လီဗာပူးအသင်းအတွက်ဆေးစစ်မှုခံယူနေပြီဖြစ်တဲ့ တာကုမိ မီနာမီနို

photo internet

ကလပ်အသင်းကြီးတစ်ခုဖြစ်တဲ့ လီဗာပူးမှာ နောက်ထပ်အာရှရဲ့ကြယ်ပွင့်တစ်ပွင့်ကို မြင်တွေ့ရတော့မယ့် အခြေအနေဟာ ပိုမိုနီးစပ်လာပါပြီ။ ဆဲလ်ဘတ်အသင်းရဲ့ ကစားသမား တာကုမိ မီနာမီနိုဟာ ဒီနေ့မှာပဲ လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့ ဆေးစစ်မှုကိုခံယူနေပြီဖြစ်ပါတယ်။ တကယ်လို့သာ မီနာမီနိုတစ်ယောက် ဆေးစစ်တာအောင်မြင်ခဲ့မယ်ဆိုရင် လာမယ့်နှစ်သစ် ဇန်နဝါရီ 1 ရက်နေ့မှာ လီဗာပူးအသင်းရဲ့ တရားဝင်ကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။

photo internet

သူ့အတွက်ပထမဆုံးပွဲဦးထွက်ပွဲစဉ်ကတော့ ဇန်နဝါရီလ 5ရက်နေ့မှာ အဲဗာတန်နဲ့ကစားရမယ့်ပွဲစဉ်ဖြစ် လာနိုင်ပါတယ်။ မီနာမီနိုဟာ လီဗာပူးနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်တာကြောင့် နည်းပြ ယာဂန်ကလော့အတွက် မျက်စိကျစရာဖြစ်ခဲ့တာပါ။ ဒါ့အပြင်ဈေးကွက်ပေါက်ဈေးထက် သက်သာတဲ့နှုန်းနဲ့ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

photo internet

ဂျပန်လက်ရွေးစင်ကစားသမားအနေနဲ့ လီဗာပူးမှာဝတ်ဆင်နိုင်မယ့်ကျောနံပါတ်တွေကိုရွေးချယ်တဲ့အခါမှာ နံပါတ် 1 ကနေ 15 ပြီးတော့ 20,22,23,24,26,27,32,48,51,62,66,67,72 စတဲ့နံပါတ်တွေ ကိုတော့ရွေးချယ်လို့ရမှာ မဟုတ်ပါဘူး။

photo internet

မီနာမီနိုမှာအခြားကစားသမားတွေနဲ့မတူတဲ့ထူးခြားချက်တွေရှိကြောင်း၊ လာမယ့် နှစ်မှာခြေစွမ်းတွေပိုပြနိုင်ပြီးတန်ဖိုးပိုရှိလာနိုင်ကြောင်း ဘောလုံးပွဲဆိုင်ရာသုံးသပ်သူတွေက ထင်မြင်ချက်ပေးထားကြပါတယ်။ အာရှရဲ့ကြယ်တစ်ပွင့် နှစ်သစ်မှာ ခြေစွမ်းတွေပြနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

photo internet

(Zawgyi Version)

လီဗာပူးအသင္းအတြက္ေဆးစစ္မႈခံယူေနၿပီျဖစ္တဲ့ တာကုမိ မီနာမီႏို

ကလပ္အသင္းႀကီးတစ္ခုျဖစ္တဲ့ လီဗာပူးမွာ ေနာက္ထပ္အာရွရဲ႕ၾကယ္ပြင့္တစ္ပြင့္ကို ျမင္ေတြ႕ရေတာ့မယ့္ အေျခအေနဟာ ပိုမိုနီးစပ္လာပါၿပီ။ ဆဲလ္ဘတ္အသင္းရဲ႕ ကစားသမား တာကုမိ မီနာမီႏိုဟာ ဒီေန႔မွာပဲ လီဗာပူးအသင္းကို ေျပာင္းေရႊ႕ဖို႔ ေဆးစစ္မႈကိုခံယူေနၿပီျဖစ္ပါတယ္။ တကယ္လုိ႔သာ မီနာမီႏိုတစ္ေယာက္ ေဆးစစ္တာေအာင္ျမင္ခဲ့မယ္ဆုိရင္ လာမယ့္ႏွစ္သစ္ ဇန္န၀ါရီ 1 ရက္ေန႔မွာ လီဗာပူးအသင္းရဲ႕ တရား၀င္ကစားသမားျဖစ္လာေတာ့မွာျဖစ္ပါတယ္။

သူ႔အတြက္ပထမဆုံးပြဲဦးထြက္ပြဲစဥ္ကေတာ့ ဇန္န၀ါရီလ 5ရက္ေန႔မွာ အဲဗာတန္နဲ႔ကစားရမယ့္ပြဲစဥ္ျဖစ္ လာႏိုင္ပါတယ္။ မီနာမီႏိုဟာ လီဗာပူးနဲ႔ေတြ႕ဆုံခဲ့တဲ့ပြဲစဥ္ေတြမွာ ေျခစြမ္းျပႏိုင္တာေၾကာင့္ နည္းျပ ယာဂန္ကေလာ့အတြက္ မ်က္စိက်စရာျဖစ္ခဲ့တာပါ။ ဒါ့အျပင္ေစ်းကြက္ေပါက္ေစ်းထက္ သက္သာတဲ့ႏႈန္းနဲ႔ေခၚယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ပန္လက္ေ႐ြးစင္ကစားသမားအေနနဲ႔ လီဗာပူးမွာ၀တ္ဆင္ႏိုင္မယ့္ေက်ာနံပါတ္ေတြကိုေရြးခ်ယ္တဲ့အခါမွာ နံပါတ္ 1 ကေန 15 ၿပီးေတာ့ 20,22,23,24,26,27,32,48,51,62,66,67,72 စတဲ့နံပါတ္ေတြ ကိုေတာ့ေရြးခ်ယ္လို႔ရမွာ မဟုတ္ပါဘူး။

မီနာမီႏိုမွာအျခားကစားသမားေတြနဲ႔မတူတဲ့ထူးျခားခ်က္ေတြရိွေၾကာင္း၊ လာမယ့္ႏွစ္မွာေျခစြမ္းေတြပိုျပႏိုင္ၿပီးတန္ဖိုးပိုရိွလာႏိုင္ေၾကာင္း ေဘာလုံးပြဲဆိုင္ရာသုံးသပ္သူေတြက ထင္ျမင္ခ်က္ေပးထားၾကပါတယ္။ အာရွရဲ႕ၾကယ္တစ္ပြင့္ ႏွစ္သစ္မွာ ေျခစြမ္းေတြျပႏိုင္ပါေစလို႔ ဆႏၵျပဳပါတယ္။