သူဟာ မော်ရင်ဟိုရဲ့ကိုယ်ပွားဖြစ်အောင် ကြိုးစားမှာမဟုတ်ဘူးလို့ စပါးနဲ့ပွဲမတိုင်ခင် ပြောလိုက်တဲ့ လမ်းပတ်

photo-gettyimages

photo-gettyimages

သူဟာ ဆရာဟောင်းဖြစ်တဲ့မော်ရင်ဟိုရဲ့ကိုယ်ပွားဖြစ်အောင် ကြိုးစားမှာမဟုတ်ဘူးလို့ တနင်္ဂနွေနေ့ကစားမယ့် စပါးနဲ့လန်ဒန်ဒါဘီပွဲမတိုင်ခင် ချဲလ်ဆီးနည်းပြလမ်းပတ်က အခိုင်အမာပြောကြားလိုက်ပါတယ်။ လမ်းပတ်ဟာ သူ့ကို ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ယောက်ဖြစ်လာအောင် ကူညီပေးခဲ့တဲ့သူနဲ့ ပြန်လည်ဆုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

photo-gettyimages

လမ်းပတ်ရဲ့ဒါဘီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကာရာဘောင်းဖလားမှာ မော်ရင်ဟိုရဲ့မန်ယူကို နောက်ကောက်ချခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုပွဲက သူတို့ကြား ပထမဆုံးပရီးမီးယားလိဂ်တွေ့ဆုံမှု ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီကနဲ့ မတူညီတော့တဲ့ အသင်းကိုယ်စီနဲ့ ပြန်လည်ဆုံတွေ့မှုလည်း ဖြစ်ပါတယ်။ စပါးနည်းပြသစ်မော်ရင်ဟိုဆီကနေ လှုံ့ဆော်စရာတစ်ခုခုယူဖို့ ကြိုးစားနေသလားလို့ မေးမြန်းတော့ လမ်းပတ်က”တစ်ခုမှ မယူပါဘူး။ သူဟာ နည်းပြကောင်းတစ်ယောက်ပါ။ ကျွန်တော်ဟာ ကိုယ်ပွားဖြစ်ပေမယ့် ဘာတစ်ခုမှ ကြိုးစားမှာ မဟုတ်ဘူး”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

photo-gettyimages

ဒါ့အပြင် လမ်းပတ်က စပါးနဲ့ချဲလ်ဆီးတို့ရဲ့ပွဲဟာ သူနဲ့မော်ရင်ဟိုတို့ကြားက ပြိုင်ဆိုင်မှုမဟုတ်ဘဲ မြို့ခံပြိုင်ဘက်နှစ်သင်းကြားက ပြင်းထန်တဲ့ပြိုင်ဆိုင်မှုသာဖြစ်ကြောင်း အခိုင်အမာပြောခဲ့ပါတယ်။ “မော်ရင်ဟိုနဲ့ဆုံတွေ့ရလို့ ကျွန်တော် ပျော်ပါတယ်။ သူ့ရဲ့လက်အောက်မှာ ကစားသမားတစ်ယောက်အဖြစ် ကစားခဲ့ရပြီး ကျွန်တော့်ရဲ့ကစားသမားဘဝမှာ သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းကလည်း ကြီးမားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒါဘီနဲ့အတူ သူ့ကိုရင်ဆိုင်ခဲ့ရတာက ကျွန်တော့်အတွက် ကြီးကြီးမားမားဖြစ်ခဲ့ပါတယ်။ သူ့အတွက် ကျွန်တော်အမြဲတမ်းလေးစားမှုထားပါတယ်”လို့ လမ်းပတ်က ဆက်လက်ပြောကြားခဲ့တာပါ။

[Zawgyi]

သူဟာ ေမာ္ရင္ဟိုရဲ႕ကိုယ္ပြားျဖစ္ေအာင္ ႀကိဳးစားမွာမဟုတ္ဘူးလို႔ စပါးနဲ႔ပြဲမတိုင္ခင္ ေျပာလုိက္တဲ့ လမ္းပတ္

သူဟာ ဆရာေဟာင္းျဖစ္တဲ့ေမာ္ရင္ဟိုရဲ႕ကိုယ္ပြားျဖစ္ေအာင္ ႀကိဳးစားမွာမဟုတ္ဘူးလို႔ တနဂၤေႏြေန႔ကစားမယ့္ စပါးနဲ႔လန္ဒန္ဒါဘီပြဲမတိုင္ခင္ ခ်ဲလ္ဆီးနည္းျပလမ္းပတ္က အခိုင္အမာေျပာၾကားလိုက္ပါတယ္။ လမ္းပတ္ဟာ သူ႔ကို ကမာၻ႔အေကာင္းဆုံးကြင္းလယ္လူေတြထဲက တစ္ေယာက္ျဖစ္လာေအာင္ ကူညီေပးခဲ့တဲ့သူနဲ႔ ျပန္လည္ဆုံေတြ႕ေနရတာလည္း ျဖစ္ပါတယ္။

လမ္းပတ္ရဲ႕ဒါဘီဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ကာရာေဘာင္းဖလားမွာ ေမာ္ရင္ဟိုရဲ႕မန္ယူကို ေနာက္ေကာက္ခ်ခဲ့ဖူးပါတယ္။ ဒါေပမဲ့ အခုပြဲက သူတို႔ၾကား ပထမဆုံးပရီးမီးယားလိဂ္ေတြ႕ဆုံမႈ ျဖစ္ပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ရာသီကနဲ႔ မတူညီေတာ့တဲ့ အသင္းကိုယ္စီနဲ႔ ျပန္လည္ဆုံေတြ႕မႈလည္း ျဖစ္ပါတယ္။ စပါးနည္းျပသစ္ေမာ္ရင္ဟိုဆီကေန လႈံ႕ေဆာ္စရာတစ္ခုခုယူဖို႔ ႀကိဳးစားေနသလားလို႔ ေမးျမန္းေတာ့ လမ္းပတ္က”တစ္ခုမွ မယူပါဘူး။ သူဟာ နည္းျပေကာင္းတစ္ေယာက္ပါ။ ကၽြန္ေတာ္ဟာ ကုိယ္ပြားျဖစ္ေပမယ့္ ဘာတစ္ခုမွ ႀကိဳးစားမွာ မဟုတ္ဘူး”လုိ႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

ဒါ့အျပင္ လမ္းပတ္က စပါးနဲ႔ခ်ဲလ္ဆီးတို႔ရဲ႕ပြဲဟာ သူနဲ႔ေမာ္ရင္ဟိုတို႔ၾကားက ၿပိဳင္ဆိုင္မႈမဟုတ္ဘဲ ၿမိဳ႕ခံၿပိဳင္ဘက္ႏွစ္သင္းၾကားက ျပင္းထန္တဲ့ၿပိဳင္ဆိုင္မႈသာျဖစ္ေၾကာင္း အခုိင္အမာေျပာခဲ့ပါတယ္။ “ေမာ္ရင္ဟိုနဲ႔ဆုံေတြ႕ရလို႔ ကၽြန္ေတာ္ ေပ်ာ္ပါတယ္။ သူ႔ရဲ႕လက္ေအာက္မွာ ကစားသမားတစ္ေယာက္အျဖစ္ ကစားခဲ့ရၿပီး ကၽြန္ေတာ့္ရဲ႕ကစားသမားဘ၀မွာ သူ႔ရဲ႕လႊမ္းမိုးႏိုင္စြမ္းကလည္း ႀကီးမားခဲ့ပါတယ္။ ၿပီးခဲ့တ့ဲႏွစ္က ဒါဘီနဲ႔အတူ သူ႔ကိုရင္ဆိုင္ခဲ့ရတာက ကၽြန္ေတာ့္အတြက္ ႀကီးႀကီးမားမားျဖစ္ခဲ့ပါတယ္။ သူ႔အတြက္ ကၽြန္ေတာ္အၿမဲတမ္းေလးစားမႈထားပါတယ္”လို႔ လမ္းပတ္က ဆက္လက္ေျပာၾကားခဲ့တာပါ။