ရီးရဲလ်နဲ့မှတ်တမ်းတွေအရတော့ မက်ဆီဟာ အယ်ကလက်စီကိုဘုရင်ပါပဲ

photo-gettyimages

photo-gettyimages

ဒီနေ့ညအယ်ကလက်စီကိုပွဲစဉ်မှာ ရီးရဲလ်အတွက် အိပ်မက်ဆိုးပေးနိုင်တဲ့ကစားသမားက မက်ဆီဖြစ်နေဦးမှာပါပဲ။ ဒီရာသီမှာ ဘာစီလိုနာဟာ အကောင်းဆုံးပုံစံမရှိဘူးဆိုရင်တောင် မက်ဆီရဲ့ဆွဲတင်ပေးမှုနဲ့ လာလီဂါနဲ့ချန်ပီယံလိဂ်တို့မှာ ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ကာ အဲဒီအာဂျင်တီးနားသားကလည်း ၁၇ ဂိုးသွင်းပြီး ၉ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ သမိုင်းကြောင်းအရလည်း မက်ဆီဟာ အယ်ကလက်စီကိုမှာ ရီးရဲလ်ကို ဒုက္ခအပေးနိုင်ဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ အယ်လက်စီကိုရဲ့စံချိန်မှတ်တမ်းတွေအရပေါ့။

photo-gettyimages

အယ်ကလက်စီကိုရဲ့ဂိုးသွင်းအများဆုံး

အဲဒီ ၆ ထပ်ကွမ်း Ballon d’Or ဆုရှင်ဟာ ရီးရဲလ်ဘက်ကို ၂၆ ဂိုးသွင်းထားပါတယ်။ အယ်ကလက်စီကိုသွင်းဂိုးနဲ့ပတ်သက်လု့ိ သူနဲ့အနီးစပ်ဆုံးက ရီးရဲလ်ဂန္ထဝင်တွေဖြစ်ကြတဲ့ ဒီစတီဖာနိုနဲ့စီရော်နယ်ဒိုတို့ဖြစ်ကြပြီး နှစ်ယောက်စလုံးဟာ ဘာစီလိုနာဘက်ကို ၁၈ ဂိုးစီသွင်းထားကြတာပါ။

အယ်ကလက်စီကိုရဲ့ဂိုးဖန်တီးမှုအများဆုံး

အဲဒီအာဂျင်တီးနားသားဟာ အယ်ကလက်စီကိုပွဲတွေမှာ သူ့အသင်းဖော်တွေအတွက် ၁၄ ဂိုးဖန်တီးပေးထားပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာဟာ ၂၀၀၄ မှာ မက်ဆီပွဲဦးထွက်ကတည်းက အယ်ကလက်စီကိုပွဲတွေမှာ သူမပါဘဲနဲ့ ၁ ပွဲသာနိုင်ခဲ့ဖူးတာပါ။

photo-gettyimages

အယ်ကလက်စီကိုရဲ့အသက်အငယ်ဆုံးဂိုးသွင်းသူ

အခုဆိုရင် ၃၂ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ သူ့ရဲ့ပထမဆုံးအယ်ကလက်စီကိုသွင်းဂိုးကို ၁၉ နှစ်နဲ့ ၈ လအရွယ်မှာ သွင်းခဲ့ပြီး စံချိန်တင်နိုင်ခဲ့ပါတယ်။ မက်ဆီရဲ့အဲဒီအယ်ကလက်စီကိုအသက်အငယ်ဆုံးဂိုးသွင်းသူစံချိန်ကို ဒီနေ့ညမှာ ဖာတီနဲ့ ရီးရဲလ်ဘက်က ရိုဒရီဂိုနဲ့ဗီနီစီးယက်စ်တို့လိုကစားသမားတွေက ချိုးဖျက်နိုင်ဖို့ အခွင့်အရေးရှိနေကြတယ်။

အယ်ကလက်စီကိုရဲ့ဟက်ထရစ်အများဆုံး(ပူးတွဲ)

အယ်ကလက်စီကိုမှာ ဟက်ထရစ် ၂ ကြိမ်ကို ကစားသမား ၆ ယောက်သာရခဲ့ဖူးပါတယ်။ အဲဒီထဲမှာ မက်ဆီလည်း တစ်ယောက်အပါဝင်ဖြစ်ပြီး လက်ရှိကစားနေသူတွေထဲက ဆွာရက်ဇ်လည်း စွမ်းဆောင်နိုင်ခဲ့ဖူးပါတယ်။ မက်ဆီရဲ့ပထမဆုံးအယ်ကလက်စီကိုဟက်ထရစ်က ၂၀၀၇ တုန်းကပါ။

[Zawgyi]

ရီးရဲလ္နဲ႔မွတ္တမး္ေတြအရေတာ့ မက္ဆီဟာ အယ္ကလက္စီကိုဘုရင္ပါပဲ

ဒီေန႔ညအယ္ကလက္စီကိုပြဲစဥ္မွာ ရီးရဲလ္အတြက္ အိပ္မက္ဆိုးေပးႏုိင္တဲ့ကစားသမားက မက္ဆီျဖစ္ေနဦးမွာပါပဲ။ ဒီရာသီမွာ ဘာစီလုိနာဟာ အေကာင္းဆုံးပုံစံမရွိဘူးဆိုရင္ေတာင္ မက္ဆီရဲ႕ဆြဲတင္ေပးမႈနဲ႔ လာလီဂါနဲ႔ခ်န္ပီယံလိဂ္တို႔မွာ ထိပ္ဆုံးက ဦးေဆာင္ႏိုင္ခဲ့ကာ အဲဒီအာဂ်င္တီးနားသားကလည္း ၁၇ ဂိုးသြငး္ၿပီး ၉ ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။ သမုိင္းေၾကာင္းအရလည္း မက္ဆီဟာ အယ္ကလက္စီကိုမွာ ရီးရဲလ္ကို ဒုကၡအေပးႏိုင္ဆုံးကစားသမားျဖစ္ခဲ့ပါတယ္။ အယ္လက္စီကိုရဲ႕စံခ်ိန္မွတ္တမ္းေတြအရေပါ့။

အယ္ကလက္စီကိုရဲ႕ဂိုးသြင္းအမ်ားဆုံး

အဲဒီ ၆ ထပ္ကြမ္း Ballon d’Or ဆုရွင္ဟာ ရီးရဲလ္ဘက္ကို ၂၆ ဂိုးသြင္းထားပါတယ္။ အယ္ကလက္စီကိုသြင္းဂိုးနဲ႔ပတ္သက္လု႔ိ သူနဲ႔အနီးစပ္ဆုံးက ရီးရဲလ္ဂႏၳ၀င္ေတြျဖစ္ၾကတဲ့ ဒီစတီဖာႏိုနဲ႔စီေရာ္နယ္ဒုိတို႔ျဖစ္ၾကၿပီး ႏွစ္ေယာက္စလုံးဟာ ဘာစီလုိနာဘက္ကို ၁၈ ဂိုးစီသြင္းထားၾကတာပါ။

အယ္ကလက္စီကိုရဲ႕ဂိုးဖန္တီးမႈအမ်ားဆုံး

အဲဒီအာဂ်င္တီးနားသားဟာ အယ္ကလက္စီကိုပြဲေတြမွာ သူ႔အသင္းေဖာ္ေတြအတြက္ ၁၄ ဂိုးဖန္တီးေပးထားပါတယ္။ ဒါေၾကာင့္လည္း ဘာစီလိုနာဟာ ၂၀၀၄ မွာ မက္ဆီပြဲဦးထြက္ကတည္းက အယ္ကလက္စီကိုပြဲေတြမွာ သူမပါဘဲနဲ႔ ၁ ပြဲသာႏိုင္ခဲ့ဖူးတာပါ။

အယ္ကလက္စီကိုရဲ႕အသက္အငယ္ဆုံးဂိုးသြင္းသူ

အခုဆုိရင္ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ သူ႔ရဲ႕ပထမဆုံးအယ္ကလက္စီကိုသြင္းဂိုးကို ၁၉ ႏွစ္နဲ႔ ၈ လအရြယ္မွာ သြင္းခဲ့ၿပီး စံခ်ိိန္တင္ႏိုင္ခဲ့ပါတယ္။ မက္ဆီရဲ႕အဲဒီအယ္ကလက္စီကိုအသက္အငယ္ဆုံးဂိုးသြင္းသူစံခ်ိန္ကို ဒီေန႔ညမွာ ဖာတီနဲ႔ ရီးရဲလ္ဘက္က ရိုဒရီဂုိနဲ႔ဗီနီစီးယက္စ္တို႔လိုကစားသမားေတြက ခ်ိဳးဖ်က္ႏိုင္ဖုိ႔ အခြင့္အေရးရွိေနၾကတယ္။

အယ္ကလက္စီကိုရဲ႕ဟက္ထရစ္အမ်ားဆုံး(ပူးတြဲ)

အယ္ကလက္စီကိုမွာ ဟက္ထရစ္ ၂ ႀကိမ္ကို ကစားသမား ၆ ေယာက္သာရခဲ့ဖူးပါတယ္။ အဲဒီထဲမွာ မက္ဆီလည္း တစ္ေယာက္အပါ၀င္ျဖစ္ၿပီး လက္ရွိကစားေနသူေတြထဲက ဆြာရက္ဇ္လည္း စြမ္းေဆာင္ႏိုင္ခဲ့ဖူးပါတယ္။ မက္ဆီရဲ႕ပထမဆုံးအယ္ကလက္စီကိုဟက္ထရစ္က ၂၀၀၇ တုနး္ကပါ။