အတ္တလန္တာကို ၅ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ကစားပုံကို ဘိုဘန် ပြင်းထန်စွာဝေဖန်

Photo Credit

Photo Credit

ဥရောပအဆင့်မှာ ပြန်လည်ကစားခွင့်ရရှိရေးအတွက် ကြိုးစားနေတဲ့ အေစီမီလန်အသင်းအတွက် နောက်ထပ်ထိုးနှက်ချက်အဖြစ် တနင်္ဂနွေနေ့မှာ အတ္တလန္တာအသင်းကို ၅-၀ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ရပြီး အသင်းရဲ့ဒါရိုက်တာ ဘိုဘန်က သိပ်ရှက်စရာကောင်းတဲ့စွမ်းဆောင်ရည်ဖြစ်တယ်လို့ ပြင်းထန်စွာ ဝေဖန်သွားပါတယ်။

Photo Credit

ချန်ပီယံလိဂ်ဖလား ၇ကြိမ်အထိ ရရှိထားတဲ့ အေစီမီလန်ဟာ အတ္တလန္တာအသင်းကို ဘယ်လိုမှယှဉ်မကစားနိုင်ခဲ့ဘဲ ခရစ္စမတ်အားလပ်ရက်ကို စီးရီးအေအဆင့် ၁၁ နေရာနဲ့ပဲ ဖြတ်သန်းခဲ့ရရာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူတို့နဲ့သိပ်မစိမ်းတဲ့နေရာဖြစ်ပြီး နောက်ဘာထပ်ဖြစ်မလဲဆိုတာ ခန့်မှန်းရခက်လောက်အောင် အခြေအနေဆိုးရွားနေပါတယ်။

Photo Credit

”အသင်းရဲ့စွမ်းဆောင်ရည်က ဘာမှမဟုတ်ဘူး။ အများကြီး နာကျင်ခံစားရတယ်။ ပြီးတော့ ရှက်စရာလည်း ကောင်းတယ်။ ဒီလိုပုံစံမျိုး မီလန်မှာ ဖြစ်လို့မရဘူးလေ။ အတ္တလန္တာက စိတ်ကြိုက်လွှမ်းမိုးကစားတာ ကြည့်နေရတာကိုက သိပ်ကိုနာကျင်စရာကောင်းပါတယ်”လို့ အသင်းရဲ့ဘောလုံးအကြီးအကဲ ဘိုဘန်က ပြောပါတယ်။

Photo Credit

အေစီမီလန်ဟာ ၂၀၁၁ ခုနှစ်က ၁၈ကြိမ်မြောက် စီးရီးအေချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ယခုအချိန်အထိ နည်းပြ ၈ဦးအထိ အပြောင်းအလဲပြုလုပ်ခဲ့သလို ၂၀၁၃-၁၄ ရာသီကတည်းက ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးနေရပါတယ်။ အေစီမီလန်ဟာ အဲဒီကာလအတွင်း အသင်းပိုင်ရှင်ပါ ၂ကြိမ်အထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ဒါရိုက်တာတွေအဖြစ် ဂါဇီဒစ်၊ ဘိုဘန်၊ မက်ဆာရာနဲ့ ပေါ်လိုမာလ်ဒီနီတို့လည်း တာဝန်ယူခဲ့ပါတယ်။

Photo Credit

ငွေကြေးသုံးစွဲမှုနည်းပါးတာလည်းမဟုတ်ပါဘူး။ အေစီမီလန်ဟာ ဒီနှစ်အတွင်းမှာပဲ ပီယာတက်ခ်၊ ပါကွီတာ၊ လီယာအိုနဲ့ ဘန်နာဆာတို့အပါအဝင် ကစားသမားသစ်ခေါ်ယူရေးအတွက် ယူရိုသန်း ၁၅၀ ကျော်သုံးစွဲခဲ့ပါတယ်။

Photo Credit

”ဘာတွေလွဲမှားနေတာလဲဆိုတော့ ဖြစ်နိုင်တာကတော့ တည်ငြိမ်မှုကင်းမဲ့နေတာပါ။ အသင်းက အရမ်းကို အောင်မြင်ခဲ့တဲ့အပြင် ဘောလုံးလောကကလည်း လုံးဝကို ပြောင်းလဲနေပါပြီ။ မီလန်အပေါ် မျှော်လင့်ချက်တွေကလည်း မြင့်မားပါတယ်”အေစီမီလန်အားကစားဒါရိုက်တာအဖြစ် ၁နှစ်သာ တာဝန်ယူခဲ့ပြီးနောက် ဇူလိုင်လက အသင်းနဲ့လမ်းခွဲသွားခဲ့တဲ့ လီယိုနာဒိုအရူဂျိုက ပြောပါတယ်။

Photo Credit

ပရိသတ်တွေက အရင်လိုအဆင့်မျိုးပြန်ရောက်ဖို့ စောင့်ဆိုင်းခဲ့ရတဲ့အချိန်က လုံလောက်နေပြီလို့ ထင်နေပေမယ့် ဘိုဘန်ကတော့ ဒီထက် အချိန်ပိုလိုအပ်နေကြောင်း ဆိုပါတယ်။

Photo Credit

Zawgyi

အတၱလႏၱာကို ၅ဂိုးျပတ္အေရးနိမ့္ခဲ့ၿပီးေနာက္ အသင္းရဲ႕ကစားပုံကို ဘုိဘန္ ျပင္းထန္စြာေ၀ဖန္

ဥေရာပအဆင့္မွာ ျပန္လည္ကစားခြင့္ရရွိေရးအတြက္ ႀကိဳးစားေနတဲ့ ေအစီမီလန္အသင္းအတြက္ ေနာက္ထပ္ထိုးႏွက္ခ်က္အျဖစ္ တနဂၤေႏြေန႔မွာ အတၱလႏၱာအသင္းကို ၅-၀ ဂိုးနဲ႔ ဂိုးျပတ္အေရးနိမ့္ခဲ့ရၿပီး အသင္းရဲ႕ဒါ႐ိုက္တာ ဘုိဘန္က သိပ္ရွက္စရာေကာင္းတဲ့စြမ္းေဆာင္ရည္ျဖစ္တယ္လုိ႔ ျပင္းထန္စြာ ေ၀ဖန္သြားပါတယ္။
ခ်န္ပီယံလိဂ္ဖလား ၇ႀကိမ္အထိ ရရွိထားတဲ့ ေအစီမီလန္ဟာ အတၱလႏၱာအသင္းကို ဘယ္လုိမွယွဥ္မကစားႏိုင္ခဲ့ဘဲ ခရစၥမတ္အားလပ္ရက္ကို စီးရီးေအအဆင့္ ၁၁ ေနရာနဲ႔ပဲ ျဖတ္သန္းခဲ့ရရာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း သူတုိ႔နဲ႔သိပ္မစိမ္းတဲ့ေနရာျဖစ္ၿပီး ေနာက္ဘာထပ္ျဖစ္မလဲဆုိတာ ခန္႔မွန္းရခက္ေလာက္ေအာင္ အေျခအေနဆုိးရြားေနပါတယ္။
”အသင္းရဲ႕စြမ္းေဆာင္ရည္က ဘာမွမဟုတ္ဘူး။ အမ်ားႀကီး နာက်င္ခံစားရတယ္။ ၿပီးေတာ့ ရွက္စရာလည္း ေကာင္းတယ္။ ဒီလုိပုံစံမ်ိဳး မီလန္မွာ ျဖစ္လုိ႔မရဘူးေလ။ အတၱလႏၱာက စိတ္ႀကိဳက္လႊမ္းမိုးကစားတာ ၾကည့္ေနရတာကိုက သိပ္ကိုနာက်င္စရာေကာင္းပါတယ္”လုိ႔ အသင္းရဲ႕ေဘာလုံးအႀကီးအကဲ ဘုိဘန္က ေျပာပါတယ္။
ေအစီမီလန္ဟာ ၂၀၁၁ ခုႏွစ္က ၁၈ႀကိမ္ေျမာက္ စီးရီးေအခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္ပိုင္း ယခုအခ်ိန္အထိ နည္းျပ ၈ဦးအထိ အေျပာင္းအလဲျပဳလုပ္ခဲ့သလုိ ၂၀၁၃-၁၄ ရာသီကတည္းက ခ်န္ပီယံလိဂ္၀င္ခြင့္ဆုံး႐ံႈးေနရပါတယ္။ ေအစီမီလန္ဟာ အဲဒီကာလအတြင္း အသင္းပိုင္ရွင္ပါ ၂ႀကိမ္အထိ အေျပာင္းအလဲျဖစ္ေပၚခဲ့ၿပီး ဒါ႐ိုက္တာေတြအျဖစ္ ဂါဇီဒစ္၊ ဘိုဘန္၊ မက္ဆာရာနဲ႔ ေပၚလုိမာလ္ဒီနီတုိ႔လည္း တာ၀န္ယူခဲ့ပါတယ္။
ေငြေၾကးသုံးစြဲမႈနည္းပါးတာလည္းမဟုတ္ပါဘူး။ ေအစီမီလန္ဟာ ဒီႏွစ္အတြင္းမွာပဲ ပီယာတက္ခ္၊ ပါကြီတာ၊ လီယာအိုနဲ႔ ဘန္နာဆာတုိ႔အပါအ၀င္ ကစားသမားသစ္ေခၚယူေရးအတြက္ ယူ႐ိုသန္း ၁၅၀ ေက်ာ္သုံးစြဲခဲ့ပါတယ္။
”ဘာေတြလဲြမွားေနတာလဲဆုိေတာ့ ျဖစ္ႏိုင္တာကေတာ့ တည္ၿငိမ္မႈကင္းမဲ့ေနတာပါ။ အသင္းက အရမ္းကို ေအာင္ျမင္ခဲ့တဲ့အျပင္ ေဘာလုံးေလာကကလည္း လုံး၀ကို ေျပာင္းလဲေနပါၿပီ။ မီလန္အေပၚ ေမွ်ာ္လင့္ခ်က္ေတြကလည္း ျမင့္မားပါတယ္”ေအစီမီလန္အားကစားဒါ႐ိုက္တာအျဖစ္ ၁ႏွစ္သာ တာ၀န္ယူခဲ့ၿပီးေနာက္ ဇူလုိင္လက အသင္းနဲ႔လမ္းခြဲသြားခဲ့တဲ့ လီယိုနာဒိုအ႐ူဂ်ိဳက ေျပာပါတယ္။
ပရိသတ္ေတြက အရင္လုိအဆင့္မ်ိဳးျပန္ေရာက္ဖို႔ ေစာင့္ဆုိင္းခဲ့ရတဲ့အခ်ိန္က လုံေလာက္ေနၿပီလုိ႔ ထင္ေနေပမယ့္ ဘုိဘန္ကေတာ့ ဒီထက္ အခ်ိန္ပိုလုိအပ္ေနေၾကာင္း ဆုိပါတယ္။