သူ့ရဲ့စံချိန်တင်ဂိုးသွင်းလိုက်ချိန်မှာ ဆန်စီရိုတစ်ကွင်းလုံး တိတ်ဆိတ်သွားလို့ တအံ့တသြဖြစ်သွားတဲ့ ဖာတီ

photo-gettyimages

photo-gettyimages

မက်ဆီမပါသလို အမှတ်လိုအပ်ချက်မရှိတော့ပေမယ့်လည်း ဘာစီလိုနာဟာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲမှာ အင်တာကို ၂-၁ နဲ့အနိုင်ရအောင် ကစားသွားခဲ့ပါတယ်။ အဲဒီရလဒ်နဲ့ အိမ်ရှင်အင်တာမီလန်ရဲ့နောက်တစ်ဆင့်မျှော်လင့်ချက်တွေကို အဆုံးသတ်စေခဲ့တာပါ။ ဒီနိုင်ပွဲဟာ ပိုပြီးချိုမြိန်သွားခဲ့တာက ဘာစီလိုနာရဲ့ဆယ်ကျော်သက်တိုက်စစ်မှုးလေးဖြစ်တဲ့အန်ဆုဖာတီဟာ အနိုင်ဂိုးနဲ့အတူ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာခဲ့တာပါပဲ။

photo-gettyimages

ဂူနီယာဘစ်ဆူးဖွား အဲဒီဆယ်ကျေ်သက်တိုက်စစ်ကစားသမားလေးဟာ အရန်ခုံက ထလာပြီး ၈၇ မိနစ်အရောက်မှာ ဘာစီလိုနာအတွက် အနိုင်ဂိုးကိုသွင်းပေးခဲ့တာပါ။ ဒီဂိုးသွင်းချိန်မှာ ဖာတီရဲ့အသက်က ၁၇ နှစ်နဲ့ ရက် ၄၀ ဖြစ်လို့ ၁၉၉၇ က အိုလံပီယာကော့စ်အတွက် ကွာရီသွင်းခဲ့တဲ့ ချန်ပီယံလိဂ်အသက်ငယ်ဆုံးဂိုးသွင်းသူစံချိန်ကို ချိုးနိုင်ခဲ့တာပါ။ အရင်စံချိန်က ၁၇ နှစ်နဲ့ ၁၉၄ ရက်ဖြစ်ပါတယ်။

photo-gettyimages

အဲဒီသွင်းဂိုးအကြောင်းကိုမေးတော့ ဖာတီက”ကျွန်တော်က ဆွာရက်ဇ်ဆီ ဘောလုံးပေးလိုက်ပြီး သူက ကျွန်တော့်ဆီ ပြန်ပေးခဲ့ပါတယ်။ အဲဒီနောက် ကျွန်တော်ဂိုးသွင်းလိုက်ချိန်မှာ တစ်ကွင်းလုံးတိတ်ဆိတ်သွားလို့ အံ့အားသင့်ခဲ့မိပါတယ်။ ငါဘာများလုပ်မိလို့လဲဆိုပြီးတော့တောင် စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် တကယ်ကို ပျော်ရွှင်ရပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဖာတီဟာ အခုရာသီအစောပိုင်းတုန်းကလည်း ဘာစီလိုနာအတွက် အသက်အငယ်ဆုံးလာလီဂါဂိုးသွင်းသူဆိုတဲ့စံချိန်ကို တင်နိုင်ခဲ့သေးတာပါ။

[Zawgyi]

သူ႔ရဲ႕စံခ်ိန္တင္ဂိုးသြင္းလိုက္ခ်ိန္မွာ ဆန္စီရိုတစ္ကြင္းလုံး တိတ္ဆိတ္သြားလို႔ တအံ့တၾသျဖစ္သြားတဲ့ ဖာတီ

မက္ဆီမပါသလုိ အမွတ္လိုအပ္ခ်က္္္မရွိေတာ့ေပမယ့္လည္း ဘာစီလိုနာဟာ ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲမွာ အင္တာကို ၂-၁ နဲ႔အႏိုင္ရေအာင္ ကစားသြားခဲ့ပါတယ္။ အဲဒီရလဒ္နဲ႔ အိမ္ရွင္အင္တာမီလန္ရဲ႕ေနာက္တစ္ဆင့္ေမွ်ာ္လင့္ခ်က္ေတြကို အဆုံးသတ္ေစခဲ့တာပါ။ ဒီႏိုင္ပြဲဟာ ပိုၿပီးခ်ိဳၿမိန္သြားခဲ့တာက ဘာစီလိုနာရဲ႕ဆယ္ေက်ာ္သက္တိုက္စစ္မႈးေလးျဖစ္တဲ့အန္ဆုဖာတီဟာ အႏိုင္ဂိုးနဲ႔အတူ ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆုံးဂိုးသြင္းသူျဖစ္လာခဲ့တာပါပဲ။

ဂူနီယာဘစ္ဆူးဖြား အဲဒီဆယ္ေက်္သက္တိုက္စစ္ကစားသမားေလးဟာ အရန္ခုံက ထလာၿပီး ၈၇ မိနစ္အေရာက္မွာ ဘာစီလိုနာအတြက္ အႏုိင္ဂိုးကိုသြင္းေပးခဲ့တာပါ။ ဒီဂိုးသြင္းခ်ိန္မွာ ဖာတီရဲ႕အသက္က ၁၇ ႏွစ္နဲ႔ ရက္ ၄၀ ျဖစ္လုိ႔ ၁၉၉၇ က အုိလံပီယာေကာ့စ္အတြက္ ကြာရီသြင္းခဲ့တဲ့ ခ်န္ပီယံလိဂ္အသက္ငယ္ဆုံးဂိုးသြင္းသူစံခ်ိန္ကို ခ်ိဳးႏိုင္ခဲ့တာပါ။ အရင္စံခ်ိန္က ၁၇ ႏွစ္နဲ႔ ၁၉၄ ရက္ျဖစ္ပါတယ္။

အဲဒီသြင္းဂိုးအေၾကာင္းကိုေမးေတာ့ ဖာတီက”ကၽြန္ေတာ္က ဆြာရက္ဇ္ဆီ ေဘာလုံးေပးလိုက္ၿပီး သူက ကၽြန္ေတာ့္ဆီ ျပန္ေပးခဲ့ပါတယ္။ အဲဒီေနာက္ ကၽြန္ေတာ္ဂိုးသြင္းလိုက္ခ်ိန္မွာ တစ္ကြင္းလုံးတိတ္ဆိတ္သြားလို႔ အံ့အားသင့္ခဲ့မိပါတယ္။ ငါဘာမ်ားလုပ္မိလို႔လဲဆိုၿပီးေတာ့ေတာင္ စဥ္းစားခဲ့တာပါ။ ဒါေပမဲ့ ကၽြန္ေတာ္ တကယ္ကို ေပ်ာ္ရႊင္ရပါတယ္”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ဖာတီဟာ အခုရာသီအေစာပိုင္းတုန္းကလည္း ဘာစီလိုနာအတြက္ အသက္အငယ္ဆုံးလာလီဂါဂိုးသြင္းသူဆုိတဲ့စံခ်ိန္ကို တင္ႏိုင္ခဲ့ေသးတာပါ။