မိုက်ကယ်အိုဝင် ခန့်မှန်းပေးထားတဲ့ ထိပ်တန်းအသင်းတွေရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များအကြောင်း

photo internet

အခုတစ်ပတ်ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ လီဗာပူးအသင်းမပါဝင်ပါဘူး။ ဖီဖာကလပ် ကမ္ဘာ့ဖလားပွဲကို ကာတာမှာ သွားရောက်ယှဉ်ပြိုင်နေတာကြောင့်ဖြစ်ပါတယ်။ အခြားထိပ်တန်းကလပ်အသင်းတွေဖြစ်တဲ့ အဲဗာတန် Vs အာဆင်နယ် ၊ မန်စီးတီး Vs လက်စတာ နဲ့ တော့တင်ဟမ် Vs ချဲလ်ဆီးတို့ရဲ့အနေအထားကို မိုက်ကယ်အိုဝင်ဘယ်လိုသုံးသပ်ထားတယ်ဆိုတာကိုတင်ဆက်ပေးလိုက်ပါတယ်။

photo internet

မန်စီးတီး နဲ့ လက်စတာ အသင်း

လက်စတာစီးတီးရဲ့ ၈ ပွဲဆက် အနိုင်ရရှိမှုတွေဟာ ပြီးခဲ့တဲ့စနေနေ့က နော့ဝှစ် နဲ့ သရေကျကာ အဆုံးသတ်သွား ခဲ့ပါတယ်။ အီတီဟတ်မှာ ကစားရမယ့်ပွဲစဉ်မှာ မန်စီးတီးဟာ အာဆင်နယ်ကို နိုင်ခဲ့တဲ့ပွဲမှာလို အကောင်းဆုံးခြေစွမ်းတွေပြလိမ့်မယ်လို့ အိုဝင်က ခန့်မှန်းထားပါတယ်။ ပက်ဂွာဒီယိုလာမှာ ခြေစွမ်းကောင်းတဲ့ကစားသမားတွေရှိတာကြောင့် မန်စီးတီးအနေနဲ့ လက်စတာကို အနိုင်ရဖို့များပါတယ်။ ဒုတိယရာသီဝက် ပြိုင်ပွဲ ၄ ခုမှာ ဆုဖလားတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ပက်ဂွာဒီယိုလာ ရဲ့ အသင်းအတွက် အားထုတ်တာတွေကိုမြင်ရပါမယ်။ အိုဝင်ကတော့ မန်စီးတီးအနေနဲ့ 3 ဂိုး 1ဂိုးနဲ့ လက်စတာကို နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

photo internet

အဲဗာတန် နဲ့ အာဆင်နယ် အသင်း

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က မန်စီးတီးနဲ့ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ တစ်ပွဲလုံးမှာ ဂိုးပေါက်တစ်ကြိမ်သာ တည့်မတ်ခဲ့ပါတယ်။ ဂန်းနားတို့ဟာအဲဗာတန်အသင်းကို အဲလိုခြေစွမ်းမျိုးနဲ့တော့ ကစားမယ်မထင်ကြောင်း မိုက်ကယ်အိုဝင်ကပြောပါတယ်။ ဒါပေမယ့်လည်း အိုဝင်ကတော့ အဲဗာတန်အသင်းဘက်ကပဲ နိုင်မယ်လို့ ထင်ထားပါတယ်။ အဲဗာတန် ဟာ ယာယီနည်းပြ ဒန်ကန်ဖာဂူဆန် ရဲ့ လက်အောက် မှာ ၂ ပွဲကစား ၄ မှတ် ရရှိထားခဲ့ပေမယ့် ဒဏ်ရာတွေ နဲ့တော့ ရုန်းကန် နေရပါတယ်။ အဲဗာတန် အနေနဲ့ အိမ်ကွင်းမှာ ၂ပွဲဆက် နိုင်နိုင်တဲ့အခြေအနေရှိတယ်လို့လည်း အိုဝင်ကပြောပါတယ်။ အဲဗာတန်အနေနဲ့ 2 ဂိုး 1 ဂိုးနဲ့ အာဆင်နယ်ကို ကပ်ပြီးနိုင်နိုင်တဲ့ အနေအထားရှိကြောင်း အိုဝင်က ခန့်မှန်းထားပါတယ်။

photo internet

ယူနိုက်တက်နဲ့ ဝက်ဖို့ဒ်အသင်း

ဝက်ဖို့ဒ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၇ ပွဲမှာ ရမှတ် ၉ မှတ်သာ ရရှိထားပါသေးတယ်။ ပရီးမီးယားလိဂ် သမိုင်းအရဆိုရင် ရာသီတစ်ခုရဲ့ ဒီလိုအနေအထားမျိုးမှာ ရမှတ်9 မှတ်နဲ့ ဒီထက်နည်းတဲ့ရမှတ်တွေကို ရတဲ့အသင်းတွေဟာ တန်းဆင်းရမှာဖြစ်ပါတယ်။ အခုတလောမှာ ယူနိုက်တက်ဟာ အနိုင်ရလဒ်တွေပြန်ရနေပါတယ်။ ဒါကြောင့် ဝက်ဖို့ဒ်ကိုလည်း နိုင်နိုင်ခြေရှိနေပါတယ်။ မန်ချက်စတာက 2 ဂိုးသွင်းပြီး ဝက်ဖို့ဒ်ဖက်ကတော့ ဂိုးသွင်းနိုင်ခြေမရှိဘူးလို့ အိုဝင်က ခန့်မှန်းထားပါတယ်။

photo internet

တော့တင်ဟမ် နဲ့ ချဲလ်ဆီးအသင်း

ခရစ်စမတ် မတိုင်မီ ဘောလုံးပွဲပရိသတ်တွေအတွက် နောက်ဆုံးကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်တစ်ယောက် သူ့ရဲ့မိတ်ဆွေဟောင်းကြီး မော်ရင်ဟိုနဲ့ ပြန်လည်တွေ့ဆုံရမယ့် ပွဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတုန်းကတော့ လိဂ်ဖလားမှာ လမ်းပတ်အနေနဲ့ မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ ယူနိုက်တက်ကို အိုးထရပ်ဖို့ဒ်မှာ ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင်ယူခဲ့ပါတယ်။ ချဲလ်ဆီးဟာ နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲစဉ် 5 ပွဲမှာ 4 ပွဲ ရှုံးထားပြီး စပါးအသင်းကတော့ နောက်ဆုံး 4ပွဲမှာ 3 ပွဲ အနိုင်ရရှိ ထားခဲ့ပါတယ်။ မိုက်ကယ်အိုဝင်ကတော့ စပါးအသင်း 2 ဂိုး 1 ဂိုးနဲ့ ချဲလ်ဆီးကိုနိုင်မယ်လို့ခန့်မှန်းထားပါတယ်။

photo internet

အခြားပွဲစဉ်တွေဖြစ်တဲ့ အက်စတွန်ဗီလာ နဲ့ ဆောက်သမ်တန်အသင်းပွဲမှာ 2ဂိုး 1ဂိုးနဲ့ အက်စတွန်ဗီလာနိုင်မယ်လို့ခန့်မှန်းထားသလို၊ ဘုန်းမောက်နဲ့ဘန်လေပွဲမှာတော့ ဘန်လေက 1 ဂိုး ဂိုးမရှိနဲ့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဘရိုက်တန်နဲ့ရှက်ဖီးယူနိုက်တက်ပွဲစဉ်၊နယူးကာဆယ်နဲ့ ခရစ်စတယ်ပဲလေ့စ်ပွဲစဉ်တွေကိုတော့ တစ်ဖက် 1ဂိုးစီနဲ့သရေကျမယ်လို့မှန်းထားပါတယ်။ နော့ဝှစ် နဲ့ဝုဖ်ပွဲမှာ ဝုဖ်က 2ဂိုး 1 ဂိုးနဲ့နိုင်မယ်လို့ မိုက်ကယ်အိုဝင်ကခန့်မှန်းထားပါတယ်။ အိုဝင်ရဲ့ခန့်မှန်းချက်တွေမှန်၊မမှန် စောင့်ကြည့်ကြရအောင်ပါ။

(Zawgyi Version)

မိုက္ကယ္အုိ၀င္ ခန္႔မွန္းေပးထားတဲ့ ထိပ္တန္းအသင္းေတြရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္မ်ားအေၾကာင္း

အခုတစ္ပတ္ပရီးမီးယားလိဂ္ ပြဲစဥ္မွာေတာ့ လီဗာပူးအသင္းမပါ၀င္ပါဘူး။ ဖီဖာကလပ္ ကမာၻ႔ဖလားပြဲကို ကာတာမွာ သြားေရာက္ယွဥ္ၿပိဳင္ေနတာေၾကာင့္ျဖစ္ပါတယ္။ အျခားထိပ္တန္းကလပ္အသင္းေတြျဖစ္တဲ့ အဲဗာတန္ Vs အာဆင္နယ္ ၊ မန္စီးတီး Vs လက္စတာ နဲ႔ ေတာ့တင္ဟမ္ Vs ခ်ဲလ္ဆီးတို႔ရဲ႕အေနအထားကို မိုက္ကယ္အို၀င္ဘယ္လုိသုံးသပ္ထားတယ္ဆိုတာကိုတင္ဆက္ေပးလိုက္ပါတယ္။

မန္စီးတီး နဲ႔ လက္စတာ အသင္း

လက္စတာစီးတီးရဲ႕ ၈ ပြဲဆက္ အႏိုင္ရရိွမႈေတြဟာ ၿပီးခဲ့တဲ့စေနေန႔က ေနာ့ဝွစ္ နဲ႔ သေရက်ကာ အဆုံးသတ္သြား ခဲ့ပါတယ္။ အီတီဟတ္မွာ ကစားရမယ့္ပြဲစဥ္မွာ မန္စီးတီးဟာ အာဆင္နယ္ကို ႏိုင္ခဲ့တဲ့ပြဲမွာလို အေကာင္းဆုံးေျခစြမ္းေတြျပလိမ့္မယ္လုိ႔ အို၀င္က ခန္႔မွန္းထားပါတယ္။ ပက္ဂြာဒီယိုလာမွာ ေျခစြမ္းေကာင္းတဲ့ကစားသမားေတြရိွတာေၾကာင့္ မန္စီးတီးအေနနဲ႔ လက္စတာကို အႏိုင္ရဖို႔မ်ားပါတယ္။ ဒုတိယရာသီဝက္ ၿပိဳင္ပြဲ ၄ ခုမွာ ဆုဖလားေတြကို သိမ္းပိုက္ဖို႔ ႀကိဳးစားေနတဲ့ ပက္ဂြာဒီယိုလာ ရဲ႕ အသင္းအတြက္ အားထုတ္တာေတြကိုျမင္ရပါမယ္။ အို၀င္ကေတာ့ မန္စီးတီးအေနနဲ႔ 3 ဂိုး 1ဂိုးနဲ႔ လက္စတာကို ႏိုင္မယ္လို႔ ခန္႔မွန္းထားပါတယ္။

အဲဗာတန္ နဲ႔ အာဆင္နယ္ အသင္း

အာဆင္နယ္ အသင္းဟာ ၿပီးခဲ့တဲ့ တစ္ပတ္က မန္စီးတီးနဲ႔ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲမွာ တစ္ပြဲလုံးမွာ ဂိုးေပါက္တစ္ႀကိမ္သာ တည့္မတ္ခဲ့ပါတယ္။ ဂန္းနားတို႔ဟာအဲဗာတန္အသင္းကို အဲလုိေျခစြမ္းမ်ဳိးနဲ႔ေတာ့ ကစားမယ္မထင္ေၾကာင္း မိုက္ကယ္အုိ၀င္ကေျပာပါတယ္။ ဒါေပမယ့္လည္း အို၀င္ကေတာ့ အဲဗာတန္အသင္းဘက္ကပဲ ႏိုင္မယ္လို႔ ထင္ထားပါတယ္။ အဲဗာတန္ ဟာ ယာယီနည္းျပ ဒန္ကန္ဖာဂူဆန္ ရဲ႕ လက္ေအာက္ မွာ ၂ ပြဲကစား ၄ မွတ္ ရရွိထားခဲ့ေပမယ့္ ဒဏ္ရာေတြ နဲ႔ေတာ့ ႐ုန္းကန္ ေနရပါတယ္။ အဲဗာတန္ အေနနဲ႔ အိမ္ကြင္းမွာ ၂ပြဲဆက္ ႏိုင္ႏိုင္တဲ့အေျခအေနရိွတယ္လို႔လည္း အို၀င္ကေျပာပါတယ္။ အဲဗာတန္အေနနဲ႔ 2 ဂိုး 1 ဂိုးနဲ႔ အာဆင္နယ္ကို ကပ္ၿပီးႏိုင္ႏိုင္တဲ့ အေနအထားရိွေၾကာင္း အို၀င္က ခန္႔မွန္းထားပါတယ္။

ယူႏိုက္တက္နဲ႔ ၀က္ဖုိ႔ဒ္အသင္း

၀က္ဖို႔ဒ္အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၁၇ ပြဲမွာ ရမွတ္ ၉ မွတ္သာ ရရိွထားပါေသးတယ္။ ပရီးမီးယားလိဂ္ သမိုင္းအရဆိုရင္ ရာသီတစ္ခုရဲ႕ ဒီလိုအေနအထားမ်ဳိးမွာ ရမွတ္9 မွတ္နဲ႔ ဒီထက္နည္းတဲ့ရမွတ္ေတြကို ရတဲ့အသင္းေတြဟာ တန္းဆင္းရမွာျဖစ္ပါတယ္။ အခုတေလာမွာ ယူႏိုက္တက္ဟာ အႏိုင္ရလဒ္ေတြျပန္ရေနပါတယ္။ ဒါေၾကာင့္ ၀က္ဖို႔ဒ္ကိုလည္း ႏိုင္ႏိုင္ေျခရိွေနပါတယ္။ မန္ခ်က္စတာက 2 ဂိုးသြင္းၿပီး ၀က္ဖို႔ဒ္ဖက္ကေတာ့ ဂိုးသြင္းႏိုင္ေျခမရိွဘူးလို႔ အုိ၀င္က ခန္႔မွန္းထားပါတယ္။

ေတာ့တင္ဟမ္ နဲ႔ ခ်ဲလ္ဆီးအသင္း

ခရစ္စမတ္ မတိုင္မီ ေဘာလုံးပြဲပရိသတ္ေတြအတြက္ ေနာက္ဆုံးကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးနည္းျပ ဖရန႔္လမ္းပတ္တစ္ေယာက္ သူ႔ရဲ႕မိတ္ေဆြေဟာင္းႀကီး ေမာ္ရင္ဟိုနဲ႔ ျပန္လည္ေတြ႕ဆုံရမယ့္ ပြဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာတုန္းကေတာ့ လိဂ္ဖလားမွာ လမ္းပတ္အေနနဲ႔ ေမာ္ရင္ဟို ကိုင္တြယ္ခဲ့တဲ့ ယူႏိုက္တက္ကို အိုးထရပ္ဖို႔ဒ္မွာ ပင္နယ္တီ အဆုံးအျဖတ္ နဲ႔ အႏိုင္ယူခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ေနာက္ဆုံး ကစားခဲ့တဲ့ လိဂ္ပြဲစဥ္ 5 ပြဲမွာ 4 ပြဲ ရႈံးထားၿပီး စပါးအသင္းကေတာ့ ေနာက္ဆုံး 4ပြဲမွာ 3 ပြဲ အႏိုင္ရရွိ ထားခဲ့ပါတယ္။ မိုက္ကယ္အို၀င္ကေတာ့ စပါးအသင္း 2 ဂိုး 1 ဂိုးနဲ႔ ခ်ဲလ္ဆီးကိုႏိုင္မယ္လို႔ခန္႔မွန္းထားပါတယ္။

အျခားပြဲစဥ္ေတြျဖစ္တဲ့ အက္စတြန္ဗီလာ နဲ႔ ေဆာက္သမ္တန္အသင္းပြဲမွာ 2ဂိုး 1ဂိုးနဲ႔ အက္စတြန္ဗီလာႏိုင္မယ္လို႔ခန္႔မွန္းထားသလုိ၊ ဘုန္းေမာက္နဲ႔ဘန္ေလပြဲမွာေတာ့ ဘန္ေလက 1 ဂိုး ဂိုးမရိွနဲ႔ႏိုင္မယ္လို႔ ခန္႔မွန္းထားပါတယ္။ ဘရိုက္တန္နဲ႔ရွက္ဖီးယူႏိုက္တက္ပြဲစဥ္၊နယူးကာဆယ္နဲ႔ ခရစ္စတယ္ပဲေလ့စ္ပြဲစဥ္ေတြကိုေတာ့ တစ္ဖက္ 1ဂိုးစီနဲ႔သေရက်မယ္လို႔မွန္းထားပါတယ္။ ေနာ့၀ွစ္ နဲ႔၀ုဖ္ပြဲမွာ ၀ုဖ္က 2ဂိုး 1 ဂိုးနဲ႔ႏိုင္မယ္လို႔ မိုက္ကယ္အုိ၀င္ကခန္႔မွန္းထားပါတယ္။ အို၀င္ရဲ႕ခန္႔မွန္းခ်က္ေတြမွန္၊မမွန္ ေစာင့္ၾကည့္ၾကရေအာင္ပါ။