ရွှေရောင်မျှော်လင့်ချက်အတွက် ဆီမီးဖိုင်နယ်ကို အုပ်စုဗိုလ်အဖြစ် တက်ရောက်သွားနိုင်ခဲ့တဲ့ မြန်မာအသင်း (မြန်မာ ၂-၁ ကမ္ဘောဒီးယား)

Photo Credit ; MFF

Photo Credit ; MFF

ဒီနှစ်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အထူးခြေစွမ်းပြနေတဲ့မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ကမ္ဘောဒီးယားကို ၂-၁ ဂိုးနဲ့အနိုင်ယူကာ အုပ်စုပထမအဖြစ် ဆီမီးဖိုင်နယ်တက်ရောက်သွားနိုင်ခဲ့ပြီး စနေနေ့မှာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အုပ်စု B ဒုတိယရအသင်းနဲ့ ကစားရတော့မှာဖြစ်ပါတယ်။

Photo Credit ; MFF

ဆီးဂိမ်းစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အောင်မြင်မှုမရဖူးသေးတဲ့ မြန်မာအသင်းဟာ အသက်ကန့်သတ်လိုက်ပြီးနောက်ပိုင်း အရင်ကထက်စာရင် နည်းနည်းပိုကောင်းလာပေမယ့် အမြင့်ဆုံးက ဒုတိယနေရာရရှိခဲ့ဖူးတာဖြစ်ပြီး ဒီနှစ်မှာတော့ မျှော်လင့်ချက်အပြည့်နဲ့ဖြစ်နေပါပြီ။

Photo Credit ; MFF

မြန်မာအသင်းဟာ ဒီပွဲမှာအနည်းဆုံးသရေကစားနိုင်ရင် ဆီမီးဖိုင်နယ်တက်ရောက်နိုင်မှာဖြစ်ပေမယ့် နောက်ကျဂိုးကြောင့် အမှတ်ပြည့်ရရှိခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် အုပ်စုနောက်ဆုံးပွဲစဉ်တွေမတိုင်ခင်မှာပဲ အုပ်စုပထမအဖြစ် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit ; MFF

မြန်မာအသင်းဟာ ပွဲထွက်စာရင်းမှာ တိုက်စစ်မှူးစစ်စစ်ထည့်မသုံးဘဲ အရင်သုံးနေကြ တိုက်စစ်မှူးအောင်ကောင်းခန့်ရဲ့နေရာမှာ ကွင်းလယ်လူ နေမိုးနိုင်ကို ထည့်သွင်းကာ တောင်ပံကစားသမားတွေဖြစ်တဲ့ မြတ်ကောင်းခန့်နဲ့ ထက်ဖြိုးဝေတို့က တိုက်စစ်ပိုင်းကို အဓိကထားကစားခဲ့ပါတယ်။

Photo Credit ; MFF

ဒီပွဲမှာ ကွင်းရဲ့မျက်နှာပြင်ကလည်း အတော်လေးဆိုးရွားပြီး ကစားသမားတွေလည်း ဘောလုံးထိန်းရာမှာ အခက်တွေ့ခဲ့ရပါတယ်။ ပွဲအစမိနစ် ၂၀ မှာ မြတ်ကောင်းခန့်ရဲ့ကန်သွင်းချက် တိုင်ထိထွက်သွားလို့ မြန်မာအသင်း နစ်နာခဲ့ရပါတယ်။ ဒါပေမဲ့ နောက်တစ်မိနစ်အကြာမှာပဲ မြန်မာဂိုးသမား ဆန်းဆက်နိုင်ရဲ့အမှားကနေ ကမ္ဘောဒီးယားက ဦးဆောင်ဂိုးသွင်းသွားပါတယ်။

Photo Credit ; MFF

ဆန်းဆက်နိုင်က ဘယ်တောင်ပံက ဖြတ်တင်ဘောကို ရင်ခွင်ပိုက်ဖမ်းရာမှာ ပြန်အံထွက်သွားတာဖြစ်ပြီး မြန်မာခံစစ်က ပုံစံကောင်းရနေချိန်မှာ ဂိုးသမားက အမှားကျူးလွန်မိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာအသင်းကလည်း စိတ်ဓာတ်မကျဘဲ ပြန်လည်ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် ၂၇ မိနစ်မှာ ညာာတောင်ပံက မြတ်ကောင်းခန့် အပိုင်ခင်းပေးတာကို ကွင်းလယ်လူ လွင်မိုးအောင်က မနားတမ်းကန်သွင်းယူနိုင်ခဲ့လို့ ချေပဂိုးရခဲ့ပါတယ်။

Photo Credit ; MFF

အဲဒီနောက် ပွဲက နည်းနည်းပြန်အေးသွားပြီး ကွင်းအနေအထားကလည်း ဆိုးရွားလို့ နှစ်ဘက်ကစားသမားတွေ ကစားရခက်ခဲခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မြန်မာအသင်းက အောင်ကောင်းမာန်ကို လူစားထိုးကာ တိုက်စစ်ကို အရှိန်မြှင့်လိုက်ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာအသင်း အခွင့်အရေးအများအပြားဖန်တီးနိုင်ခဲ့ပြီး ပွဲချိန် ၈၇ မိနစ်မှာ ဘယ်တောင်ပံကနေ အောင်ကောင်းမာန်ရဲ့ဖြတ်တင်ဘောကို ကမ္ဘောဒီးယားဂိုးသမား ဖမ်းရာမှာ ဂိုးထဲ ပုတ်ထုတ်လိုက်သလိုဖြစ်သွားလို့ မြန်မာအသင်း အနိုင်ဂိုးရရှိသွားပါတယ်။

Photo Credit ; MFF

မြန်မာအသင်းက အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ်တက်ရောက်သွားချိန်မှာ လက်ကျန်တစ်နေရာအတွက်တော့ အိမ်ရှင်ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ မလေးရှားတို့ အပြိုင်လုရတော့မှာဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲတွေက အကြိတ်အနယ်ရှိလာနိုင်ပါတယ်။ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ မလေးရှားနဲ့ သရေကျခဲ့ပြီးနောက် ဖိလစ်ပိုင်၊ တီမောနဲ့ ကမ္ဘောဒီးယားတို့ကို ဆက်တိုက်အနိုင်ယူကာ ၄ပွဲကစား ရမှတ် ၁၀မှတ်နဲ့ အုပ်စုပထမအဖြစ် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး မြန်မာတစ်မျိုးသားလုံးမျှော်လင့်စောင့်စားနေတဲ့ ဆီးဂိမ်းစ်ရွှေအတွက် ၂ပွဲပဲ ကျန်ပါတော့တယ်။

Photo Credit ; MFF

Zawgyi

ေရႊေရာင္ေမွ်ာ္လင့္ခ်က္အတြက္ ဆီမီးဖုိင္နယ္ကို အုပ္စုဗိုလ္အျဖစ္ တက္ေရာက္သြားႏိုင္ခဲ့တဲ့ ျမန္မာအသင္း (ျမန္မာ ၂-၁ ကေမၻာဒီးယား)

ဒီႏွစ္ဆီးဂိမ္းစ္ၿပိဳင္ပဲြမွာ အထူးေျခစြမ္းျပေနတဲ့ျမန္မာအသင္းဟာ အုပ္စုေနာက္ဆုံးပြဲမွာ ကေမၻာဒီးယားကို ၂-၁ ဂိုးနဲ႔အႏိုင္ယူကာ အုပ္စုပထမအျဖစ္ ဆီမီးဖုိင္နယ္တက္ေရာက္သြားႏိုင္ခဲ့ၿပီး စေနေန႔မွာ ဆီမီးဖုိင္နယ္ပြဲစဥ္အျဖစ္ အုပ္စု B ဒုတိယရအသင္းနဲ႔ ကစားရေတာ့မွာျဖစ္ပါတယ္။
ဆီးဂိမ္းစ္ၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ေအာင္ျမင္မႈမရဖူးေသးတဲ့ ျမန္မာအသင္းဟာ အသက္ကန္႔သတ္လိုက္ၿပီးေနာက္ပိုင္း အရင္ကထက္စာရင္ နည္းနည္းပိုေကာင္းလာေပမယ့္ အျမင့္ဆုံးက ဒုတိယေနရာရရွိခဲ့ဖူးတာျဖစ္ၿပီး ဒီႏွစ္မွာေတာ့ ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ျဖစ္ေနပါၿပီ။
ျမန္မာအသင္းဟာ ဒီပြဲမွာအနည္းဆုံးသေရကစားႏိုင္ရင္ ဆီမီးဖုိင္နယ္တက္ေရာက္ႏုိင္မွာျဖစ္ေပမယ့္ ေနာက္က်ဂိုးေၾကာင့္ အမွတ္ျပည့္ရရွိခဲ့တာျဖစ္ၿပီး ဗုဒၶဟူးေန႔မွာ ကစားမယ့္ အုပ္စုေနာက္ဆုံးပြဲစဥ္ေတြမတုိင္ခင္မွာပဲ အုပ္စုပထမအျဖစ္ ဆီမီးဖုိင္နယ္တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ျမန္မာအသင္းဟာ ပြဲထြက္စာရင္းမွာ တိုက္စစ္မွဴးစစ္စစ္ထည့္မသုံးဘဲ အရင္သုံးေနၾက တုိက္စစ္မွဴးေအာင္ေကာင္းခန္႔ရဲ႕ေနရာမွာ ကြင္းလယ္လူ ေနမိုးႏိုင္ကို ထည့္သြင္းကာ ေတာင္ပံကစားသမားေတြျဖစ္တဲ့ ျမတ္ေကာင္းခန္႔နဲ႔ ထက္ၿဖိဳးေ၀တုိ႔က တုိက္စစ္ပိုင္းကို အဓိကထားကစားခဲ့ပါတယ္။
ဒီပြဲမွာ ကြင္းရဲ႕မ်က္ႏွာျပင္ကလည္း အေတာ္ေလးဆုိးရြားၿပီး ကစားသမားေတြလည္း ေဘာလုံးထိန္းရာမွာ အခက္ေတြ႕ခဲ့ရပါတယ္။ ပြဲအစမိနစ္ ၂၀ မွာ ျမတ္ေကာင္းခန္႔ရဲ႕ကန္သြင္းခ်က္ တုိင္ထိထြက္သြားလုိ႔ ျမန္မာအသင္း နစ္နာခဲ့ရပါတယ္။ ဒါေပမ့ဲ ေနာက္တစ္မိနစ္အၾကာမွာပဲ ျမန္မာဂိုးသမား ဆန္းဆက္ႏိုင္ရဲ႕အမွားကေန ကေမၻာဒီးယားက ဦးေဆာင္ဂိုးသြင္းသြားပါတယ္။
ဆန္းဆက္ႏိုင္က ဘယ္ေတာင္ပံက ျဖတ္တင္ေဘာကို ရင္ခြင္ပိုက္ဖမ္းရာမွာ ျပန္အံထြက္သြားတာျဖစ္ၿပီး ျမန္မာခံစစ္က ပုံစံေကာင္းရေနခ်ိန္မွာ ဂုိးသမားက အမွားက်ဴးလြန္မိခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ျမန္မာအသင္းကလည္း စိတ္ဓာတ္မက်ဘဲ ျပန္လည္ဖိအားေပးႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၂၇ မိနစ္မွာ ညာာေတာင္ပံက ျမတ္ေကာင္းခန္႔ အပိုင္ခင္းေပးတာကို ကြင္းလယ္လူ လြင္မိုးေအာင္က မနားတမ္းကန္သြင္းယူႏုိင္ခဲ့လုိ႔ ေခ်ပဂိုးရခဲ့ပါတယ္။
အဲဒီေနာက္ ပြဲက နည္းနည္းျပန္ေအးသြားၿပီး ကြင္းအေနအထားကလည္း ဆုိးရြားလုိ႔ ႏွစ္ဘက္ကစားသမားေတြ ကစားရခက္ခဲခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ျမန္မာအသင္းက ေအာင္ေကာင္းမာန္ကို လူစားထိုးကာ တုိက္စစ္ကို အရွိန္ျမႇင့္လိုက္ပါတယ္။
ေနာက္ပိုင္းမွာေတာ့ ျမန္မာအသင္း အခြင့္အေရးအမ်ားအျပားဖန္တီးႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၈၇ မိနစ္မွာ ဘယ္ေတာင္ပံကေန ေအာင္ေကာင္းမာန္ရဲ႕ျဖတ္တင္ေဘာကို ကေမၻာဒီးယားဂိုးသမား ဖမ္းရာမွာ ဂိုးထဲ ပုတ္ထုတ္လုိက္သလုိျဖစ္သြားလို႔ ျမန္မာအသင္း အႏိုင္ဂိုးရရွိသြားပါတယ္။
ျမန္မာအသင္းက အုပ္စုပထမနဲ႔ ဆီမီးဖုိင္နယ္တက္ေရာက္သြားခ်ိန္မွာ လက္က်န္တစ္ေနရာအတြက္ေတာ့ အိမ္ရွင္ဖိလစ္ပိုင္၊ ကေမၻာဒီးယားနဲ႔ မေလးရွားတို႔ အၿပိဳင္လုရေတာ့မွာျဖစ္ၿပီး အုပ္စုေနာက္ဆုံးပဲြေတြက အႀကိတ္အနယ္ရွိလာႏိုင္ပါတယ္။
ျမန္မာအသင္းဟာ အုပ္စုအဖြင့္ပြဲမွာ မေလးရွားနဲ႔ သေရက်ခဲ့ၿပီးေနာက္ ဖိလစ္ပိုင္၊ တီေမာနဲ႔ ကေမၻာဒီးယားတို႔ကို ဆက္တိုက္အႏုိင္ယူကာ ၄ပဲြကစား ရမွတ္ ၁၀မွတ္နဲ႔ အုပ္စုပထမအျဖစ္ ဆီမီးဖုိင္နယ္တက္ေရာက္ႏုိင္ခဲ့တာျဖစ္ၿပီး ျမန္မာတစ္မ်ိဳးသားလုံးေမွ်ာ္လင့္ေစာင့္စားေနတဲ့ ဆီးဂိမ္းစ္ေရႊအတြက္ ၂ပြဲပဲ က်န္ပါေတာ့တယ္။