အန်ဆယ်လော့တီ အာဆင်နယ်နည်းပြဖြစ်မလားဆိုတဲ့သတင်းအပေါ် ပြောဆိုလာတဲ့ ယွန်းဘတ်

photo internet

အခုရာသီမှာ နာမည်ကြီးအသင်းတွေက နည်းပြတွေအတွက် ထိုင်ခုံဟာမမြဲခြင်းသဘောတရားတွေ ဆောင်နေပါတယ်။ အာဆင်နယ်အသင်းဟာ နည်းပြအူနိုင်းအမ်မရီကို ထုတ်ပယ်ခဲ့သလို၊ နာပိုလီအသင်းကလည်းနည်းပြ အန်ဆယ်လော့တီကိုရာထူးကနေထုတ်ပယ်လိုက်ပါတယ်။ အခုအခါ အန်ဆယ်လော့တီတစ်ယောက် အာဆင်နယ်အသင်းနည်းပြဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းစကားတွေ ထွက်ပေါ်နေပါတယ်။ အဲဒီကိစ္စအပေါ် အာဆင်နယ်အသင်းရဲ့ယာယီနည်းပြယွန်းဘတ်က မှတ်ချက်စကားတွေပြောဆိုလာခဲ့ပါတယ်။

photo internet

ယာယီနည်းပြယွန်းဘတ်ကတော့ အဲဒီသတင်းတွေအပေါ်သူ့အနေနဲ့အာရုံမစိုက်ထားဘဲ သူ့ရဲ့အလုပ်ကိုသာ အကောင်းဆုံးလုပ်ဖို့ဆုံးဖြတ်ထားကြောင်းမှတ်ချက်ပေးပြောဆိုလာခဲ့ပါတယ်။ အသက် 60 အရွယ်ရှိနေပြီဖြစ်တဲ့ အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အပြီးမှာအသင်းကနေ အထုတ်ခံလိုက်ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဘက်ကတော့ နည်းပြနေရာအတွက်အလုပ်လျှောက်သူများစွာရှိပြီး၊ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်မြန်မြန်ဆန်ဆန်ချမှာမဟုတ်ကြောင်း ပြောဆိုထားပါတယ်။

photo internet

“ဘယ်သူ့ကို နည်းပြအဖြစ်ခန့်အပ်မလဲဆိုတာက အသင်းကတာဝန်ရှိသူတွေရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်ပါတယ်။ ကျွန်တော်နဲ့မသက်ဆိုင်ပါဘူး။ ကျွန်တော်ကတော့ ကိုယ့်အလုပ်အပေါ်ပဲအာရုံရှိပါတယ်”လို့ ယာယီနည်းပြ ယွန်းဘတ်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ အချို့ကတော့ အန်ဆယ်လော့တီတစ်ယောက် အာဆင်နယ်နည်းပြရာထူးကိုမရနိုင်ကြောင်းသုံးသပ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီဘက်နှစ်နောက်ပိုင်းမှာ သူ့ရဲ့စွမ်းဆောင်နိုင်စွမ်းကို အာဆင်နယ်အသင်းအနေနဲ့နှစ်သက်ဟန်မရှိဘူးဆိုတဲ့သတင်းတွေကြောင့်ပါ။

photo internet

အန်ဆယ်လော့တီဟာ ဘိုင်ယန်မြူးနစ်၊ နာပိုလီတို့ကိုကိုင်တွယ်ပေးရချိန်မှာတော့ အောင်မြင်မှုကိုထင်သလောက် မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ အသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်၊ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊အေစီမီလန်တို့ကို ကိုင်တွယ်ပေးခဲ့ရသူဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ဖလားတွေကိုလည်း ကိုင်မြှောက်ခွင့်ရအောင်လုပ်ပေးနိုင်ခဲ့ ပါတယ်။ နာမည်ရှိကလပ်တွေကနေ အထုတ်ခံလိုက်ရတဲ့နည်းပြတွေဘယ်ဆီဘယ်ဝယ်ရောက်ရှိမယ်ဆိုတာ စောင့်ကြည့်ရပါမယ်။

photo internet

(Zawgyi Version)

အန္ဆယ္ေလာ့တီ အာဆင္နယ္နည္းျပျဖစ္မလားဆိုတဲ့သတင္းအေပၚ ေျပာဆိုလာတဲ့ ယြန္းဘတ္

အခုရာသီမွာ နာမည္ႀကီးအသင္းေတြက နည္းျပေတြအတြက္ ထိုင္ခုံဟာမၿမဲျခင္းသေဘာတရားေတြ ေဆာင္ေနပါတယ္။ အာဆင္နယ္အသင္းဟာ နည္းျပအူႏိုင္းအမ္မရီကို ထုတ္ပယ္ခဲ့သလုိ၊ နာပိုလီအသင္းကလည္းနည္းျပ အန္ဆယ္ေလာ့တီကိုရာထူးကေနထုတ္ပယ္လုိက္ပါတယ္။ အခုအခါ အန္ဆယ္ေလာ့တီတစ္ေယာက္ အာဆင္နယ္အသင္းနည္းျပျဖစ္လာႏိုင္တယ္ဆိုတဲ့သတင္းစကားေတြ ထြက္ေပၚေနပါတယ္။ အဲဒီကိစၥအေပၚ အာဆင္နယ္အသင္းရဲ႕ယာယီနည္းျပယြန္းဘတ္က မွတ္ခ်က္စကားေတြေျပာဆိုလာခဲ့ပါတယ္။

ယာယီနည္းျပယြန္းဘတ္ကေတာ့ အဲဒီသတင္းေတြအေပၚသူ႔အေနနဲ႔အာရုံမစိုက္ထားဘဲ သူ႔ရဲ႕အလုပ္ကိုသာ အေကာင္းဆုံးလုပ္ဖို႔ဆုံးျဖတ္ထားေၾကာင္းမွတ္ခ်က္ေပးေျပာဆုိလာခဲ့ပါတယ္။ အသက္ 60 အရြယ္ရိွေနၿပီျဖစ္တဲ့ အန္ဆယ္ေလာ့တီဟာ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အၿပီးမွာအသင္းကေန အထုတ္ခံလိုက္ရတာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဘက္ကေတာ့ နည္းျပေနရာအတြက္အလုပ္ေလွ်ာက္သူမ်ားစြာရိွၿပီး၊ အဲဒီကိစၥနဲ႔ပတ္သက္လို႔ ဆုံးျဖတ္ခ်က္ျမန္ျမန္ဆန္ဆန္ခ်မွာမဟုတ္ေၾကာင္း ေျပာဆိုထားပါတယ္။

“ဘယ္သူ႔ကို နည္းျပအျဖစ္ခန္႔အပ္မလဲဆိုတာက အသင္းကတာ၀န္ရိွသူေတြရဲ႕ဆုံးျဖတ္ခ်က္ေပၚမူတည္ပါတယ္။ ကၽြန္ေတာ္နဲ႔မသက္ဆိုင္ပါဘူး။ ကၽြန္ေတာ္ကေတာ့ ကိုယ့္အလုပ္အေပၚပဲအာရုံရိွပါတယ္”လို႔ ယာယီနည္းျပ ယြန္းဘတ္က သတင္းစာရွင္းလင္းပြဲမွာေျပာပါတယ္။ အခ်ဳိ႕ကေတာ့ အန္ဆယ္ေလာ့တီတစ္ေယာက္ အာဆင္နယ္နည္းျပရာထူးကိုမရႏိုင္ေၾကာင္းသုံးသပ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဒီဘက္ႏွစ္ေနာက္ပိုင္းမွာ သူ႔ရဲ႕စြမ္းေဆာင္ႏိုင္စြမ္းကို အာဆင္နယ္အသင္းအေနနဲ႔ႏွစ္သက္ဟန္မရိွဘူးဆိုတဲ့သတင္းေတြေၾကာင့္ပါ။

အန္ဆယ္ေလာ့တီဟာ ဘိုင္ယန္ျမဴးနစ္၊ နာပိုလီတုိ႔ကိုကုိင္တြယ္ေပးရခ်ိန္မွာေတာ့ ေအာင္ျမင္မႈကိုထင္သေလာက္မစြမ္းေဆာင္ေပးႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ သူဟာ အသင္းႀကီးေတြျဖစ္တဲ့ ရီးရဲလ္၊ပီအက္စ္ဂ်ီ၊ ခ်ဲလ္ဆီး၊ေအစီမီလန္တို႔ကို ကိုင္တြယ္ေပးခဲ့ရသူျဖစ္ပါတယ္။ ဒါ့အျပင္ ခ်န္ပီယံလိဂ္ဖလားေတြကိုလည္း ကိုင္ေျမွာက္ခြင့္ရေအာင္လုပ္ေပးႏိုင္ခဲ့ပါတယ္။ နာမည္ရိွကလပ္ေတြကေန အထုတ္ခံလိုက္ရတဲ့နည္းျပေတြဘယ္ဆီဘယ္၀ယ္ေရာက္ရိွမယ္ဆိုတာ ေစာင့္ၾကည့္ရပါမယ္။