ဝုဗ်နဲ့ပွဲဟာ ဂွါဒီယိုလာရဲ့နည်းပြသက်တမ်းမှာ ဘောလုံးပိုင်ဆိုင်မှုအနည်းဆုံးအဖြစ် မှတ်တမ်းဝင်

photo-sport bible

photo-gettyimages

ဝုဗ်ဟာ မန်စီးတီးရဲ့ချန်ပီယံမျှော်လင့်ချက်ကို အဆုံးသတ်လုနီးပါးဖြစ်အောင် ပြုလုပ်နိုင်ခဲ့ရုံတင်မဟုတ်ဘဲ ဂွါဒီယိုလာရဲ့နည်းပြသက်တမ်းတစ်လျှောက်မှာ ဘောလုံးပိုင်ဆိုင်မှုအနည်းဆုံးပွဲအဖြစ် မှတ်တမ်းဝင်အောင် လုပ်နိုင်ခဲ့ပါတယ်။ သောကြာညပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ မန်စီးတီးဟာ တစ်ယောက်လျော့ကနေ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ၃ ဂိုးပြန်ပေးလိုက်ရပြီး ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

photo-gettyimages

ပွဲအစ ၁၂ မိနစ်ကတည်းက ဂိုးသမားအီဒါဆန် အနီကတ်နဲ့ အထုတ်ခံလိုက်ရပေမယ့် ဒုတိယပိုင်းရောက်တဲ့အချိန်အထိ မန်စီးတီးဟာ အိမ်ရှင်အသင်းကို ၂ ဂိုးပြတ်နဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။ ၅၅ မိနစ်ရောက်မှ ချေပဂိုးတစ်ဂိုး ပြန်ပေးလိုက်ရတာပါ။ ဒါပေမဲ့လည်း နောက်ဆုံး ၈ မိနစ်အတွင်းမှာ ဝုဗ်က နောက်ထပ်ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းလိုက်ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ မန်စီးတီးကို နှစ်ကျော့စလုံး အနိုင်ယူနိုင်ခဲ့ပါတယ်။

photo-social media

ဂိုးသမားအီဒါဆန်ရဲ့အနီကတ်ကြောင့် အဂူရိုကို လူစားလဲလိုက်ရတဲ့အတွက် လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့ဘောလုံးပိုင်ဆိုင်မှုအများဆုံးအသင်းဖြစ်တဲ့ မန်စီးတီးဟာ ဝုဗ်နဲ့ဒီပွဲမှာ ဘောလုံးရမှု ၃၇.၈ ရာခိုင်နှုန်းသာ ရှိတော့တာပါ။ ဒီလိုဖြစ်ရအောင်လည်း ဝုဗ်ဟာ ပွဲချိန်အများစုမှာ တစ်ယောက်လျော့မန်စီးတီးကို တစ်ဖတ်သက်ကစားနိုင်ခဲ့ပါတယ်။ ဒါဟာ ဂွါဒီယိုလာရဲ့နည်းပြဘဝတစ်လျှောက် အမှတ်ပေးပွဲတွေမှာ ဘောလုံးပိုင်ဆိုင်မှုအနည်းဆုံးပွဲဖြစ်လာခဲ့တာပါ။ ဒါကြောင့်လည်း ဝုဗ်အသင်းဟာ ပွဲအပြီးမှာ ဂွါဒီယိုလာရဲ့ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။

[Zawgyi]

၀ုဗ္နဲ႔ပြဲဟာ ဂြါဒီယိုလာရဲ႕နည္းျပသက္တမ္းမွာ ေဘာလုံးပိုင္ဆိုင္မႈအနည္းဆုံးအျဖစ္ မွတ္တမ္း၀င္

၀ုဗ္ဟာ မန္စီးတီးရဲ႕ခ်န္ပီယံေမွ်ာ္လင့္ခ်က္ကို အဆုံးသတ္လုနီးပါးျဖစ္ေအာင္ ျပဳလုပ္ႏိုင္ခဲ့ရုံတင္မဟုတ္ဘဲ ဂြါဒီယိုလာရဲ႕နည္းျပသက္တမ္းတစ္ေလွ်ာက္မွာ ေဘာလုံးပိုင္ဆုိင္မႈအနည္းဆုံးပြဲအျဖစ္ မွတ္တမ္း၀င္ေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။ ေသာၾကာညပရီးမီးယားလိဂ္အေ၀းကြင္းပြဲမွာ မန္စီးတီးဟာ တစ္ေယာက္ေလ်ာ့ကေန ၂ ဂိုးျပတ္နဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ၃ ဂိုးျပန္ေပးလိုက္ရၿပီး ရႈံးနိမ့္မႈနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။

ပြဲအစ ၁၂ မိနစ္ကတည္းက ဂိုးသမားအီဒါဆန္ အနီကတ္နဲ႔ အထုတ္ခံလိုက္ရေပမယ့္ ဒုတိယပိုင္းေရာက္တဲ့အခ်ိန္အထိ မန္စီးတီးဟာ အိမ္ရွင္အသင္းကို ၂ ဂိုးျပတ္္နဲ႔ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ၅၅ မိနစ္ေရာက္မွ ေခ်ပဂိုးတစ္ဂိုး ျပန္ေပးလိုက္ရတာပါ။ ဒါေပမဲ့လည္း ေနာက္ဆုံး ၈ မိနစ္အတြင္းမွာ ၀ုဗ္က ေနာက္ထပ္ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြသြင္းလုိက္ၿပီး ဒီရာသီပရီးမီးယားလိဂ္မွာ မန္စီးတီးကို ႏွစ္ေက်ာ့စလုံး အႏိုင္ယူႏိုင္ခဲ့ပါတယ္။

ဂုိးသမားအီဒါဆန္ရဲ႕အနီကတ္္ေၾကာင့္ အဂူရိုကို လူစားလဲလိုက္ရတဲ့အတြက္ လက္ရွိကမာၻ႔ေဘာလုံးေလာကရဲ႕ေဘာလုံးပိုင္ဆုိင္မႈအမ်ားဆံုးအသင္းျဖစ္တဲ့ မန္စီးတီးဟာ ၀ုဗ္န႔ဲဒီပြဲမွာ ေဘာလုံးရမႈ ၃၇.၈ ရာခိုင္ႏႈန္းသာ ရွိေတာ့တာပါ။ ဒီလိုျဖစ္ရေအာင္လည္း ၀ုဗ္ဟာ ပြဲခ်ိန္အမ်ားစုမွာ တစ္ေယာက္ေလ်ာ့မန္စီးတီးကို တစ္ဖတ္သက္ကစားႏိုင္ခဲ့ပါတယ္။ ဒါဟာ ဂြါဒီယိုလာရဲ႕နည္းျပဘ၀တစ္ေလွ်ာက္ အမွတ္ေပးပြဲေတြမွာ ေဘာလုံးပိုင္ဆုိင္မႈအနည္းဆုံးပြဲျဖစ္လာခဲ့တာပါ။ ဒါေၾကာင့္လည္း ၀ုဗ္အသင္းဟာ ပြဲအၿပီးမွာ ဂြါဒီယိုလာရဲ႕ခ်ီးက်ဴးျခင္းကို ခံခဲ့ရပါတယ္။