သလို ကၽြန္ေတာ္တို႔နဲ႔ရွိေနဦးမွာပါ”လို႔ ေအာက္စဖို႔ဒ္နဲ႔အဂၤလန္လိဂ္ဖလားပြဲအတြက္ သတင္းစာရွင္းလင္းပြဲမွာ ဂြါဒီယိုလာက ေျပာၾကားခဲ့တာပါ။

လက္ရွိအခ်ိန္ထိေတာ့ အာဆင္နယ္နည္းျပသစ္ရာထူးအတြက္ အာတီတာနဲ႔အဲဒီလန္ဒန္ကလပ္တို႔ရဲ႕ေဆြးေႏြးမႈဟာ တိက်ေရရာတဲ့အေျဖနဲ႔နီးစပ္ျခင္း မရွိေသးပါဘူး။ သူတို႔ရဲ႕ေဆြးေႏြးမႈက အထိခုိက္မခံတဲ့အေျခအေနမွာပဲ ရွိေနေသးတယ္လုိ႔ Sky Sports သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ အာတီတာကိုယ္တိုင္က သူ႔ရဲ႕အနာဂါတ္အတြက္ ဆုံးျဖတ္ရျခငး္ကို မရွိေသးတာပါ။ သူဟာ အသင္းေဟာင္းန႔ဲ ဂြါဒီယုိလာနဲ႔ရွိထားတဲ့ ခုိင္မာတဲ့ဆက္ဆံေရးၾကားမွာ လြန္ဆြဲေနတာပါ။ မန္စီးတီးမွာ ဂြါဒီယိုလာေနရာဆက္ခံရႏိုင္တဲ့အလားအလားလည္း ရွိေနတာေၾကာင့္လည္း ျဖစ္ပါတယ္။