အဂူရို ဂိုးမသွင်းနိုင်ခဲ့တဲ့ တစ်ခုတည်းသော ပရီးမီးယားလိဂ်ပြိုင်ဘက်က …..

Photo-Internet
Photo-Internet

မန်စီးတီးက ရှက်ဖီးယူနိုက်တက်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တိုက်စစ်မှူ း အဂူရိုဟာ အသင်းအတွက်အဖွင့်ဂိုးသွင်းယူပြီး သူ့ရဲ့ဒီရာသီ ၁၀ ဂိုးမြောက်ကိုရယူသွားခဲ့ပါတယ်။ မန်စီးတီးအတွက် နောက်တစ်ဂိုးကိုခြေစွမ်းပြနေတဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရူနီက သွင်းယူပေးခဲ့တာပါ။

အဂူရိုဟာ ပရီးမီးယားလိဂ်မှာပြိုင်ဘက်ခံစစ်တွေကိုဆက်တိုက်ဒုက္ခပေးခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ရှက်ဖီးယူနိုက်တက်နဲ့ပွဲကဂိုးဟာ သူ့အတွက် ပရီးမီးယားလိဂ် ၃၃ သင်းနဲ့ရင်ဆိုင်ခဲ့ရာမှာ ၃၂ သင်းကိုဂိုးသွင်းယူနိုင်မှုလည်းဖြစ်ခဲ့ပါတယ်။ သူဟာ ၂၀၁၁ ကအက်သလက်တီကိုကနေပြောင်းလာပြီးတဲ့နောက် မန်စီးတီးရဲ့သမိုင်းမှာဂိုးသွင်းအများဆုံးသူလည်းဖြစ်ခဲ့တာပါ။

Photo-Internet

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ အဂူရိုဟာ မန်စီးတီးအတွက် ၃၅၆ ပွဲကစားပြီး ၂၄၄ ဂိုးသွင်းယူထားရာမှာ ပရီးမီးယားလိဂ် ၁၇၃ ဂိုးလည်းပါဝင်ပါတယ်။ သူဂိုးသွင်းယူမှုအများဆုံးပြိုင်ဘက်ကတော့ နယူးကာဆယ်ဖြစ်ပြီး ၁၃ ပွဲရင်ဆိုင်ခဲ့ရာမှာ ၁၅ ဂိုးအထိသွင်းယူနိုင်ခဲ့တာပါ။ သူ နောက်ထပ်ဂိုးအများဆုံးသွင်းယူခဲ့တဲ့ အသင်းကတော့ ချဲလ်ဆီးဖြစ်ပြီး ၁၄ ပွဲမှာ ၁၀ ဂိုးရယူခဲ့တာပါ။

Photo-Internet

တတိယဂိုးအများဆုံးသွင်းခဲ့တာက စပါးဖြစ်ပြီး ၁၅ ပွဲမှာ ၁၁ ဂိုးသွင်းယူခဲ့ပါတယ်။ ဒါပေမယ့် အံအားသင့်စရာကောင်းတာက အဂူရိုဟာ သူ့ရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်တွေထဲမှာ ဘော်လ်တန်တစ်သင်းတည်းကို ဂိုးမသွင်းနိုင်ခဲ့တာပါဘဲ။ သူဟာ ဘော်လ်တန်နဲ့တစ်ကြိမ်သာရင်ဆိုင်ခဲ့ဘူးတာပါ။

Photo-Internet(အဂူရိုရဲ႕ၿပိဳင္ဘက္ေတြကို သြင္းဂိုးမွတ္တမ္းျဖစ္ပါတယ္)

၂၀၁၁ သြဂုတ်က မန်စီးတီးကဘော်လ်တန်ကို ၃-၂ နဲ့နိုင်တဲ့ပွဲမှာ သူဟာ ၆၈ မိနစ်အထိကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့လို့ တီဗက်ဇ်နဲ့လူစားလဲခံခဲ့ရပါတယ်။ အဲဒီအချိန်က သူနဲ့မန်စီးတီးတို့ ပထမဆုံးလက်တွဲတဲ့ရာသီဖြစ်ခဲ့ပါတယ်။ သူတို့ဒုတိယအကျော့ကို မတ်လအတွင်းမှာ ကစားခဲ့တော့ မန်စီးတီးက ၂-၀ နဲ့နိုင်ခဲ့ပေမယ့် အဂူရိုဟာအရန်အဖြစ်သာနေခဲ့ရပါတယ်။

Photo-Internet(အဂူရိုရဲ႕ၿပိဳင္ဘက္ေတြကို သြင္းဂိုးမွတ္တမ္းျဖစ္ပါတယ္)

Zawgyi

အဂူရို ဂိုးမသြင္းႏု္ိင္ခဲ့တဲ႔ တစ္ခုတည္းေသာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္က …..

မန္စီးတီးက ရွက္ဖီးယူႏိုက္တက္ကို ၂-၀ နဲ႔အႏိုင္ရခဲ့တဲ႔ပြဲမွာ တိုက္စစ္မွဴ း အဂူရိုဟာ အသင္းအတြက္အဖြင့္ဂိုးသြင္းယူၿပီး သူ႔ရဲ႕ဒီရာသီ ၁၀ ဂိုးေျမာက္ကိုရယူသြားခဲ့ပါတယ္။ မန္စီးတီးအတြက္ ေနာက္တစ္ဂိုးကိုေျခစြမ္းျပေနတဲ႔ ကြင္းလယ္ဖန္တီးရွင္ ဒီဘရူနီက သြင္းယူေပးခဲ့တာပါ။

အဂူရိုဟာ ပရီးမီးယားလိဂ္မွာၿပိဳင္ဘက္ခံစစ္ေတြကိုဆက္တိုက္ဒုကၡေပးခဲ့တာ ႏွစ္ေပါင္းမနည္းေတာ႔ပါဘူး။ ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲကဂိုးဟာ သူ႔အတြက္ ပရီးမီးယားလိဂ္ ၃၃ သင္းနဲ႔ရင္ဆိုင္ခဲ့ရာမွာ ၃၂ သင္းကိုဂိုးသြင္းယူႏိုင္မႈလည္းျဖစ္ခဲ့ပါတယ္။ သူဟာ ၂၀၁၁ ကအက္သလက္တီကိုကေနေျပာင္းလာၿပီးတဲ႔ေနာက္ မန္စီးတီးရဲ႕သမိုင္းမွာဂိုးသြင္းအမ်ားဆုံးသူလည္းျဖစ္ခဲ့တာပါ။

အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ႔ အဂူရိုဟာ မန္စီးတီးအတြက္ ၃၅၆ ပြဲကစားၿပီး ၂၄၄ ဂိုးသြင္းယူထားရာမွာ ပရီးမီးယားလိဂ္ ၁၇၃ ဂိုးလည္းပါ၀င္ပါတယ္။ သူဂိုးသြင္းယူမႈအမ်ားဆုံးၿပိဳင္ဘက္ကေတာ႔ နယူးကာဆယ္ျဖစ္ၿပီး ၁၃ ပြဲရင္ဆိုင္ခဲ့ရာမွာ ၁၅ ဂိုးအထိသြင္းယူႏိုင္ခဲ့တာပါ။ သူ ေနာက္ထပ္ဂိုးအမ်ားဆုံးသြင္းယူခဲ့တဲ႔ အသင္းကေတာ႔ ခ်ဲလ္ဆီးျဖစ္ၿပီး ၁၄ ပြဲမွာ ၁၀ ဂိုးရယူခဲ့တာပါ။

တတိယဂိုးအမ်ားဆုံးသြင္းခဲ့တာက စပါးျဖစ္ၿပီး ၁၅ ပြဲမွာ ၁၁ ဂိုးသြင္းယူခဲ့ပါတယ္။ ဒါေပမယ္႔ အံအားသင့္စရာေကာင္းတာက အဂူရိုဟာ သူ႔ရဲ႕ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြထဲမွာ ေဘာ္လ္တန္တစ္သင္းတည္းကို ဂိုးမသြင္းႏိုင္ခဲ့တာပါဘဲ။ သူဟာ ေဘာ္လ္တန္နဲ႔တစ္ႀကိမ္သာရင္ဆိုင္ခဲ့ဘူးတာပါ။

၂၀၁၁ ၾသဂုတ္က မန္စီးတီးကေဘာ္လ္တန္ကို ၃-၂ နဲ႔ႏိုင္တဲ႔ပြဲမွာ သူဟာ ၆၈ မိနစ္အထိကစားခဲ့ေပမယ္႔ ဂိုးမသြင္းႏိုင္ခဲ့လို႔ တီဗက္ဇ္နဲ႔လူစားလဲခံခဲ့ရပါတယ္။ အဲဒီအခ်ိန္က သူနဲ႔မန္စီးတီးတို႔ ပထမဆုံးလက္တြဲတဲ႔ရာသီျဖစ္ခဲ့ပါတယ္။ သူတို႔ဒုတိယအေက်ာ႔ကို မတ္လအတြင္းမွာ ကစားခဲ့ေတာ႔ မန္စီးတီးက ၂-၀ နဲ႔ႏိုင္ခဲ့ေပမယ္႔ အဂူရိုဟာအရန္အျဖစ္သာေနခဲ့ရပါတယ္။