မန်ယူ၊အာဆင်နယ်တို့ရဲ့ယူရိုပါလိဂ် ၃၂ သင်းအဆင့်ပွဲစဉ်တွေ ထွက်ပေါ်လာပြီ

photo-goal

photo-gettyimages

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မဲခွဲပွဲအပြီးမှာ ယူရိုပါလိဂ် ၃၂ သင်းအဆင့်မဲခွဲပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်ကြတဲ့ မန်ယူနဲ့အာဆင်တယ်တို့ရဲ့ယူရိုပါလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူဟာ ဒီအဆင့်မှာ ဘယ်လ်ဂျီယံကလပ်ဘရုဂျက်နဲ့ဆုံတွေ့နေတာဖြစ်ပြီး အာဆင်နယ်ကတော့ ဂရိကလပ်အိုလံပီယာကော့စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နောက်ထပ်ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ဝုဗ်ကတော့ လာလီဂါကလပ်အက်စ်ပန်ညိုနဲ့ ဆုံတွေ့နေတာပါ။

photo-gettyimages

ဆိုးလ်ရှားရဲ့မန်ယူဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ သင်းပြင်ပရောက်နေပေမယ့် ဘရုဂျက်ကတော့ သူတို့ရဲ့ဘယ်လ်ဂျီယံလိဂ်မှာ ထိပ်ဆုံးနေရာက ရပ်တည်နေကာ တစ်ရာသီလုံးမှာမှ ၁ ပွဲသာ ရှုှုံးသေးကာ ၁၈ ပွဲမှာ ၇ ဂိုးသာ ပေးထားရတဲ့အသင်းပါ။ အာဆင်နယ်ရင်ဆိုင်ရမယ့် အိုလံပီယာကော့စ်ဟာ ဘိုင်ယန်မြူးနစ်နဲ့စပါးတို့ပါတဲ့ ချန်ပီယံလိဂ်အုပ်စုကနေ ဆင်းလာခဲ့တဲ့အသင်းဖြစ်ပါတယ်။ အိုလံပီယာကော့စ်နဲ့ ကစားရချိန် အာဆင်နယ်ဟာ နည်းပြသစ်ခန့်အပ်ပြီး ဖြစ်ပြီးလောက်ပါပြီ။ ဝုဗ်ဆုံတွေ့ရမယ့် အက်စ်ပန်ညိုကတော့ ဒီရာသီလာလီဂါအမှတ်ပေးဇယားမှာ အောက်ဆုံးရောက်နေတဲ့အသင်းပါ။  ၃၂ သင်းရှုံးထွက်အဆင့်ရဲ့ပထမအကျော့ပွဲတွေကို လာမယ့်ဖေဖော်ဝါရီ ၂၀ ရက်မှာ ကျင်းပသွားမှာပါ။

photo-europa league

ယူရိုပါလိဂ် ၃၂ သင့်အဆင့်ပွဲများ

ဝုဗ် – အက်စ်ပန်ညို

စပို့တင်းလစ္စဘွန်း – အစ္စတန်ဘူလ်

ဂီတာဖေး – အေဂျက်

လေဗာကူဆင် – ပေါ်တို

ကိုပင်ဟေဂင် – ဆဲလ်တစ်

အေပိုးလ် – ဘေဆယ်

ကလုဂျ် – ဆီဗီလာ

အိုလံပီယာကော့စ် – အာဆင်နယ်

အယ်ခမာ – လက်ဇ်လင့်

ဘရုဂျက် – မန်ယူ

လူဒိုဂိုရက် – အင်တာမီလန်

ဖရန့်ဖတ် – ဆဲလ်ဘတ်

ရှက်တာဒိုးနက် – ဘင်ဖီကာ

ဝုဖ်ဘတ် – မယ်လ်မို

ရိုးမား – ဂျန့်

ရိန်းဂျားစ် – ဘရာဂါ

[Zawgyi]

မန္ယူ၊အာဆင္နယ္တို႔ရဲ႕ယူရိုပါလိဂ္ ၃၂ သင္းအဆင့္ပြဲစဥ္ေတြ ထြက္ေပၚလာၿပီ

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မဲခြဲပြဲအၿပီးမွာ ယူရိုပါလိဂ္ ၃၂ သင္းအဆင့္မဲခြဲပြဲကို ဆက္လက္က်င္းပခဲ့ၿပီး ပရီးမီးယားလိဂ္အသင္းႀကီးေတြျဖစ္ၾကတဲ့ မန္ယူနဲ႔အာဆင္တယ္တို႔ရဲ႕ယူရိုပါလိဂ္ရႈံးထြက္အဆင့္ပြဲစဥ္ေတြ ထြက္ေပၚလာခဲ့ၿပီ ျဖစ္ပါတယ္။ မန္ယူဟာ ဒီအဆင့္မွာ ဘယ္လ္ဂ်ီယံကလပ္ဘရုဂ်က္နဲ႔ဆုံေတြ႕ေနတာျဖစ္ၿပီး အာဆင္နယ္ကေတာ့ ဂရိကလပ္အုိလံပီယာေကာ့စ္နဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ေနာက္ထပ္ပရီးမီးယားလိဂ္အသင္းတစ္သင္းျဖစ္တဲ့ ၀ုဗ္ကေတာ့ လာလီဂါကလပ္အက္စ္ပန္ညိဳနဲ႔ ဆုံေတြ႕ေနတာပါ။

ဆုိးလ္ရွားရဲ႕မန္ယူဟာ ပရီးမီးယားလိဂ္မွာ ထိပ္ဆုံး ၄ သင္းျပင္ပေရာက္ေနေပမယ့္ ဘရုဂ်က္ကေတာ့ သူတို႔ရဲ႕ဘယ္လ္ဂ်ီယံလိဂ္မွာ ထိပ္ဆုံးေနရာက ရပ္တည္ေနကာ တစ္ရာသီလုံးမွာမွ ၁ ပြဲသာ ရႈႈံးေသးကာ ၁၈ ပြဲမွာ ၇ ဂိုးသာ ေပးထားရတဲ့အသင္းပါ။ အာဆင္နယ္ရင္ဆုိင္ရမယ့္ အိုလံပီယာေကာ့စ္ဟာ ဘိုင္ယန္ျမဴးနစ္နဲ႔စပါးတုိ႔ပါတဲ့ ခ်န္ပီယံလိဂ္အုပ္စုကေန ဆင္းလာခဲ့တဲ့အသင္းျဖစ္ပါတယ္။ အုိလံပီယာေကာ့စ္နဲ႔ ကစားရခ်ိန္ အာဆင္နယ္ဟာ နည္းျပသစ္ခန္႔အပ္ၿပီး ျဖစ္ၿပီးေလာက္ပါၿပီ။ ၀ုဗ္ဆုံေတြ႕ရမယ့္ အက္စ္ပန္ညိဳကေတာ့ ဒီရာသီလာလီဂါအမွတ္ေပးဇယားမွာ ေအာက္ဆုံးေရာက္ေနတဲ့အသင္းပါ။  ၃၂ သင္းရႈံးထြက္အဆင့္ရဲ႕ပထမအေက်ာ့ပြဲေတြကို လာမယ့္ေဖေဖာ္၀ါရီ ၂၀ ရက္မွာ က်င္းပသြားမွာပါ။

ယူရိုပါလိဂ္ ၃၂ သင့္အဆင့္ပြဲမ်ား

၀ုဗ္ – အက္စ္ပန္ညိဳ

စပို႔တင္းလစၥဘြန္း – အစၥတန္ဘူလ္

ဂီတာေဖး – ေအဂ်က္

ေလဗာကူဆင္ – ေပၚတုိ

ကုိပင္ေဟဂင္ – ဆဲလ္တစ္

ေအပိုးလ္ – ေဘဆယ္

ကလုဂ်္ – ဆီဗီလာ

အုိလံပီယာေကာ့စ္ – အာဆင္နယ္

အယ္ခမာ – လက္ဇ္လင့္

ဘရုဂ်က္ – မန္ယူ

လူဒိုဂိုရက္ – အင္တာမီလန္

ဖရန္႔ဖတ္ – ဆဲလ္ဘတ္

ရွက္တာဒိုးနက္ – ဘင္ဖီကာ

၀ုဖ္ဘတ္ – မယ္လ္မို

ရုိးမား – ဂ်န္႔

ရိန္းဂ်ားစ္ – ဘရာဂါ