ယူနိုက်တက်-နယူးကာဆယ်ပွဲအပြီး ဘယ်သူတွေက ဘယ်လိုစကားတွေပြောဆိုခဲ့ကြသလဲ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

photo internet

မနေ့က ကစားခဲ့တဲ့ယူနိုက်တက်နဲ့နယူးကာဆယ်ပွဲစဉ်မှာ ယူနိုက်တက်ကစားသမားတွေရဲ့ခြေစွမ်းတွေကို ပရိသတ်တွေကြိုက်နှစ်သက်ခဲ့ကြပါတယ်။ အဲဒီပွဲနဲ့ပတ်သက်ပြီးတော့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေ၊ သက်ဆိုင်သူတွေပြောဆိုထားတဲ့မှတ်ချက်ပြုစကားတွေကိုတင်ဆက်ပေးလိုက်ပါတယ်။ အရင်ဦးဆုံးတင်ဆက် ပေးချင်တာကတော့ တိုမီနေးလ်အကြောင်းပါ။ ပွဲစစခြင်း 24 စက္ကန့်မှာပဲတိုမီနေးလ်တစ်ယောက် အဝါကတ်အပြခံခဲ့ရပါတယ်။ အဲဒီလိုအပြခံရတာဟာ ပရီးမီးယားလိဂ်သမိုင်းရဲ့နောက်ဆုံး 13နှစ်တာကာလအတွင်းမှာအမြန်ဆုံးပြသခံခဲ့ရတဲ့ အဝါကတ်အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါပြီ။ ဒါ့အပြင်တိုမီနေးလ်တစ်ယောက် ဒုတိယပိုင်းမှာပေါ့ဘာနဲ့လူစားလဲခံရပြီး၊အိမ်ကိုပြန်ချိန်မှာတော့ ချိုင်းထောက်သုံးခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ဒဏ်ရာအခြေအနေအရ ဘန်လေးနဲ့ပွဲစဉ်ကို လွဲချော်နိုင်ဖွယ်ရှိပါတယ်။

photo internet

နယူးကာဆယ်နဲ့ပွဲစဉ်မှာ စံချိန်မှတ်တမ်းတွေတင်နိုင်ခဲ့တဲ့ ယူနိုက်တက်ကစားသမားတွေရှိပါသေး တယ်။အသက် 18 နှစ်နဲ့ 86 ရက်သားသာရှိသေးတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်မှာ (3) ဂိုးသွင်း ပေးခဲ့တဲ့အသက်ငယ်ဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ကျန်တဲ့လူငယ်ကစားသမားတွေဟာ ဂရင်းဝုဒ်ထက် လပိုင်းအသက်ပိုကြီးကြပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် Old trafford ကွင်းမှာနှစ်ပွဲဆက်ဂိုးသွင်းတဲ့(4) ယောက်မြောက် ဆယ်ကျော်သက်ကစားသမားအဖြစ်လည်းမှတ်တမ်းဝင်သွားခဲ့ပါပြီ။ ရပ်ရှ်ဖို့ဒ် ကတော့ နယူးကာဆယ်နဲ့ပွဲမှာဂိုးသွင်းပြီးနောက် သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ပရီးမီးယားလိဂ်မှာ အများဆုံးသွင်းဂိုးပမာဏကိုပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ 33 ပွဲကစားပြီး 10 ဂိုးသွင်းခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ ဒီနှစ်မှာတော့ 19 ပွဲကစားပြီးချိန်မှာ 11 ဂိုးသွင်းထားပြီဖြစ်ပါတယ်။

photo internet

တိုက်စစ်မှူးမာရှယ်ကတော့ အဲဒီပွဲမှာ 2 ဂိုးသွင်းပေးထားပါတယ်။ ယူနိုက်တက်အတွက် ပွဲပေါင်း(150)ပြည့်အောင်ကစားခဲ့ပြီဖြစ်တဲ့ ကွင်းလယ်လူပေါ့ဘာကတော့ နယူးကာဆယ်နဲ့ပွဲမှာ ဘောလုံးဆွဲပြေးတဲ့အနေအထားအရမ်းကောင်းခဲ့သလို၊ ဘောလုံးပေးပို့ရာမှာလည်း တိကျမှုတွေများခဲ့ပါတယ်။ ဂိုးပေါက်ကန်သွင်းတာတွေကိုလည်း နှစ်ကြိမ်လောက်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကွင်းလယ်လူဖရတ်ကတော့ ဘောလုံးပေးပို့ရာမှာအများဆုံးအဖြစ် 115 ကြိမ်တောင်ပေးပို့နိုင်ခဲ့ပါတယ်။ အခွင့်အရေးဖန်တီးတာကိုတော့ 3ကြိမ်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်ကို နှလုံးကြွက်သားနာကျင်တဲ့ဝေဒနာခံစားနေရပြီး ဘောလုံးကစားတာကနေခဏအနားယူထားတဲ့ ယူနိုက်တက်အသင်းရဲ့နောက်ခံလူဟောင်း ဒေလီဘလင်းဟာ အသင်းဖော်ဟောင်းမာတစ်နဲ့ ပွဲကိုအတူတကွကြည့်ရှုအားပေးခဲ့ပါတယ်။

photo internet

ပွဲအပြီးမှာမက်ဂွိုင်ယားက “ကျွန်တော်တို့ရဲ့ပေါ့ပျက်တဲ့အနေအထားကြောင့် ဂိုးပေးလိုက်ရပါတယ်။ ကျွန်တော်တို့ရဲ့ ခံစစ်(4) ယောက်စလုံးအဲ့တုန်းက နေရာယူတာမှာ တော်တော်လေး နောက်ကျခဲ့ပါတယ်။ အဲ့အမှားကနေ ကျွန်တော်တို့သင်ယူလေ့လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အကောင်း ဆုံးစိတ်ဓာတ်နဲ့အတူ ပြန်ပြီးနိုင်အောင်ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ သွင်းဂိုး 4 ဂိုးစလုံးက အရမ်းကောင်းပါတယ်။ ကျွန်တော်တို့က လူငယ်အားနဲ့ကစားနေတာဖြစ်ပြီးတော့ ဒီနှစ်ဘောလုံးရာသီမှာ အကောင်းဆုံးတည်ရှိနိုင်အောင်ကြိုးစား နေပါတယ်”လို့ပြောပါတယ်။ဒါ့အပြင် “ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာတုန်းက ကျွန်တော်တို့အသင်း ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ ဒီနေ့တော့ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါပြီ။ အခုရမှတ်နဲ့လည်း ကျွန်တော်တို့အသင်းထိုက်တန်မှုတွေ ရှိပါတယ်။ လာမယ့် ရက်အနည်းငယ်အတွင်းမှာလည်း ပွဲကစားဖို့ရှိပါသေးတယ်။ ကျွန်တော်တို့ရဲ့ခြေစွမ်းတွေ ကောင်းသထက်ကောင်းအောင်ကြိုးစားပါမယ်။”လို့ မက်ဂွိုင်ယားကပြောပါသေးတယ်။

photo internet

တိုက်စစ်မှူး ဂရင်းဝုဒ်အပေါ် လင်ဒီလော့ဒ်ကချီးကျူးစကားတွေပြောဆိုသွားခဲ့ပါသေးတယ်။ “ဂရင်းဝုဒ်က ထူးခြားတဲ့ကောင်လေးတစ်ယောက်ပါ။ လေ့ကျင့်ခန်းအစီအစဉ်မှာကတည်းက သူဟာအပြင်းအထန် လေ့ကျင့်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာကွင်းထဲရောက်ပြီဆိုရင် အသင်းအတွက် အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ ခြေစွမ်းတွေကိုဆက်လက်ထိန်းသိမ်း ထားမယ်ဆိုရင် သူ့အနာဂတ်ဟာပိုပြီးကောင်းမွန်လာမှာဖြစ်ပါတယ်။ သူဟာအားကောင်းတဲ့တိုက်စစ်မှူး တစ်ယောက်ပါ။ဘယ်တောင်ပံမှာပဲဖြစ်ဖြစ်၊ ညာတောင်ပံမှာပဲဖြစ်ဖြစ် ထွက်ကစားနိုင်တဲ့သူပါ။ ကျွန်တော်သူ့အတွက်ပျော်ပါတယ်”လို့ လင်ဒီလော့ဒ်က ပြောပါတယ်။

photo internet

နည်းပြဆိုးလ်ရှားကတော့ “ဒီနေ့ပွဲမှာ ကျွန်တော်တို့အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ်လို့ ယူဆပါတယ်။ တစ်ဖက်က တစ်ဂိုးသွင်းထားပြီဆိုရင် ပြန်လည်တုန့်ပြန်ကစားဖို့ ခက်တဲ့အနေအထားဖြစ်တတ်ပါတယ်။ ဒီနှစ် မှာကျွန်တော်တို့အသင်းကို ပြိုင်ဘက်အသင်းက အရင်တစ်ဂိုးသွင်းထားရင် ရှုံးထားတာများပါတယ်။ဒါပေမယ့် ဒီတစ်ပွဲမှာတော့အဲလိုမဖြစ်တော့ပါဘူး။ ကျွန်တော်တို့ဒုတိယပိုင်းမှာအကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ နောက်နှစ်ရက်လောက်မှာ ကစားမယ့် ပွဲစဉ်ကျရင်လည်း အကောင်းဆုံး ကစားနိုင်ဖို့မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

photo internet

“ကျွန်တော့်ရဲ့ကစားသမားတွေစိတ်ဓာတ်အင်အားကောင်းကောင်းနဲ့ အရှုံးမပေးဘဲအကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်အသင်းအမှားလုပ်ရင်ကျွန်တော်တို့အတွက်ကောင်းပါတယ်။ 2 ဂိုးသွင်းတဲ့ မာရှယ်ဆိုရင် တော်တော်ပျော်နေမှာပါ။ ဂရင်းဝုဒ်လည်း ဂိုးတွေပိုသွင်းလာဖို့ကျွန်တော် မျှော်လင့်ထားပါတယ်။ သူကဂိုးတွေတဖြည်းဖြည်းချင်းသွင်းပေးနိုင်တဲ့သူမျိုးပါ။ နယူးကာဆယ်အသင်းက (3-5-2) ကစားကွက်နဲ့ ကစားခဲ့တာကြောင့် ကျွန်တော်တို့ဘက်က ခံစစ်တောင့်တင်းတဲ့ပုံစံနဲ့ကစားဖို့လိုအပ်ခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးကို ဝမ်ဘစ်ဆာကာ ကဖန်တီးပေးလိုက်တာလည်း ကျွန်တော်ဝမ်းသာပါတယ်။ ဘာလို့လဲဆိုရင် သူကများသော အားဖြင့်ဘောလုံးတွေကိုပဲလုယူနေတာကများပါတယ်။”လို့ နည်းပြဆိုးလ်ရှားက ပြောပါသေးတယ်။

photo internet

“နောက်ပွဲက 48 နာရီအကြာမှာ ကန်ရမှာဖြစ်တာကြောင့် ကစားသမားတွေအနားရဖို့အတွက်လည်း လူစားလဲတာတွေလုပ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့တိုက်စစ်ကစားသမားတွေကို ဒဏ်ရာတွေမရစေချင်ပါဘူး။ ကျွန်တော့်ဆီမှာ တိုက်စစ်ကစားသမားများများစားစားမရှိပါဘူး။ ဒါကြောင့် မာရှယ်နဲ့ရက်ရှ်ဖို့ကို လူစားလဲဖို့ လုပ်ခဲ့တာပါ။ ဘန်လေပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ပါ။ ရက်ရှ်ဖို့ကတော့ gym မှာလေ့ကျင့်ခန်းတွေ အရမ်းလုပ်တဲ့သူပါ။ သူ့ကိုကျွန်တော် စီရော်နယ်ဒိုနဲ့နှိုင်းပြောလေ့ရှိပါတယ်။ သူ့အသက်အရွယ်မှာလည်း ဒိုလေးတစ်ယောက် ကျွန်တော်တို့မျက်စိရှေ့မှာပဲ အလုပ်တွေကြိုးစား လုပ်နေခဲ့လို့ပါ။”လို့ ဆိုးလ်ရှားက လူစားလဲတာနဲ့ပတ်သက်ပြီးပြောပါသေးတယ်။

photo internet

“ကျွန်တော်တို့အသင်းရဲ့လူစာရင်းမှာ လူငယ်တွေများပါတယ်။ဒါပေမယ့် အတွေ့ အကြုံရှိတဲ့ ရင့်ကျက်သူတွေနဲ့ရောထားရပါတယ်။ တချို့ကစားသမားတွေအပေါ်ကျွန်တော်တို့စိတ်ရှည်ပေးရပါဦးမယ်။ ဒါကြောင့်လာမယ့်ရာသီအတွက်အသင်းလူစာရင်းကိုတည်ဆောက်နေပါတယ်။ ဒီနှစ်ဘောလုံးရာသီ မှာတော့ကျွန်တော်တို့အသင်းက အမှတ်ပေးဖလားကိုရရှိနိုင်စွမ်းမရှိပါဘူး။ ဆုဖလားတချို့ကို ရရှိအောင်တော့ ကြိုးစားနေပါတယ်။ နောက်ရာသီတွေမှာ ဆုဖလားတိုင်း ကိုစိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းတစ်သင်းအဖြစ်ကိုပြန်လည်ရောက်ရှိအောင် ကျွန်တော်တို့ကြိုးစား လုပ်ဆောင်နေပါ တယ်”လို့နည်းပြဆိုးလ်ရှားက ထပ်မံပြောပါသေးတယ်။

photo internet

“နောက်နှစ်ရက်မှာကစားရမယ့်ဘန်လေနဲ့ပွဲအတွက် အခုပွဲရဲ့အနိုင်ရလဒ်ဟာ အသင်းသားတွေကို ယုံကြည်ချက်တွေ၊ စိတ်အားတက်တာတွေဖြစ်စေပါတယ်။ ဘန်လေအသင်းက ဒီနှစ်ဘောလုံးရာသီမှာ အကောင်းဆုံး တန်ပြန်ကစားနိုင်တဲ့အသင်းတစ်သင်းပါ။ အဲဒီပွဲအတွက်အသင်းက (31) နှစ် (32) နှစ်အရွယ် ကစားသမားတွေအတွက်တော့ပွဲဆက်နေလို့ အခက်အခဲတွေရှိနိုင်ပါမယ်။ လူငယ်ခြေတက်လေးတွေအတွက် လာမယ့် (48) နာရီမှာကန်ရမယ့်ပွဲကတော့ သူတို့အတွက် အဆင်ပြေနိုင်ပါတယ်”လို့နောက်ပွဲနဲ့ပတ်သက်ပြီး နည်းပြဆိုးလ်ရှားကပြောကြားခဲ့ပါတယ်။ လာမယ့်ပွဲစဉ်မှာလည်း ယူနိုက်တက်အသင်း အနိုင်ရလဒ်ကိုရယူနိုင်မလားဆိုတာ စောင့်ကြည့်အားပေးကြရအောင်ပါ။

 

 

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ယူႏိုက္တက္-နယူးကာဆယ္ပြဲအၿပီး ဘယ္သူေတြဘယ္လုိစကားေတြေျပာဆိုခဲ့ၾကသလဲ?

မေန႔က ကစားခဲ့တဲ့ယူႏိုက္တက္နဲ႔နယူးကာဆယ္ပြဲစဥ္မွာ ယူႏိုက္တက္ကစားသမားေတြရဲ႕ေျခစြမ္းေတြကို ပရိသတ္ေတြႀကိဳက္ႏွစ္သက္ခဲ့ၾကပါတယ္။ အဲဒီပြဲနဲ႔ပတ္သက္ၿပီးေတာ့ျဖစ္ပ်က္ခဲ့တဲ့အေၾကာင္းအရာေတြ၊ သက္ဆုိင္သူေတြေျပာဆိုထားတဲ့မွတ္ခ်က္ျပဳစကားေတြကိုတင္ဆက္ေပးလိုက္ပါတယ္။ အရင္ဦးဆုံးတင္ဆက္ ေပးခ်င္တာကေတာ့ တိုမီေနးလ္အေၾကာင္းပါ။ ပြဲစစျခင္း 24 စကၠန္႔မွာပဲတိုမီေနးလ္တစ္ေယာက္ အ၀ါကတ္အျပခံခဲ့ရပါတယ္။ အဲဒီလုိအျပခံရတာဟာ ပရီးမီးယားလိဂ္သမိုင္းရဲ႕ေနာက္ဆုံး 13ႏွစ္တာကာလအတြင္းမွာအျမန္ဆုံးျပသခံခဲ့ရတဲ့ အ၀ါကတ္အျဖစ္မွတ္တမ္း၀င္သြားခဲ့ပါၿပီ။ ဒါ့အျပင္တိုမီေနးလ္တစ္ေယာက္ ဒုတိယပိုင္းမွာေပါ့ဘာနဲ႔လူစားလဲခံရၿပီး၊အိမ္ကိုျပန္ခ်ိန္မွာေတာ့ ခ်ဳိင္းေထာက္သုံးခဲ့ရတယ္လို႔သတင္းေတြထြက္ေပၚေနပါတယ္။ ဒဏ္ရာအေျခအေနအရ ဘန္ေလးနဲ႔ပြဲစဥ္ကို လြဲေခ်ာ္ႏိုင္ဖြယ္ရိွပါတယ္။

နယူးကာဆယ္နဲ႔ပြဲစဥ္မွာ စံခ်ိန္မွတ္တမ္းေတြတင္ႏိုင္ခဲ့တဲ့ ယူႏိုက္တက္ကစားသမားေတြရိွပါေသး တယ္။အသက္ 18 ႏွစ္နဲ႔ 86 ရက္သားသာရိွေသးတဲ့ တုိက္စစ္မႉး ဂရင္းဝုဒ္ဟာ ယူႏုိက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္မွာ (3) ဂိုးသြင္း ေပးခဲ့တဲ့အသက္ငယ္ဆုံးကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။ က်န္တဲ့လူငယ္ကစားသမားေတြဟာ ဂရင္း၀ုဒ္ထက္ လပိုင္းအသက္ပိုႀကီးၾကပါတယ္။ ဒါ့အျပင္ ပရီးမီးယားလိဂ္ျပဳိင္ပြဲအတြက္ Old trafford ကြင္းမွာႏွစ္ပြဲဆက္ဂိုးသြင္းတဲ့(4) ေယာက္ေျမာက္ ဆယ္ေက်ာ္သက္ကစားသမားအျဖစ္လည္းမွတ္တမ္းဝင္သြားခဲ့ပါၿပီ။ ရပ္႐ွ္ဖို႔ဒ္ ကေတာ့ နယူးကာဆယ္နဲ႔ပြဲမွာဂိုးသြင္းၿပီးေနာက္ သူ႔ရဲ႕ကစားသမားဘဝတစ္ေလ်ွာက္ ပရီးမီးယားလိဂ္မွာ အမ်ားဆုံးသြင္းဂိုးပမာဏကိုပိုင္ဆုိင္ခဲ့ၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္မွာ 33 ပြဲကစားၿပီး 10 ဂိုးသြင္းခဲ့တဲ့ ရပ္ရွ္ဖို႔ဒ္ဟာ ဒီႏွစ္မွာေတာ့ 19 ပြဲကစားၿပီးခ်ိန္မွာ 11 ဂိုးသြင္းထားၿပီျဖစ္ပါတယ္။

တိုက္စစ္မွဴးမာရွယ္ကေတာ့ အဲဒီပြဲမွာ 2 ဂိုးသြင္းေပးထားပါတယ္။ ယူႏိုက္တက္အတြက္ ပြဲေပါင္း(150)ျပည့္ေအာင္ကစားခဲ့ၿပီျဖစ္တဲ့ ကြင္းလယ္လူေပါ့ဘာကေတာ့ နယူးကာဆယ္နဲ႔ပြဲမွာ ေဘာလုံးဆြဲေျပးတဲ့အေနအထားအရမ္းေကာင္းခဲ့သလို၊ ေဘာလုံးေပးပို႔ရာမွာလည္း တိက်မႈေတြမ်ားခဲ့ပါတယ္။ ဂိုးေပါက္ကန္သြင္းတာေတြကိုလည္း ႏွစ္ႀကိမ္ေလာက္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ကြင္းလယ္လူဖရတ္ကေတာ့ ေဘာလုံးေပးပို႔ရာမွာအမ်ားဆုံးအျဖစ္ 115 ႀကိမ္ေတာင္ေပးပို႔ႏိုင္ခဲ့ပါတယ္။ အခြင့္အေရးဖန္တီးတာကိုေတာ့ 3ႀကိမ္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ အဲဒီပြဲစဥ္ကို ႏွလုံးႂကြက္သားနာက်င္တဲ့ေဝဒနာခံစားေနရၿပီး ေဘာလုံးကစားတာကေနခဏအနားယူထားတဲ့ ယူႏုိက္တက္အသင္းရဲ႕ေနာက္ခံလူေဟာင္း ေဒလီဘလင္းဟာ အသင္းေဖာ္ေဟာင္းမာတစ္နဲ႔ ပြဲကိုအတူတကြၾကည့္ရႈအားေပးခဲ့ပါတယ္။

ပြဲအၿပီးမွာမက္ဂိြဳင္ယားက “ကြၽန္ေတာ္တို႔ရဲ႕ေပါ့ပ်က္တဲ့အေနအထားေၾကာင့္ ဂိုးေပးလိုက္ရပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ခံစစ္(4) ေယာက္စလုံးအဲ့တုန္းက ေနရာယူတာမွာ ေတာ္္ေတာ္ေလး ေနာက္က်ခဲ့ပါတယ္။ အဲ့အမွားကေန ကြၽန္ေတာ္တို႔သင္ယူေလ့လာႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အေကာင္း ဆုံးစိတ္ဓာတ္နဲ႔အတူ ျပန္ၿပီးႏိုင္ေအာင္ကစားႏိုင္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ သြင္းဂိုး 4 ဂိုးစလုံးက အရမ္းေကာင္းပါတယ္။ ကၽြန္ေတာ္တို႔က လူငယ္အားနဲ႔ကစားေနတာျဖစ္ၿပီးေတာ့ ဒီႏွစ္ေဘာလုံးရာသီမွာ အေကာင္းဆုံးတည္ရိွႏုိင္ေအာင္ႀကိဳးစားေနပါတယ္”လို႔ေျပာပါတယ္။ဒါ့အျပင္ “ဝက္ဖို႔ဒ္နဲ႔ပြဲစဥ္မွာတုန္းက ကြၽန္ေတာ္တို႔အသင္း ေကာင္းေကာင္းမကစားႏိုင္ခဲ့ပါဘူး။ ဒီေန႔ေတာ့ေျခစြမ္းေကာင္းေတြျပသႏိုင္ခဲ့ပါၿပီ။ အခုရမွတ္နဲ႔လည္း ကြၽန္ေတာ္တို႔အသင္းထိုက္တန္မႈေတြ ရိွပါတယ္။ လာမယ့္ ရက္အနည္းငယ္အတြင္းမွာလည္း ပြဲကစားဖို႔ရိွပါေသးတယ္။ ကြၽန္ေတာ္တို႔ရဲ႕ေျခစြမ္းေတြ ေကာင္းသထက္ေကာင္းေအာင္ႀကိဳးစားပါမယ္။”လို႔ မက္ဂိြဳင္ယားကေျပာပါေသးတယ္။

တိုက္စစ္မႉး ဂရင္းဝုဒ္အေပၚ လင္ဒီေလာ့ဒ္ကခ်ီးက်ဴးစကားေတြေျပာဆိုသြားခဲ့ပါေသးတယ္။ “ဂရင္းဝုဒ္က ထူးျခားတဲ့ေကာင္ေလးတစ္ေယာက္ပါ။ ေလ့က်င့္ခန္းအစီအစဥ္မွာကတည္းက သူဟာအျပင္းအထန္ ေလ့က်င့္တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သူဟာကြင္းထဲေရာက္ၿပီဆုိရင္ အသင္းအတြက္ အေကာင္းဆုံးျဖစ္ေအာင္လုပ္ေဆာင္ေပးပါတယ္။ ေျခစြမ္းေတြကိုဆက္လက္ထိန္းသိမ္း ထားမယ္ဆိုရင္ သူ႔အနာဂတ္ဟာပိုၿပီးေကာင္းမြန္လာမွာျဖစ္ပါတယ္။ သူဟာအားေကာင္းတဲ့တိုက္စစ္မွဴး တစ္ေယာက္ပါ။ဘယ္ေတာင္ပံမွာပဲျဖစ္ျဖစ္၊ ညာေတာင္ပံမွာပဲျဖစ္ျဖစ္ ထြက္ကစားႏိုင္တဲ့သူပါ။ ကၽြန္ေတာ္သူ႔အတြက္ေပ်ာ္ပါတယ္”လို႔ လင္ဒီေလာ့ဒ္က ေျပာပါတယ္။

နည္းျပဆိုးလ္ရွားကေတာ့ “ဒီေန႔ပြဲမွာ ကြၽန္ေတာ္တို႔အေကာင္းဆုံးလုပ္ေဆာင္ႏုိင္ခဲ့တယ္လို႔ ယူဆပါတယ္။ တစ္ဖက္က တစ္ဂိုးသြင္းထားၿပီဆုိရင္ ျပန္လည္တုန္႔ျပန္ကစားဖို႔ ခက္တဲ့အေနအထားျဖစ္တတ္ပါတယ္။ ဒီနွစ္ မွာကြၽန္ေတာ္တို႔အသင္းကို ၿပိဳင္ဘက္အသင္းက အရင္တစ္ဂိုးသြင္းထားရင္ ႐ႈံးထားတာမ်ားပါတယ္။ဒါေပမယ့္ ဒီတစ္ပြဲမွာေတာ့အဲလုိမျဖစ္ေတာ့ပါဘူး။ ကၽြန္ေတာ္တို႔ဒုတိယပိုင္းမွာအေကာင္းဆုံးကစားႏိုင္ခဲ့ပါတယ္။ ေနာက္ႏွစ္ရက္ေလာက္မွာ ကစားမယ့္ ပြဲစဥ္က်ရင္လည္း အေကာင္းဆုံး ကစားႏုိင္ဖို႔ေမ်ွာ္လင့္ထားပါတယ္”လို႔ ေျပာပါတယ္။

“ကြၽန္ေတာ့္ရဲ႕ကစားသမားေတြစိတ္ဓာတ္အင္အားေကာင္းေကာင္းနဲ႔ အရႈံးမေပးဘဲအေကာင္းဆုံး ကစားႏိုင္ခဲ့ပါတယ္။ ၿပိဳင္ဘက္အသင္းအမွားလုပ္ရင္ကၽြန္ေတာ္တို႔အတြက္ေကာင္းပါတယ္။ 2 ဂိုးသြင္းတဲ့ မာရွယ္ဆိုရင္ေတာ္ေတာ္ေပ်ာ္ေနမွာပါ။ ဂရင္း၀ုဒ္လည္း ဂိုးေတြပိုသြင္းလာဖို႔ကၽြန္ေတာ္ ေမွ်ာ္လင့္ထားပါတယ္။ သူကဂိုးေတြတျဖည္းျဖည္းခ်င္းသြင္းေပးႏိုင္တဲ့သူမ်ဳိးပါ။ နယူးကာဆယ္အသင္းက (3-5-2) ကစားကြက္နဲ႔ ကစားခဲ့တာေၾကာင့္ ကြၽန္ေတာ္တို႔ဘက္က ခံစစ္ေတာင့္တင္းတဲ့ပုံစံနဲ႔ကစားဖို႔လိုအပ္ခဲ့ပါတယ္။ ရပ္႐ွ္ဖို႔ဒ္ရဲ႕ သြင္းဂိုးကို ၀မ္ဘစ္ဆာကာ ကဖန္တီးေပးလိုက္တာလည္း ကၽြန္ေတာ္၀မ္းသာပါတယ္။ ဘာလို႔လဲဆိုရင္ သူကမ်ားေသာအားျဖင့္ေဘာလုံးေတြက္ုိပဲလုယူေနတာကမ်ားပါတယ္။”လို႔ နည္းျပဆိုးလ္ရွားက ေျပာပါေသးတယ္။

“ေနာက္ပြဲက 48 နာရီအၾကာမွာ ကန္ရမွာျဖစ္တာေၾကာင့္ ကစားသမားေတြအနားရဖို႔အတြက္လည္း လူစားလဲတာေတြလုပ္ခဲ့ပါတယ္။ ကၽြန္ေတာ့္ရဲ႕တိုက္စစ္ကစားသမားေတြကို ဒဏ္ရာေတြမရေစခ်င္ပါဘူး။ ကၽြန္ေတာ့္ဆီမွာ တိုက္စစ္ကစားသမားမ်ားမ်ားစားစားမရိွပါဘူး။ ဒါေၾကာင့္ မာရွယ္နဲ႔ရက္ရွ္ဖို႔ကို လူစားလဲဖို႔ လုပ္ခဲ့တာပါ။ ဘန္ေလပြဲအတြက္ ျပင္ဆင္တဲ့အေနနဲ႔ပါ။ ရက္ရွ္ဖို႔ကေတာ့ gym မွာေလ့က်င့္ခန္းေတြ အရမ္းလုပ္တဲ့သူပါ။ သူ႔ကိုကၽြန္ေတာ္ စီေရာ္နယ္ဒိုနဲ႔ႏိႈင္းေျပာေလ့ရိွပါတယ္။ သူ႔အသက္အရြယ္မွာလည္း ဒိုေလးတစ္ေယာက္ ကၽြန္ေတာ္တို႔မ်က္စိေရွ႕မွာပဲ အလုပ္ေတြႀကိဳးစား လုပ္ေနခဲ့လုိ႔ပါ။”လုိ႔ ဆိုးလ္ရွားက လူစားလဲတာနဲ႔ပတ္သက္ၿပီးေျပာပါေသးတယ္။

“ကြၽန္ေတာ္တို႔အသင္းရဲ႕လူစာရင္းမွာ လူငယ္ေတြမ်ားပါတယ္။ဒါေပမယ့္ အေတြ႔ အၾကံဳရိွတဲ့ ရင့္က်က္သူေတြနဲ႔ေရာထားရပါတယ္။ တခ်ဳိ႕ကစားသမားေတြအေပၚကြၽန္ေတာ္တို႔စိတ္႐ွည္ေပးရပါဦးမယ္။ ဒါေၾကာင့္လာမယ့္ရာသီအတြက္အသင္းလူစာရင္းကိုတည္ေဆာက္ေနပါတယ္။ ဒီႏွစ္ေဘာလုံးရာသီမွာေတာ့ကြၽန္ေတာ္တို႔အသင္းက အမွတ္ေပးဖလားကိုရရိွႏိုင္စြမ္းမရိွပါဘူး။ ဆုဖလားတခ်ဳိ႕ကိုရရိွေအာင္ေတာ့ ႀကိဳးစားေနပါတယ္။ ေနာက္ရာသီေတြမွာ ဆုဖလားတိုင္း ကိုစိန္ေခၚႏုိင္စြမ္းရိွတဲ့ အသင္းတစ္သင္းအျဖစ္ကိုျပန္လည္ေရာက္ရိွေအာင္ ကၽြန္ေတာ္တို႔ႀကိဳးစား လုပ္ေဆာင္ေနပါတယ္”လို႔နည္းျပဆိုးလ္ရွားက ထပ္မံေျပာပါေသးတယ္။

“ေနာက္ႏွစ္ရက္မွာကစားရမယ့္ဘန္ေလနဲ႔ပြဲအတြက္ အခုပြဲရဲ႕အႏိုင္ရလဒ္ဟာ အသင္းသားေတြကို ယုံၾကည္ခ်က္ေတြ၊ စိတ္အားတက္တာေတြျဖစ္ေစပါတယ္။ ဘန္ေလအသင္းက ဒီႏွစ္ေဘာလုံးရာသီမွာ အေကာင္းဆုံးတန္ျပန္ကစားႏုိင္တဲ့အသင္းတစ္သင္းပါ။ အဲဒီပြဲအတြက္အသင္းက (31) ႏွစ္ (32) ႏွစ္အရြယ္ကစားသမားေတြအတြက္ေတာ့ပြဲဆက္ေနလုိ႔ အခက္အခဲေတြရိွႏိုင္ပါမယ္။ လူငယ္ေျခတက္ေလးေတြအတြက္ လာမယ့္ (48) နာရီမွာကန္ရမယ့္ပြဲကေတာ့ သူတို႔အတြက္ အဆင္ေျပႏိုင္ပါတယ္”လို႔ေနာက္ပြဲနဲ႔ပတ္သက္ၿပီး နည္းျပဆိုးလ္ရွားကေျပာၾကားခဲ့ပါတယ္။ လာမယ့္ပြဲစဥ္မွာလည္း ယူႏိုက္တက္အသင္းအႏိုင္ရလဒ္ကိုရယူႏိုင္မလားဆိုတာ ေစာင့္ၾကည့္အားေပးၾကရေအာင္ပါ။