အာဂျင်တီးနားနဲ့ ချီလီတို့အုပ်စုအဖွင့်တွေ့မယ့် ၂၀၂၀ ကိုပါအမေရိက အုပ်စုတွေထွက်ပေါ်

photo-gettyimages

photo-gettyimages

အာဂျင်တီးနားဟာ ၂၀၂၀ ကိုပါအမေရိကပြိုင်ပွဲကို မြို့တော်ဗျူနိုအေးရိစ်မှာ ချီလီနဲ့ပွဲကြီးပွဲကောင်းအဖြစ် စဖွင့်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်ကိုပါအမေရိကရဲ့တတိယလုပွဲက အသင်းနှစ်သင်းပြန်လည်ဆုံတွေ့ကြတာလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက အာဂျင်တီးနားအနိုင်ရခဲ့ပြီး မက်ဆီနဲ့ ချီလီဘက်က မီဒယ်တို့အထုတ်ခံခဲ့ကြရပါတယ်။ အခုတော့ သူတို့နှစ်သင်းဟာ လာမယ့်နှစ်ဇွန်လ ၁၂ ရက်နေ့မှာ ပြန်လည်ဆုံတွေ့ကြတော့မှာပါ။

photo-gettyimages

အာဂျင်တီးနားနဲ့ကိုလံဘီယာတို့မှာ ပူးတွဲကျင်းပမယ့် လာမယ့်နှစ်ကိုပါပြိုင်ပွဲအတွက် ဇုန်နှစ်ခုခွဲထားပြီး အာဂျင်တီးနားပါတဲ့ အုပ်စု(A) ကတော့ တောင်ပိုင်းဇုန်ဖြစ်ပါတယ်။ အဲဒီအုပ်စုမှာ အိမ်ရှင်အာဂျင်တီးနားအပြင် ချီလီ၊ ဥရုဂွေး၊ ပါရာဂွေး၊ ဘိုလီးဗီးယားနဲ့ ဖိတ်ခေါ်အသင်းတစ်သင်းဖြစ်တဲ့သြစတြေးလျတို့ပါဝင်ပါတယ်။ မြောက်ပိုင်းဇုန်အဖြစ် သတ်မှတ်ထားတဲ့အုပ်စု(B) မှာတော့ လက်ရှိချန်ပီယံဘရာဇီးနဲ့အတူ ကိုလံဘီယာ၊ အီကွေဒေါ၊ ပီရူး၊ ဗင်နီဇွဲလားနဲ့ နောက်ထပ်ဖိတ်ခေါ်အသင်းတစ်သင်းဖြစ်တဲ့ ကာတာတို့ပါဝင်နေကြတာပါ။

photo-gettyimages

ဖိတ်ခေါ်နှစ်သင်းထဲမှာ သြစတြေးလျက ကိုပါအမေရိကမှာ ပထမဆုံးအကြိမ်ပြိုင်ဖူးတာ ဖြစ်ပေမယ့် ကာတာကတော့ ဒီနှစ်ကတည်းက စတင်ဝင်ပြိုင်ဖူးတာဖြစ်ပြီး ကိုလံဘီယာနဲ့အာဂျင်တီးနားတို့ကိုမရှုံးခင် ပထမဆုံးပွဲမှာ ပါရာဂွေးကို သရေကစားနိုင်ခဲ့တာပါ။ လာမယ့်နှစ်ကိုပါအမေရိကပြိုင်ပွဲပြီးရင် နောက်ပြိုင်ပွဲတွေကို ၄ နှစ်တစ်ကြိမ်နဲ့သာ ပုံမှန်ကျင်းပတော့မှာဖြစ်ပြီး ဒါကြောင့် လာမယ့်နှစ်ပြီးတာနဲ့ ၂၀၂၄ ရောက်မှ ပြန်လည်ကျင်းပမှာပါ။

[Zawgyi]

အာဂ်င္တီးနားနဲ႔ ခ်ီလီတုိ႔အုပ္စုအဖြင့္ေတြ႔မယ့္ ၂၀၂၀ ကိုပါအေမရိက အုပ္စုေတြထြက္ေပၚ

အာဂ်င္တီးနားဟာ ၂၀၂၀ ကိုပါအေမရိကၿပိဳင္ပြဲကို ၿမိဳ႕ေတာ္ဗ်ဴႏိုေအးရိစ္မွာ ခ်ီလီနဲ႔ပြဲႀကီးပြဲေကာင္းအျဖစ္ စဖြင့္ရမွာ ျဖစ္ပါတယ္။ ဒီႏွစ္ကုိပါအေမရိကရဲ႕တတိယလုပြဲက အသင္းႏွစ္သင္းျပန္လည္ဆုံေတြ႔ၾကတာလည္း ျဖစ္ပါတယ္။ အဲဒီတုန္းက အာဂ်င္တီးနားအႏိုင္ရခဲ့ၿပီး မက္ဆီနဲ႔ ခ်ီလီဘက္က မီဒယ္တို႔အထုတ္ခံခဲ့ၾကရပါတယ္။ အခုေတာ့ သူတုိ႔ႏွစ္သင္းဟာ လာမယ့္ႏွစ္ဇြန္လ ၁၂ ရက္ေန႔မွာ ျပန္လည္ဆုံေတြ႕ၾကေတာ့မွာပါ။

အာဂ်င္တီးနားနဲ႔ကုိလံဘီယာတုိ႔မွာ ပူးတြဲက်င္းပမယ့္ လာမယ့္ႏွစ္ကိုပါၿပိဳင္ပြဲအတြက္ ဇုန္ႏွစ္ခုခြဲထားၿပီး အာဂ်င္တီးနားပါတဲ့ အုပ္စု(A) ကေတာ့ ေတာင္ပိုင္းဇုန္ျဖစ္ပါတယ္။ အဲဒီအုပ္စုမွာ အိမ္ရွင္အာဂ်င္တီးနားအျပင္ ခ်ီလီ၊ ဥရုေဂြး၊ ပါရာေဂြး၊ ဘိုလီးဗီးယားနဲ႔ ဖိတ္ေခၚအသင္းတစ္သင္းျဖစ္တဲ့ၾသစေၾတးလ်တုိ႔ပါ၀င္ပါတယ္။ ေျမာက္ပိုင္းဇုန္အျဖစ္ သတ္မွတ္ထားတဲ့အုပ္စု(B) မွာေတာ့ လက္ရွိခ်န္ပီယံဘရာဇီးနဲ႔အတူ ကိုလံဘီယာ၊ အီေကြေဒါ၊ ပီရူး၊ ဗင္နီဇြဲလားနဲ႔ ေနာက္ထပ္ဖိတ္ေခၚအသင္းတစ္သင္းျဖစ္တဲ့ ကာတာတို႔ပါ၀င္ေနၾကတာပါ။

ဖိတ္ေခၚႏွစ္သင္းထဲမွာ ၾသစေၾတးလ်က ကိုပါအေမရိကမွာ ပထမဆုံးအႀကိမ္ၿပိဳင္ဖူးတာ ျဖစ္ေပမယ့္ ကာတာကေတာ့ ဒီႏွစ္ကတည္းက စတင္၀င္ၿပိဳင္ဖူးတာျဖစ္ၿပီး ကိုလံဘီယာနဲ႔အာဂ်င္တီးနားတုိ႔ကိုမရႈံးခင္ ပထမဆုံးပြဲမွာ ပါရာေဂြးကို သေရကစားႏိုင္ခဲ့တာပါ။ လာမယ့္ႏွစ္ကိုပါအေမရိကၿပိဳင္ပြဲၿပီးရင္ ေနာက္ၿပိဳင္ပြဲေတြကို ၄ ႏွစ္တစ္ႀကိမ္နဲ႔သာ ပုံမွန္က်ငး္ပေတာ့မွာျဖစ္ၿပီး ဒါေၾကာင့္ လာမယ့္ႏွစ္ၿပီးတာနဲ႔ ၂၀၂၄ ေရာက္မွ ျပန္လည္က်င္းပမွာပါ။