အချက်အလက်တွေအရ ယူရိုပါလိဂ်ချန်ပီယံအဖြစ် အေဂျက်စ်ကို မြင်တွေ့ရဖွယ်ရှိ

Photo Credit

Photo Credit

ယူရိုပါလိဂ်မှာ လက်ကျန် ၃၂သင်းအနက် ချန်ပီယံဖြစ်ဖို့ အခွင့်အရေးဘယ်လောက်ရှိလဲလို့ အချက်အလက်တွေအရ တွက်ချက်ရာမှာ ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ဘက် ကူးပြောင်းလာတဲ့အေဂျက်စ်အသင်းက ချန်ပီယံဖြစ်ဖို့ အခွင့်အရေးအများဆုံးဖြစ်နေကြောင်း သိရပါတယ်။

Photo Credit

အုပ်စုနောက်ဆုံးပွဲမှာ ယူနိုက်တက်က အယ်လ်ခမာကို ၄-၀ ဂိုးနဲ့အနိုင်ရခဲ့သလို အာဆင်နယ်ကလည်း စတန်းဒက်လီဂီနဲ့ ၂-၂ ဂိုးသရေကျခဲ့ရာ နှစ်သင်းစလုံး အုပ်စုပထမအသီးသီးရရှိခဲ့ပြီး တနင်္လာနေ့မှာ ပြုလုပ်မယ့် ၃၂သင်းအဆင့်မဲခွဲပွဲမှာ အသင်းကြီးတွေကို ရှောင်နိုင်တော့မှာဖြစ်ပါတယ်။ Five Thirty Eight ဝက်ဆိုက်ဒ်ကနေ ကောက်ယူခဲ့တဲ့ အချက်အလက်တွေအရ နှစ်သင်းစလုံး ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးမဟုတ်ကြောင်း သိရပါတယ်။

Photo Credit

အဲဒီအချက်အလက်တွေအရ ယူနိုက်တက်အသင်းဟာ ဒီရာသီယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ၈%ရှိရာ ပူးတွဲဒုတိယနေရာမှာ ရပ်တည်နေပြီး အာဆင်နယ်အသင်းကတော့ ၄%ပဲရှိကာ အေဂျက်စ်ကတော့ ၉%နဲ့ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ အေဂျက်စ်ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်တက်ဖို့ ရေပန်းစားခဲ့ပြီး နောက်ဆုံးပွဲမတိုင်ခင်မှာလည်း အုပ်စုထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ အုပ်စုနောက်ဆုံးပွဲမှာ ဗလန်စီယာကို ဝ-၁ဂိုးနဲ့အရေးနိမ့်ခဲ့ပြီး တစ်ဘက်ပွဲမှာ ချဲလ်ဆီးက လိုင်လီကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့လို့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ အေဂျက်စ်လည်း အုပ်စုတတိယဖြစ်သွားပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ အေဂျက်စ်ဟာ ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ဘက် ရောက်လာတဲ့အသင်းတွေအနက် နိုင်ခြေအဆင့်သတ်မှတ်ခံရတဲ့ အသင်း ၂သင်းအနက် တစ်သင်းအပါအဝင်ဖြစ်ခဲ့ပါတယ်။

Photo Credit

အေဂျက်စ်ဟာ ယူရိုပါလိဂ် ၃၂သင်းအဆင့်မှာ အေပိုးလ်၊ လေဗာကူဆင်၊ ကလုဂျ်၊ ဘရုဂျက်၊ ကိုပင်ဟေဂင်၊ ဖရန့်ဖတ်၊ ဂီတာဖေး၊ လူဒိုဂိုရက်စ်၊ အိုလံပီယာကို့စ်၊ ရိန်းဂျားစ်၊ ရိုးမား၊ ရှက်တာဒိုးနက်၊ စပို့တင်းလစ္စဘွန်း၊ ဝုဖ်ဘတ်၊ ဝုဗ် တစ်သင်းသင်းနဲ့ တွေ့ဆုံဖွယ်ရှိနေပါတယ်။ ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ဘက် ရောက်လာတဲ့ လေဗာကူဆင်နဲ့ ဆဲလ်ဘတ်တို့က ၈%နဲ့ ယူနိုက်တက်နဲ့အတူ ပူးတွဲဒုတိယနေရာမှာ ရပ်တည်နေပြီး ဘာစီလိုနာကို အရေးနိမ့်ကာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတဲ့ အင်တာမီလန်ကလည်း ၇%ရှိနေပါတယ်။

Photo Credit

အာဆင်နယ်နဲ့အတူ ဝုဗ်နဲ့ ရိုးမားတို့ကလည်း ချန်ပီယံဖြစ်ဖို့ ၄%ရှိနေပြီး စကော့တလန်ကလပ်တွေဖြစ်တဲ့ ဆဲလ်တစ်နဲ့ ရိန်းဂျားစ်တို့ကတော့ ၁%ပဲရှိပါတယ်။ နောက်ပြီး သူတို့နှစ်သင်းစလုံးဟာ ၁၆သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖု့ိလည်း အခွင့်အရေး ၅၀%အောက် ရောက်နေပါတယ်။

Photo Credit

Zawgyi

အခ်က္အလက္ေတြအရ ယူ႐ိုပါလိဂ္ခ်န္ပီယံအျဖစ္ ေအဂ်က္စ္ကို ျမင္ေတြ႕ရဖြယ္ရွိ

ယူ႐ိုပါလိဂ္မွာ လက္က်န္ ၃၂သင္းအနက္ ခ်န္ပီယံျဖစ္ဖို႔ အခြင့္အေရးဘယ္ေလာက္ရွိလဲလုိ႔ အခ်က္အလက္ေတြအရ တြက္ခ်က္ရာမွာ ခ်န္ပီယံလိဂ္ကေန ယူ႐ိုပါလိဂ္ဘက္ ကူးေျပာင္းလာတဲ့ေအဂ်က္စ္အသင္းက ခ်န္ပီယံျဖစ္ဖုိ႔ အခြင့္အေရးအမ်ားဆုံးျဖစ္ေနေၾကာင္း သိရပါတယ္။
အုပ္စုေနာက္ဆုံးပြဲမွာ ယူႏုိက္တက္က အယ္လ္ခမာကို ၄-၀ ဂိုးနဲ႔အႏိုင္ရခဲ့သလို အာဆင္နယ္ကလည္း စတန္းဒက္လီဂီနဲ႔ ၂-၂ ဂိုးသေရက်ခဲ့ရာ ႏွစ္သင္းစလုံး အုပ္စုပထမအသီးသီးရရွိခဲ့ၿပီး တနလၤာေန႔မွာ ျပဳလုပ္မယ့္ ၃၂သင္းအဆင့္မဲခြဲပြဲမွာ အသင္းႀကီးေတြကို ေရွာင္ႏိုင္ေတာ့မွာျဖစ္ပါတယ္။ Five Thirty Eight ၀က္ဆိုက္ဒ္ကေန ေကာက္ယူခဲ့တဲ့ အခ်က္အလက္ေတြအရ ႏွစ္သင္းစလုံး ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံးမဟုတ္ေၾကာင္း သိရပါတယ္။
အဲဒီအခ်က္အလက္ေတြအရ ယူႏုိက္တက္အသင္းဟာ ဒီရာသီယူ႐ိုပါလိဂ္မွာ ခ်န္ပီယံျဖစ္ဖို႔ အခြင့္အေရး ၈%ရွိရာ ပူးတြဲဒုတိယေနရာမွာ ရပ္တည္ေနၿပီး အာဆင္နယ္အသင္းကေတာ့ ၄%ပဲရွိကာ ေအဂ်က္စ္ကေတာ့ ၉%နဲ႔ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနပါတယ္။ ေအဂ်က္စ္ဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ေနာက္တစ္ဆင့္တက္ဖို႔ ေရပန္းစားခဲ့ၿပီး ေနာက္ဆုံးပြဲမတုိင္ခင္မွာလည္း အုပ္စုထိပ္ဆုံးကေန ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ အုပ္စုေနာက္ဆုံးပြဲမွာ ဗလန္စီယာကို ၀-၁ဂိုးနဲ႔အေရးနိမ့္ခဲ့ၿပီး တစ္ဘက္ပြဲမွာ ခ်ဲလ္ဆီးက လုိင္လီကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့လို႔ ၿပီးခဲ့တ့ဲရာသီ ခ်န္ပီယံလိဂ္မွာ ဆီမီးဖုိင္နယ္အထိ တက္ေရာက္ႏိုင္ခဲ့တဲ့ ေအဂ်က္စ္လည္း အုပ္စုတတိယျဖစ္သြားၿပီး ၿပိဳင္ပြဲကေန ထြက္ခဲ့ရပါတယ္။ ေအဂ်က္စ္ဟာ ခ်န္ပီယံလိဂ္ကေန ယူ႐ိုပါလိဂ္ဘက္ ေရာက္လာတဲ့အသင္းေတြအနက္ ႏိုင္ေျခအဆင့္သတ္မွတ္ခံရတဲ့ အသင္း ၂သင္းအနက္ တစ္သင္းအပါအ၀င္ျဖစ္ခဲ့ပါတယ္။
ေအဂ်က္စ္ဟာ ယူ႐ိုပါလိဂ္ ၃၂သင္းအဆင့္မွာ ေအပိုးလ္၊ ေလဗာကူဆင္၊ ကလုဂ်္၊ ဘ႐ုဂ်က္၊ ကိုပင္ေဟဂင္၊ ဖရန္႔ဖတ္၊ ဂီတာေဖး၊ လူဒိုဂိုရက္စ္၊ အိုလံပီယာကို႔စ္၊ ရိန္းဂ်ားစ္၊ ႐ိုးမား၊ ရွက္တာဒိုးနက္၊ စပို႔တင္းလစၥဘြန္း၊ ၀ုဖ္ဘတ္၊ ၀ုဗ္ တစ္သင္းသင္းနဲ႔ ေတြ႕ဆုံဖြယ္ရွိေနပါတယ္။ ခ်န္ပီယံလိဂ္ကေန ယူ႐ိုပါလိဂ္ဘက္ ေရာက္လာတဲ့ ေလဗာကူဆင္နဲ႔ ဆဲလ္ဘတ္တုိ႔က ၈%နဲ႔ ယူႏုိက္တက္နဲ႔အတူ ပူးတြဲဒုတိယေနရာမွာ ရပ္တည္ေနၿပီး ဘာစီလုိနာကို အေရးနိမ့္ကာ ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရတဲ့ အင္တာမီလန္ကလည္း ၇%ရွိေနပါတယ္။
အာဆင္နယ္နဲ႔အတူ ၀ုဗ္နဲ႔ ႐ိုးမားတုိ႔ကလည္း ခ်န္ပီယံျဖစ္ဖို႔ ၄%ရွိေနၿပီး စေကာ့တလန္ကလပ္ေတြျဖစ္တဲ့ ဆဲလ္တစ္နဲ႔ ရိန္းဂ်ားစ္တုိ႔ကေတာ့ ၁%ပဲရွိပါတယ္။ ေနာက္ၿပီး သူတုိ႔ႏွစ္သင္းစလုံးဟာ ၁၆သင္း႐ံႈးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖု႔ိလည္း အခြင့္အေရး ၅၀%ေအာက္ ေရာက္ေနပါတယ္။