အသင်းဟောင်းရီးရဲလ်နဲ့ နောက်ပိုင်းအဆင့်ရောက်မှသာ တွေ့ချင်တဲ့ စီရော်နယ်ဒို

photo-gettyimages

photo-gettyimages

ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွေအပြီးမှာ သက်ဆိုင်ရာအသင်းတိုင်းရဲ့နည်းပြတွေနဲ့ ကစားသမားတွေဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ တွေ့ဆုံရမယ့်ပြိုင်ဘက်နဲ့ပတ်သက်လို့ ရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်။ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် မဲခွဲပွဲကိုတော့ လာမယ့်ဒီဇင်ဘာ ၁၆ ရက်(တနင်္လာနေ့)မှာ ကျင်းပသွားမှာပါ။ ဒီအချိန်မှာ ဂျူဗင်တပ်တိုက်စစ်မှုးစီရော်နယ်ဒိုကတော့ အသင်းဟောင်းရီးရဲလ်နဲ့တွေ့ဆုံနိုင်တဲ့အခြေအနေအပေါ် သူ့အမြင်ကို ဖွင့်ဟသွားခဲ့ပါတယ်။

photo-gettyimages

ရီးရဲလ်ဟာ သူတို့အုပ်စုမှာ ဒုတိယသာရခဲ့လို့ ၁၆ သင်းအဆင့်မှာ အုပ်စုဗိုလ်ဖြစ်တဲ့နာမည်ကြီးအသင်းအများစုနဲ့ ရင်ဆိုင်တွေ့နိုင်ပြီး အဲဒီထဲမှာ စီရော်နယ်ဒိုရဲ့ဂျူဗင်တပ်လည်း ပါဝင်နေတာပါ။ ဒါကြောင့် အသင်းဟောင်းရီးရဲလ်နဲ့တွေ့ဆုံနိုင်တဲ့အပေါ် ပွဲအပြီးမှာ မေးမြန်းတော့ စီရော်နယ်ဒိုက”ရီးရဲလ်နဲ့လား။ အံ့မခန်းအသင်းတစ်သင်းပါ။ ပုဂ္ဂိုလ်ရေးအရဆိုရင်တော့ သူတိုနဲ့ နောက်ပိုင်းအဆင့်ရောက်မှသာ ပိုတွေ့ချင်ပါတယ်။ အခု ကျွန်တော်မျှော်မှန်းတာကတော့ ရီးရဲလ်နဲ့ဗိုလ်လုပွဲရောက်မှ တွေ့ဖို့ပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

photo-gettyimages

စီရော်နယ်ဒိုဟာ အသင်းဟောင်းရီးရဲလ်နဲ့အတူ သူ့ကစားသမားဘဝရဲ့အအောင်မြင်ဆုံးကာလကို ဖြတ်သန်းနိုင်ခဲ့တာပါ။ ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်မှာပဲ ၄ ကြိမ်ဗိုလ်စွဲခဲ့ပါတယ်။ ဒါ့အပြင် ကစားသမားဘဝရဲ့ ၆ ကြိမ်မြောက်ချန်ပီယံလိဂ်အောင်မြင်မှုကို ဂျူဗင်တပ်နဲ့ရယူနိုင်ဖို့လည်း ရည်မှန်းထားသူပါ။ အဲဒီပေါ်တူဂီကြယ်ပွင့်ဟာ ရီးရဲလ်အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူအဖြစ်လည်း စံချိန်တင်ထားပါတယ်။

[Zawgyi]

အသင္းေဟာင္းရီးရဲလ္နဲ႔ ေနာက္ပိုင္းအဆင့္ေရာက္မွသာ ေတြ႕ခ်င္တဲ့ စီေရာ္နယ္ဒို

ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆံုးပြဲစဥ္ေတြအၿပီးမွာ သက္ဆိုင္ရာအသင္းတုိင္းရဲ႕နည္းျပေတြနဲ႔ ကစားသမားေတြဟာ ၁၆ သင္းရႈံးထြက္အဆင့္မွာ ေတြ႕ဆုံရမယ့္ၿပိဳင္ဘက္န႔ဲပတ္သက္လို႔ ရင္ခုန္စိတ္လႈပ္ရွားေနၾကပါတယ္။ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ မဲခြဲပြဲကိုေတာ့ လာမယ့္ဒီဇင္ဘာ ၁၆ ရက္(တနလၤာေန႔)မွာ က်င္းပသြားမွာပါ။ ဒီအခ်ိန္မွာ ဂ်ဴဗင္တပ္တိုက္စစ္မႈးစီေရာ္နယ္ဒိုကေတာ့ အသင္းေဟာင္းရီးရဲလ္နဲ႔ေတြ႕ဆုံႏုိင္တဲ့အေျခအေနအေပၚ သူ႔အျမင္ကို ဖြင့္ဟသြားခဲ့ပါတယ္။

ရီးရဲလ္ဟာ သူတို႔အုပ္စုမွာ ဒုတိယသာရခဲ့လုိ႔ ၁၆ သင္းအဆင့္မွာ အုပ္စုဗုိလ္ျဖစ္တဲ့နာမည္ႀကီးအသင္းအမ်ားစုန႔ဲ ရင္ဆိုင္ေတြ႕ႏိုင္ၿပီး အဲဒီထဲမွာ စီေရာ္နယ္ဒိုရဲ႕ဂ်ဴဗင္တပ္လည္း ပါ၀င္ေနတာပါ။ ဒါေၾကာင့္ အသင္းေဟာင္းရီးရဲလ္နဲ႔ေတြ႕ဆုံႏိုင္တဲ့အေပၚ ပြဲအၿပီးမွာ ေမးျမန္းေတာ့ စီေရာ္နယ္ဒိုက”ရီးရဲလ္နဲ႔လား။ အံ့မခန္းအသင္းတစ္သင္းပါ။ ပုဂၢိဳလ္ေရးအရဆုိရင္ေတာ့ သူတိုနဲ႔ ေနာက္ပိုင္းအဆင့္ေရာက္မွသာ ပိုေတြ႕ခ်င္ပါတယ္။ အခု ကၽြန္ေတာ္ေမွ်ာ္မွန္းတာကေတာ့ ရီးရဲလ္နဲ႔ဗုိလ္လုပြဲေရာက္မွ ေတြ႕ဖုိ႔ပါ”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

စီေရာ္နယ္ဒိုဟာ အသင္းေဟာင္းရီးရဲလ္နဲ႔အတူ သူ႔ကစားသမားဘ၀ရဲ႕အေအာင္ျမင္ဆုံးကာလကို ျဖတ္သန္းႏိုင္ခဲ့တာပါ။ ရီးရဲလ္နဲ႔အတူ ခ်န္ပီယံလိဂ္မွာပဲ ၄ ႀကိမ္ဗိုလ္စြဲခဲ့ပါတယ္။ ဒါ့အျပင္ ကစားသမားဘ၀ရဲ႕ ၆ ႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ေအာင္ျမင္မႈကို ဂ်ဴဗင္တပ္နဲ႔ရယူႏိုင္ဖုိ႔လည္း ရည္မွန္းထားသူပါ။ အဲဒီေပၚတူဂီၾကယ္ပြင့္ဟာ ရီးရဲလ္အသင္းသမုိင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းထားသူအျဖစ္လည္း စံခ်ိန္တင္ထားပါတယ္။