အာဆင်နယ်နည်းပြသစ် ဘယ်သူဖြစ်မလဲ

Photo Credit

Photo Credit ; B/R

အာဆင်နယ်အသင်းဟာ နည်းပြအမ်မရီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် သူ့နေရာမှာ နည်းပြသစ်တစ်ဦး အစားထိုးခန့်အပ်ဖို့ ဖြစ်နိုင်ခြေရှိတာထဲကနေ ရွေးချယ်စဉ်းစားနေပါတယ်။ အမ်မရီဟာ ပြီးခဲ့တဲ့ရာသီက အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ တိုးတက်လာခြင်းမရှိဘဲ အသင်းလည်း ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့ရပါတယ်။ အသင်းကို ပရီးမီးယားလိဂ်ထိပ်ပိုင်းပြန်ရောက်အောင် ဦးဆောင်နိုင်ရေးက အာဆင်နယ်အသင်းနည်းပြသစ် မဖြစ်မနေလုပ်ရမယ့်ဦးစားပေးကိစ္စဖြစ်ပြီး သူ့နေရာမှာ အစားဝင်နိုင်တဲ့နည်းပြလောင်းစာရင်းကို Goal ဝက်ဘ်ဆိုက်ဒ်က ရေးသားဖော်ပြခဲ့ပါတယ်။

Photo Credit

ဖရက်ဒီယွန်းဘတ်
အာဆင်နယ်ပရိသတ်တွေအကြိုက် နည်းပြတစ်ဦးဖြစ်ပြီး အခုလောလောဆယ် ယာယီနည်းပြအဖြစ် ခန့်အပ်ခံထားရပါတယ်။ သူ့ကို ကာလတိုယာယီနည်းပြအဖြစ်ပဲ ခန့်အပ်ထားတာမှန်ပေမယ့် ယာယီနည်းပြဘဝအတွင်း ဘုတ်အဖွဲ့ဝင်တွေ သဘောကျရလဒ်ကောင်းတွေရယူနိုင်ရင်တော့ အမြဲတမ်းနည်းပြဖြစ်လာဖို့ အခွင့်အရေးရှိလာနိုင်ပါတယ်။

Photo Credit

”ကျွန်တော့်အနေနဲ့ အသင်းပရိသတ်တွေ ပြန်လည်ပြုံးပျော်နိုင်ဖို့ ကိုယ့်မှာရှိသမျှအရာအားလုံးပေးဆပ်ပြီး ကြိုးစားသွားမှာပါ။ ကျွန်တော်တို့အသင်းဟာ ပွဲဆက်ကာလကို ဖြတ်သန်းရတော့မှာဖြစ်ပြီး ဒီလိုအချိန်မျိုးမှာ ပရိသတ်တွေရဲ့အားပေးမှု ပိုလိုအပ်ပါတယ်”လို့ ယွန်းဘတ်က ပြောထားပါတယ်။

Photo Credit

မာဆယ်လီနို
အာဆင်နယ်ဟာ နည်းပြသစ်ရာထူးအတွက် စပိန်ဘက်ကို နောက်ထပ်ရှာဖွေလာနိုင်ပြီး ဗလန်စီယာနည်းပြဟောင်း မာဆယ်လီနိုကို နည်းပြသစ်ခန့်အပ်ဖို့ ဆက်သွယ်ချဉ်းကပ်ခဲ့တယ်လို့ Goal ဝက်ဘ်ဆိုက်ဒ်က ရေးသားဖော်ပြခဲ့ပါတယ်။ မကြာသေးခင်ကမှ ဗလန်စီယာနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ မာဆယ်လီနိုဟာ ၂၀၁၈-၁၈ ရာသီက စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာကိုအနိုင်ယူပြီး ဗလန်စီယာအသင်းကို ချန်ပီယံဖြစ်စေခဲ့သူပါ။

Photo Credit

သူဟာ ဗလန်စီယာအသင်းအပြင် ဗီလာရီးရဲလ်ကိုလည်း ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၁၅-၁၆ ရာသီက ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ သူဟာ ဇာရာဂိုဇာနဲ့ ဆီဗီလာအသင်းတွေကိုလည်း တာဝန်ယူခဲ့ဖူးပေမယ့် အဲဒီအသင်းတွေမှာတော့ ပြောပလောက်တဲ့အောင်မြင်မှုမရရှိခဲ့ပါဘူး။

Photo Credit

ဘရန်ဒန်ရော်ဂျာ
ရော်ဂျာဟာ အရင်ကတည်းက အာဆင်နယ်နည်းပြရာထူးအတွက် သတင်းထွက်ခဲ့သူဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ လက်စတာအသင်းနဲ့အတူ သူ့ရဲ့နာမည်ကို ထပ်မံတည်ဆောက်ထားလို့ အခုချိန်မှာလည်း သတင်းတွေထွက်ပေါ်လာတာ သိပ်တော့မထူးဆန်းပါဘူး။ ဒါပေမဲ့ ရော်ဂျာဟာ လက်ရှိကလပ်နဲ့အတူ စိတ်လှုပ်ရှားစရာကောင်းတဲ့စီမံကိန်းကိုပဲ အပြည့်အဝအာရုံစိုက်ထားတယ်လို့ဆိုကာ အာဆင်နယ်နဲ့ပတ်သက်တဲ့သတင်းတွေကို ပယ်ချထားပါတယ်။ ဒီလိုရော်ဂျာက လက်စတာအသင်းအတွက်သာ အပြည့်အဝအာရုံစိုက်ထားတယ်လို့ ဆိုပေမယ့် ကမ္ဘာ့ဘောလုံးလောကမှာ မထင်မှတ်တာတွေဖြစ်ပေါ်လေ့ရှိလို့ အာဆင်နယ်အသင်းနည်းပြအဖြစ် ရော်ဂျာကို တွေ့မြင်ရရင်လည်း အံ့အားသင့်စရာတော့မရှိပါဘူး။

Photo Credit

မော်ရီစီယိုပိုချက်တီနို
ပိုချက်တီနိုဟာ စပါးအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးချိန်ကတည်းက အမ်မရီထုတ်ပယ်မခံရသေးချိန်မှာတောင် အာဆင်နယ်နည်းပြဖြစ်လာဖို့ ရေပန်းစားခဲ့သူဖြစ်ပြီး သူဟာ အာဆင်နယ်နည်းပြဖြစ်လာရင် အာဆင်နယ်ပရိသတ်တွေကြား အမြင်နှစ်မျိုးကွဲသွားနိုင်ပါတယ်။ ပိုချက်တီနိုဟာ စပါးအသင်းမှာ သူ့ရဲ့အကောင်းဆုံးအရည်အသွေး ထုတ်ပြနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အခါးသီးဆုံးပြိုင်ဘက်အာဆင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့ရာမှာ သူ့ရဲ့အခန်းကဏ္ဍက အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ ဒီတော့ သူ့ကိုသာ အာဆင်နယ်အသင်းနည်းပြအဖြစ် ခန့်အပ်လိုက်ရင် အာဆင်နယ်ပရိသတ်တွေအတွက် အကောင်းအဆိုးရောပြွန်းနေနိုင်ပါတယ်။

Photo Credit

ကာလိုအန်ဆလော့တီ
တကယ်လို့များ ကိုယ့်အသင်းကို အောင်မြင်မှုတွေပြန်ရစေချင်ရင် ပြီးတော့ ဥရောပဘောလုံးလောကမှာ နောက်တစ်ကြိမ် အသင်းကြီးပြန်ဖြစ်ချင်တယ်ဆိုရင် အန်ဆလော့တီထက် ပိုသင့်တော်တဲ့နည်းပြရှိနိုင်မလားလို့ မေးခွန်းထုတ်လို့ရပါတယ်။ ၂၀၁၀ ခုနှစ်က အာဆင်နယ်ရဲ့လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေခဲ့တဲ့ အီတလီနိုင်ငံသား အန်ဆလော့တီဟာ အေစီမီလန်၊ ရီးရဲလ်တို့နဲ့အတူ ချန်ပီယံလိဂ်ဖလားတွေလည်းရရှိခဲ့ပါတယ်။ သူဟာ လက်ရှိအချိန်မှာ နာပိုလီအသင်းဘုတ်အဖွဲ့နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေပြီး အာဆင်နယ်အသင်းရဲ့ပစ်မှတ်ဖြစ်နေတယ်လို့ သိရပါတယ်။

Photo Credit

မက်ဆီမီလီယာနိုအယ်လီဂရီ
ဂျူဗင်တပ်စ်အသင်းနည်းပြဟောင်း အယ်လီဂရီဟာ အခုချိန်မှာ ကလပ်လက်မဲ့ဖြစ်နေပေမယ့် ဥရောပဘောလုံးလောကမှာ လူကြိုက်များနေတဲ့နည်းပြတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်ကို လာရောက်ဖို့လည်း စိတ်ဝင်စားနိုင်ပါတယ်။ အယ်လီဂရီဟာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေချန်ပီယံ ၅နှစ်ဆက်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၂ကြိမ်အထိ တက်ရောက်နိုင်ခဲ့သလို အရင်တုန်းကလည်း အေစီမီလန်နဲ့အတူ စီးရီးအေချန်ပီယံဖြစ်ခဲ့ပါသေးတယ်။

Photo Credit

အက်ဒီဟိုဝီ
ဘုန်းမောက်အသင်းနည်းပြ အက်ဒီဟိုဝီကလည်း ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ထိပ်တန်းကလပ်တွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပြီး အသင်းအများစုရဲ့သဘောကျခြင်းခံနေရပါတယ်။ သူဟာ အာဆင်နယ်နည်းပြဖြစ်လာနိုင်သူတွေထဲမှာ အောင်မြင်မှုအရ မယှဉ်နိုင်တာများပေမယ့် အသင်းမှာရှိတဲ့မီးခဲပြာဖုံးလူငယ်တွေကို အရောင်တင်ပေးတဲ့နေရာမှာ ဟိုဝီက အားလုံးကို ယှဉ်နိုင်စွမ်းရှိပြီး တိုက်စစ်အသားပေးနည်းဗျူဟာက အာဆင်နယ်ပရိသတ်တွေ မြင်ချင်နေတဲ့ပုံစံမျိုးဖြစ်ပါတယ်။

Photo Credit

နူနိုဆန်တို
အာဆင်နယ်နည်းပြရာထူးကနေ အမ်မရီထုတ်ပယ်မခံရချိန်ကတည်းက အာဆင်နယ်နည်းပြဖြစ်လာဖို့ အလေးပေးမှုမှာ ထိပ်ဆုံးနေရာမှာ ရှိနေခဲ့တဲ့ နူနိုဆန်တိုဟာ ဝုဗ်အသင်း ပရီးမီးယားလိဂ်ကို တန်းတက်လာပြီးနောက် ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဝင်ခွင့်ရရှိစေတဲ့အထိ ကြီးမားတဲ့အောင်မြင်မှုရယူပေးထားနိုင်ပါတယ်။ ပေါ်တိုနည်းပြဟောင်း ဆန်တိုဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ဘောလုံးအမြင်မျိုး ပိုင်ဆိုင်ထားသူဖြစ်ပြီး အရင်တစ်ချိန်က အာဆင်နယ်အသင်းကို ပြန်ပုံဖော်ပေးနိုင်ပါတယ်။

Photo Credit

မိုက်ကယ်အာတီတာ
အာဆင်နယ်အသင်းဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါး အသင်းနဲ့ လမ်းခွဲချိန်မှာ သူ့နေရာမှာ အစားဝင်ဖို့ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း မိုက်ကယ်အာတီတာက အံ့အားသင့်ဖွယ်ရေပန်းစားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဖြစ်မလာခဲ့ဘဲ အာတီတာလည်း စီးတီးမှာ ဂွါဒီယိုလာရဲ့လက်ထောက်အဖြစ် ဆက်လက်တာဝန်ယူခဲ့ပေမယ့် အခုချိန်မှာတော့ အသင်းဟောင်းကို တာဝန်ယူဖို့ ဖြစ်လာနိုင်ပါတယ်။ စီးတီးနည်းပြဂွါဒီယိုလာကလည်း ”အာဆင်နယ်နည်းပြအဖြစ် အာတီတာ ဖြစ်လာဖို့က ဘယ်အချိန်ဖြစ်မလဲဆိုတာပဲ ပြောစရာရှိပါတယ်။ သူက ငယ်ရွယ်သေးပေမယ့် နာမည်ကြီးကစားသမားတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းသိထားသူဖြစ်ပြီး အတွေ့အကြုံလည်း များနေပါပြီ။ အာဆင်နယ်နည်းပြဖြစ်လာမှာတော့ သေချာပါတယ်။ ဘယ်အချိန်လဲဆိုတာပဲ စောင့်ကြည့်ရမှာပါ”‘လို့ ပြောခဲ့ပါတယ်။

Photo Credit

Zawgyi

အာဆင္နယ္နည္းျပသစ္ ဘယ္သူျဖစ္မလဲ

အာဆင္နယ္အသင္းဟာ နည္းျပအမ္မရီကို ရာထူးကေန ထုတ္ပယ္လုိက္ၿပီးေနာက္ သူ႕ေနရာမွာ နည္းျပသစ္တစ္ဦး အစားထိုးခန္႔အပ္ဖို႔ ျဖစ္ႏိုင္ေျခရွိတာထဲကေန ေရြးခ်ယ္စဥ္းစားေနပါတယ္။ အမ္မရီဟာ ၿပီးခဲ့တဲ့ရာသီက အသင္းကို ယူ႐ိုပါလိဂ္ဗိုလ္လုပြဲဆီ ပို႔ေဆာင္ေပးႏုိင္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ တုိးတက္လာျခင္းမရွိဘဲ အသင္းလည္း ရာသီအကုန္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္လြဲေခ်ာ္ခ့ဲရပါတယ္။ အသင္းကို ပရီးမီးယားလိဂ္ထိပ္ပိုင္းျပန္ေရာက္ေအာင္ ဦးေဆာင္ႏိုင္ေရးက အာဆင္နယ္အသင္းနည္းျပသစ္ မျဖစ္မေနလုပ္ရမယ့္ဦးစားေပးကိစၥျဖစ္ၿပီး သူ႕ေနရာမွာ အစား၀င္ႏိုင္တဲ့နည္းျပေလာင္းစာရင္းကို Goal ၀က္ဘ္ဆုိက္ဒ္က ေရးသားေဖာ္ျပခဲ့ပါတယ္။

ဖရက္ဒီယြန္းဘတ္
အာဆင္နယ္ပရိသတ္ေတြအႀကိဳက္ နည္းျပတစ္ဦးျဖစ္ၿပီး အခုေလာေလာဆယ္ ယာယီနည္းျပအျဖစ္ ခန္႔အပ္ခံထားရပါတယ္။ သူ႕ကို ကာလတိုယာယီနည္းျပအျဖစ္ပဲ ခန္႔အပ္ထားတာမွန္ေပမယ့္ ယာယီနည္းျပဘ၀အတြင္း ဘုတ္အဖြဲ႕၀င္ေတြ သေဘာက်ရလဒ္ေကာင္းေတြရယူႏုိင္ရင္ေတာ့ အၿမဲတမ္းနည္းျပျဖစ္လာဖို႔ အခြင့္အေရးရွိလာႏိုင္ပါတယ္။
”ကၽြန္ေတာ့္အေနနဲ႔ အသင္းပရိသတ္ေတြ ျပန္လည္ၿပံဳးေပ်ာ္ႏိုင္ဖို႔ ကိုယ့္မွာရွိသမွ်အရာအားလုံးေပးဆပ္ၿပီး ႀကိဳးစားသြားမွာပါ။ ကၽြန္ေတာ္တုိ႔အသင္းဟာ ပြဲဆက္ကာလကို ျဖတ္သန္းရေတာ့မွာျဖစ္ၿပီး ဒီလုိအခ်ိန္မ်ိဳးမွာ ပရိသတ္ေတြရဲ႕အားေပးမႈ ပိုလိုအပ္ပါတယ္”လုိ႔ ယြန္းဘတ္က ေျပာထားပါတယ္။

မာဆယ္လီႏို
အာဆင္နယ္ဟာ နည္းျပသစ္ရာထူးအတြက္ စပိန္ဘက္ကို ေနာက္ထပ္ရွာေဖြလာႏုိင္ၿပီး ဗလန္စီယာနည္းျပေဟာင္း မာဆယ္လီႏိုကို နည္းျပသစ္ခန္႔အပ္ဖို႔ ဆက္သြယ္ခ်ဥ္းကပ္ခဲ့တယ္လုိ႔ Goal ၀က္ဘ္ဆုိက္ဒ္က ေရးသားေဖာ္ျပခဲ့ပါတယ္။ မၾကာေသးခင္ကမွ ဗလန္စီယာနည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရတဲ့ မာဆယ္လီႏိုဟာ ၂၀၁၈-၁၈ ရာသီက စပိန္ဘုရင့္ဖလားဗိုလ္လုပြဲမွာ ဘာစီလုိနာကိုအႏိုင္ယူၿပီး ဗလန္စီယာအသင္းကို ခ်န္ပီယံျဖစ္ေစခဲ့သူပါ။
သူဟာ ဗလန္စီယာအသင္းအျပင္ ဗီလာရီးရဲလ္ကိုလည္း ကိုင္တြယ္ခဲ့ဖူးၿပီး ၂၀၁၅-၁၆ ရာသီက ယူ႐ိုပါလိဂ္ဆီမီးဖုိင္နယ္အထိ တက္ေရာက္ႏိုင္ခဲ့ပါတယ္။ သူဟာ ဇာရာဂိုဇာနဲ႔ ဆီဗီလာအသင္းေတြကိုလည္း တာ၀န္ယူခဲ့ဖူးေပမယ့္ အဲဒီအသင္းေတြမွာေတာ့ ေျပာပေလာက္တ့ဲေအာင္ျမင္မႈမရရွိခဲ့ပါဘူး။

ဘရန္ဒန္ေရာ္ဂ်ာ
ေရာ္ဂ်ာဟာ အရင္ကတည္းက အာဆင္နယ္နည္းျပရာထူးအတြက္ သတင္းထြက္ခဲ့သူျဖစ္ၿပီး ဒီရာသီ ပရီးမီးယားလိဂ္မွာ လက္စတာအသင္းနဲ႔အတူ သူ႕ရဲ႕နာမည္ကို ထပ္မံတည္ေဆာက္ထားလုိ႔ အခုခ်ိန္မွာလည္း သတင္းေတြထြက္ေပၚလာတာ သိပ္ေတာ့မထူးဆန္းပါဘူး။ ဒါေပမဲ့ ေရာ္ဂ်ာဟာ လက္ရွိကလပ္နဲ႔အတူ စိတ္လႈပ္ရွားစရာေကာင္းတဲ့စီမံကိန္းကိုပဲ အျပည့္အ၀အာ႐ုံစိုက္ထားတယ္လုိ႔ဆုိကာ အာဆင္နယ္နဲ႔ပတ္သက္တဲ့သတင္းေတြကို ပယ္ခ်ထားပါတယ္။ ဒီလိုေရာ္ဂ်ာက လက္စတာအသင္းအတြက္သာ အျပည့္အ၀အာ႐ုံစုိက္ထားတယ္လုိ႔ ဆုိေပမယ့္ ကမၻာ့ေဘာလုံးေလာကမွာ မထင္မွတ္တာေတြျဖစ္ေပၚေလ့ရွိလုိ႔ အာဆင္နယ္အသင္းနည္းျပအျဖစ္ ေရာ္ဂ်ာကို ေတြ႕ျမင္ရရင္လည္း အံ့အားသင့္စရာေတာ့မရွိပါဘူး။

ေမာ္ရီစီယိုပုိခ်က္တီႏို
ပိုခ်က္တီႏိုဟာ စပါးအသင္းနည္းျပရာထူးကေန ထုတ္ပယ္ခံရၿပီးခ်ိန္ကတည္းက အမ္မရီထုတ္ပယ္မခံရေသးခ်ိန္မွာေတာင္ အာဆင္နယ္နည္းျပျဖစ္လာဖို႔ ေရပန္းစားခဲ့သူျဖစ္ၿပီး သူဟာ အာဆင္နယ္နည္းျပျဖစ္လာရင္ အာဆင္နယ္ပရိသတ္ေတြၾကား အျမင္ႏွစ္မ်ိဳးကြဲသြားႏိုင္ပါတယ္။ ပိုခ်က္တီႏိုဟာ စပါးအသင္းမွာ သူ႕ရဲ႕အေကာင္းဆုံးအရည္အေသြး ထုတ္ျပႏိုင္ခဲ့ၿပီး ၿပီးခဲ့တ့ဲႏွစ္အနည္းငယ္အတြင္း အခါးသီးဆုံးၿပိဳင္ဘက္အာဆင္နယ္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ရာမွာ သူ႕ရဲ႕အခန္းက႑က အဓိကေနရာကေန ပါ၀င္ခဲ့ပါတယ္။ ဒီေတာ့ သူ႕ကိုသာ အာဆင္နယ္အသင္းနည္းျပအျဖစ္ ခန္႔အပ္လုိက္ရင္ အာဆင္နယ္ပရိသတ္ေတြအတြက္ အေကာင္းအဆုိးေရာျပြန္းေနႏုိင္ပါတယ္။

ကာလုိအန္ဆေလာ့တီ
တကယ္လုိ႔မ်ား ကိုယ့္အသင္းကို ေအာင္ျမင္မႈေတြျပန္ရေစခ်င္ရင္ ၿပီးေတာ့ ဥေရာပေဘာလုံးေလာကမွာ ေနာက္တစ္ႀကိမ္ အသင္းႀကီးျပန္ျဖစ္ခ်င္တယ္ဆိုရင္ အန္ဆေလာ့တီထက္ ပိုသင့္ေတာ္တဲ့နည္းျပရွိႏုိင္မလားလုိ႔ ေမးခြန္းထုတ္လုိ႔ရပါတယ္။ ၂၀၁၀ ခုႏွစ္က အာဆင္နယ္ရဲ႕လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီးကို ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေစခဲ့တဲ့ အီတလီႏိုင္ငံသား အန္ဆေလာ့တီဟာ ေအစီမီလန္၊ ရီးရဲလ္တုိ႔နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားေတြလည္းရရွိခဲ့ပါတယ္။ သူဟာ လက္ရွိအခ်ိန္မွာ နာပိုလီအသင္းဘုတ္အဖြဲ႕နဲ႔ ဆက္ဆံေရးအဆင္မေျပျဖစ္ေနၿပီး အာဆင္နယ္အသင္းရဲ႕ပစ္မွတ္ျဖစ္ေနတယ္လုိ႔ သိရပါတယ္။

မက္ဆီမီလီယာႏိုအယ္လီဂရီ
ဂ်ဴဗင္တပ္စ္အသင္းနည္းျပေဟာင္း အယ္လီဂရီဟာ အခုခ်ိန္မွာ ကလပ္လက္မဲ့ျဖစ္ေနေပမယ့္ ဥေရာပေဘာလုံးေလာကမွာ လူႀကိဳက္မ်ားေနတဲ့နည္းျပတစ္ဦးျဖစ္ၿပီး ပရီးမီးယားလိဂ္ကို လာေရာက္ဖို႔လည္း စိတ္၀င္စားႏိုင္ပါတယ္။ အယ္လီဂရီဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔အတူ စီးရီးေအခ်န္ပီယံ ၅ႏွစ္ဆက္ရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ၂ႀကိမ္အထိ တက္ေရာက္ႏိုင္ခဲ့သလို အရင္တုန္းကလည္း ေအစီမီလန္နဲ႔အတူ စီးရီးေအခ်န္ပီယံျဖစ္ခဲ့ပါေသးတယ္။

အက္ဒီဟို၀ီ
ဘုန္းေမာက္အသင္းနည္းျပ အက္ဒီဟို၀ီကလည္း ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ထိပ္တန္းကလပ္ေတြရဲ႕ပစ္မွတ္ျဖစ္လာခဲ့ၿပီး အသင္းအမ်ားစုရဲ႕သေဘာက်ျခင္းခံေနရပါတယ္။ သူဟာ အာဆင္နယ္နည္းျပျဖစ္လာႏုိင္သူေတြထဲမွာ ေအာင္ျမင္မႈအရ မယွဥ္ႏိုင္တာမ်ားေပမယ့္ အသင္းမွာရွိတဲ့မီးခဲျပာဖုံးလူငယ္ေတြကို အေရာင္တင္ေပးတဲ့ေနရာမွာ ဟုိ၀ီက အားလုံးကို ယွဥ္ႏုိင္စြမ္းရွိၿပီး တုိက္စစ္အသားေပးနည္းဗ်ဴဟာက အာဆင္နယ္ပရိသတ္ေတြ ျမင္ခ်င္ေနတဲ့ပုံစံမ်ိဳးျဖစ္ပါတယ္။

ႏူႏိုဆန္တို
အာဆင္နယ္နည္းျပရာထူးကေန အမ္မရီထုတ္ပယ္မခံရခ်ိန္ကတည္းက အာဆင္နယ္နည္းျပျဖစ္လာဖို႔ အေလးေပးမႈမွာ ထိပ္ဆုံးေနရာမွာ ရွိေနခဲ့တဲ့ ႏူႏိုဆန္တိုဟာ ၀ုဗ္အသင္း ပရီးမီးယားလိဂ္ကို တန္းတက္လာၿပီးေနာက္ ၿပီးခဲ့တဲ့ရာသီက ယူ႐ိုပါလိဂ္၀င္ခြင့္ရရွိေစတဲ့အထိ ႀကီးမားတဲ့ေအာင္ျမင္မႈရယူေပးထားႏိုင္ပါတယ္။ ေပၚတိုနည္းျပေဟာင္း ဆန္တိုဟာ စိတ္လႈပ္ရွားစရာေကာင္းတဲ့ေဘာလုံးအျမင္မ်ိဳး ပိုင္ဆုိင္ထားသူျဖစ္ၿပီး အရင္တစ္ခ်ိန္က အာဆင္နယ္အသင္းကို ျပန္ပုံေဖာ္ေပးႏိုင္ပါတယ္။

မုိက္ကယ္အာတီတာ
အာဆင္နယ္အသင္းဂႏၳ၀င္နည္းျပႀကီး အာစင္၀င္းဂါး အသင္းနဲ႔ လမ္းခြဲခ်ိန္မွာ သူ႕ေနရာမွာ အစား၀င္ဖို႔ အာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္း မုိက္ကယ္အာတီတာက အံ့အားသင့္ဖြယ္ေရပန္းစားခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက ျဖစ္မလာခဲ့ဘဲ အာတီတာလည္း စီးတီးမွာ ဂြါဒီယိုလာရဲ႕လက္ေထာက္အျဖစ္ ဆက္လက္တာ၀န္ယူခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ အသင္းေဟာင္းကို တာ၀န္ယူဖို႔ ျဖစ္လာႏုိင္ပါတယ္။ စီးတီးနည္းျပဂြါဒီယိုလာကလည္း ”အာဆင္နယ္နည္းျပအျဖစ္ အာတီတာ ျဖစ္လာဖို႔က ဘယ္အခ်ိန္ျဖစ္မလဲဆုိတာပဲ ေျပာစရာရွိပါတယ္။ သူက ငယ္ရြယ္ေသးေပမယ့္ နာမည္ႀကီးကစားသမားေတြကို ဘယ္လုိကိုင္တြယ္ရမလဲဆုိတာ ေကာင္းေကာင္းသိထားသူျဖစ္ၿပီး အေတြ႕အႀကံဳလည္း မ်ားေနပါၿပီ။ အာဆင္နယ္နည္းျပျဖစ္လာမွာေတာ့ ေသခ်ာပါတယ္။ ဘယ္အခ်ိန္လဲဆုိတာပဲ ေစာင့္ၾကည့္ရမွာပါ”‘လုိ႔ ေျပာခဲ့ပါတယ္။