သရဲနီစစ်စစ်တွေပြောတဲ့ မန်ယူအကြောင်း

photo internet

ပရိသတ်အားပေးမှုများတဲ့ မန်ယူအသင်းဟာ အခုရာသီမှာလည်း ထင်သလောက်ခရီးမပေါက်ဖြစ်နေပါတယ်။ ပရိသတ်တွေကတော့ ဘယ်လိုအနေအထားပဲဖြစ်ဖြစ် မန်ယူကိုဆက်လက်အားပေးနေကြဆဲပါ။ မနေ့က စပါးနဲ့ပွဲမှာတော့ အခြေအနေကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဘယ်ပုံဘယ်နည်းနဲ့မန်ယူခရီးဆက်သင့်တယ်ဆိုတာ ကိုတော့ ပရိသတ်တွေကပြောဆိုကြသလို၊ မန်ယူနဲ့ရင်းနှီးတဲ့ပတ်သက်မှုတွေရှိခဲ့တဲ့ သရဲနီစစ်စစ်တွေကလည်း ဝေဖန်အကြံပြုနေကြပါတယ်။ ဂိုးသမားဒေးဗစ်ဒီဂီယာကတော့ အခုရာသီမှာ မန်ယူအသင်း စွမ်းဆောင်ရည် တည်ငြိမ်မှုမရှိရတာဟာ လူစာရင်းမှာ အရည်အသွေးမမီတာကြောင့် ဖြစ်နိုင်ကြောင်း ပြောဆိုပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲမှာ နိုင်ပွဲရရှိဖို့ အနေအထားတွေရှိပေမယ့် မက်ဘာနေးရဲ့ နောက်ကျချေပဂိုးကြောင့် တစ်ဖက်သုံးဂိုးစီ သရေရလဒ်နဲ့ပဲကျေနပ်ခဲ့ရပါတယ်။

photo internet

“အသင်းရဲ့အနေအထားမမှန်လို့သာ ရလဒ်ဆိုးတွေဖြစ်နေတာပါ။ အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီရာသီဟာ မန်ယူအတွက် အဆိုးရွားဆုံးရာသီတွေထဲကတစ်ခု ဖြစ်လာနိုင်ပါတယ်။ လုံလောက်တဲ့အရည်အသွေးတွေ အသင်းမှာမရှိပါဘူး။ ရှက်ဖီးလ်နဲ့ပွဲကိုပဲကြည့်ပါ။ ထိပ်ဆုံးကို ရောက်ဖို့ဆိုရင် လေးပွဲဆက်နိုင်ပွဲတွေ၊ ငါးပွဲဆက်နိုင်ပွဲတွေရဖို့ ကျွန်တော်တို့ လိုအပ်နေပါတယ်။”လို့ ဒီဂီယာ ကပြောပါတယ်။“အသင်းအတွက် ကျွန်တော်တို့ အားလုံးပေးဆပ်ထားပါတယ်။ ဒါပေမယ့် ကစားပုံမကောင်းဘူးဖြစ်နေပါတယ်။ အားထုတ်မှုနည်းတာတော့ မဟုတ်ပါဘူး။ ဒီထက်ပိုကောင်းအောင်လုပ်ရမှာပါ။ လေ့ကျင့်ရေးကွင်းမှာ အသားကုန်ကြိုးစားနေကြပေမယ့်လည်း လက်တွေ့မှာ ခြေစွမ်းမကောင်းဖြစ်နေပါတယ်။ မြက်ခင်းစိမ်းပေါ်မှာ ပြင်းထန်တဲ့စိတ်ဓာတ်အားမရှိတာတော့ မဟုတ်ပါဘူး။ မန်ယူမှာကျွန်တော်ရှိနေတာကြာပါပြီး၊ မန်ယူဟာကျွန်တော့်အိမ်လိုပါပဲ၊နောက်ထပ်လည်း အချိန်အကြာကြီးမန်ယူမှာဆက်ရှိနေမှာပါ။ ဒီမှာသူငယ်ချင်းတွေအများကြီးပါပဲ။ ဒီမှာနေရတာပျော် ပါတယ်။ စပိန်ကိုပြန်ဖို့ အချိန်တွေလိုပါသေးတယ်။ ကျွန်တော်တို့ကြိုးစားနေတဲ့အတွက် အောင်မြင်မှုတွေရမယ်လို့တော့ ထင်ပါတယ်”လို့ ဒီဂီယာက ဆိုပါတယ်။

photo internet

မန်ယူရဲ့ ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်းဖြစ်သူ ပေါစခိုလ်းကလည်း ဆိုးလ်ရှားအနေနဲ့ မန်ယူရဲ့စွမ်းဆောင်ရည်ဟာ လုံလောက်မှုမရှိဘူးဆိုတာ သိရှိရမှာ ဖြစ်ပြီး မြန်မြန်ဆန်ဆန် ပြင်ဆင်သွားဖို့လိုကြောင်း သုံးသပ်ပြောဆိုလာပါတယ်။ မန်ယူဟာ ပရီမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၉ မှာသာ ရပ်တည်နိုင်ခဲ့သလို လီဗာပူးအသင်းထက်လည်း ၂၂ မှတ်လျော့သွားခဲ့ပါတယ်။ ဒီရာသီ မှာ၂၁ ပွဲကစားခဲ့ပြီး ၈ ပွဲသာ နိုင်ပွဲရထားတာကြောင့် နည်းပြဆိုလ်းရှားရဲ့ထိုင်ခုံကတော့ လှုပ်စပြုနေပါပြီ။
“မန်ယူမှာလုံလောက်တဲ့ကောင်းမွန်မှုတွေမရှိဘူးဖြစ်နေပါတယ်။ အသင်းက တာဝန်ရှိသူတွေ ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေအနေနဲ့ ဒီလိုအနေအထားကို လက်ခံနိုင်စရာ မရှိပါဘူး။ ကလော့ပ် လီဗာပူးလ်ကို ရောက်တဲ့အချိန် ပထမ ၁ နှစ် ၂ နှစ်မှာပဲ အသင်းကိုတည်ဆောက်ခဲ့တယ်လို့ ခံစားရနိုင်ပါတယ်။ ဆိုလ်းရှားအနေနဲ့လည်း အသင်းတည်ထောင်နေတဲ့အချိန် ရလဒ်ကောင်းတွေပြပေးနိုင်ရပါမယ်။ ပွဲတိုင်းမှာ မကောင်းတဲ့ရလဒ်တွေ မထွက်ပေါ်ဖို့လိုပါတယ်။ မန်ယူမှာ ကျွန်တော်လိုချင်တဲ့အနေအထားတွေမမြင်ရသေးပါဘူး။ ဒါပေမယ့် နောက် အပြောင်းအရွှေ့ ၃ ၊ ၄ ခုလောက်မှာ အသင်းအနေနဲ့ပြောင်းလဲတာတွေဖြစ်နိုင်တယ်လို့ မျှော်လင့်ပါတယ်”လို့ ပေါစခိုလ်းက ပြောပါတယ်။

photo internet

မန်ယူဟာ ဒီရာသီ အဆင့် (၄) ချယ်ဆီးအသင်းရဲ့ ၈မှတ်လျော့အနေအထားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို မရဖို့ အနေအထားရှိနေပါတယ်။ ပေါစခိုးလ်က အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ” အချိန်တိုင်းမှာ ထိပ်ဆုံး ၄ သင်းက မန်ယူထက် ကောင်းမွန်စွာလုပ်ဆောင်နေကြပါတယ်။ မန်ယူကတော့ပိုကောင်းအောင်ဆက်လုပ်ဖို့ပါပဲ။ ရမှတ်ကောင်းပြီး ဇယားထိပ်ပိုင်းကိုရောက်ဖို့က အမြန်ဆုံးပြောင်းလဲမှုတွေနဲ့ပိုကောင်းအောင်ဆက်သွားဖို့ပါပဲ”လို့ ပေါစခိုးလ်က ပြောပါတယ်။

photo internet

မော်ရင်ဟိုတစ်ယောက်မန်ယူမှာရှိတုန်းကအမှားတွေလုပ်ခဲ့ကြောင်း မန်ယူရဲ့နာမည်ကြီးနောက်ခံကစားသမား ရီယိုဖာဒီနန်က ပြောဆိုလာပါတယ်။ ဒါကြောင့် အခုနည်းပြ ဆိုးလ်ရှားလည်း မော်ရင်ဟိုလိုအမှားတွေ ဆက်မလုပ်ဖို့လိုပါတယ်။ မော်ရင်ဟိုလက်ထက်မှာမန်ယူအနေနဲ့ ကရာဘောင်းဖလားနဲ့ ယူရိုပါဖလားတွေရခဲ့ပါတယ်။ ဒါပေမယ့် ထွက်ခါနီးအချိန်မှာ မန်ယူအတွက်အဆိုးမြင် ခံစားချက်တွေဖြစ်စေခဲ့တယ်လို့ ဖာဒီနန်ကဆိုပါတယ်။ ”သူက မကောင်းသတင်းကျော်စောမှုနဲ့ ရောက်လာတာပါ။ ကျွန်တော် မော်ရင်ဟိုကို စတွေ့တုန်းက သူဟာ ပြိုင်ဖက်အသင်းမှာပါ။ ဒါပေမယ့် သူ့ကို တီဗီမှာ ကြည့်ရတာ သဘောကျပါတယ်။ သတင်းစာ ရှင်းလင်းပွဲလုပ်ရင် လူတွေက စောင့်ကြည့်ရတဲ့ အထိ သူကအောင်မြင်ခဲ့ပါတယ်။ သူကပွဲမှာစကားပြောရင် ဖြတ်ထိုးဉာဏ်အပြည့်နဲ့ ပြောတတ်တာကြောင့် လူတွေက ကြိုက်ကြပါတယ်။ သူကတက်ကြွပြီး ဟာသဉာဏ်ရှိတဲ့သူပါ။ ဒါပေမယ့် မန်ယူမှာသူအနေအထားတွေ မမှန်ခဲ့ပါဘူး။ အမြဲစိတ်တိုနေပြီး၊ တက်ကြွမှုတွေမရှိသလိုပါပဲ။ မန်ယူကနေထွက်ခါနီးသူလုပ်ခဲ့တာတွေဟာ အဆိုးမြင်တဲ့သဘောသက်ရောက်နေတယ်လို့ကျွန်တော်ထင်ပါတယ်”ဆိုပြီး ဖာဒီနန်ကပြောပါတယ်။ မော်ရင်ဟိုဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ မန်ယူကနေ ထွက်ခွာခဲ့ပြီး သူ့နေရာမှာ ဆိုးရှားက တာဝန်ယူခဲ့တာပါ။ အခုတော့ ဆိုးလ်ရှားလည်း ထွက်ခွာရနိုင်ခြေတွေရှိနေပါတယ်။ မန်ယူအတွက် အောင်မြင်မှုတွေဖန်တီးပေးနိုင်မယ့် သေချာတဲ့လမ်းညွှန်မှုတွေလိုအပ်နေတာကတော့ အမှန်အကန်ပါပဲ။ မန်ယူရဲ့ရှေ့ခရီးအတွက် ပရိသတ်တွေကတော့ အားမလျော့စတမ်းအားပေးနေကြဆဲပါ။

photo internet

(Zawgyi Version)

သရဲနီစစ္စစ္ေတြေျပာတဲ့ မန္ယူအေၾကာင္း

ပရိသတ္အားေပးမႈမ်ားတဲ့ မန္ယူအသင္းဟာ အခုရာသီမွာလည္း ထင္သေလာက္ခရီးမေပါက္ျဖစ္ေနပါတယ္။ ပရိသတ္ေတြကေတာ့ ဘယ္လုိအေနအထားပဲျဖစ္ျဖစ္ မန္ယူကိုဆက္လက္အားေပးေနၾကဆဲပါ။ မေန႔က စပါးနဲ႔ပြဲမွာေတာ့ အေျခအေနေကာင္းခဲ့ပါတယ္။ ဒါေပမယ့္ ဘယ္ပုံဘယ္နည္းနဲ႔မန္ယူခရီးဆက္သင့္တယ္ဆိုတာ ကိုေတာ့ ပရိသတ္ေတြကေျပာဆုိၾကသလုိ၊ မန္ယူနဲ႔ရင္းႏွီးတဲ့ပတ္သက္မႈေတြရိွခဲ့တဲ့ သရဲနီစစ္စစ္ေတြကလည္း ေ၀ဖန္အႀကံျပဳေနၾကပါတယ္။
ဂိုးသမားေဒးဗစ္ဒီဂီယာကေတာ့ အခုရာသီမွာ မန္ယူအသင္း စြမ္းေဆာင္ရည္ တည္ၿငိမ္မႈမရိွရတာဟာ လူစာရင္းမွာ အရည္အေသြးမမီတာေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ေျပာဆိုပါတယ္။ မန္ယူဟာ ၿပီးခဲ့တဲ့တစ္ပတ္က ကစားခဲ့တဲ့ ရွက္ဖီးလ္ယူႏိုက္တက္နဲ႔ပြဲမွာ ႏိုင္ပြဲရရွိဖို႔ အေနအထားေတြရိွေပမယ့္ မက္ဘာေနးရဲ႕ ေနာက္က်ေခ်ပဂိုးေၾကာင့္ တစ္ဖက္သုံးဂိုးစီ သေရရလဒ္နဲ႔ပဲေက်နပ္ခဲ့ရပါတယ္။

“အသင္းရဲ႕အေနအထားမမွန္လို႔သာ ရလဒ္ဆိုးေတြျဖစ္ေနတာပါ။ အမွန္အတိုင္းေျပာရမယ္ဆိုရင္ ဒီရာသီဟာ မန္ယူအတြက္ အဆိုး႐ြားဆုံးရာသီေတြထဲကတစ္ခု ျဖစ္လာႏိုင္ပါတယ္။ လုံေလာက္တဲ့အရည္အေသြးေတြ အသင္းမွာမရိွပါဘူး။ ရွက္ဖီးလ္နဲ႔ပြဲကုိပဲၾကည့္ပါ။ ထိပ္ဆုံးကို ေရာက္ဖို႔ဆိုရင္ ေလးပြဲဆက္ႏိုင္ပြဲေတြ၊ ငါးပြဲဆက္ႏိုင္ပြဲေတြရဖို႔ ကြၽန္ေတာ္တို႔ လိုအပ္ေနပါတယ္။”လို႔ ဒီဂီယာ ကေျပာပါတယ္။
“အသင္းအတြက္ ကၽြန္ေတာ္တို႔ အားလုံးေပးဆပ္ထားပါတယ္။ ဒါေပမယ့္ ကစားပုံမေကာင္းဘူးျဖစ္ေနပါတယ္။ အားထုတ္မႈနည္းတာေတာ့မဟုတ္ပါဘူး။ ဒီထက္ပိုေကာင္းေအာင္လုပ္ရမွာပါ။ ေလ့က်င့္ေရးကြင္းမွာ အသားကုန္ႀကိဳးစားေနၾကေပမယ့္လည္း လက္ေတြ႕မွာ ေျခစြမ္းမေကာင္းျဖစ္ေနပါတယ္။ ျမက္ခင္းစိမ္းေပၚမွာ ျပင္းထန္တဲ့စိတ္ဓာတ္အားမရိွတာေတာ့မဟုတ္ပါဘူး။ မန္ယူမွာကၽြန္ေတာ္ရိွေနတာၾကာပါၿပီး၊ မန္ယူဟာကၽြန္ေတာ့္အိမ္လုိပါပဲ၊ေနာက္ထပ္လည္း အခ်ိန္အၾကာႀကီးမန္ယူမွာဆက္ရိွေနမွာပါ။ ဒီမွာသူငယ္ခ်င္းေတြအမ်ားႀကီးပါပဲ။ ဒီမွာေနရတာေပ်ာ္ပါတယ္။ စပိန္ကိုျပန္ဖို႔ အခ်ိန္ေတြလုိပါေသးတယ္။ ကၽြန္ေတာ္တို႔ႀကိဳးစားေနတဲ့အတြက္ ေအာင္ျမင္မႈေတြရမယ္လို႔ေတာ့ထင္ပါတယ္”လို႔ ဒီဂီယာက ဆိုပါတယ္။

မန္ယူရဲ႕ ဂႏၱ၀င္ကြင္းလယ္ကစားသမားေဟာင္းျဖစ္သူ ေပါစခုိလ္းကလည္း ဆိုးလ္ရွားအေနနဲ႔ မန္ယူရဲ႕စြမ္းေဆာင္ရည္ဟာ လုံေလာက္မႈမရွိဘူးဆုိတာ သိရွိရမွာ ျဖစ္ၿပီး ျမန္ျမန္ဆန္ဆန္ျပင္ဆင္သြားဖို႔လုိေၾကာင္း သုုံးသပ္ေျပာဆိုလာပါတယ္။ မန္ယူဟာ ပရီမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၉ မွာသာ ရပ္တည္ႏုိင္ခဲ့သလုိ လီဗာပူးအသင္းထက္လည္း ၂၂ မွတ္ေလ်ာ့သြားခဲ့ပါတယ္။ ဒီရာသီ မွာ၂၁ ပဲြကစားခဲ့ၿပီး ၈ ပြဲသာ ႏုိင္ပြဲရထားတာေၾကာင့္ နည္းျပဆိုလး္ရွားရဲ႕ထိုင္ခုံကေတာ့ လႈပ္စျပဳေနပါၿပီ။
“မန္ယူမွာလုံေလာက္တဲ့ေကာင္းမြန္မႈေတြမရိွဘူးျဖစ္ေနပါတယ္။ အသင္းက တာ၀န္ရွိသူေတြ ၊ ၀န္ထမ္းေတြနဲ႔ ပရိသတ္ေတြအေနနဲ႔ ဒီလုိအေနအထားကို လက္ခံႏိုင္စရာ မရိွပါဘူး။ ကေလာ့ပ္ လီဗာပူးလ္ကုိ ေရာက္တဲ့အခ်ိန္ ပထမ ၁ ႏွစ္ ၂ ႏွစ္မွာပဲ အသင္းကုိတည္ေဆာက္ခဲ့တယ္လုိ႔ ခံစားရႏိုင္ပါတယ္။ ဆိုလ္းရွားအေနနဲ႔လည္း အသင္းတည္ေထာင္ေနတဲ့အခ်ိန္ ရလဒ္ေကာင္းေတြျပေပးႏိုင္ရပါမယ္။ ပြဲတုိင္းမွာ မေကာင္းတဲ့ရလဒ္ေတြ မထြက္ေပၚဖို႔လိုပါတယ္။ မန္ယူမွာ ကၽြန္ေတာ္လုိခ်င္တဲ့အေနအထားေတြမျမင္ရေသးပါဘူး။ ဒါေပမယ့္ ေနာက္ အေျပာင္းအေရႊ႕ ၃ ၊ ၄ ခုေလာက္မွာ အသင္းအေနနဲ႔ေျပာင္းလဲတာေတြျဖစ္ႏိုင္တယ္လို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေပါစခိုလ္းက ေျပာပါတယ္။

မန္ယူဟာ ဒီရာသီ အဆင့္ (၄) ခ်ယ္ဆီးအသင္းရဲ႕ ၈မွတ္ေလ်ာ့႔အေနအထားနဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္ကုိ မရဖို႔ အေနအထားရိွေနပါတယ္။ ေပါစခုိးလ္က အဲဒီအေျခအေနနဲ႔ပတ္သက္ၿပီး ” အခ်ိန္တိုင္းမွာ ထိပ္ဆုံး ၄ သင္းက မန္ယူထက္ ေကာင္းမြန္စြာလုပ္ေဆာင္ေနၾကပါတယ္။ မန္ယူကေတာ့ပိုေကာင္းေအာင္ဆက္လုပ္ဖို႔ပါပဲ။ ရမွတ္ေကာင္းၿပီး ဇယားထိပ္ပိုင္းကိုေရာက္ဖို႔က အျမန္ဆုံးေျပာင္းလဲမႈေတြနဲ႔ပိုေကာင္းေအာင္ဆက္သြားဖို႔ပါပဲ”လို႔ ေပါစခိုးလ္က ေျပာပါတယ္။

ေမာ္ရင္ဟုိတစ္ေယာက္မန္ယူမွာရိွတုန္းကအမွားေတြလုပ္ခဲ့ေၾကာင္း မန္ယူရဲ႕နာမည္ႀကီးေနာက္ခံကစားသမား ရီယုိဖာဒီနန္က ေျပာဆိုလာပါတယ္။ ဒါေၾကာင့္ အခုနည္းျပ ဆိုးလ္ရွားလည္း ေမာ္ရင္ဟိုလုိအမွားေတြ ဆက္မလုပ္ဖို႔လိုပါတယ္။ ေမာ္ရင္ဟုိလက္ထက္မွာမန္ယူအေနနဲ႔ ကရာေဘာင္းဖလားနဲ႔ ယူရိုပါဖလားေတြရခဲ့ပါတယ္။ ဒါေပမယ့္ ထြက္ခါနီးအခ်ိန္မွာ မန္ယူအတြက္အဆိုးျမင္ ခံစားခ်က္ေတြျဖစ္ေစခဲ့တယ္လို႔ ဖာဒီနန္ကဆုိပါတယ္။ ”သူက မေကာင္းသတင္းေက်ာ္ေစာမႈနဲ႔ ေရာက္လာတာပါ။ ကၽြန္ေတာ္ ေမာ္ရင္ဟုိကုိ စေတြ႕တုန္းက သူဟာ ၿပဳိင္ဖက္အသင္းမွာပါ။ ဒါေပမယ့္ သူ႔ကုိ တီဗီမွာ ၾကည့္ရတာ သေဘာက်ပါတယ္။ သတင္းစာ ရွင္းလင္းပြဲလုပ္ရင္ လူေတြက ေစာင့္ၾကည့္ရတဲ့ အထိ သူကေအာင္ျမင္ခဲ့ပါတယ္။ သူကပြဲမွာစကားေျပာရင္ ျဖတ္ထုိးဥာဏ္အျပည့္နဲ႔ ေျပာတတ္တာေၾကာင့္ လူေတြက ႀကိဳက္ၾကပါတယ္။ သူကတက္ၾကြၿပီး ဟာသဥာဏ္ရိွတဲ့သူပါ။ ဒါေပမယ့္ မန္ယူမွာသူအေနအထားေတြ မမွန္ခဲ့ပါဘူး။ အၿမဲစိတ္တိုေနၿပီး၊ တက္ႀကြမႈေတြမရိွသလုိပါပဲ။ မန္ယူကေနထြက္ခါနီးသူလုပ္ခဲ့တာေတြဟာ အဆိုးျမင္တဲ့သေဘာသက္ေရာက္ေနတယ္လုိ႔ကၽြန္ေတာ္ထင္ပါတယ္”ဆိုၿပီး ဖာဒီနန္ကေျပာပါတယ္။
ေမာ္ရင္ဟုိဟာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလမွာ မန္ယူကေန ထြက္ခြာခဲ့ၿပီး သူ႔ေနရာမွာ ဆုိးရွားက တာ၀န္ယူခဲ့တာပါ။ အခုေတာ့ ဆိုးလ္ရွားလည္း ထြက္ခြာရႏိုင္ေျခေတြရိွေနပါတယ္။ မန္ယူအတြက္ ေအာင္ျမင္မႈေတြဖန္တီးေပးႏိုင္မယ့္ ေသခ်ာတဲ့လမ္းညႊန္မႈေတြလိုအပ္ေနတာကေတာ့ အမွန္အကန္ပါပဲ။ မန္ယူရဲ႕ေရွ႕ခရီးအတြက္ ပရိသတ္ေတြကေတာ့ အားမေလ်ာ့စတမ္းအားေပးေနၾကဆဲပါ။