အင်္ဂလန်မြေမဟုတ်ဘဲ ဂျာမန်မြေမှာ အခြေချတော့မှာလား ဟာလန်း

Photo Credit

Photo Credit

ဆဲလ်ဘတ်အသင်း အားကစားဒါရိုက်တာ ခရစ်စတိုဖီရန့်က အသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး ဟာလန်းဟာ အပြောင်းအရွှေ့စကားပြောဆိုမှုများအတွက် ဂျာမန်မြေက ဒေါ့မွန်နဲ့ လိုက်ပ်ဇစ်အသင်းတို့ကို သွားရောက်ခဲ့တယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။

Photo Credit

အသက် ၁၉ နှစ်အရွယ် ဟာလန်းဟာ ၂၀၁၉-၂၀ ရာသီ ဆဲလ်ဘတ်အသင်းမှာ ခြေစွမ်းကောင်းတွေပြသနေပြီး ဥရောပမှာ အလားအလာအရှိဆုံး လူငယ်တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။ ဟာလန်းဟာ ဆဲလ်ဘတ်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၂၂ ပွဲ ပွဲထွက်ကစားခွင့်ရပြီး သွင်းဂိုး ၂၈ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ အဆိုပါ သွင်းဂိုးတွေထဲမှာ ချန်ပီယံလိဂ်သွင်းဂိုး ၈ ဂိုးအထိ ပါဝင်နေပါတယ်။

Photo Credit

ဒီအချက်တွေကြောင့် ဟာလန်းကို ကမ္ဘာ့အင်အားကြီးကလပ်အသင်း တော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မတိုင်မီ နော်ဝေသားကို မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့က အပြိုင်ချိတ်ဆက်နေကြပြီး ဟာလန်းကိုခေါ်ယူလိုနေတဲ့အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတိ့ုလည်း ပါဝင်နေပါတယ်။

Photo Credit

ဒါပေမဲ့ လက်ရှိမှာတော့ ဘွန်ဒက်စ်လီဂါမှာ ဟာလန်းကို တွေ့မြင်ရတော့မယ်လိ့ု သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ဒီအပတ်အစောပိုင်းက ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့ တွေ့ဆုံခဲ့သလို လိုက်ပ်ဇစ်အသင်း တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆဲလ်ဘတ်အားကစား ဒါရိုက်တာဖီရန့်က အတည်ပြု ပြောကြားခဲ့ပါတယ်။

Photo Credit

ဖီရန့်က “ကျွန်တေ်ာတို့တွေ ဆွေးနွေးညှိနှိုင်းမှုမှာ ပါဝင်ခဲ့ပါတယ်။ အမှန်ပါပဲ။ မနေ့က ဟာလန်းက ဒေါ့မွန်နဲ့ လိုက်ပ်ဇစ်မှာ ရှိနေခဲ့ပါတယ်။ ဆဲလ်ဘတ်အသင်းမှာရှိတဲ့ လူတိုင်းက သူ့အတွက် အကောင်းဆုံး ဖြစ်စေချင်ကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဒေါ့မွန်အသင်းအားကစားဒါရိုက်တာ မိုက်ကယ်ဇော့ကတော့ နော်ဝေသား တိုက်စစ်မှူးရဲ့ အနာဂတ်နဲ့ပတ်သတ်ပြီး တစ်စုံတရာ ပြောဆိုခြင်း မပြုခဲ့ပါဘူး။

Photo Credit

Zawgyi

အဂၤလန္ေျမမဟုတ္ဘဲ ဂ်ာမန္ေျမမွာ အေျခခ်ေတာ့မွာလား ဟာလန္း

ဆဲလ္ဘတ္အသင္း အားကစားဒါရိုက္တာ ခရစ္စတိုဖီရန္႔က အသင္းရဲ႕ လူငယ္တိုက္စစ္မွဴးေလး ဟာလန္းဟာ အေျပာင္းအေရႊ႕စကားေျပာဆိုမႈမ်ားအတြက္ ဂ်ာမန္ေျမက ေဒါ့မြန္နဲ႔ လိုက္ပ္ဇစ္အသင္းတို႔ကို သြားေရာက္ခဲ့တယ္လို႔ အတည္ျပဳေျပာၾကားလိုက္ပါတယ္။
အသက္ ၁၉ ႏွစ္အရြယ္ ဟာလန္းဟာ ၂၀၁၉-၂၀ ရာသီ ဆဲလ္ဘတ္အသင္းမွာ ေျခစြမ္းေကာင္းေတြျပသေနၿပီး ဥေရာပမွာ အလားအလာအရွိဆံုး လူငယ္တိုက္စစ္မွဴးတစ္ဦးလည္း ျဖစ္ပါတယ္။ ဟာလန္းဟာ ဆဲလ္ဘတ္အသင္းနဲ႔အတူ ၿပိဳင္ပြဲစံု ၂၂ ပြဲ ပြဲထြက္ကစားခြင့္ရၿပီး သြင္းဂိုး ၂၈ ဂိုးအထိ သြင္းယူထားႏိုင္ပါတယ္။ အဆိုပါ သြင္းဂိုးေတြထဲမွာ ခ်န္ပီယံလိဂ္သြင္းဂိုး ၈ ဂိုးအထိ ပါဝင္ေနပါတယ္။
ဒီအခ်က္ေတြေၾကာင့္ ဟာလန္းကို ကမၻာ့အင္အားႀကီးကလပ္အသင္း ေတာ္ေတာ္မ်ားမ်ားက ေခၚယူဖို႔ စိတ္ဝင္စားလာတာ ျဖစ္ပါတယ္။ လာမယ့္ဇန္နဝါရီ အေျပာင္းအေရႊ႕မတိုင္မီ ေနာ္ေဝသားကို မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးအသင္းတို႔က အၿပိဳင္ခ်ိတ္ဆက္ေနၾကၿပီး ဟာလန္းကိုေခၚယူလိုေနတဲ့အသင္းေတြထဲမွာ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတိ႔ုလည္း ပါဝင္ေနပါတယ္။
ဒါေပမဲ့ လက္ရွိမွာေတာ့ ဘြန္ဒက္စ္လီဂါမွာ ဟာလန္းကို ေတြ႕ျမင္ရေတာ့မယ္လိ႔ု သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး ဒီအပတ္အေစာပိုင္းက ဟာလန္းဟာ ေဒါ့မြန္အသင္းနဲ႔ ေတြ႔ဆံုခဲ့သလို လိုက္ပ္ဇစ္အသင္း တာဝန္ရွိသူေတြနဲ႔လည္း ေတြ႕ဆံုခဲ့တယ္လို႔ ဆဲလ္ဘတ္အားကစား ဒါရို္က္တာဖီရန္႔က အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။
ဖီရန္႔က “ကၽြန္ေတ္ာတို႔ေတြ ေဆြးေႏြးညွိႏႈိင္းမႈမွာ ပါဝင္ခဲ့ပါတယ္။ အမွန္ပါပဲ။ မေန႔က ဟာလန္းက ေဒါ့မြန္နဲ႔ လိုက္ပ္ဇစ္မွာ ရွိေနခဲ့ပါတယ္။ ဆဲလ္ဘတ္အသင္းမွာရွိတဲ့ လူတိုင္းက သူ႔အတြက္ အေကာင္းဆံုး ျဖစ္ေစခ်င္ၾကပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ေဒါ့မြန္အသင္းအားကစားဒါရိုက္တာ မိုက္ကယ္ေဇာ့ကေတာ့ ေနာ္ေဝသား တိုက္စစ္မွဴးရဲ႕ အနာဂတ္နဲ႔ပတ္သတ္ၿပီး တစ္စံုတရာ ေျပာဆိုျခင္း မျပဳခဲ့ပါဘူး။