ယူနိက်တက်အသင်းရဲ့ ရာသီဝက် အခြေအနေဘယ်လိုရှိသလဲ?

photo internet

၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ်ကတော့ ရာသီဝက်ကို ရောက်ရှိခဲ့ပါပြီ။ ယူနိုက်တက်ရဲ့ ရာသီဝက်အနေအထားဟာအတက်အကျတွေရှိပါတယ်။ ဆိုလ်းရှားရဲ့ပြန်လည်တည်ဆောက်မှုအနေအထား မှာ ဒဏ်ရာရကစားသမားတွေရှိတာကြောင့် သိပ်တော့ခရီးမတွင်ခဲ့ပါဘူး။ နွေရာသီအပြောင်းရွှေ့မှာ ညာနောက်ခံအတွက် ဘစ်ဆာကာ၊ ဗဟိုနောက်ခံအတွက် ဟယ်ရီမက်ဂွိုင်းယား နဲ့ တိုက်စစ်အတွက် ဂျိမ်စ်း တို့ကို ပေါင်းသန်း၁၅၀ နီးပါးအသုံးပြုခဲ့ပေမယ့် လူကာကူ နဲ့ ဒါမီယံ ကို ပေါင်သန်းရှစ်ဆယ် ကျော်နဲ့ပြန်လည်ရောင်းချလိုက် တာကြောင့် အသင်းရဲ့အသားတင်အသုံးစရိတ် က ပေါင်သန်း ခုနှစ်ဆယ် ဝန်းကျင်သာကျသင့်ခဲ့ပါတယ်။

photo internet

ဒါ့အပြင် ဆန်းချက်ဇ်နဲ့ ခရစ်စမောလင်း တို့ကိုလည်း အငှားချခဲ့ပါတယ်။ ဒါကြောင့်လစာပိုင်းမှာသက်သာသွားခဲ့ပါတယ်။ ရာသီအစမှာ ချဲလ်ဆီး ကို လေးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပေမယ့် အသင်းဟာ ဆက်လက်ရုန်းကန်ခဲ့ရပြီး နိုင်ပွဲရရှိဖို့အင်မတန်ခက်ခဲခဲ့ပါတယ်။ အသင်းငယ်တွေနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲတွေမှာလည်း သရေပွဲတွေများခဲ့သလို ရှုံးခဲ့တဲ့ပွဲတွေတောင်ရှိခဲ့ပါတယ်။ ဒီရာသီဝက် မှာ ယူနိုက်တက်ဟာ ငါးပွဲရှုံးနိမ့်ထားပြီး အဲဒီရှုံးခဲ့တဲ့အသင်းတွေဟာ အဆင့်ခြောက်အတွင်းက အသင်းတွေမဟုတ်ပါဘူး။ သရေပွဲကတော့ 7 ပွဲရှိပါတယ်။ အဲဒီပွဲတွေထဲမှာ အာဆင်နယ် အသင်းနဲ့ လီဗာပူလ်း အသင်းတို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ပွဲတွေပါဝင်ပါတယ်။ သရေပွဲတွေသာနိုင်ခဲ့ရင် ရမှတ်နှစ်ဆယ်လောက် စုဆောင်းနိုင်မှာဖြစ်ပြီး၊ လီဗာပူလ်းကို ဖိအားပေးနိုင်တဲ့အနေအထားရှိမှာပါ။

photo internet

ဒါပေမယ့် ယူနိုက်တက်ဟာ ချဲလ်ဆီးအသင်းကို လိဂ်ဖလားအပါဝင် နှစ်ကျော့အနိုင်ယူထားသလို မန်စီးတီး၊လက်စတာ၊စပါး အသင်းတို့ကိုလည်းအနိုင်ရထားပါတယ်။ ကစားကွက်ပိုင်းမှာတော့ ဆိုလ်းရှား က ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ကစားတဲ့နည်းဗျူဟာကိုသုံးလေ့ရှိပါတယ်။ အဲဒီနည်းဟာအချို့အသင်းတွေနဲ့တော့ အဆင်မပြေခဲ့ပါဘူး။ ထိပ်တန်းကစားသမားတွေထဲမှာ ပေါဂ့်ဘာ ဒဏ်ရာရသွားပြီးနောက် အတော်ကြာကြာကွင်းထဲပြန်ဝင်မလာနိုင်ခဲ့ပါဘူး။ လူစားအတွက် ယူ၂၃က လစ်ဗစ် နဲ့ ဂါနာ ကို ခေါ်သုံးခဲ့ရပါတယ်။ ရာသီဝက်တစ်ခုလုံးခြုံကြည့်ရင် အသင်းရဲ့ တိုက်စစ်ဆင်အားက ဘယ်ဘက်ခြမ်းမှာပဲ အများစုရှိနေပြီး တိုက်စစ်တစ်ခုလုံးရဲ့ 42ရာခိုင်နှုန်း လောက်ထိကို ဘယ်ခြမ်းကသာထိုးဖောက်ခဲ့ပါတယ်။ ညာခြမ်းအသုံးပြုမှုကတော့ 30 ရာခိုင်နှုန်းလောက်ရှိပါတယ်။ ခြေစွမ်းအရမ်းထက်တဲ့ ကွင်းလယ်ကစားသမားလိုအပ်နေတာကြောင့် အသင်းရဲ့ကွင်းလယ်ကနေထိုးဖောက် နိုင်စွမ်းကတော့ 20 ရာခိုင်နှုန်း ဝန်းကျင်သာရှိခဲ့ပြီး၊ ဒါဟာ အသင်းကြီးတွေထဲမှာအနည်းပါးဆုံး မှတ်တမ်းလည်းဖြစ်ပါတယ်။

photo internet

ယူနိုက်တက်ဟာ ပွဲ၂၀မှာ သွင်းဂိုး ၃၂ဂိုးသွင်းယူခဲ့ပေမယ့် ပေးဂိုးကတော့ ၂၃ဂိုးထိရှိနေခဲ့ပါတယ်။ အသင်းရဲ့ပေးဂိုးအများစုက ဒုတိယပိုင်းမှာဖြစ်နေခဲ့ပြီးသွင်းဂိုးအများစုကတော့ ပထမပိုင်းလောက် မှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ တိုက်စစ်ဆင်ရင်း ခံစစ်ကျွံနေတယ်လို့ယူဆလို့ရပါတယ်။ ယူနိုက်တက် တစ်ဂိုးနဲ့ကပ်နိုင်ခဲ့တဲ့ပွဲက ပွဲ၂၀ မှာ ၈ပွဲထိရှိခဲ့ပါတယ်။ နှစ်ဂိုးနဲ့နှစ်ဂိုးအထက်သွင်းခဲ့တာက ၁၂ပွဲရှိပါတယ်။ပျမ်းမျှအနေနဲ့ကြည့်ရင်တော့ ယူနိက်တက်ဟာ တစ်ပွဲကို ဂိုးသွင်းနိုင်စွမ်း ၁.၆ ဂိုး ပတ်ဝန်းကျင်သာရှိပြီး ပေးဂိုးက ၁.၁ဂိုးအနေထားရှိတာကြောင့် အသင်းရဲ့ သွင်းဂိုးနဲ့ပေးဂိုး ဟာ သာမန်အလယ်အလတ်အသင်းတစ်သင်းရဲ့ အနေအထားပဲရှိပါတယ်။

photo internet

အသင်းထဲမှာတော့ ဝမ်ဘစ်ဆာကာက ဖြတ်ထုတ်တာတော်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး၊ ကျန်တဲ့လူငယ်ခြေတက်တွေကတော့ တိုက်စစ်အတွက်အဓိက အားထားနေရပါတယ်။ ယူနိက်တက် အသင်းရဲ့ပေးဂိုးအများစုမှာ တန်ပြန်တိုက်စစ်တွေကနေ ဆက်တိုက်ဖိအားပေးခံရပြီး ထိုးဖောက် ခံနေရတာဖြစ်ပါတယ်။ အသင်းရဲ့ကွင်းလယ်ဟာချက်ကြောင့် လိုအပ်ချက်တွေရှိနေတာဖြစ်ပြီး၊ ဆိုလ်းရှားအနေနဲ့ ကွင်းလယ်လူကောင်းတစ်ယောက်ထားဖို့လိုနေပါတယ်။ ဒါ့အပြင် တိုက်စစ်ကစား သမားတွေရဲ့အားကိုထိန်းတာ၊ထပ်တိုးတာလုပ်ဖို့လိုပါတယ်။ အဓိက ကတော့ အသင်းငယ်တွေကို အနိုင်ရဖို့လည်းအရေးကြီးနေတာဖြစ်ပါတယ်။ လာမယ့်အပြောင်းအရွှေ့မှာ ခြေစွမ်းကောင်းတဲ့လူတွေ ခေါ်ယူနိုင်ပြီး ကစားကွက်ကောင်းမယ်ဆိုရင် နောက်ရာသီဝက်အနေအထားမှာရလဒ်ပိုကောင်းမှာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့အနာဂတ်ရလဒ်တွေဘယ်လိုဖြစ်မလဲဆိုတာစောင့်ကြည့်ရအောင်ပါ။

photo internet

(Zawgyi Version)

ယူနိက္တက္အသင္းရဲ႕ ရာသီဝက္ အေျခအေနဘယ္လုိရိွသလဲ?

၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ္ကေတာ့ ရာသီဝက္ကို ေရာက္ရွိခဲ့ပါၿပီ။ ယူႏိုက္တက္ရဲ႕ ရာသီဝက္အေနအထားဟာအတက္အက်ေတြရိွပါတယ္။ ဆိုလ္းရွားရဲ႕ျပန္လည္တည္ေဆာက္မႈအေနအထားမွာ ဒဏ္ရာရကစားသမားေတြရိွတာေၾကာင့္ သိပ္ေတာ့ခရီးမတြင္ခဲ့ပါဘူး။ ေႏြရာသီအေျပာင္းေ႐ႊ႕မွာ ညာေနာက္ခံအတြက္ ဘစ္ဆာကာ၊ ဗဟိုေနာက္ခံအတြက္ ဟယ္ရီမက္ဂြိဳင္းယား နဲ႔ တိုက္စစ္အတြက္ ဂ်ိမ္စ္း တို႔ကို ေပါင္းသန္း၁၅၀ နီးပါးအသုံးျပဳခဲ့ေပမယ့္ လူကာကူ နဲ႔ ဒါမီယံ ကို ေပါင္သန္းရွစ္ဆယ္ ေက်ာ္နဲ႔ျပန္လည္ေရာင္းခ်လိုက္တာေၾကာင့္ အသင္းရဲ႕အသားတင္အသုံးစရိတ္ က ေပါင္သန္း ခုႏွစ္ဆယ္ ဝန္းက်င္သာက်သင့္ခဲ့ပါတယ္။

ဒါ့အျပင္ ဆန္းခ်က္ဇ္နဲ႔ ခရစ္စေမာလင္း တို႔ကိုလည္း အငွားခ်ခဲ့ပါတယ္။ ဒါေၾကာင့္လစာပိုင္းမွာသက္သာသြားခဲ့ပါတယ္။ ရာသီအစမွာ ခ်ဲလ္ဆီး ကို ေလးဂိုးျပတ္နဲ႔အႏိုင္ရရွိခဲ့ေပမယ့္ အသင္းဟာ ဆက္လက္႐ုန္းကန္ခဲ့ရၿပီး ႏိုင္ပြဲရရွိဖို႔အင္မတန္ခက္ခဲခဲ့ပါတယ္။ အသင္းငယ္ေတြနဲ႔ ယွဥ္ၿပိဳင္ရတဲ့ပြဲေတြမွာလည္း သေရပြဲေတြမ်ားခဲ့သလို ရႈံးခဲ့တဲ့ပြဲေတြေတာင္ရိွခဲ့ပါတယ္။ ဒီရာသီဝက္ မွာ ယူႏိုက္တက္ဟာ ငါးပြဲရႈံးနိမ့္ထားၿပီး အဲဒီရႈံးခဲ့တဲ့အသင္းေတြဟာ အဆင့္ေျခာက္အတြင္းက အသင္းေတြမဟုတ္ပါဘူး။ သေရပြဲကေတာ့ 7 ပြဲရိွပါတယ္။ အဲဒီပြဲေတြထဲမွာ အာဆင္နယ္ အသင္းနဲ႔ လီဗာပူလ္း အသင္းတို႔နဲ႔ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲေတြပါ၀င္ပါတယ္။ သေရပြဲေတြသာႏိုင္ခဲ့ရင္ ရမွတ္ႏွစ္ဆယ္ေလာက္ စုေဆာင္းႏိုင္မွာျဖစ္ၿပီး၊ လီဗာပူလ္းကို ဖိအားေပးႏိုင္တဲ့အေနအထားရိွမွာပါ။

ဒါေပမယ့္ ယူႏိုက္တက္ဟာ ခ်ဲလ္ဆီးအသင္းကို လိဂ္ဖလားအပါဝင္ ႏွစ္ေက်ာ့အႏိုင္ယူထားသလို မန္စီးတီး၊လက္စတာ၊စပါး အသင္းတို႔ကိုလည္းအႏိုင္ရထားပါတယ္။ ကစားကြက္ပိုင္းမွာေတာ့ ဆိုလ္းရွား က ခံစစ္ပိတ္ၿပီး တန္ျပန္တိုက္စစ္ကစားတဲ့နည္းဗ်ဴဟာကိုသုံးေလ့ရိွပါတယ္။ အဲဒီနည္းဟာအခ်ဳိ႕အသင္းေတြနဲ႔ေတာ့ အဆင္မေျပခဲ့ပါဘူး။ ထိပ္တန္းကစားသမားေတြထဲမွာ ေပါဂ့္ဘာ ဒဏ္ရာရသြားၿပီးေနာက္ အေတာ္ၾကာၾကာကြင္းထဲျပန္၀င္မလာႏိုင္ခဲ့ပါဘူး။ လူစားအတြက္ ယူ၂၃က လစ္ဗစ္ နဲ႔ ဂါနာ ကို ေခၚသုံးခဲ့ရပါတယ္။ ရာသီဝက္တစ္ခုလုံးၿခဳံၾကည့္ရင္ အသင္းရဲ႕ တိုက္စစ္ဆင္အားက ဘယ္ဘက္ျခမ္းမွာပဲ အမ်ားစုရွိေနၿပီး တိုက္စစ္တစ္ခုလုံးရဲ႕ 42ရာခိုင္ႏႈန္း ေလာက္ထိကို ဘယ္ျခမ္းကသာထိုးေဖာက္ခဲ့ပါတယ္။ ညာျခမ္းအသုံးျပဳမႈကေတာ့ 30 ရာခိုင္ႏႈန္းေလာက္ရိွပါတယ္။ ေျခစြမ္းအရမ္းထက္တဲ့ ကြင္းလယ္ကစားသမားလိုအပ္ေနတာေၾကာင့္ အသင္းရဲ႕ကြင္းလယ္ကေနထိုးေဖာက္ ႏိုင္စြမ္းကေတာ့ 20 ရာခိုင္ႏႈန္း ၀န္းက်င္သာရိွခဲ့ၿပီး၊ ဒါဟာ အသင္းႀကီးေတြထဲမွာအနည္းပါးဆုံး မွတ္တမ္းလည္းျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ပြဲ၂၀မွာ သြင္းဂိုး ၃၂ဂိုးသြင္းယူခဲ့ေပမယ့္ ေပးဂိုးကေတာ့ ၂၃ဂိုးထိရွိေနခဲ့ပါတယ္။ အသင္းရဲ႕ေပးဂိုးအမ်ားစုက ဒုတိယပိုင္းမွာျဖစ္ေနခဲ့ၿပီးသြင္းဂိုးအမ်ားစုကေတာ့ ပထမပိုင္းေလာက္ မွာျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ တိုက္စစ္ဆင္ရင္း ခံစစ္ကြၽံေနတယ္လို႔ယူဆလို႔ရပါတယ္။ ယူႏိုက္တက္ တစ္ဂိုးနဲ႔ကပ္ႏိုင္ခဲ့တဲ့ပြဲက ပြဲ၂၀ မွာ ၈ပြဲထိရွိခဲ့ပါတယ္။ ႏွစ္ဂိုးနဲ႔ႏွစ္ဂိုးအထက္သြင္းခဲ့တာက ၁၂ပြဲရွိပါတယ္။ပ်မ္းမွ်အေနနဲ႔ၾကည့္ရင္ေတာ့ ယူနိက္တက္ဟာ တစ္ပြဲကို ဂိုးသြင္းႏိုင္စြမ္း ၁.၆ ဂိုး ပတ္ဝန္းက်င္သာရွိၿပီး ေပးဂိုးက ၁.၁ဂိုးအေနထားရွိတာေၾကာင့္ အသင္းရဲ႕ သြင္းဂိုးနဲ႔ေပးဂိုး ဟာ သာမန္အလယ္အလတ္အသင္းတစ္သင္းရဲ႕ အေနအထားပဲရွိပါတယ္။

အသင္းထဲမွာေတာ့ ၀မ္ဘစ္ဆာကာက ျဖတ္ထုတ္တာေတာ္တဲ့ကစားသမားတစ္ေယာက္ျဖစ္ၿပီး၊ က်န္တဲ့လူငယ္ေျခတက္ေတြကေတာ့ တိုက္စစ္အတြက္အဓိက အားထားေနရပါတယ္။ ယူနိက္တက္ အသင္းရဲ႕ေပးဂိုးအမ်ားစုမွာ တန္ျပန္တိုက္စစ္ေတြကေန ဆက္တိုက္ဖိအားေပးခံရၿပီး ထိုးေဖာက္ ခံေနရတာျဖစ္ပါတယ္။ အသင္းရဲ႕ကြင္းလယ္ဟာခ်က္ေၾကာင့္ လုိအပ္ခ်က္ေတြရိွေနတာျဖစ္ၿပီး၊ ဆိုလ္းရွားအေနနဲ႔ ကြင္းလယ္လူေကာင္းတစ္ေယာက္ထားဖို႔လိုေနပါတယ္။ ဒါ့အျပင္ တိုက္စစ္ကစား သမားေတြရဲ႕အားကိုထိန္းတာ၊ထပ္တိုးတာလုပ္ဖို႔လိုပါတယ္။ အဓိက ကေတာ့ အသင္းငယ္ေတြကို အႏိုင္ရဖို႔လည္းအေရးႀကီးေနတာျဖစ္ပါတယ္။ လာမယ့္အေျပာင္းအေရႊ႕မွာ ေျခစြမ္းေကာင္းတဲ့လူေတြ ေခၚယူႏိုင္ၿပီး ကစားကြက္ေကာင္းမယ္ဆိုရင္ ေနာက္ရာသီ၀က္အေနအထားမွာရလဒ္ပိုေကာင္းမွာျဖစ္ပါတယ္။ ယူႏိုက္တက္ရဲ႕အနာဂတ္ရလဒ္ေတြဘယ္လုိျဖစ္မလဲဆိုတာေစာင့္ၾကည့္ရေအာင္ပါ။