အမေရိကန်လုပ်ငန်းရှင်ရဲ့ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ အေဘရာမိုဗစ်

Photo-Internet
Photo-Internet

အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ တက်ဒ်ဘိုလီဟာ ချဲလ်ဆီးကိုဝယ်ယူဖို့ကမ်းလှမ်းခဲ့ပေမယ့် ပိုင်ရှင်ရိုမန်အေဘရာမိုဗစ်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။ အသက် ၄၆ နှစ်ရှိတဲ့ ဘိုလီဟာပေါင် ၄.၇၂ ဘီလီယံကြွယ်ဝသူဖြစ်ပါပြီး မေဂျာလိဂ်ဘေ့စ်ဘောအသင်းဖြစ်တဲ့ LA ဒေါ့ဂျာရဲ့ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ပိုဆိုင်သူလည်းဖြစ်ပါတယ်။

Financial Times သတင်းမှာဖော်ပြချက်အရ ဘိုလီရဲ့ကမ်းလှမ်းမှုဟာ မိုဗစ်ကိုစိတ်ဝင်စားအောင်မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။ သူကတန်ကြေးဘယ်လောက်နဲ့ ကမ်းလှမ်းတယ်ဆိုတာမသိရပေမယ့် မိုဗစ်ကပေါင် ၃ ဘီလီယံသတ်မှတ်ထားတာကြောင့် ဒီတန်ကြေးကိုမမီတာတော့ သေချာပါတယ်။

Photo-Internet

ဘိုလီဟာ Eldridge Industries ကိုတည်ထောင်ပြီးနောက် ချမ်းသာကြွယ်ဝလာသူဖြစ်ပြီး မီဒီယာ၊ အားကစားနဲ့ အိမ်ခြံမြေတို့မှာ ရင်းနှီးမြှပ်နှံထားပါတယ်။ Eldridge ဟာအမေရိကန်မှာ လုပ်သားပေါင်း ၂၅၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ လုပ်ငန်းကြီးလည်းဖြစ်ပါတယ်။

Photo-Internet

ချဲလ်ဆီးဥက္ကဋ္ဌ ဘရုစ်ဘက်ခ်က ပိုင်ရှင်မိုဗစ်ဟာ ချဲလ်ဆီးကိုရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ မကြာခဏပြောထားပေမယ့် Wall Street Journal ကတော့ ပေါင် ၃ ဘီလီယံနဲ့ဆိုရင် မိုဗစ်ဘက်က ဆွေးနွေးမှုတွေပြုလုပ်ဖို့ အဆင်သင့်ပြင်ထားတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

Photo-Internet

ဘိုလီဟာ ပရီးမီးယားလိဂ်ကလပ်တစ်ခုကို ပိုင်ဆိုင်ဖို့ဆန္ဒပြင်းပြနေပြီး အထူးသဖြင့် လန်ဒန်မြို့အခြေစိုက်ကလပ်တစ်ခုကို ရယူလိုနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း စပါး ဒါမှမဟုတ် ချဲလ်ဆီးကိုသူဝယ်ဖို့ကြိုးစားမယ့်သူဖြစ်ပြီး ဒီနှစ်သင်းအနက် ချဲလ်ဆီးကိုပိုင်ဆိုင်ဖို့ ပိုပြီးစိတ်ဝင်စားနေတာဖြစ်ပါတယ်။

Photo-Internet

Zawgyi

အေမရိကန္လုပ္ငန္းရွင္ရဲ႕ကမ္းလွမး္မႈကို ပယ္ခ်လိုက္တဲ႔ ေအဘရာမိုဗစ္

အေမရိကန္စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္တဲ႔ တက္ဒ္ဘိုလီဟာ ခ်ဲလ္ဆီးကို၀ယ္ယူဖို႔ကမ္းလွမ္းခဲ့ေပမယ္႔ ပိုင္ရွင္ရိုမန္ေအဘရာမိုဗစ္က ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၄၆ ႏွစ္ရွိတဲ႔ ဘိုလီဟာေပါင္ ၄.၇၂ ဘီလီယံၾကြယ္၀သူျဖစ္ပါၿပီး ေမဂ်ာလိဂ္ေဘ႔စ္ေဘာအသင္းျဖစ္တဲ႔ LA ေဒါ့ဂ်ာရဲ႕ရွယ္ယာ ၂၀ ရာခိုင္ႏႈန္းကို ပို္ဆိုင္သူလည္းျဖစ္ပါတယ္။

Financial Times သတင္းမွာေဖာ္ျပခ်က္အရ ဘိုလီရဲ႕ကမ္းလွမ္းမႈဟာ မိုဗစ္ကိုစိတ္၀င္စားေအာင္မစြမ္းေဆာင္ႏိုင္ခဲ့ဘူးလို႔ ဆိုခဲ့ပါတယ္။ သူကတန္ေၾကးဘယ္ေလာက္နဲ႔ ကမ္းလွမ္းတယ္ဆိုတာမသိရေပမယ္႔ မိုဗစ္ကေပါင္ ၃ ဘီလီယံသတ္မွတ္ထားတာေၾကာင့္ ဒီတန္ေၾကးကိုမမီတာေတာ႔ ေသခ်ာပါတယ္။

ဘိုလီဟာ Eldridge Industries ကိုတည္ေထာင္ၿပီးေနာက္ ခ်မ္းသာၾကြယ္၀လာသူျဖစ္ၿပီး မီဒီယာ၊ အားကစားနဲ႔ အိမ္ၿခံေျမတို႔မွာ ရင္းႏွီးျမွပ္ႏွံထားပါတယ္။ Eldridge ဟာအေမရိကန္မွာ လုပ္သားေပါင္း ၂၅၀၀ ေက်ာ္နဲ႔ လည္ပတ္ေနတဲ႔ လုပ္ငန္းႀကီးလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဥကၠ႒ ဘရုစ္ဘက္ခ္က ပိုင္ရွင္မိုဗစ္ဟာ ခ်ဲလ္ဆီးကိုေရာင္းခ်ဖို႔ အစီအစဥ္မရွ္ိဘူးလို႔ မၾကာခဏေျပာထားေပမယ္႔ Wall Street Journal ကေတာ႔ ေပါင္ ၃ ဘီလီယံနဲ႔ဆိုရင္ မိုဗစ္ဘက္က ေဆြးေႏြးမႈေတြျပဳလုပ္ဖို႔ အဆင္သင့္ျပင္ထားတယ္လို႔ ေဖာ္ျပသြားခဲ့ပါတယ္။

ဘိုလီဟာ ပရီးမီးယားလိဂ္ကလပ္တစ္ခုကို ပိုင္ဆိုင္ဖို႔ဆႏၵျပင္းျပေနၿပီး အထူးသျဖင့္ လန္ဒန္ၿမိဳ႕အေျခစိုက္ကလပ္တစ္ခုကို ရယူလိုေနတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း စပါး ဒါမွမဟုတ္ ခ်ဲလ္ဆီးကိုသူ၀ယ္ဖို႔ႀကိဳးစားမယ္႔သူျဖစ္ၿပီး ဒီႏွစ္သင္းအနက္ ခ်ဲလ္ဆီးကိုပိုင္ဆိုင္ဖို႔ ပိုၿပီးစိတ္၀င္စားေနတာျဖစ္ပါတယ္။