လီဗာပူးရဲ့ကလပ်ကမ္ဘာ့ဖလားဟာ သူ့ရဲ့ကြက်တောင်ဖလားလောက်တောင် အရေးမပါကြောင်း လှောင်လိုက်တဲ့စခိုးလ်

photo-daily mail

photo-bt sport

သူ့ရဲ့ကြက်တောင်ဖလားကသာ ပိုပြီးအရေးပါကြောင်း ဆိုလိုက်ခြင်းအားဖြင့် မန်ယူဂန္ထဝင်ဟောင်းပေါလ်စခိုးလ်ဟာ လီဗာပူးရဲ့ကလပ်ကမ္ဘာ့ဖလားအောင်မြင်မှုကို လှောင်ပြောင်သရော်လိုက်ပါတယ်။ ပေါလ်စခိုးလ်ဟာ ၂၀၀၈ တုန်းက အဲဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့မန်ယူအသင်းမှာ ပါဝင်ခဲ့သလို ၁၉၉၉ တုန်းကလည်း အဲဒီတုန်းက ကမ္ဘာ့ကလပ်ချန်ပီယံဆုဖြစ်တဲ့ အင်တာကွန်တီနန်တယ်ဖလားကို မန်ယူနဲ့အတူ ကိုင်မြှောက်ခဲ့ဖူးပါတယ်။

photo-gettyimages

ပြီးခဲ့တဲ့အပတ်မှာ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာတာကြောင့် လီဗာပူး အမှန်အကန်အောင်ပွဲခံခဲ့တာနဲ့ပတ်သက်လို့ မေးမြန်းတော့ ပေါလ်စခိုးလ်က”အဲဒီထိ တစ်ခါလောက်ရောက်မှတော့ နိုင်ချင်ကြတာပဲလေ။ ဒါပေမဲ့ အဲဒါဟာ ကျွန်တော့်တို့ ဘယ်တုန်းကမှ အသည်းအသန်မဖြစ်ခဲ့တဲ့ တစ်စုံတစ်ခုပါ။ လွန်ခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော်ရခဲ့တဲ့ ဆုဖလားတွေအကြောင်း တစ်ယောက်ယောက်က လာမေးရင် ကလပ်ကမ္ဘာ့ဖလားအကြောင်း ကျွန်တော်ပြောလိမ့်မယ်လို့ မထင်ပါဘူး။ ကျွန်တော် တကယ်ပြောတာပါ။ လီဗာပူးကတော့ အဲဒါကိုရလို့ အတော်ကြီးပျော်ရွှင်ကျေနပ်နေတဲ့ပုံပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့တုန်းကတော့ အဲဒီလောက်မဟုတ်ခဲ့ပါဘူး”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

photo-gettyimages

အဲဒီနောက် သူ့ရဲ့ကလပ်ကမ္ဘာ့ဖလားဆုတံဆိပ်ထက် ဒေသတွင်း ကလပ်တစ်ခုမှာ သူရခဲ့တဲ့ ကြက်တောင်ဖလားက ပိုပြီးအရေးပါလားလို့ မေးမြန်းတော့ ပေါလ်စခိုးလ်က ဖြစ်လောက်ပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ ကလပ်ကမ္ဘာ့ဖလားအောင်မြင်မှုကြောင့် လီဗာပူးဟာ အဲဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ဒုတိယမြောက်အင်္ဂလိပ်အသင်း ဖြစ်လာခဲ့ပါတယ်။ အင်္ဂလိပ်အသင်းတွေထဲက ချဲလ်ဆီးဟာ ဗိုလ်လုပွဲရောက်ခဲ့ဖူးပေမယ့် ဗိုလ်စွဲခြင်းတော့ မရှိဘဲ မန်ယူနဲ့လီဗာပူတို့သာ ဗိုလ်စွဲဖူးတာပါ။

[Zawgyi]

လီဗာပူးရဲ႕ကလပ္ကမာၻ႔ဖလားဟာ သူ႔ရဲ႕ၾကက္ေတာင္ဖလားေလာက္ေတာင္ အေရးမပါေၾကာင္း ေလွာင္လုိက္တဲ့စခုိးလ္

သူ႔ရဲ႕ၾကက္ေတာင္ဖလားကသာ ပိုၿပီးအေရးပါေၾကာင္း ဆုိလုိက္ျခင္းအားျဖင့္ မန္ယူဂႏၳ၀င္ေဟာင္းေပါလ္စခုိးလ္ဟာ လီဗာပူးရဲ႕ကလပ္ကမာၻ႔ဖလားေအာင္ျမင္မႈကို ေလွာင္ေျပာင္သေရာ္လုိက္ပါတယ္။ ေပါလ္စခုိးလ္ဟာ ၂၀၀၈ တုန္းက အဲဒီၿပိဳင္ပြဲမွာ ဗုိလ္စြဲခဲ့တဲ့မန္ယူအသင္းမွာ ပါ၀င္ခဲ့သလုိ ၁၉၉၉ တုန္းကလည္း အဲဒီတုန္းက ကမာၻ႕ကလပ္ခ်န္ပီယံဆုျဖစ္တဲ့ အင္တာကြန္တီနန္တယ္ဖလားကို မန္ယူနဲ႔အတူ ကိုင္ေျမွာက္ခ့ဲဖူးပါတယ္။

ၿပီးခဲ့တဲ့အပတ္မွာ ကလပ္ကမာၻ႔ဖလားခ်န္ပီယံျဖစ္လာတာေၾကာင့္ လီဗာပူး အမွန္အကန္ေအာင္ပြဲခံခဲ့တာနဲ႔ပတ္သက္လို႔ ေမးျမန္းေတာ့ ေပါလ္စခုိးလ္က”အဲဒီထိ တစ္ခါေလာက္ေရာက္မွေတာ့ ႏုိင္ခ်င္ၾကတာပဲေလ။ ဒါေပမဲ့ အဲဒါဟာ ကၽြန္ေတာ့္တုိ႔ ဘယ္တုန္းကမွ အသည္းအသန္မျဖစ္ခဲဲ့တဲ့ တစ္စုံတစ္ခုပါ။ လြန္ခဲ့တ့ဲႏွစ္ေတြအတြင္း ကၽြန္ေတာ္ရခဲ့တဲ့ ဆုဖလားေတြအေၾကာင္း တစ္ေယာက္ေယာက္က လာေမးရင္ ကလပ္ကမာၻ႔ဖလားအေၾကာင္္း ကၽြန္ေတာ္ေျပာလိမ့္မယ္လို႔ မထင္ပါဘူး။ ကၽြန္ေတာ္ တကယ္ေျပာတာပါ။ လီဗာပူးကေတာ့ အဲဒါကိုရလို႔ အေတာ္ႀကီးေပ်ာ္ရႊင္ေက်နပ္ေနတဲ့ပုံပါပဲ။ ဒါေပမ့ဲ ကၽြန္ေတာ္တို႔တုန္းကေတာ့ အဲဒီေလာက္မဟုတ္ခဲ့ပါဘူး”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

အဲဒီေနာက္ သူ႔ရဲ႕ကလပ္ကမာၻ႔ဖလားဆုတံဆိပ္ထက္ ေဒသတြင္း ကလပ္တစ္ခုမွာ သူရခဲ့တ့ဲ ၾကက္ေတာင္ဖလားက ပိုၿပီးအေရးပါလားလုိ႔ ေမးျမန္းေတာ့ ေပါလ္စခုိးလ္က ျဖစ္ေလာက္ပါတယ္လုိ႔ ျပန္ေျဖခဲ့ပါတယ္။ ကလပ္ကမာၻ႔ဖလားေအာင္ျမင္မႈေၾကာင့္ လီဗာပူးဟာ အဲဒီၿပိဳင္ပြဲမွာ ဗုိလ္စြဲႏိုင္ခဲ့တဲ့ဒုတိယေျမာက္အဂၤလိပ္အသင္း ျဖစ္လာခဲ့ပါတယ္။ အဂၤလိပ္အသင္းေတြထဲက ခ်ဲလ္ဆီးဟာ ဗုိလ္လုပြဲေရာက္ခဲ့ဖူးေပမယ့္ ဗုိလ္စြဲျခင္းေတာ့ မရွိဘဲ မန္ယူနဲ႔လီဗာပူတို႔သာ ဗိုလ္စြဲဖူးတာပါ။