ရာသီကုန်ရင် ချဲလ်ဆီးကနေ ကန်တီထွက်လိုနေတယ်လို့ သတင်းထွက်

PHOTO- Internet
PHOTO- Internet

ချဲလ်ဆီးအသင်းကွင်းလယ်လူ ကန်တီဟာလက်ရှိဘောလုံးရာသီကုန်ရင် အသင်းနဲ့လမ်းခွဲဖို့ဆန္ဒရှိနေတယ်လို့ သတင်းတစ်ရပ်မှာဖော်ပြသွားပါတယ်။ ကန်တီဟာ ချဲလ်ဆီးအသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၃ ရောက်မှကုန်ဆုံးမှာဖြစ်ပါတယ်။

သူထွက်မယ်ဆိုတဲ့သတင်းကြောင့် ဘာစီလိုနာကခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း ကန်တီကတော့ ပြင်သစ်လူမျိုးနည်းပြ ဇီဒန်းရှိရာရီးရဲလ်မက်ဒရစ် အသင်းကိုဘဲပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။ သူဟာ ဘာစီလိုနာ တာဝန်ရှိသူတွေရဲ့လုပ်ကိုင်ပုံတွေကိုသဘောမကျလို့ ရီးရဲလ်ကိုဘဲ ပြောင်းချင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

PHOTO- Internet

သူသာတကယ်အသင်းပြောင်းမယ်ဆိုရင် ဂျူ ဗင်တပ်ရော ဘိုင်ယန်မြူ းနစ်ကပါခေါ်ယူဖို့ကြိုးစားလာနိုင်တယ်လို့လည်း သိရပါတယ်။ ရီးရဲလ်ဟာ လက်ရှိမှာကန်တီနဲ့ ကစားပေါက်တူညီတဲ့ ကာဆီမီရိုရှိနေပေမယ့် ကန်တီနဲ့ ဇီဒန်းအကြားကောင်းမွန်တဲ့ ဆက်ဆံရေးရှိမှုက အခြေအနေတွေကိုပြောင်းလဲသွားစေနိုင်ပါတယ်။

PHOTO- Internet

ဘာစီလိုနာအနေနဲ့ ကန်တီကိုခေါ်ယူခြင်တယ်ဆိုရင် ကစားသမားတွေကနေတစ်ဆင့်စည်းရုံးဖို့လိုအပ်မှာဖြစ်ပါတယ်။ ဘာစီလိုနာမှာ ဂရစ်ဇ်မန်း၊ ဒမ်ဘီလီ၊ တိုဒီဘို၊ အမ်တီတီနဲ့ လင်ဂလက် တို့လိုပြင်သစ်ကစားသမားတွေရှိနေပြီး အထူးသဖြင့် ကန်တီဟာ ဒမ်ဘီလီနဲ့အရမ်းကိုခင်မင်တာကြောင့် သူတို့စည်းရုံးရင်တော့ဖြစ်နိုင်ခြေရှိနေပါတယ်။

PHOTO- Internet

သူဟာ ချဲလ်ဆီးကထွက်ခွာလိုတာဟာ အသင်းမှာမပျော်လို့မဟုတ်ဘဲ စိန်ခေါ်မှုအသစ်တွေလိုခြင်လို့သာဖြစ်တယ်လို့ အဲဒီသတင်းမှာဖော်ပြသွားပါတယ်။ သူဟာ ၂၀၁၅ မှာလက်စတာနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ရရှိခဲ့ပြီးနောက် ချဲလ်ဆီးကိုပြောင်းသွားခဲ့ရာမှာ ချန်ပီယံဘွဲ့ကိုဆက်ပြီးရရှိခဲ့လို့ ၂ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာပါ။

PHOTO- Internet

Zawgyi

ရာသီကုန္ရင္ ခ်ဲလ္ဆီးကေန ကန္တီထြက္လိုေနတယ္လို႔ သတင္းထြက္

ခ်ဲလ္ဆီးအသင္းကြင္းလယ္လူ ကန္တီဟာလက္ရွိေဘာလုံးရာသီကုန္ရင္ အသင္းနဲ႔လမ္းခြဲဖို႔ဆႏၵရွိေနတယ္လို႔ သတင္းတစ္ရပ္မွာေဖာ္ျပသြားပါတယ္။ ကန္တီဟာ ခ်ဲလ္ဆီးအသင္းရဲ႕အဓိက ကစားသမားတစ္ဦးျဖစ္ၿပီး လက္ရွိစာခ်ဳပ္က ၂၀၂၃ ေရာက္မွကုန္ဆုံးမွာျဖစ္ပါတယ္။

သူထြက္မယ္ဆိုတဲ႔သတင္းေၾကာင့္ ဘာစီလိုနာကေခၚယူဖို႔ စိတ္၀င္စားေနေပမယ္႔လည္း ကန္တီကေတာ႔ ျပင္သစ္လူမ်ဳိးနည္းျပ ဇီဒန္းရွိရာရီးရဲလ္မက္ဒရစ္ အသင္းကိုဘဲေျပာင္းေရႊ႕လိုေနတာျဖစ္ပါတယ္။ သူဟာ ဘာစီလိုနာ တာ၀န္ရွိသူေတြရဲ႕လုပ္ကိုင္ပုံေတြကိုသေဘာမက်လို႔ ရီးရဲလ္ကိုဘဲ ေျပာင္းခ်င္ေနတာျဖစ္တယ္လို႔ ဆိုပါတယ္။

သူသာတကယ္အသင္းေျပာင္းမယ္ဆိုရင္ ဂ်ဴ ဗင္တပ္ေရာ ဘိုင္ယန္ျမဴ းနစ္ကပါေခၚယူဖို႔ႀကိဳးစားလာႏိုင္တယ္လို႔လည္း သိရပါတယ္။ ရီးရဲလ္ဟာ လက္ရွိမွာကန္တီနဲ႔ ကစားေပါက္တူညီတဲ႔ ကာဆီမီရိုရွိေနေပမယ္႔ ကန္တီနဲ႔ ဇီဒန္းအၾကားေကာင္းမြန္တဲ႔ ဆက္ဆံေရးရွိမႈက အေျခအေနေတြကိုေျပာင္းလဲသြားေစႏိုင္ပါတယ္။

ဘာစီလိုနာအေနနဲ႔ ကန္တီကိုေခၚယူျခင္တယ္ဆိုရင္ ကစားသမားေတြကေနတစ္ဆင့္စည္းရုံးဖို႔လိုအပ္မွာျဖစ္ပါတယ္။ ဘာစီလိုနာမွာ ဂရစ္ဇ္မန္း၊ ဒမ္ဘီလီ၊ တိုဒီဘို၊ အမ္တီတီနဲ႔ လင္ဂလက္ တို႔လိုျပင္သစ္ကစားသမားေတြရွိေနၿပီး အထူးသျဖင့္ ကန္တီဟာ ဒမ္ဘီလီနဲ႔အရမး္ကိုခင္မင္တာေၾကာင့္ သူတို႔စည္းရုံးရင္ေတာ႔ျဖစ္ႏိုင္ေျခရွိေနပါတယ္။

သူဟာ ခ်ဲလ္ဆီးကထြက္ခြာလိုတာဟာ အသင္းမွာမေပ်ာ္လို႔မဟုတ္ဘဲ စိန္ေခၚမႈအသစ္ေတြလိုျခင္လို႔သာျဖစ္တယ္လို႔ အဲဒီသတင္းမွာေဖာ္ျပသြားပါတယ္။ သူဟာ ၂၀၁၅ မွာလက္စတာနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႔ရရွိခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးကိုေျပာင္းသြားခဲ့ရာမွာ ခ်န္ပီယံဘြဲ႔ကိုဆက္ၿပီးရရွိခဲ့လို႔ ၂ ႏွစ္ဆက္တိုက္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တာပါ။