အသင်းရဲ့ပေါ်လစီနဲ့မကိုက်ဘူးလို့ ဘရူနိုနဲ့ပတ်သက်ပြီး မော်ရင်ညိုအတိအလင်းငြင်း

PC ; Internet

စပါးအသင်းအနေနဲ့ လက်ရှိအချိန်မှာ ဖွံ့ဖြိုးပြီးသားကစားသမားကို ဈေးကွက်အတွင်းငွေကြေးအများကြီးသုံးစွဲပြီး ခေါ်ယူမှာမဟုတ်ဘူးလို့ နည်းပြမော်ရင်ညိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စပို့တင်းလစ္စဘွန်းကွင်းလယ်ကြယ်ပွင့်ဘရူနိုဖာနန်ဒက်စ်ကို စပါးခေါ်ယူလိမ့်မယ်လို့ သတင်းတွေထွက်နေပေမယ့် ကစားသမားရဲ့လက်ရှိအဆင့်အတန်းနဲ့ပြောင်းရွှေ့ကြေးဟာ စပါးအသင်းရဲ့ပေါ်လစီနဲ့မကိုက်ညီဘူးလို့ မော်ရင်ညိုက အတိအလင်းပြောလိုက်တာဖြစ်ပါတယ်။

PC ; Internet

စပါးဟာ ပြီးခဲ့တဲ့နွေဈေးကွက်ကစပြီး ပေါ်တူဂီကွင်းလယ်လူကိုခေါ်ယူဖို့ချိတ်ဆက်ခဲ့ပေမယ့် ဘရူနိူဖာနန်ဒက်စ်ဟာ စပို့တင်းနဲ့သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တာကြောင့် သူ့ရဲ့စာချုပ်ဖျက်ကြေးဟာ ပေါင် ၆၅သန်းကနေ ပေါင် ၈၅သန်းအထိ မြင့်တက်သွားခဲ့ပါတယ်။ဒါကြောင့် မော်ရင်ညိုက “အခုအနေအထားမှာတော့ ကျွန်တော်တို့အသင်းက မတူညီတဲ့အဆင့်တစ်ခုမှာရှိနေပါတယ်။ ဈေးကွက်ထဲမှာ ထိပ်တန်းအပြောင်းအရွှေ့တွေမလုပ်နိုင်သလို ခြေစွမ်းတိုးတက်ပြီးအဆင့်တစ်ခုရောက်နေတဲ့ ကစားသမားတွေကို ငွေကြေးသုံးစွဲခေါ်ယူဖို့မဖြစ်နိုင်ပါဘူး။

PC ; Internet

မဖြစ်နိုင်ဘူးလို့ အတိအကျပြောနိုင်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်လို အဆင့်တစ်ခုရှိတဲ့ကစားသမားနဲ့ သူ့ရဲ့တန်ကြေးဟာ ကျွန်တော်တို့အသင်းအတွက်မဖြစ်နိုင်ပါဘူး” လို့ ဖွင့်ဟလိုက်တာပါ။ဘရူနိုဖာနန်ဒက်စ်ဟာ စပို့တင်းနဲ့ ၄နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် ၁၉ပွဲကစား ၁၁ဂိုးသွင်းပေးထားပါတယ်။မော်ရင်ညိုရဲ့စပါးနည်းပြဘ၀ ပထမဆုံးခေါ်ယူတဲ့ကစားသမားဟာ ဘရူနိုဖာနန်ဒက်စ်ဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးမှုတွေရှိခဲ့ပေမယ့် ဒီခန့်မှန်းမှုတွေကို စပါယ်ရှယ်ဝမ်းကိုယ်တိုင်က အဆုံးသတ်ပေးလိုက်တာပဲဖြစ်ပါတယ်။

(zawgyi)

စပါးအသင္းအေနနဲ႔ လက္ရွိအခ်ိန္မွာ ဖြံ႔ၿဖိဳးၿပီးသားကစားသမားကို ေစ်းကြက္အတြင္းေငြေၾကးအမ်ားႀကီးသံုးစြဲၿပီး ေခၚယူမွာမဟုတ္ဘူးလို႔ နည္းျပေမာ္ရင္ညိဳက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ စပို႔တင္းလစၥဘြန္းကြင္းလယ္ၾကယ္ပြင့္ဘရူႏိုဖာနန္ဒက္စ္ကို စပါးေခၚယူလိမ့္မယ္လို႔ သတင္းေတြထြက္ေနေပမယ့္ ကစားသမားရဲ႕လက္ရွိအဆင့္အတန္းနဲ႔ေျပာင္းေရႊ႔ေၾကးဟာ စပါးအသင္းရဲ႕ေပၚလစီနဲ႔မကိုက္ညီဘူးလို႔ ေမာ္ရင္ညိဳက အတိအလင္းေျပာလိုက္တာျဖစ္ပါတယ္။စပါးဟာ ၿပီးခဲ့တဲ့ေႏြေစ်းကြက္ကစၿပီး ေပၚတူဂီကြင္းလယ္လူကိုေခၚယူဖို႔ခ်ိတ္ဆက္ခဲ့ေပမယ့္ ဘရူႏိူဖာနန္ဒက္စ္ဟာ စပို႔တင္းနဲ႔သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာေၾကာင့္ သူ႔ရဲ႕စာခ်ဳပ္ဖ်က္ေၾကးဟာ ေပါင္ ၆၅သန္းကေန ေပါင္ ၈၅သန္းအထိ ျမင့္တက္သြားခဲ့ပါတယ္။ဒါေၾကာင့္ ေမာ္ရင္ညိဳက “အခုအေနအထားမွာေတာ့ ကၽြန္ေတာ္တို႔အသင္းက မတူညီတဲ့အဆင့္တစ္ခုမွာရွိေနပါတယ္။ ေစ်းကြက္ထဲမွာ ထိပ္တန္းအေျပာင္းအေရႊ႔ေတြမလုပ္ႏိုင္သလို ေျခစြမ္းတိုးတက္ျပီးအဆင့္တစ္ခုေရာက္ေနတဲ့ ကစားသမားေတြကို ေငြေၾကးသံုးစြဲေခၚယူဖို႔မျဖစ္ႏိုင္ပါဘူး။ မျဖစ္ႏိုင္ဘူးလို႔ အတိအက်ေျပာႏိုင္ပါတယ္။ ဘရူႏိုဖာနန္ဒက္စ္လို အဆင့္တစ္ခုရွိတဲ့ကစားသမားနဲ႔ သူ႔ရဲ႕တန္ေၾကးဟာ ကၽြန္ေတာ္တို႔အသင္းအတြက္မျဖစ္ႏိုင္ပါဘူး” လို႔ ဖြင့္ဟလိုက္တာပါ။ဘရူႏိုဖာနန္ဒက္စ္ဟာ စပို႔တင္းနဲ႔ ၄ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ဒီရာသီမွာ အသင္းအတြက္ ၁၉ပြဲကစား ၁၁ဂိုးသြင္းေပးထားပါတယ္။ေမာ္ရင္ညိဳရဲ႕စပါးနည္းျပဘ၀ ပထမဆံုးေခၚယူတဲ့ကစားသမားဟာ ဘရူႏိုဖာနန္ဒက္စ္ျဖစ္လိမ့္မယ္လို႔ ထင္ေၾကးေပးမႈေတြရွိခဲ့ေပမယ့္ ဒီခန္႔မွန္းမႈေတြကို စပါယ္ရွယ္၀မ္းကိုယ္တိုင္က အဆံုးသတ္ေပးလိုက္တာပဲျဖစ္ပါတယ္။