ရှားရှားပါးပါးပေးဂိုးမဲ့နိုင်ပွဲအတွက် ဝမ်းမြောက်နေတဲ့ ဆိုးလ်ရှား

photo-PA

photo-reuters

ပြီးခဲ့တဲ့စနေညက အဝေးကွင်းမှာ ဘန်လေကို ၂-၀ ဂိုးနဲ့အနိုင်ရပြီးတဲ့နောက် သူ့အသင်းရဲ့ရှားရှားပါးပါးပေးဂိုးမဲ့နိုင်ပွဲအတွက် မန်ယူနည်းပြဆိုးလ်ရှားတစ်ယောက် ဝမ်းမြောက်နေပါတယ်။ ဆိုးလ်ရှားဟာ ၃ မှတ်ပြည့်ယူနိုင်ခဲ့တဲ့အပြင် ဂိုးမပေးခဲ့ရတဲ့သူ့အသင်းရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်အတွက်လည်း ကျေနပ်နေတာပါ။ အဲဒီပွဲက ပေးဂိုးမဲ့ စွမ်းဆောင်ရည်ကြောင့် မန်ယူဟာ ကလပ်စံချိန်တင်ဖြစ်သွားတဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲဆက်ဂိုးပေးခဲ့ရမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

photo-PA

ဆိုးလ်ရှားရဲ့မန်ယူဟာ ဒီ့မတိုင်ခင် ပရီးမီးယားလိဂ်မှာ ၃ လတိုင် ပွဲတိုင်းဂိုးပေးခဲ့ရတာပါ။ ဘန်လေနဲ့ပွဲမတိုင်ခင် ပရီးမီးယားလိဂ်မှာ သူတို့နောက်ဆုံးဂိုးမပေးခဲ့ရတာက ပြီးခဲ့တဲ့စက်တင်ဘာလ အိုးလ်ထရက်ဖို့ဒ်ဟာ ကစားခဲ့တဲ့ လက်စတာကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက မန်ယူဟာ ပရီးမီးယားလိဂ်မှာ ပွဲတိုင်းဂိုးပေးခဲ့ရတာပါ။ မန်ယူရဲ့နောက်လာမယ့်ပွဲကတော့ ဇန်နဝါရီ ၁ ရက်နေ့ အမ်းမရိတ်စ်ကွင်းမှာ ကစားရမယ့် အာဆင်နယ်နဲ့အဝေးကွင်းပွဲ ဖြစ်ပါတယ်။

photo-gettyimages

”ဂိုးမပေးရအောင် ကစားနိုင်မယ်ဆိုရင် ပွဲတစ်ပွဲကိုအနိုင်ရဖို့ အမြဲတမ်းအခွင့်အလမ်းရှိပါတယ်။ နောက်တန်း ၄ ယောက်နဲ့ ဒီဂီယာတို့အတွက် ကြီးကျယ်တဲ့ညတစ်ညဖြစ်ခဲ့မှာပါ။ အထူးသဖြင့် ဒီဂီယာပေ့ါလေ။ သူဟာ ကာကွယ်မှု ၁ ကြိမ်သာလုပ်ခဲ့ရပေမယ့် အဲဒါကပဲ ကျွန်တော်တို့စွမ်းဆောင်နိုင်ခဲ့တာရဲ့သက်သေအထောက်အထားပါပဲ”လို့ ဘန်လေနဲ့ပွဲအပြီးမှာ ဆိုးလ်ရှားက ပြောသွားခဲ့တာပါ။

[Zawgyi]

ရွားရွားပါးပါးေပးဂိုးမဲ့ႏုိင္ပြဲအတြက္ ၀မ္းေျမာက္ေနတဲ့ ဆုိးလ္ရွား

ၿပီးခဲ့တဲ့စေနညက အေ၀းကြင္းမွာ ဘန္ေလကို ၂-၀ ဂိုးနဲ႔အႏိုင္ရၿပီးတဲ့ေနာက္ သူ႔အသင္းရဲ႕ရွားရွားပါးပါးေပးဂိုးမဲ့ႏုိင္ပြဲအတြက္ မန္ယူနည္းျပဆုိးလ္ရွားတစ္ေယာက္ ၀မ္းေျမာက္ေနပါတယ္။ ဆုိးလ္ရွားဟာ ၃ မွတ္ျပည့္ယူႏိုင္ခဲ့တဲ့အျပင္ ဂိုးမေပးခဲ့ရတဲ့သူ႔အသင္းရဲ႕ခံစစ္ပိုင္းစြမ္းေဆာင္ရည္အတြက္လည္း ေက်နပ္ေနတာပါ။ အဲဒီပြဲက ေပးဂိုးမဲ့ စြမ္းေဆာင္ရည္ေၾကာင့္ မန္ယူဟာ ကလပ္စံခ်ိန္တင္ျဖစ္သြားတဲ့ ပရီးမီးယားလိဂ္ ၁၄ ပြဲဆက္ဂိုးေပးခဲ့ရမႈကို အဆုံးသတ္ႏိုင္ခဲ့ပါတယ္။

ဆိုးလ္ရွားရဲ႕မန္ယူဟာ ဒီ့မတိုင္ခင္ ပရီးမီးယားလိဂ္မွာ ၃ လတိုင္္ ပြဲတိုင္းဂိုးေပးခဲ့ရတာပါ။ ဘန္ေလနဲ႔ပြဲမတိုင္ခင္ ပရီးမီးယားလိဂ္မွာ သူတို႔ေနာက္ဆုံးဂိုးမေပးခဲ့ရတာက ၿပီးခဲ့တဲ့စက္တင္ဘာလ အုိးလ္ထရက္ဖို႔ဒ္ဟာ ကစားခဲ့တဲ့ လက္စတာကို ၁-၀ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္းကတည္းက မန္ယူဟာ ပရီးမီးယားလိဂ္မွာ ပြဲတိုင္းဂုိးေပးခဲ့ရတာပါ။ မန္ယူရဲ႕ေနာက္လာမယ့္ပြဲကေတာ့ ဇန္န၀ါရီ ၁ ရက္ေန႔ အမ္းမရိတ္စ္ကြင္းမွာ ကစားရမယ့္ အာဆင္နယ္န႔ဲအေ၀းကြင္းပြဲ ျဖစ္ပါတယ္။

”ဂိုးမေပးရေအာင္ ကစားႏိုင္မယ္ဆိုရင္ ပြဲတစ္ပြဲကိုအႏိုင္ရဖို႔ အၿမဲတမ္းအခြင့္အလမ္းရွိပါတယ္။ ေနာက္တန္း ၄ ေယာက္နဲ႔ ဒီဂီယာတို႔အတြက္ ႀကီးက်ယ္တဲ့ညတစ္ညျဖစ္ခဲ့မွာပါ။ အထူးသျဖင့္ ဒီဂီယာေပ့ါေလ။ သူဟာ ကာကြယ္မႈ ၁ ႀကိမ္သာလုပ္ခဲ့ရေပမယ့္ အဲဒါကပဲ ကၽြန္ေတာ္တို႔စြမ္းေဆာင္ႏိုင္ခဲ့တာရဲ႕သက္ေသအေထာက္အထားပါပဲ”လို႔ ဘန္ေလနဲ႔ပြဲအၿပီးမွာ ဆိုးလ္ရွားက ေျပာသြားခဲ့တာပါ။