မော်ရင်ညိုလက်ထက် စပါးအသင်းရဲ့ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို ရှုံးပွဲနဲ့အတူ အဆုံးသတ်လိုက်တဲ့ ယူနိုက်တက် (ယူနိုက်တက် ၂-၁ စပါး)

Photo Credit

Photo Credit

ယူနိုက်တက်အသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့သွင်းဂိုးတွေနဲ့အတူ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်ကို ပထမဆုံးအကြိမ် ပြိုင်ဘက်နည်းပြအဖြစ် ပြန်ရောက်လာတဲ့နည်းပြဟောင်း မော်ရင်ညိုကို အရှုံးနဲ့ ရင်ဆိုင်စေခဲ့ပြီး မော်ရင်ညိုလက်ထက် ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့စပါးအသင်းရဲ့မှတ်တမ်းကောင်းကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။

Photo Credit

ပွဲချိန် ၆ မိနစ်မှာပဲ ဂိုးဧရိယာဘယ်ဘက်ကနေ ရက်ရှ်ဖို့ဒ်က ဂိုးသမား ပိတ်ထားတဲ့ထောင့်ကျဉ်းထဲ ကန်သွင်းတာ စပါးဂိုးသမား ဂါဇာနီဂါနားရောက်မှ ဘောလုံးက မြေထောက်ကာ တိုင်ထိဝင်သွားခဲ့လို့ ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ဒီဂိုးမှာ ဂါဇာနီဂါလည်း ပေါ့ဆခဲ့တာပါသလို နောက်ခံလူ ဒါဗင်ဆင်ဆန်းချက်ဇ်ရဲ့အမှားလည်း ပါဝင်ခဲ့ပါတယ်။

Photo Credit

ပွဲချိန် ၃၉ မိနစ်မှာ စပါးကွင်းလယ်လူ အယ်လီက ဂိုးဧရိယာညာဘက်မှာ အမြင့်ဘောကို အကောင်းဆုံးထိန်းကာ သူ့ဆီ ပြေးဝင်လာတဲ့ အက်ရှ်လေယန်းနဲ့ ဖရက်ဒ်တို့ ကြားထဲကနေ အသာလေးရယူပြီး ဒီဂီယာနဲ့အတွေ့မှာ အပိုင်ကန်သွင်းယူနိုင်ခဲ့လို့ စပါးအသင်း ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ အပိုင်အခွင့်အရေးအများအပြား ဖန်တီးနိုင်ခဲ့ပြီး ၂၀၁၃ က ဗန်ပါစီနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ယူနိုက်တက်ကစားသမား ထွက်ပေါ်မလာေသေးပေမယ့် ဒီပွဲမှာ ၂ဂိုးစလုံးသွင်းယူသွားတဲ့ ရက်ရှ်ဖို့ဒ်ကတော့ ကလပ်နဲ့အင်္ဂလန်အသင်းတို့အတွက် သူ့ရဲ့၁၃ပွဲမှာ ၁၂ဂိုးအထိ သွင်းယူထားပြီးဖြစ်သလို ပရီးမီးယားလိဂ်မှာ ၉ဂိုးသွင်းယူထားပြီးဖြစ်ရာ ကစားသမားဘဝတစ်လျှောက် သူ့ရဲ့ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးသွင်းစံချိန်ကို လိုက်မီဖို့ ၁ဂိုးပဲ လိုပါတော့တယ်။

Photo Credit

ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင် ရက်ရှ်ဖို့ဒ်က သူ့ကြောင့်ရရှိလာတဲ့ပင်နယ်တီကို အနိုင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး စပါးကွင်းလယ်လူ ဆစ်ဆိုကိုက ရက်ရှ်ဖို့ဒ်ကို အနောက်ကနေ ဥပဒေပကစားခဲ့တာပါ။ အားလုံးမျှော်လင့်ထားသလိုပဲ ပြိုင်ဘက်နည်းပြအဖြစ် ပြန်ရောက်လာတဲ့ မော်ရင်ညိုကို အိမ်ရှင်ပရိသတ်တွေ နွေးထွေးစွာကြိုဆိုခဲ့ပြီး မော်ရင်ညိုအနေနဲ့ကတော့ ၄ပွဲမှာ တစ်ပွဲ ၂ဂိုးပေးနေရတဲ့ခံစစ်ပိုင်းကို အချိန်မီပြင်ဆင်ရဦးမှာဖြစ်ပါတယ်။

Photo Credit

ယူနိုက်တက်ကတော့ သြဂုတ်လက ပဲလေ့စ်ကို ၁-၂ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံအိမ်ကွင်းနောက်ဆုံး ၉ပွဲဆက် ရှုံးပွဲမရှိ(၅ပွဲနိုင်၊ ၄ပွဲသရေ)ကစားထားပြီး ရက်ရှ်ဖို့ဒ်ကလည်း သူ့ရဲ့နောက်ဆုံး ၉ပွဲမှာ ၁၁ဂိုးအထိ(၉ဂိုးသွင်း၊ ၂ဂိုးဖန်တီး)ပါဝင်ပတ်သက်ခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ဒီပွဲမှာအနိုင်ရခဲ့လို့ အမှတ်ပေးဇယားရဲ့အဆင့် ၆နေရာကို တက်ရောက်လာနိုင်ခဲ့ပြီး ဒီညမှာ ရှက်ဖီးလ်နဲ့ အာဆင်နယ်တို့သာ နိုင်ပွဲပျောက်ခဲ့ရင် အဆင့် ၆နေရာမှာ ဆက်လက်ရပ်တည်ခွင့်ရမှာဖြစ်ပေမယ့် ရှုံးနိမ့်သွားတဲ့ စပါးကတော့ အဆင့် ၅နေရာကနေ အဆင့် ၈နရာအထိ ကျဆင်းသွားခဲ့ရပါတယ်။

Photo Credit

Zawgyi

ေမာ္ရင္ညိဳလက္ထက္ စပါးအသင္းရဲ႕ရာႏႈန္းျပည့္ႏိုင္ပြဲဆက္စံခ်ိန္ကို ႐ံႈးပဲြနဲ႔အတူ အဆုံးသတ္လုိက္တဲ့ ယူႏိုက္တက္ (ယူႏိုက္တက္ ၂-၁ စပါး)

ယူႏိုက္တက္အသင္းတုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ရဲ႕သြင္းဂိုးေတြနဲ႔အတူ ယူႏုိက္တက္ဟာ အိုးထရက္ဖုိ႔ဒ္ကို ပထမဆုံးအႀကိမ္ ၿပိဳင္ဘက္နည္းျပအျဖစ္ ျပန္ေရာက္လာတဲ့နည္းျပေဟာင္း ေမာ္ရင္ညိဳကို အ႐ံႈးနဲ႔ ရင္ဆုိင္ေစခဲ့ၿပီး ေမာ္ရင္ညိဳလက္ထက္ ရာႏႈန္းျပည့္ႏိုင္ပြဲဆက္ေနတဲ့စပါးအသင္းရဲ႕မွတ္တမ္းေကာင္းကိုလည္း အဆုံးသတ္ႏိုင္ခဲ့ပါတယ္။
ပြဲခ်ိန္ ၆ မိနစ္မွာပဲ ဂိုးဧရိယာဘယ္ဘက္ကေန ရက္ရွ္ဖုိ႔ဒ္က ဂိုးသမား ပိတ္ထားတဲ့ေထာင့္က်ဥ္းထဲ ကန္သြင္းတာ စပါးဂိုးသမား ဂါဇာနီဂါနားေရာက္မွ ေဘာလုံးက ေျမေထာက္ကာ တုိင္ထိ၀င္သြားခဲ့လုိ႔ ယူႏုိက္တက္အသင္း ဦးေဆာင္ဂိုးရရွိခဲ့ၿပီး ဒီဂုိးမွာ ဂါဇာနီဂါလည္း ေပါ့ဆခဲ့တာပါသလုိ ေနာက္ခံလူ ဒါဗင္ဆင္ဆန္းခ်က္ဇ္ရဲ႕အမွားလည္း ပါ၀င္ခဲ့ပါတယ္။
ပြဲခ်ိန္ ၃၉ မိနစ္မွာ စပါးကြင္းလယ္လူ အယ္လီက ဂိုးဧရိယာညာဘက္မွာ အျမင့္ေဘာကို အေကာင္းဆုံးထိန္းကာ သူ႕ဆီ ေျပး၀င္လာတဲ့ အက္ရွ္ေလယန္းနဲ႔ ဖရက္ဒ္တို႔ ၾကားထဲကေန အသာေလးရယူၿပီး ဒီဂီယာနဲ႔အေတြ႕မွာ အပိုင္ကန္သြင္းယူႏိုင္ခဲ့လုိ႔ စပါးအသင္း ေခ်ပဂိုးျပန္လည္ရရွိခဲ့ပါတယ္။
ယူႏိုက္တက္အသင္းဟာ ဒီပြဲမွာ အပိုင္အခြင့္အေရးအမ်ားအျပား ဖန္တီးႏိုင္ခဲ့ၿပီး ၂၀၁၃ က ဗန္ပါစီေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ဟက္ထရစ္သြင္းယူႏိုင္တဲ့ ယူႏုိက္တက္ကစားသမား ထြက္ေပၚမလာေေသးေပမယ့္ ဒီပြဲမွာ ၂ဂုိးစလုံးသြင္းယူသြားတဲ့ ရက္ရွ္ဖို႔ဒ္ကေတာ့ ကလပ္နဲ႔အဂၤလန္အသင္းတုိ႔အတြက္ သူ႕ရဲ႕၁၃ပြဲမွာ ၁၂ဂိုးအထိ သြင္းယူထားၿပီးျဖစ္သလုိ ပရီးမီးယားလိဂ္မွာ ၉ဂုိးသြင္းယူထားၿပီးျဖစ္ရာ ကစားသမားဘ၀တစ္ေလွ်ာက္ သူ႕ရဲ႕ပရီးမီးယားလိဂ္အေကာင္းဆုံးဂုိးသြင္းစံခ်ိန္ကို လုိက္မီဖို႔ ၁ဂိုးပဲ လုိပါေတာ့တယ္။
ဒုတိယပိုင္းျပန္စၿပီး သိပ္မၾကာခင္ ရက္ရွ္ဖို႔ဒ္က သူ႕ေၾကာင့္ရရွိလာတဲ့ပင္နယ္တီကို အႏိုင္ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ၿပီး စပါးကြင္းလယ္လူ ဆစ္ဆုိကုိက ရက္ရွ္ဖို႔ဒ္ကို အေနာက္ကေန ဥပေဒပကစားခဲ့တာပါ။ အားလုံးေမွ်ာ္လင့္ထားသလိုပဲ ၿပိဳင္ဘက္နည္းျပအျဖစ္ ျပန္ေရာက္လာတဲ့ ေမာ္ရင္ညိဳကို အိမ္ရွင္ပရိသတ္ေတြ ေႏြးေထြးစြာႀကိဳဆုိခဲ့ၿပီး ေမာ္ရင္ညိဳအေနနဲ႔ကေတာ့ ၄ပြဲမွာ တစ္ပဲြ ၂ဂိုးေပးေနရတဲ့ခံစစ္ပိုင္းကို အခ်ိန္မီျပင္ဆင္ရဦးမွာျဖစ္ပါတယ္။
ယူႏိုက္တက္ကေတာ့ ၾသဂုတ္လက ပဲေလ့စ္ကို ၁-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ၿပိဳင္ပြဲစုံအိမ္ကြင္းေနာက္ဆုံး ၉ပဲြဆက္ ႐ံႈးပဲြမရွိ(၅ပြဲႏိုင္၊ ၄ပဲြသေရ)ကစားထားၿပီး ရက္ရွ္ဖုိ႔ဒ္ကလည္း သူ႕ရဲ႕ေနာက္ဆုံး ၉ပြဲမွာ ၁၁ဂိုးအထိ(၉ဂိုးသြင္း၊ ၂ဂိုးဖန္တီး)ပါ၀င္ပတ္သက္ခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ဒီပြဲမွာအႏိုင္ရခဲ့လုိ႔ အမွတ္ေပးဇယားရဲ႕အဆင့္ ၆ေနရာကို တက္ေရာက္လာႏုိင္ခဲ့ၿပီး ဒီညမွာ ရွက္ဖီးလ္နဲ႔ အာဆင္နယ္တုိ႔သာ ႏုိင္ပြဲေပ်ာက္ခဲ့ရင္ အဆင့္ ၆ေနရာမွာ ဆက္လက္ရပ္တည္ခြင့္ရမွာျဖစ္ေပမယ့္ ႐ံႈးနိမ့္သြားတဲ့ စပါးကေတာ့ အဆင့္ ၅ေနရာကေန အဆင့္ ၈နရာအထိ က်ဆင္းသြားခဲ့ရပါတယ္။