မိုက်ကယ်အိုဝင်ခန့်မှန်းလိုက်တဲ့ 2019 ခုနှစ်ရဲ့နောက်ဆုံးနေ့ရက်များမှာ ကစားကြမယ့် ပရီးမီးယားလိဂ်ပွဲစဉ်များ

photo internet

မကြာမီနှစ်ဟောင်းကုန်ဆုံးပြီးနှစ်သစ်ကိုကူးပြောင်းပါတော့မယ်။ 2019 ခုနှစ်ရဲ့နောက်ဆုံးနေ့ရက်များမှာလည်း ဘောလုံးပရိတ်သတ်တွေကြိုက်နှစ်သက်မယ့် ပွဲကောင်းတွေရှိပါသေးတယ်။ ဒါကြောင့် နှစ်ကုန်အားလပ်ရက်၊ အနားယူရက်တွေမှာ လွတ်လပ်ပျော်ရွှင်စွာနဲ့မိမိကြိုက်နှစ်သက်တဲ့အသင်းတွေကို အားပေးနိုင်ပါမယ်။ ဒီဇင်ဘာလရဲ့နောက်ဆုံးပိတ်ရက်တွေမှာကန်မယ့်ဘောလုံးပွဲတွေကို မိုက်ကယ်အိုဝင်ဘယ်လိုခန့်မှန်းပေး ထားလဲဆိုတာ တင်ဆက်ပေးပါမယ်။

photo internet

-ဘန်လေနဲ့ယူနိုက်တက်
ဒီပွဲကတော့ ယူနိုက်တက်ပရိသတ်တွေကြိုက်နှစ်သက်မယ့်ပွဲပါ။ ပြီးခဲ့တဲ့ နယူးကာဆယ်ပွဲမှာတုန်းက ယူနိုက်တက်ကစားသမားတွေရဲ့တန်ပြန်တိုက်စစ်တွေ၊ ဂိုးပြတ်အနိုင်ရမှုတွေဟာဒီပွဲအတွက် အများကြီးအားဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် နှစ်ရက်လောက်ပဲကြားမှာနားချိန်ရှိတာကြောင့် အခုဘန်လေနဲ့ ကစားတဲ့အခါ ရလဒ်ဘယ်လိုဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဘန်လေဟာလည်း လျှော့တွက်လို့ မရတဲ့အသင်းတစ်သင်းပါ။ မိုက်ကယ်အိုဝင်ကတော့အခုလိုသုံးသပ်ထားပါတယ်။ “ဘန်လေရဲ့ နောက်ဆုံးပွဲစဉ်အချို့မှာ ၁-၀ ရလဒ်ဟာ ပွဲရဲ့ အဆုံးအဖြတ် ဖြစ်သွားခဲ့တာကြောင့် ယူနိုက်တက်နဲ့ကစားတဲ့ပွဲမှာလည်း သွင်းဂိုးနည်းပါးတဲ့ပွဲကို မြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့် ထားပါတယ်။ ယူနိုက်တက်က နယူးကာဆယ်နဲ့ပွဲမှာသာခြေစွမ်းကောင်းပြခဲ့တာဖြစ်ပြီး၊ တနင်္ဂနွေနေ့က ဗီကာရေ့ချ်ရုတ်မှာတော့ စိတ်ပျက်ဖွယ်ရလဒ်ကို ပေးခဲ့ပါတယ်။ ကျွန်တော်ကတော့နှစ်သင်းစလုံး အခွင့်အရေးဖန်တီးနိုင်မှုအားသိပ်မများဘူးလို့ထင်ပါတယ်။ ဘယ်သူမှနိုင်မယ်လို့ မထင်ပါဘူးဆိုပြီးအိုဝင်ကပြောပါတယ်။ သူကတော့ တစ်ဖက်တစ်ဂိုးစီနဲ့သရေကျမယ်လို့သုံးသပ်ထားပါတယ်။

photo internet

-မန်စီးတီး နဲ့ ရှက်ဖီးယူနိုက်တက်
ခြေစွမ်းအတော်လေးကောင်းပြီး အဝေးကွင်းမှာ ရှုံးပွဲလုံးဝမရှိသေးတဲ့ ရှက်ဖီးအတွက် စိန်ခေါ်မယ့်ပွဲစဉ်ဖြစ် လာနိုင်ပါတယ်။ မန်စီးတီးရဲ့ပစ်မှတ်က လီဗာပူးကိုအမီလိုက်ဖို့ဖြစ်တာကြောင့် အိမ်ကွင်းမှာ ဂိုးရသလောက်သွင်းပြီး အနိုင်ယူပါလိမ့်မယ်။ ဒါပေမယ့် ရှက်ဖီးလိုတန်းတက် အသင်း အနေနဲ့ ပရီးမီးယားလိဂ် ရာသီဝက် ကျိုးချိန်မှာ ယူနိုက်တက် ၊ အာဆင်နယ် တို့လို အသင်းတွေရဲ့ အထက် အဆင့် ၆ နေရာမှာ ရပ်တည် နိုင်ခဲ့တာဟာ တော်တယ်လို့သတ်မှတ်ရမှာဖြစ်ပါတယ်။ ရှက်ဖီးအတွက်ဒီတစ်ပွဲတင်စိန်ခေါ်မှုပြင်းထန်တာ မဟုတ်ပါဘူး။ နယူးရီးယားမှာလည်း အန်ဖီးကိုသွားကစားရမှာကြောင့် နောက်ထပ်စိန်ခေါ်မှုရှိပါသေး တယ်။တကယ်လို့နှစ်သင်းစလုံးနဲ့ကစားပြီး ရှက်ဖီးအနိုင်ရခဲ့မယ်ဆိုရင်တော့ အဝေးကွင်းမှာနှစ်ပွဲဆက်ရှုံးပွဲမရှိတဲ့ခြေစွမ်းတွေကိုချီးကျူးဂုဏ်ပြုရမှာပါ။ အိုဝင်ကတော့ မန်စီးတီးဘက်က 3ဂိုးသွင်းပြီး ရှက်ဖီးယူနိုက်တက်ဘက်က 1ဂိုးသာသွင်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်။

photo internet

-အာဆင်နယ် နဲ့ ချဲလ်ဆီး
ချဲလ်ဆီး အသင်းကတော့ ဒီရာသီလိဂ်ပွဲစဉ်မှာ ၇ ပွဲ ရှုံးထားခဲ့ပြီးပါပြီ။ ဒါပေမယ့် တနင်္ဂနွေနေ့ကတော့ စပါး အသင်းကို အဝေးကွင်းမှာ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဘောက်ဆင်းဒေးမှာတော့ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ပြန်ရှုံးခဲ့ပြန်ပါတယ်။ အခုပွဲစဉ်တွေဟာ အာဆင်နယ်နည်းပြသစ်အာတီတာအတွက်သာမက အသင်းသားတွေအတွက်လည်း အသားကျအောင်လုပ်ဆောင်နေရတဲ့အချိန်လို့ပြောလို့ရပါတယ်။ နှစ်သင်းစလုံးဒီပွဲမှာ အနိုင်ရဖို့ခက်ပါလိမ့်မယ်။ မိုက်ကယ်အိုဝင်က ဒီပွဲစဉ်ကိုလည်း သရေပွဲအဖြစ်သုံးသပ်ထားပါတယ်။ ခန့်မှန်းထားတဲ့ဂိုးအရေအတွက် ကတော့ တစ်ဖက်ကို နှစ်ဂိုးစီဖြစ်ပါတယ်။

photo internet

– နော့ဝှစ် နဲ့ စပါး
တနင်္ဂနွေနေ့က ချဲလ်ဆီးအသင်းကိုရှုံးထားတဲ့ စပါးအသင်းဟာ ဘောက်ဆင်းဒေးမှာတော့ ဘရိုက်တန်ကို အနိုင် ရရှိခဲ့ပါတယ်။ နည်းပြကြီးမော်ရင်ဟိုရဲ့ စီမံမှုအောက်မှာ စပါးအတွက်အခုပွဲစဉ်ဟာနိုင်ခြေ ရာခိုင်နှုန်းများပါတယ်။ နော့ဝှစ် အသင်းကတော့နောက်ဆုံး လိဂ်ပွဲစဉ် ၁၄ ပွဲမှာ နိုင်ပွဲ တစ်ပွဲသာ ရရှိထားတာကြောင့် နှစ်သစ်မှာလည်း နော့ဝှစ် ဟာတန်းဆင်းဇုန်ကနေ စတင်သွားရအုံးမှာပါ။ ခြေသာတဲ့ပွဲအတွက်မိုက်ကယ်အိုဝင်ကတော့ စပါးကို 3 ဂိုး 1 ဂိုးနဲ့အနိုင်ပေးထားပါတယ်။

photo internet

– လီဗာပူးနဲ့ဝုလ်ဗာဟမ်တန်
ပြီးခဲ့တဲ့နှစ် လီဗာပူးနဲ့ဝုဗ်တို့ရဲ့တွေ့ဆုံမှုတွေမှာလည်း သူနိုင်ကိုယ်နိုင်ပွဲတွေရှိခဲ့ပါတယ်။ ဘောက်ဆင်းဒေးမှာကင်းပါဝါက လီဗာပူးရဲ့ခြေစွမ်းကတော့ တကယ့်ကို ချန်ပီယံ အသင်းရဲ့ ခြေစွမ်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခရီးပန်းလာတဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာလည်းအမှတ်ဖြတ်ထားတဲ့အတွက် ပွဲဆက်များတဲ့ဒီလိုကာလမျိုးမှာထိန်းကစားဖို့များပါတယ်။ ဝုဖ်အသင်းဟာ မန်စီးတီး နဲ့ ရင်ဆိုင်ပြီးနောက် ပရီးမီးယားလိဂ် ရဲ့ နောက်ထပ် ထိပ်တန်း အသင်းနဲ့ ဆက်တိုက် ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။ ဝုဖ်အသင်း အတွက်ကတော့ ဒီပွဲမှာနိုင်နိုင်ခြေနည်းပါတယ်။ အိုဝင်ရဲ့ခန့်မှန်းချက်ကတော့လီဗာပူး3ဂိုး၊ဝုဖ်အသင်း1ဂိုးဖြစ် ပါတယ်။

photo internet

-ဝက်စ်ဟမ်းနဲ့လက်စတာ
ဝက်စ်ဟမ်းအနေနဲ့လက်စတာကို တားဆီးဖို့ကြိုးစားမှာပါ။ ဒါပေမယ့်အဝေးကွင်းဂိုးသွင်းအားကောင်းတဲ့ လက်စတာကိုထိန်းချုပ်ဖို့မလွယ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တွေ့ဆုံမှုတွေအရဆိုရင်တော့ နှစ်သင်းစလုံးသရေရလဒ်နဲ့ ကျေနပ်ခဲ့ရတဲ့ပွဲတွေရှိခဲ့ပါတယ်။ မိုက်ကယ်အိုဝင်ကတော့ ဝက်စ်ဟမ်းကို နှစ်ဂိုး၊ဂိုးမရှိနဲ့နိုင်မယ်လို့ ထင်ကြေးပေးထားပါတယ်။ အိုဝင်ဟာ အခြားပွဲစဉ်တွေဖြစ်တဲ့ ဘရိုက်တန်နဲ့ဘုန်းမောက်ပွဲမှာဆိုရင် တစ်ဂိုး ဂိုးမရှိနဲ့ ဘရိုက်တန်ဘက်ကို အနိုင်ပေးထားသလို၊ နယူးကာဆယ်နဲ့အဲဗာတန်ပွဲ ပြီးတော့ ဝက်ဖို့ဒ်နဲ့အက်စတွန်ဗီလာပွဲတွေကိုတော့ တစ်ဖက်တစ်ဂိုးနဲ့သရေပေးထားပါတယ်။ ဆောက်သမ်တန်နဲ့ခရစ်စတယ်ပဲလေ့စ်ပွဲအတွက်ကိုတော့ 2 ဂိုး၊1ဂိုးနဲ့ ဆောက်သမ်တန်ကိုအနိုင်ရမယ်ဆိုပြီး မိုက်ကယ်အိုဝင်ကခန့်မှန်းပေးထားပါတယ်။ အိုဝင်ရဲ့ထင်မြင်ချက်တွေမှန်၊ မမှန်စောင့်ကြည့်ကြရအောင်ပါ။

photo internet

(Zawgyi Version)

မိုက္ကယ္အို၀င္ခန္႔မွန္းလိုက္တဲ့ 2019 ခုႏွစ္ရဲ႕ေနာက္ဆုံးေန႔ရက္မ်ားမွာ ကစားၾကမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မ်ား

မၾကာမီႏွစ္ေဟာင္းကုန္ဆုံးၿပီးႏွစ္သစ္ကိုကူးေျပာင္းပါေတာ့မယ္။ 2019 ခုႏွစ္ရဲ႕ေနာက္ဆုံးေန႔ရက္မ်ားမွာလည္း ေဘာလုံးပရိတ္သတ္ေတြႀကိဳက္ႏွစ္သက္မယ့္ ပြဲေကာင္းေတြရိွပါေသးတယ္။ ဒါေၾကာင့္ ႏွစ္ကုန္အားလပ္ရက္၊ အနားယူရက္ေတြမွာ လြတ္လပ္ေပ်ာ္ရႊင္စြာနဲ႔မိမိႀကိဳက္ႏွစ္သက္တဲ့အသင္းေတြကို အားေပးႏိုင္ပါမယ္။ ဒီဇင္ဘာလရဲ႕ေနာက္ဆုံးပိတ္ရက္ေတြမွာကန္မယ့္ေဘာလုံးပြဲေတြကို မိုက္ကယ္အို၀င္ဘယ္လုိခန္႔မွန္းေပး ထားလဲဆိုတာ တင္ဆက္ေပးပါမယ္။
-ဘန္ေလနဲ႔ယူႏိုက္တက္
ဒီပြဲကေတာ့ ယူႏိုက္တက္ပရိသတ္ေတြႀကိဳက္ႏွစ္သက္မယ့္ပြဲပါ။ ၿပီးခဲ့တဲ့ နယူးကာဆယ္ပြဲမွာတုန္းက ယူႏိုက္တက္ကစားသမားေတြရဲ႕တန္ျပန္တုိက္စစ္ေတြ၊ ဂိုးျပတ္အႏိုင္ရမႈေတြဟာဒီပြဲအတြက္ အမ်ားႀကီးအားျဖစ္ေစခဲ့ပါတယ္။ ဒါေပမယ့္ ႏွစ္ရက္ေလာက္ပဲၾကားမွာနားခ်ိန္ရိွတာေၾကာင့္ အခုဘန္ေလနဲ႔ ကစားတဲ့အခါ ရလဒ္ဘယ္လုိျဖစ္မလဲဆုိတာ စိတ္လႈပ္ရွားစရာေကာင္းပါတယ္။ ဘန္ေလဟာလည္း ေလွ်ာ့တြက္လို႔ မရတဲ့အသင္းတစ္သင္းပါ။ မိုက္ကယ္အို၀င္ကေတာ့အခုလိုသုံးသပ္ထားပါတယ္။ “ဘန္ေလရဲ႕ ေနာက္ဆုံးပြဲစဥ္အခ်ိဳ႕မွာ ၁-၀ ရလဒ္ဟာ ပြဲရဲ႕ အဆုံးအျဖတ္ ျဖစ္သြားခဲ့တာေၾကာင့္ ယူႏိုက္တက္နဲ႔ကစားတဲ့ပြဲမွာလည္း သြင္းဂိုးနည္းပါးတဲ့ပြဲကို ျမင္ေတြ႕ရလိမ့္မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ ထားပါတယ္။ ယူႏိုက္တက္က နယူးကာဆယ္နဲ႔ပြဲမွာသာေျခစြမ္းေကာင္းျပခဲ့တာျဖစ္ၿပီး၊ တနဂၤေႏြေန႔က ဗီကာေရ႕ခ်္႐ုတ္မွာေတာ့ စိတ္ပ်က္ဖြယ္ရလဒ္ကို ေပးခဲ့ပါတယ္။ ကြၽန္ေတာ္ကေတာ့ႏွစ္သင္းစလုံး အခြင့္အေရးဖန္တီးႏိုင္မႈအားသိပ္မမ်ားဘူးလို႔ထင္ပါတယ္။ ဘယ္သူမွႏိုင္မယ္လို႔ မထင္ပါဘူးဆိုၿပီးအို၀င္ကေျပာပါတယ္။ သူကေတာ့ တစ္ဖက္တစ္ဂိုးစီနဲ႔သေရက်မယ္လို႔သုံးသပ္ထားပါတယ္။
-မန္စီးတီး နဲ႔ ရွက္ဖီးယူႏိုက္တက္
ေျခစြမ္းအေတာ္ေလးေကာင္းၿပီး အေ၀းကြင္းမွာ ရႈံးပြဲလုံး၀မရိွေသးတဲ့ ရွက္ဖီးအတြက္ စိန္ေခၚမယ့္ပြဲစဥ္ျဖစ္ လာႏိုင္ပါတယ္။ မန္စီးတီးရဲ႕ပစ္မွတ္က လီဗာပူးကိုအမီလုိက္ဖို႔ျဖစ္တာေၾကာင့္ အိမ္ကြင္းမွာ ဂိုးရသေလာက္သြင္းၿပီး အႏိုင္ယူပါလိမ့္မယ္။ ဒါေပမယ့္ ရွက္ဖီးလိုတန္းတက္ အသင္း အေနနဲ႔ ပရီးမီးယားလိဂ္ ရာသီဝက္ က်ိဳးခ်ိန္မွာ ယူႏိုက္တက္ ၊ အာဆင္နယ္ တို႔လို အသင္းေတြရဲ႕ အထက္ အဆင့္ ၆ ေနရာမွာ ရပ္တည္ ႏိုင္ခဲ့တာဟာ ေတာ္တယ္လို႔သတ္မွတ္ရမွာျဖစ္ပါတယ္။ ရွက္ဖီးအတြက္ဒီတစ္ပြဲတင္စိန္ေခၚမႈျပင္းထန္တာ မဟုတ္ပါဘူး။ နယူးရီးယားမွာလည္း အန္ဖီးကိုသြားကစားရမွာေၾကာင့္ ေနာက္ထပ္စိန္ေခၚမႈရိွပါေသး တယ္။တကယ္လုိ႔ႏွစ္သင္းစလုံးနဲ႔ကစားၿပီး ရွက္ဖီးအႏိုင္ရခဲ့မယ္ဆိုရင္ေတာ့ အေ၀းကြင္းမွာႏွစ္ပြဲဆက္ရႈံးပြဲမရိွတဲ့ေျခစြမ္းေတြကိုခ်ီးက်ဴးဂုဏ္ျပဳရမွာပါ။ အို၀င္ကေတာ့ မန္စီးတီးဘက္က 3ဂိုးသြင္းၿပီး ရွက္ဖီးယူႏိုက္တက္ဘက္က 1ဂိုးသာသြင္းႏိုင္တယ္လို႔ခန္႔မွန္းထားပါတယ္။
-အာဆင္နယ္ နဲ႔ ခ်ဲလ္ဆီး
ခ်ဲလ္ဆီး အသင္းကေတာ့ ဒီရာသီလိဂ္ပြဲစဥ္မွာ ၇ ပြဲ ရႈံးထားခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ တနဂၤေႏြေန႔ကေတာ့ စပါး အသင္းကို အေဝးကြင္းမွာ အႏိုင္ယူႏိုင္ခဲ့ပါတယ္။ ေဘာက္ဆင္းေဒးမွာေတာ့ ေဆာက္သမ္တန္ကို အိမ္ကြင္းမွာ ျပန္ရႈံးခဲ့ျပန္ပါတယ္။ အခုပြဲစဥ္ေတြဟာ အာဆင္နယ္နည္းျပသစ္အာတီတာအတြက္သာမက အသင္းသားေတြအတြက္လည္း အသားက်ေအာင္လုပ္ေဆာင္ေနရတဲ့အခ်ိန္လို႔ေျပာလို႔ရပါတယ္။ ႏွစ္သင္းစလုံးဒီပြဲမွာ အႏိုင္ရဖို႔ခက္ပါလိမ့္မယ္။ မိုက္ကယ္အို၀င္က ဒီပြဲစဥ္ကိုလည္း သေရပြဲအျဖစ္သုံးသပ္ထားပါတယ္။ ခန္႔မွန္းထားတဲ့ဂိုးအေရအတြက္ ကေတာ့ တစ္ဖက္ကို ႏွစ္ဂိုးစီျဖစ္ပါတယ္။

– ေနာ့ဝွစ္ နဲ႔ စပါး
တနဂၤေႏြေန႔က ခ်ဲလ္ဆီးအသင္းကိုရႈံးထားတဲ့ စပါးအသင္းဟာ ေဘာက္ဆင္းေဒးမွာေတာ့ ဘ႐ိုက္တန္ကို အႏိုင္ ရရွိခဲ့ပါတယ္။ နည္းျပႀကီးေမာ္ရင္ဟုိရဲ႕ စီမံမႈေအာက္မွာ စပါးအတြက္အခုပြဲစဥ္ဟာႏိုင္ေျခရာခိုင္ႏႈန္းမ်ားပါတယ္။ ေနာ့ဝွစ္ အသင္းကေတာ့ေနာက္ဆုံး လိဂ္ပြဲစဥ္ ၁၄ ပြဲမွာ ႏိုင္ပြဲ တစ္ပြဲသာ ရရွိထားတာေၾကာင့္ ႏွစ္သစ္မွာလည္း ေနာ့ဝွစ္ ဟာတန္းဆင္းဇုန္ကေန စတင္သြားရအုံးမွာပါ။ ေျခသာတဲ့ပြဲအတြက္မိုက္ကယ္အို၀င္ကေတာ့ စပါးကို 3 ဂိုး 1 ဂိုးနဲ႔အႏိုင္ေပးထားပါတယ္။

– လီဗာပူးနဲ႔၀ုလ္ဗာဟမ္တန္
ၿပီးခဲ့တဲ့ႏွစ္ လီဗာပူးနဲ႔၀ုဗ္တို႔ရဲ႕ေတြ႕ဆုံမႈေတြမွာလည္း သူႏိုင္ကုိယ္ႏိုင္ပြဲေတြရိွခဲ့ပါတယ္။ ေဘာက္ဆင္းေဒးမွာကင္းပါ၀ါက လီဗာပူးရဲ႕ေျခစြမ္းကေတာ့ တကယ့္ကို ခ်န္ပီယံ အသင္းရဲ႕ ေျခစြမ္းပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ခရီးပန္းလာတဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ္မွာလည္းအမွတ္ျဖတ္ထားတဲ့အတြက္ ပြဲဆက္မ်ားတဲ့ဒီလိုကာလမ်ဳိးမွာထိန္းကစားဖို႔မ်ားပါတယ္။ ဝုဖ္အသင္းဟာ မန္စီးတီး နဲ႔ ရင္ဆိုင္ၿပီးေနာက္ ပရီးမီးယားလိဂ္ ရဲ႕ ေနာက္ထပ္ ထိပ္တန္း အသင္းနဲ႔ ဆက္တိုက္ ရင္ဆိုင္ ေနရတာ ျဖစ္ပါတယ္။ ဝုဖ္အသင္း အတြက္ကေတာ့ ဒီပြဲမွာႏိုင္ႏိုင္ေျခနည္းပါတယ္။ အိုဝင္ရဲ႕ခန႔္မွန္းခ်က္ကေတာ့လီဗာပူး3ဂိုး၊ဝုဖ္အသင္း1ဂိုးျဖစ္ ပါတယ္။

-၀က္စ္ဟမ္းနဲ႔လက္စတာ
၀က္စ္ဟမ္းအေနနဲ႔လက္စတာကို တားဆီးဖို႔ႀကိဳးစားမွာပါ။ ဒါေပမယ့္အေ၀းကြင္းဂိုးသြင္းအားေကာင္းတဲ့ လက္စတာကိုထိန္းခ်ဳပ္ဖို႔မလြယ္ပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ေတြ႕ဆုံမႈေတြအရဆိုရင္ေတာ့ ႏွစ္သင္းစလုံးသေရရလဒ္နဲ႔ ေက်နပ္ခဲ့ရတဲ့ပြဲေတြရိွခဲ့ပါတယ္။ မိုက္ကယ္အို၀င္ကေတာ့ ၀က္စ္ဟမ္းကို ႏွစ္ဂိုး၊ဂိုးမရိွနဲ႔ႏိုင္မယ္လို႔ ထင္ေၾကးေပးထားပါတယ္။ အို၀င္ဟာ အျခားပြဲစဥ္ေတြျဖစ္တဲ့ ဘ႐ိုက္တန္နဲ႔ဘုန္းေမာက္ပဲြမွာဆိုရင္ တစ္ဂိုး ဂိုးမရိွနဲ႔ ဘရိုက္တန္ဘက္ကို အႏိုင္ေပးထားသလုိ၊ နယူးကာဆယ္နဲ႔အဲဗာတန္ပြဲ ၿပီးေတာ့ ၀က္ဖို႔ဒ္နဲ႔အက္စတြန္ဗီလာပြဲေတြကိုေတာ့ တစ္ဖက္တစ္ဂိုးနဲ႔သေရေပးထားပါတယ္။ ေဆာက္သမ္တန္နဲ႔ခရစ္စတယ္ပဲေလ့စ္ပြဲအတြက္ကိုေတာ့ 2 ဂိုး၊1ဂိုးနဲ႔ ေဆာက္သမ္တန္ကိုအႏိုင္ရမယ္ဆိုၿပီး မိုက္ကယ္အို၀င္ကခန္႔မွန္းေပးထားပါတယ္။ အို၀င္ရဲ႕ထင္ျမင္ခ်က္ေတြမွန္၊ မမွန္ေစာင့္ၾကည့္ၾကရေအာင္ပါ။