မော်ရင်ညိုရဲ့ဦးဆောင်မှုနဲ့ ကာလရှည်ဖလားလက်မဲ့ဖြစ်နေမှုကို စပါးအသင်း အဆုံးသတ်နိုင်မယ်လို့ မိုရာယုံကြည်

Photo Credit

Photo Credit

စပါးအသင်းအနေနဲ့ နည်းပြမော်ရင်ညိုရဲ့ဦးဆောင်မှုနဲ့အတူ ကာလရှည်ဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း တောင်ပံကစားသမား လူးကပ်စ်မိုရာက အခိုင်အမာပြောကြားလိုက်ပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက နည်းပြဟောင်း ပိုချက်တီနိုရဲ့ဦးဆောင်မှုနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ၂၀၀၈ မှာ လိဂ်ဖလားရရှိခဲ့ပြီးချိန်ကတည်းက ဖလားလက်မဲ့ဖြစ်နေရပါတယ်။

Photo Credit

ဒီလိုစပါးအသင်းက ကာလရှည်ဖလားလက်မဲ့ဖြစ်နေချိန်မှာ မော်ရင်ညိုကတော့ သူ တာဝန်ယူခဲ့တဲ့ကလပ်အသင်းတိုင်းမှာ ဆုဖလားရယူပေးနိုင်ခဲ့ပြီး ၂၀၁၆-၁၇ ရာသီက ယူနိုက်တက်နဲ့အတူ ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။ ယခုအခါ မိုရာက မော်ရင်ညိုအနေနဲ့ အသင်းကို ဖလားလက်မဲ့ဖြစ်နေမှုကနေ အဆုံးသတ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit

”အားလုံးလည်း သူနဲ့အတူ အလုပ်တွဲလုပ်နေရလို့ စိတ်လှုပ်ရှားနေပါတယ်။ သူက နာမည်ကြီးတစ်ယောက်ဖြစ်သလို လူတိုင်းအတွက်လည်း အရေးပါတဲ့နည်းပြပါ။ မော်ရင်ညိုက သူတာဝန်ယူခဲ့တဲ့ကလပ်အသင်းတိုင်းမှာ ဆုဖလားတွေရရှိခဲ့လို့ သူ့ရဲ့နည်းပြဘဝက ဘယ်လောက်ကောင်းလဲဆိုတာ အားလုံးလည်း သိပါတယ်။ အခုတော့ ကျွန်တော်တို့လည်း သူ့ဆီကနေ သင်ကြားခွင့်ရရှိနေပြီဖြစ်လု့ိ ကြီးမားတဲ့အခွင့်အရေးပါပဲ”

Photo Credit

”အတွေ့အကြုံအများကြီးရှိပြီး အောင်မြင်မှုတွေ ယူပေးနိုင်စွမ်းရှိတဲ့နည်းပြရဲ့ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့အသင်း ဆုဖလားတွေရရှိနိုင်ပြီလို့ ယုံကြည်ပါတယ်”လို့ မိုရာက ပြောပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလက မော်ရင်ညို တာဝန်ယူခဲ့ပြီးနောက်ပိုင်း စပါးအသင်းဟာ ၄ပွဲအနိုင်ရထားပေမယ့် ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ကိုတော့ အရေးနိမ့်ထားပါတယ်။

Photo Credit

စပါးဟာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲမှာ ဘန်လေကို ၅-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး မိုရာက အဲဒီလိုစွမ်းဆောင်မှုမျိုး ဆက်လက်ပြသနိုင်ဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ စပါးဟာ ယနေ့ညမှာ ဝုဗ်အသင်းနဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး အမှတ်ပေးဇယားရဲ့အဆင့် ၈ နေရာမှာ ရပ်တည်နေသလို ဝုဗ်အသင်းနဲ့လည်း ၁ မှတ်လျော့နည်းနေပါတယ်။

Photo Credit

Zawgyi

ေမာ္ရင္ညိဳရဲ႕ဦးေဆာင္မႈနဲ႔ ကာလရွည္ဖလားလက္မဲ့ျဖစ္ေနမႈကို စပါးအသင္း အဆုံးသတ္ႏိုင္မယ္လုိ႔ မိုရာယုံၾကည္

စပါးအသင္းအေနနဲ႔ နည္းျပေမာ္ရင္ညိဳရဲ႕ဦးေဆာင္မႈနဲ႔အတူ ကာလရွည္ဖလားလက္မဲ့ျဖစ္ေနမႈကို အဆုံးသတ္ႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္း ေတာင္ပံကစားသမား လူးကပ္စ္မုိရာက အခုိင္အမာေျပာၾကားလုိက္ပါတယ္။ စပါးအသင္းဟာ ၿပီးခဲ့တဲ့ရာသီက နည္းျပေဟာင္း ပိုခ်က္တီႏိုရဲ႕ဦးေဆာင္မႈနဲ႔အတူ ခ်န္ပီယံလိဂ္ဗိုလ္လုပဲြအထိ တက္ေရာက္ႏုိင္ခဲ့ေပမယ့္ ၂၀၀၈ မွာ လိဂ္ဖလားရရွိခ့ဲၿပီးခ်ိန္ကတည္းက ဖလားလက္မ့ဲျဖစ္ေနရပါတယ္။
ဒီလုိစပါးအသင္းက ကာလရွည္ဖလားလက္မဲ့ျဖစ္ေနခ်ိန္မွာ ေမာ္ရင္ညိဳကေတာ့ သူ တာ၀န္ယူခဲ့တဲ့ကလပ္အသင္းတုိင္းမွာ ဆုဖလားရယူေပးႏိုင္ခဲ့ၿပီး ၂၀၁၆-၁၇ ရာသီက ယူႏုိက္တက္နဲ႔အတူ ယူ႐ိုပါလိဂ္ဖလားရယူႏိုင္ခဲ့ပါတယ္။ ယခုအခါ မုိရာက ေမာ္ရင္ညိဳအေနနဲ႔ အသင္းကို ဖလားလက္မဲ့ျဖစ္ေနမႈကေန အဆံုးသတ္ေပးႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။
”အားလုံးလည္း သူနဲ႔အတူ အလုပ္တြဲလုပ္ေနရလုိ႔ စိတ္လႈပ္ရွားေနပါတယ္။ သူက နာမည္ႀကီးတစ္ေယာက္ျဖစ္သလုိ လူတုိင္းအတြက္လည္း အေရးပါတဲ့နည္းျပပါ။ ေမာ္ရင္ညိဳက သူတာ၀န္ယူခဲ့တဲ့ကလပ္အသင္းတုိင္းမွာ ဆုဖလားေတြရရွိခဲ့လုိ႔ သူ႕ရဲ႕နည္းျပဘ၀က ဘယ္ေလာက္ေကာင္းလဲဆုိတာ အားလုံးလည္း သိပါတယ္။ အခုေတာ့ ကၽြန္ေတာ္တုိ႔လည္း သူ႕ဆီကေန သင္ၾကားခြင့္ရရွိေနၿပီျဖစ္လု႔ိ ႀကီးမားတဲ့အခြင့္အေရးပါပဲ”
”အေတြ႕အႀကံဳအမ်ားႀကီးရွိၿပီး ေအာင္ျမင္မႈေတြ ယူေပးႏိုင္စြမ္းရွိတဲ့နည္းျပရဲ႕ဦးေဆာင္မႈေအာက္မွာ ကၽြန္ေတာ္တုိ႔အသင္း ဆုဖလားေတြရရွိႏိုင္ၿပီလုိ႔ ယုံၾကည္ပါတယ္”လုိ႔ မိုရာက ေျပာပါတယ္။ ၿပီးခဲ့တဲ့ႏို၀င္ဘာလက ေမာ္ရင္ညိဳ တာ၀န္ယူခဲ့ၿပီးေနာက္ပိုင္း စပါးအသင္းဟာ ၄ပဲြအႏိုင္ရထားေပမယ့္ ယူႏုိက္တက္နဲ႔ ဘုိင္ယန္ျမဴးနစ္တုိ႔ကိုေတာ့ အေရးနိမ့္ထားပါတယ္။
စပါးဟာ ပရီးမီးယားလိဂ္ေနာက္ဆုံးပြဲမွာ ဘန္ေလကို ၅-၀ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး မုိရာက အဲဒီလုိစြမ္းေဆာင္မႈမ်ိဳး ဆက္လက္ျပသႏိုင္ဖို႔ အသင္းေဖာ္ေတြကို တိုက္တြန္းလုိက္ပါတယ္။ စပါးဟာ ယေန႔ညမွာ ၀ုဗ္အသင္းနဲ႔အေ၀းကြင္းပြဲကစားရမွာျဖစ္ၿပီး အမွတ္ေပးဇယားရဲ႕အဆင့္ ၈ ေနရာမွာ ရပ္တည္ေနသလုိ ၀ုဗ္အသင္းနဲ႔လည္း ၁ မွတ္ေလ်ာ့နည္းေနပါတယ္။