မနှစ်ကလိုအဖြစ်မျိုး ထပ်မဖြစ်စေဖို့ ခရစ္စမတ်ပါတီပွဲ မနွှဲလိုက်ရတဲ့ စီးတီးအသင်းသားများ

Photo Credit

Photo Credit

မန်စီးတီးအသင်းသားများအနေဖြင့် ကြာသပတေးညက ကျင်းပပြုလုပ်ခဲ့သည့် အသင်း၏ခရစ္စမတ်ပါတီပွဲတွင် ဝင်ရောက်ဆင်နွှဲခွင့်မရခဲ့ဘဲ နည်းပြဂွါဒီယိုလာက ယမန်နှစ်က ခြေစွမ်းကျဆင်းသွားခဲ့သလိုမျိုး ယခုနှစ်တွင် ထပ်မံဖြစ်လာမည်ကို စိုးရိမ်သောကြောင့် အသင်းသားများကို ပါတီပွဲတက်ခွင့် တားဆီးခဲ့ခြင်းဖြစ်သည်။

Photo Credit

မန်စီးတီးသည် ပြီးခဲ့သည့်နှစ်က ယခုကဲ့သို့ အသင်း၏ခရစ္စမတ်ပါတီပွဲတွင် အသင်းသားများ ပါဝင်ဆင်နွှဲခဲ့ပြီးနောက် တစ်ပတ်မပြည့်မီ ဒီဇင်ဘာလအတွင်း ပရီးမီးယားလိဂ်တွ်င ပဲလေ့စ်နှင့် လက်စတာအသင်းတို့ကို ဆက်တိုက်အရေးနိမ့်ခဲ့ရသည်။ ယမန်နှစ်က ကစားသမားများအားလုံး လေ့ကျင့်ခန်းဆင်းခဲ့သော်လည်း ပါတီပွဲအပြီးတွင် မန်ချက်စတာရှိ နိုက်ကလပ်တစ်ခုတွင် မိုးလင်းခါနီးအထိ ခုန်ပေါက်ကခဲ့သည်။

Photo Credit

ထိုသို့ နိုက်ကလပ်တက်အပြီး ၂ရက်အကြာတွင် ပဲလေ့စ်ကို အိမ်ကွင်း၌ပင် အံ့အားသင့်ဖွယ် ၂-၃ ဂိုးဖြင့် အရေးနိမ့်ခဲ့ရပြီးနောက် စပိန်နိုင်ငံသား ဂွါဒီယိုလာက အသင်းသားများ တစ်ညလုံးနီးပါး နိုက်ကလပ်တွင် အပျော်လွန်ခဲ့ခြင်းကြောင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု အပြစ်တင်ခဲ့ပြီး ဘောက်ဆင်ဒေးပွဲတွင်လည်း လက်စတာကို ၂-၁ ဂိုးဖြင့်ထပ်မံအရေးနိမ့်ခဲ့ရသည်။

Photo Credit

အဆိုပါပွဲပြီးနောက် မန်စီးတီးသည် လက်ကျန် ပရီးမီးယားလိဂ် ၁၉ပွဲတွင် ၁၈ပွဲအထိ အနိုင်ယူကာ လီဗာပူးကို နှာတစ်ဖျားအသာဖြင့် ကျော်ဖြတ်ပြီး အမှတ်ပေးချန်ပီယံဆု ကာကွယ်နိုင်ခဲ့သော်လည်း ယခုရာသီတွင်မူ ပွဲစဉ် ၁၆အပြီးမှာပင် ထိပ်ဆုံးမှ လီဗာပူးနှင့် ၁၄ မှတ်အထိကွာဟလျက်ရှိသည်။

Photo Credit

ဂွါဒီယိုလာနှင့်အသင်းသားများသည် ဒိုင်နမိုဇာဂရက်ကို ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ကြာသပတေးနေ့အစောပိုင်းက ခရိုအေးရှားနိုင်ငံမှ မန်ချက်စတာသို့ ပြန်ရောက်လာပြီး တနင်္ဂနွေနေ့တွင် ကစားရမည့် အာဆင်နယ်နှင့် လိဂ်အဝေးကွင်းပွဲမတိုင်မီ သောကြာနေ့က လေ့ကျင့်ခန်းပြန်ဆင်းခဲ့သည်။

Photo Credit

Zawgyi

မႏွစ္ကလုိအျဖစ္မ်ိဳး ထပ္မျဖစ္ေစဖို႔ ခရစၥမတ္ပါတီပဲြ မႏႊဲလုိက္ရတဲ့ စီးတီးအသင္းသားမ်ား

မန္စီးတီးအသင္းသားမ်ားအေနျဖင့္ ၾကာသပေတးညက က်င္းပျပဳလုပ္ခဲ့သည့္ အသင္း၏ခရစၥမတ္ပါတီပြဲတြင္ ၀င္ေရာက္ဆင္ႏႊဲခြင့္မရခဲ့ဘဲ နည္းျပဂြါဒီယိုလာက ယမန္ႏွစ္က ေျခစြမ္းက်ဆင္းသြားခဲ့သလုိမ်ိဳး ယခုႏွစ္တြင္ ထပ္မံျဖစ္လာမည္ကုိ စုိးရိမ္ေသာေၾကာင့္ အသင္းသားမ်ားကို ပါတီပြဲတက္ခြင့္ တားဆီးခဲ့ျခင္းျဖစ္သည္။
မန္စီးတီးသည္ ၿပီးခဲ့သည့္ႏွစ္က ယခုကဲ့သုိ႔ အသင္း၏ခရစၥမတ္ပါတီပြဲတြင္ အသင္းသားမ်ား ပါ၀င္ဆင္ႏႊဲခဲ့ၿပီးေနာက္ တစ္ပတ္မျပည့္မီ ဒီဇင္ဘာလအတြင္း ပရီးမီးယားလိဂ္တြ္င ပဲေလ့စ္ႏွင့္ လက္စတာအသင္းတုိ႔ကို ဆက္တုိက္အေရးနိမ့္ခဲ့ရသည္။ ယမန္ႏွစ္က ကစားသမားမ်ားအားလုံး ေလ့က်င့္ခန္းဆင္းခဲ့ေသာ္လည္း ပါတီပြဲအၿပီးတြင္ မန္ခ်က္စတာရွိ ႏုိက္ကလပ္တစ္ခုတြင္ မိုးလင္းခါနီးအထိ ခုန္ေပါက္ကခဲ့သည္။
ထိုသုိ႔ ႏိုက္ကလပ္တက္အၿပီး ၂ရက္အၾကာတြင္ ပဲေလ့စ္ကို အိမ္ကြင္း၌ပင္ အံ့အားသင့္ဖြယ္ ၂-၃ ဂိုးျဖင့္ အေရးနိမ့္ခဲ့ရၿပီးေနာက္ စပိန္ႏိုင္ငံသား ဂြါဒီယိုလာက အသင္းသားမ်ား တစ္ညလုံးနီးပါး ႏိုက္ကလပ္တြင္ အေပ်ာ္လြန္ခဲ့ျခင္းေၾကာင့္ ႐ံႈးနိမ့္ခ့ဲျခင္းျဖစ္သည္ဟု အျပစ္တင္ခဲ့ၿပီး ေဘာက္ဆင္ေဒးပြဲတြင္လည္း လက္စတာကို ၂-၁ ဂိုးျဖင့္ထပ္မံအေရးနိမ့္ခဲ့ရသည္။
အဆုိပါပြဲၿပီးေနာက္ မန္စီးတီးသည္ လက္က်န္ ပရီးမီးယားလိဂ္ ၁၉ပြဲတြင္ ၁၈ပြဲအထိ အႏိုင္ယူကာ လီဗာပူးကုိ ႏွာတစ္ဖ်ားအသာျဖင့္ ေက်ာ္ျဖတ္ၿပီး အမွတ္ေပးခ်န္ပီယံဆု ကာကြယ္ႏိုင္ခဲ့ေသာ္လည္း ယခုရာသီတြင္မူ ပြဲစဥ္ ၁၆အၿပီးမွာပင္ ထိပ္ဆုံးမွ လီဗာပူးႏွင့္ ၁၄ မွတ္အထိကြာဟလ်က္ရွိသည္။
ဂြါဒီယိုလာႏွင့္အသင္းသားမ်ားသည္ ဒုိင္နမိုဇာဂရက္ကို ဂိုးျပတ္အႏိုင္ရခဲ့ၿပီးေနာက္ ၾကာသပေတးေန႔အေစာပိုင္းက ခ႐ိုေအးရွားႏိုင္ငံမွ မန္ခ်က္စတာသုိ႔ ျပန္ေရာက္လာၿပီး တနဂၤေႏြေန႔တြင္ ကစားရမည့္ အာဆင္နယ္ႏွင့္ လိဂ္အေ၀းကြင္းပြဲမတိုင္မီ ေသာၾကာေန႔က ေလ့က်င့္ခန္းျပန္ဆင္းခဲ့သည္။