လီဗာပူးကစားသမားဖြစ်လာဖို့ဟာ အိပ်မက်တစ်ခုပါပဲလို့ ဆိုလိုက်တဲ့ မီနာမီနို

photo internet

မနေ့က လီဗာပူးအသင်းအတွက်ဆေးစစ်ခဲ့တဲ့ တကုမိ မီနာမီနိုဟာ ဆေးစစ်မှုအောင်မြင်သွားပြီး၊ အခြားအချက် အလက်ပိုင်းဆိုင်ရာကိစ္စတွေညှိနှိုင်းတဲ့အခါမှာလည်း သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်တာကြောင့် လာမယ့် နှစ်သစ်မှာ လီဗာပူးရဲ့တရားဝင်ကစားသမားအဖြစ်ကိုရောက်ရှိပြီဖြစ်ပါတယ်။ အာရှရဲ့ကြယ်တစ်ပွင့် ဖြစ်တဲ့ ဂျပန်လက်ရွေးစင်ကစားသမားဟာ သူ့ရဲ့အိပ်မက်တစ်ခုကိုအကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။

photo internet

“လီဗာပူးကစားသမားဖြစ်လာဖို့ဟာကျွန်တော့်အတွက်အိပ်မက်တစ်ခုလိုပါပဲ။ အခုတော့အိပ်မက်က အမှန် အကန် ဖြစ်လာတဲ့အတွက် ကျွန်တော်စိတ်လှုပ်ရှားဝမ်းသာရပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားဖို့ဟာ ကျွန်တော့် ရည်မှန်းချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ အဆင့်အတန်းရှိတဲ့လိဂ်တစ်ခုမှာ ကျွန်တော် ပါဝင်ကစားရ မှာပါ”လို့ မီနာမီနိုက ပြောပါတယ်။

photo internet

“ကျွန်တော့်ရဲ့ကစားသမားဘဝတိုးတက်လာခဲ့ရင် တစ်ချိန်ချိန်မှာ ပရီးမီးယားလိဂ်မှာကစားနိုင်ဖို့ စဉ်းစားထား ပါတယ်။ လီဗာပူးအသင်းမှာ ကစားခွင့်ရလိမ့်မယ်လို့တော့ မတွေးမိခဲ့ပါဘူး။ အခုလိုအသင်းပြောင်းရွှေ့ကစား ရတဲ့အပေါ်ကျွန်တော်ပျော်ပါတယ်။ ကျွန်တော်ရည်မှန်းချက်ထားတာကတော့ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးပြီး၊ ဖလားတွေရယူပေးနိုင်ဖို့ပါ”လို့ မီနာမီနိုက ဆိုပါတယ်။

photo internet

အသက် ၂၄ နှစ် အရွယ် မီနာမီနိုဟာ အခုရာသီချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ရက်ဘူးဆဲလ်ဘတ် အသင်းသား အနေနဲ့ လီဗာပူးနဲ့တွေ့ဆုံခဲ့ပါတယ်။ “ကျွန်တော်လီဗာပူးအသင်းနဲ့တွေ့ဆုံကစားခဲ့တုန်းက ဘောလုံးကစားဟန် ကောင်းတာ၊ နည်းစနစ်ပိုင်းကောင်းတာတွေ့ရပါတယ်”လို့ မီနာမီနိုကပြောပါတယ်။ မီနာမီနိုဟာ လာမယ့်နှစ်သစ်ရဲ့ ပထမဆုံးရက်သတ္တပတ်မှာပဲလီဗာပူးအသင်းအတွက်ပထမဆုံးပွဲဦးထွက်ကစားပေးရနိုင်ခြေရှိပါတယ်။ မီနာမီနိုဟာ လီဗာပူးအသင်းမှာ ကျောနံပါတ် 18 ကိုရယူထားပါတယ်။

photo internet

(Zawgyi Version)

လီဗာပူးကစားသမားျဖစ္လာဖို႔ဟာ အိပ္မက္တစ္ခုပါပဲလို႔ ဆိုလိုက္တဲ့ မီနာမီႏို

မေန႔က လီဗာပူးအသင္းအတြက္ေဆးစစ္ခဲ့တဲ့ တကုမိ မီနာမီႏိုဟာ ေဆးစစ္မႈေအာင္ျမင္သြားၿပီး၊ အျခားအခ်က္အလက္ ပိုင္းဆုိင္ရာကိစၥေတြညိွႏိႈင္းတဲ့အခါမွာလည္း သေဘာတူညီမႈရရိွသြားခ့ဲၿပီျဖစ္တာေၾကာင့္ လာမယ့္ႏွစ္သစ္မွာ လီဗာပူးရဲ႕ တရား၀င္ကစားသမားအျဖစ္ကိုေရာက္ရိွၿပီျဖစ္ပါတယ္။ အာရွရဲ႕ၾကယ္တစ္ပြင့္ ျဖစ္တဲ့ ဂ်ပန္လက္ေရြးစင္ကစားသမားဟာ သူ႔ရဲ႕အိပ္မက္တစ္ခုကိုအေကာင္အထည္ေဖာ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

“လီဗာပူးကစားသမားျဖစ္လာဖုိ႔ဟာကၽြန္ေတာ့္အတြက္အိပ္မက္တစ္ခုလိုပါပဲ။ အခုေတာ့အိပ္မက္က အမွန္အကန္ ျဖစ္လာတဲ့အတြက္ ကၽြန္ေတာ္စိတ္လႈပ္ရွား၀မ္းသာရပါတယ္။ ပရီးမီးယားလိဂ္မွာ ကစားဖို႔ဟာ ကြၽန္ေတာ့္ရည္မွန္းခ်က္ ေတြထဲက တစ္ခုျဖစ္ပါတယ္။ ကမၻာ့ အဆင့္အတန္းရိွတဲ့လိဂ္တစ္ခုမွာ ကၽြန္ေတာ္ပါ၀င္ကစားရမွာပါ”လို႔ မီနာမီႏိုက ေျပာပါတယ္။

“ကြၽန္ေတာ့္ရဲ႕ကစားသမားဘ၀တိုးတက္လာခဲ့ရင္ တစ္ခ်ိန္ခ်ိန္မွာ ပရီးမီးယားလိဂ္မွာကစားႏိုင္ဖို႔ စဥ္းစားထား ပါတယ္။ လီဗာပူးအသင္းမွာ ကစားခြင့္ရလိမ့္မယ္လို႔ေတာ့ မေတြးမိခဲ့ပါဘူး။ အခုလုိအသင္းေျပာင္းေရႊ႕ကစားရတ့ဲအေပၚ ကၽြန္ေတာ္ ေပ်ာ္ပါတယ္။ ကၽြန္ေတာ္ရည္မွန္းခ်က္ထားတာကေတာ့ အသင္းအတြက္ အေကာင္းဆုံးစြမ္းေဆာင္ေပးၿပီး၊ ဖလားေတြရယူေပးႏိုင္ဖို႔ပါ”လို႔ မီနာမီႏိုက ဆုိပါတယ္။

အသက္ ၂၄ ႏွစ္ အ႐ြယ္ မီနာမီႏိုဟာ အခုရာသီခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ရက္ဘူးဆဲလ္ဘတ္အသင္းသားအေနနဲ႔ လီဗာပူးနဲ႔ေတြ႕ဆုံခဲ့ပါတယ္။ “ကၽြန္ေတာ္လီဗာပူးအသင္းနဲ႔ေတြ႕ဆုံကစားခဲ့တုန္းက ေဘာလံုးကစားဟန္ေကာင္းတာ၊ နည္းစနစ္ပိုင္းေကာင္းတာေတြ႕ရပါတယ္”လို႔ မီနာမီႏိုကေျပာပါတယ္။ မီနာမီႏိုဟာ လာမယ့္ႏွစ္သစ္ရဲ႕ ပထမဆုံး ရက္သတၱပတ္မွာပဲလီဗာပူးအသင္းအတြက္ပထမဆုံးပြဲဦးထြက္ကစားေပးရႏိုင္ေျခရိွပါတယ္။ မီနာမီႏိုဟာ လီဗာပူးအသင္း မွာ ေက်ာနံပါတ္ 18 ကိုရယူထားပါတယ္။