သရဲနီသားတို့အတွက် ချီးကျူးခန်းဖွင့်လိုက်တဲ့ ဆိုးလ်ရှားနဲ့ ဒီဂီယာ

photo internet
photo internet

စပါးအသင်းနဲ့ပြိုင်ပွဲအပြီးမှာ မန်ယူကစားသမားအများစု ချီးကျူးခန်းဖွင့်ခံနေရပါတယ်။ အခုလည်း နည်းပြဆိုးလ်ရှားနဲ့ဒီဂီယာတို့က မန်စီးတီးနဲ့ကစားရမယ့် ပွဲမတိုင်မီ အသင်းကသူတွေအကြောင်း ပြောလာပါတယ်။ နည်းပြဆိုးလ်ရှားက ဖရဒ်ရဲ့တိုးတက်လာတဲ့အနေအထားကို ချီးမွမ်းလာပါတယ်။ ဖရဒ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အနေအထားသိပ်မကောင်းတာမို့ ရိုးမားကို အငှားချခံရဖို့ နီးစပ်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။

photo internet

ဒါပေမယ့်လည်း နည်းပြဆိုးလ်ရှားဟာ ဘရာဇီးလ်သားကို ဆက်လက်ထိန်းထားခဲ့ပါတယ်။ ရာသီအစပိုင်းမှာ ဖရဒ်ဟာ မင်္ဂလာဆောင်ကိစ္စတွေကြောင့် မန်ယူနဲ့နည်းနည်းဝေးကွာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသင်းမှာအမြဲလိုလိုပါဝင်လာခဲ့ပါတယ်။ စပါးကိုနိုင်တဲ့အောင်ပွဲညမှာတော့ ဖရဒ်ရဲ့ခြေစွမ်းကို အားလုံးကကျေနပ်လာခဲ့ကြပါတယ်။ ဖရဒ်ဟာ စပါးနဲ့ပွဲစဉ်မှာ ဘောလုံးထိချက်အများဆုံး၊ပြိုင်ဘက် အခြမ်းဆီကိုဘောလုံးပေးပို့မှုအများဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့သူပါ။ ဒါ့အပြင် ကြားဖြတ်တားဆီးတာ၊ ဘောလုံးလုတာတွေမှာလည်း ကောင်းမွန်တဲ့အနေအထားရှိပါတယ်။

photo internet

“ဖရဒ်က အလုပ်ကြိုးစားတဲ့သူတစ်ယောက်ပါ။ တော်မနေးနဲ့လည်း အချိတ်အဆက်ကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။ တော်မနေးက ကွင်းလယ်အတွက် ကောင်းကောင်းကစားပေးနိုင်သလို၊ ဖရဒ်ကလည်း ဦးဆောင်တဲ့နေရာမှာတော်ပါ တယ်။ စပါးနဲ့ပွဲမှာ ဖရဒ်ကစားတာ သိပ်ကောင်းပါတယ်။ သူဟန့်တား တဲ့အပိုင်းမှာလည်း သိပ်တော်ပါတယ်”လို့နည်းပြဆိုးလ်ရှားကဆိုပါတယ်။ ဖရဒ်ဟာ ဒီရာသီမှာ မန်ယူအတွက် ပရီးမီးယားလိဂ် ၈ပွဲအထိ ပွဲထွက်ကစားပေးထားနိုင်ခဲ့ပါတယ်။

photo internet

မန်ယူဂိုးသမား ဒေးဗစ်ဒီဂီယာကလည်း မန်စီးတီးအနေနဲ့မမျှော်လင့်တဲ့ရလဒ်တွေရသွားနိုင်တယ်လို့ ကြုံးဝါးထားပါတယ်။ ဒီဂီယာချီးကျူးတာကတော့ မားကပ်စ်ရှရ်ဖို့ဒ်ပါ။ “စပါးနဲ့နိုင်ပွဲကကျွန်တော်တို့အတွက် အရေးပါပါတယ်။ နိုင်ပွဲတွေဆက်ထိန်းနိုင်မလားဆိုတာစောင့်ကြည့်ရပါမယ်။ မားကပ်စ်က ပုံစံကောင်းပြထားနိင်သလို ဆက်ထိန်းသိမ်းထားနိင်ပါတယ်။ သူကတကယ့်ကောင်းတဲ့ အဆုံးသတ်ကစားသမား တစ်ယောက်ပါ။ မန်ယူဟာ အခုရာသီမှာ နိင်ပွဲငါးပွဲသာရရှိထားပေမယ့် နိင်ထားတဲ့အသင်းတွေက ချဲလ်ဆီး၊ စပါး၊ လက်စတာ တို့ဖြစ်ပြီး လီဗာပူလ်းနဲ့ အာဆင်နယ်ကိုလည်း သရေကစားထားနိင်ပါတယ်။ မန်ချက်စတာဒါဘီနဲ့ပွဲမှာ မန်ယူဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ရအောင်ပါ။

photo internet

(Zawgyi Version)

သရဲနီသားတို႔အတြက္ ခ်ီးက်ဴးခန္းဖြင့္လိုက္တဲ့ ဆိုးလ္ရွားနဲ႔ ဒီဂီယာ

စပါးအသင္းနဲ႔ၿပိဳင္ပြဲအၿပီးမွာ မန္ယူကစားသမားအမ်ားစု ခ်ီးက်ဴးခန္းဖြင့္ခံေနရပါတယ္။ အခုလည္း နည္းျပဆိုးလ္ရွားနဲ႔ဒီဂီယာတို႔က မန္စီးတီးနဲ႔ကစားရမယ့္ ပြဲမတိုင္မီ အသင္းကသူေတြအေၾကာင္း ေျပာလာပါတယ္။ နည္းျပဆိုးလ္ရွားက ဖရဒ္ရဲ႕တိုးတက္လာတဲ့အေနအထားကို ခ်ီးမြမ္းလာပါတယ္။ ဖရဒ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက အေနအထားသိပ္မေကာင္းတာမို႔ ရိုးမားကို အငွားခ်ခံရဖို႔ နီးစပ္တဲ့ အေနအထားျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္လည္း နည္းျပဆိုးလ္ရွားဟာ ဘရာဇီးလ္သားကို ဆက္လက္ထိန္းထားခဲ့ပါတယ္။ ရာသီအစပိုင္းမွာ ဖရဒ္ဟာ မဂၤလာေဆာင္ကိစၥေတြေၾကာင့္ မန္ယူနဲ႔နည္းနည္းေ၀းကြာခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အသင္းမွာအၿမဲလိုလိုပါ၀င္လာခဲ့ပါတယ္။ စပါးကိုႏိုင္တဲ့ေအာင္ပြဲညမွာေတာ့ ဖရဒ္ရဲ႕ေျခစြမ္းကို အားလုံးကေက်နပ္လာခဲ့ၾကပါတယ္။ ဖရဒ္ဟာ စပါးနဲ႔ပြဲစဥ္မွာ ေဘာလုံးထိခ်က္အမ်ားဆုံး၊ၿပိဳင္ဘက္ အျခမ္းဆီကိုေဘာလုံးေပးပို႔မႈအမ်ားဆုံးလုပ္ေဆာင္ႏိုင္ခဲ့တဲ့သူပါ။ ဒါ့အျပင္ ၾကားျဖတ္တားဆီးတာ၊ ေဘာလုံးလုတာေတြမွာလည္း ေကာင္းမြန္တဲ့အေနအထားရိွပါတယ္။

“ဖရဒ္က အလုပ္ႀကိဳးစားတဲ့သူတစ္ေယာက္ပါ။ ေတာ္မေနးနဲ႔လည္း အခ်ိတ္အဆက္ေကာင္းတဲ့ ကစားသမားျဖစ္ပါတယ္။ ေတာ္မေနးက ကြင္းလယ္အတြက္ ေကာင္းေကာင္းကစားေပးႏိုင္သလို၊ ဖရဒ္ကလည္း ဦးေဆာင္တဲ့ေနရာမွာေတာ္ပါတယ္။ စပါးနဲ႔ပြဲမွာ ဖရဒ္ကစားတာ သိပ္ေကာင္းပါတယ္။ သူဟန္႔တား တဲ့အပိုင္းမွာလည္း သိပ္ေတာ္ပါတယ္”လို႔နည္းျပဆိုးလ္ရွားကဆိုပါတယ္။ ဖရဒ္ဟာ ဒီရာသီမွာ မန္ယူအတြက္ ပရီးမီးယားလိဂ္ ၈ပြဲအထိ ပြဲထြက္ကစားေပးထားႏိုင္ခဲ့ပါတယ္။

မန္ယူဂိုးသမား ေဒးဗစ္ဒီဂီယာကလည္း မန္စီးတီးအေနနဲ႔မေမွ်ာ္လင့္တဲ့ရလဒ္ေတြရသြားႏိုင္တယ္လို႔ ႀကံဳး၀ါးထားပါတယ္။ ဒီဂီယာခ်ီးက်ဴးတာကေတာ့ မားကပ္စ္ရွရ္ဖို႔ဒ္ပါ။ “စပါးနဲ႔ႏိုင္ပြဲကကၽြန္ေတာ္တို႔အတြက္ အေရးပါပါတယ္။ ႏိုင္ပြဲေတြဆက္ထိန္းႏိုင္မလားဆုိတာေစာင့္ၾကည့္ရပါမယ္။ မားကပ္စ္က ပုံစံေကာင္းျပထားနိင္သလို ဆက္ထိန္းသိမ္းထားနိင္ပါတယ္။ သူကတကယ့္ေကာင္းတဲ့ အဆုံးသတ္ကစားသမား တစ္ေယာက္ပါ။ မန္ယူဟာ အခုရာသီမွာ နိင္ပြဲငါးပြဲသာရရွိထားေပမယ့္ နိင္ထားတဲ့အသင္းေတြက ခ်ဲလ္ဆီး၊ စပါး၊ လက္စတာ တို႔ျဖစ္ၿပီး လီဗာပူလ္းနဲ႔ အာဆင္နယ္ကိုလည္း သေရကစားထားနိင္ပါတယ္။ မန္ခ်က္စတာဒါဘီနဲ႔ပြဲမွာ မန္ယူဘယ္လုိျဖစ္မလဲဆုိတာ ေစာင့္ၾကည့္ရေအာင္ပါ။