မော်ရင်ညိုနဲ့ပြန်ဆုံရမယ့်ပွဲမှာ ပေါ့ဘာပြန်ကစားနိုင်ဖို့ ဆိုးလ်ရှားမျှော်လင့်

0
448
PC ;Internet

လာမယ့်ကြားရက်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ရင်ဆိုင်ရမယ့်ပွဲမှာ ပေါ့ဘာ ဒါမှမဟုတ် တွန်မီနေးလ်တို့ထဲက တစ်ယောက်ယောက် ဒဏ်ရာကနေပြန်ကစားနိုင်စေချင်တယ်လို့ မန်ယူနည်းပြဆိုးလ်ရှားက မျှော်လင့်နေကြောင်းသိရပါတယ်။ပေါ့ဘာနဲ့အသင်းဖော်ကွင်းလယ်လူတွန်မီနေးလ်တို့ဟာ ဒဏ်ရာပြသနာကြောင့် အက်စ်တွန်ဗီလာနဲ့ ၂ဂိုးစီသရေကျခဲ့တဲ့ တနင်္ဂနွေညပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ကြပါဘူး။ပြင်သစ်ကြယ်ပွင့်ကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် စက်တင်ဘာလကတည်းက မန်ယူအတွက် မကစားနိုင်ခဲ့တာဖြစ်ပြီး တွန်မီနေးလ်ကလည်း ဘရိုက်တန်ကိုအနိုင်ရတဲ့ပွဲမှာ အလားတူဒဏ်ရာမျိုးရရှိသွားခဲ့တာပါ။

PC ; Internet

ဒီပွဲဟာ မန်ယူအနေနဲ့ သူတို့ရဲ့နည်းပြဟောင်းမော်ရင်ညိုကို အိုးလ်ထရက်ဖို့ဒ်မှာ ပြန်လည်ရင်ဆိုင်ရမယ့်ပွဲဖြစ်နေပါတယ်။ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက မန်ယူရဲ့ထုတ်ပယ်မှုခံခဲ့ရတဲ့ စပါယ်ရှယ်ဝမ်းဟာ အိပ်မက်ကဇာတ်ခုံမှာရှိနေစဉ် ပေါ့ဘာနဲ့အဆင်မပြေဖြစ်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ဖူးပါတယ်။

PC ; Internet

“ ကျွန်တော်တို့ ၂ရက်အချိန်ရပါသေးတယ်။ဒီပွဲမှာ ကစားသမားတိုင်း ကောင်းမွန်စွာရှိနေဖို့တော့လိုပါတယ်။ပေါ့ဘာနဲ့တွန်မီနေးလ်တို့အတွက်တော့ အချိန် ၂ရက်သာရှိတာကြောင့် စောင့်ကြည့်ဖို့ပဲရှိပါတယ်။ဒါပေမဲ့ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကိုတော့ ကွင်းထဲမှာ မြင်ရလိမ့်မယ်လို့ ကျွန်တော်ယုံကြည်နေပါတယ်။အဲဒီလို ပြန်ကစားနိုင်ဖို့ကိုလည်း ကန့်လန့်ကာနောက်ကွယ်မှာ သူတို့ကြိုးစားနေကြပါတယ် ” လို့ ဆိုးလ်ရှားက ဖွင့်ဟသွားခဲ့ပါတယ်။

PC ; Internet

လက်ရှိအချိန်မှာ မန်ယူဟာ အမှတ်ပေးဇယား အဆင့်-၉နေရာမှာရပ်တည်နေပြီး မော်ရင်ညိုလက်ထက်ပရီးမီးယားလိဂ် ၂ပွဲဆက်နိုင်ခဲ့တဲ့ အဆင့်-၅နေရာက စပါးနဲ့ ၂မှတ်ကွာနေပါတယ်။

(zawgyi)

လာမယ့္ၾကားရက္ပြဲစဥ္အျဖစ္ စပါးအသင္းနဲ႔ရင္ဆိုင္ရမယ့္ပြဲမွာ ေပါ့ဘာ ဒါမွမဟုတ္ တြန္မီေနးလ္တို႔ထဲက တစ္ေယာက္ေယာက္ ဒဏ္ရာကေနျပန္ကစားႏိုင္ေစခ်င္တယ္လို႔ မန္ယူနည္းျပဆိုးလ္ရွားက ေမွ်ာ္လင့္ေနေၾကာင္းသိရပါတယ္။ေပါ့ဘာနဲ႔အသင္းေဖာ္ကြင္းလယ္လူတြန္မီေနးလ္တို႔ဟာ ဒဏ္ရာျပသနာေၾကာင့္ အက္စ္တြန္ဗီလာနဲ႔ ၂ဂိုးစီသေရက်ခဲ့တဲ့ တနဂၤေႏြညပြဲစဥ္မွာ မပါ၀င္ႏိုင္ခဲ့ၾကပါဘူး။ျပင္သစ္ၾကယ္ပြင့္ကေတာ့ ေျခက်င္း၀တ္ဒဏ္ရာေၾကာင့္ စက္တင္ဘာလကတည္းက မန္ယူအတြက္ မကစားႏိုင္ခဲ့တာျဖစ္ၿပီး တြန္မီေနးလ္ကလည္း ဘရိုက္တန္ကိုအနိုင္ရတဲ့ပြဲမွာ အလားတူဒဏ္ရာမ်ိဳးရရွိသြားခဲ့တာပါ။ဒီပြဲဟာ မန္ယူအေနနဲ႔ သူတို႔ရဲ႕နည္းျပေဟာင္းေမာ္ရင္ညိဳကို အိုးလ္ထရက္ဖို႔ဒ္မွာ ျပန္လည္ရင္ဆိုင္ရမယ့္ပြဲျဖစ္ေနပါတယ္။ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလတုန္းက မန္ယူရဲ႕ထုတ္ပယ္မႈခံခဲ့ရတဲ့ စပါယ္ရွယ္၀မ္းဟာ အိပ္မက္ကဇာတ္ခံုမွာရွိေနစဥ္ ေပါ့ဘာနဲ႔အဆင္မေျပျဖစ္ခဲ့တယ္ဆိုတဲ့သတင္းေတြထြက္ခဲ့ဖူးပါတယ္။“ ကၽြန္ေတာ္တို႔ ၂ရက္အခ်ိန္ရပါေသးတယ္။ဒီပြဲမွာ ကစားသမားတိုင္း ေကာင္းမြန္စြာရွိေနဖို႔ေတာ့လိုပါတယ္။ေပါ့ဘာနဲ႔တြန္မီေနးလ္တို႔အတြက္ေတာ့ အခ်ိန္ ၂ရက္သာရွိတာေၾကာင့္ ေစာင့္ၾကည့္ဖို႔ပဲရွိပါတယ္။ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ထဲက တစ္ေယာက္ကိုေတာ့ ကြင္းထဲမွာ ျမင္ရလိမ့္မယ္လို႔ ကၽြန္ေတာ္ယံုၾကည္ေနပါတယ္။အဲဒီလို ျပန္ကစားႏိုင္ဖို႔ကိုလည္း ကန္႔လန္႔ကာေနာက္ကြယ္မွာ သူတို႔ႀကိဳးစားေနၾကပါတယ္ ” လို႔ ဆိုးလ္ရွားက ဖြင့္ဟသြားခဲ့ပါတယ္။လက္ရွိအခ်ိန္မွာ မန္ယူဟာ အမွတ္ေပးဇယား အဆင့္-၉ေနရာမွာရပ္တည္ေနၿပီး ေမာ္ရင္ညိဳလက္ထက္ပရီးမီးယားလိဂ္ ၂ပြဲဆက္ႏိုင္ခဲ့တဲ့ အဆင့္-၅ေနရာက စပါးနဲ႔ ၂မွတ္ကြာေနပါတယ္။